Why new product fails?_ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်တွေ ဘာကြောင့် အချိန်တိုအတွင်း ပျောက်သွားတာလဲ။
August 27, 2021 2021-08-27 11:51Why new product fails?_ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်တွေ ဘာကြောင့် အချိန်တိုအတွင်း ပျောက်သွားတာလဲ။

Why new product fails?_ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်တွေ ဘာကြောင့် အချိန်တိုအတွင်း ပျောက်သွားတာလဲ။
Why new product fails?_ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအသစ်တွေ ဘာကြောင့် အချိန်တိုအတွင်း ပျောက်သွားတာလဲ။
ဈေးကွက်ထဲကို ကြည့်လိုက်မယ်ဆိုရင် ကုန်ပစ္စည်း သစ်တစ်ခု ထုတ်လိုက်တယ်။ မကြာဘူး ပျောက်သွားတယ်။ ဆက်မထုတ်နိုင်တော့ဘူး။ ဈေးကွက်ထဲမှာ နေရာမရတော့ဘူး ဆိုတာမျိုးတွေ တွေ့ဖူးပါလိမ့်မယ်။
ကျွန်တော်တို့က ထုတ်ဖို့ strategy တွေဗျူဟာတွေတော့ လုပ်လိုက်ပါရဲ့။ တစ်ခါတစ်လေ ကြတော့ ရေရှည် မအောင်မြင်ဘဲ ဘာကြောင့် ကျရှုံးရသလဲ ဆိုတာကိုလည်း သုံးသပ်ဖို့လိုပါတယ်။
ဒီတော့ ဘယ်အချက်တွေကြောင့် ရေရှည် မအောင်မြင်တာလဲ၊ အချိန်တိုအတွင်း ပျောက်သွားတာလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
၁) Overestimate of market size (သုံးစွဲမယ့် ဈေးကွက်အရွယ်အစားကို အရမ်းတွက်ထားခြင်း)
မြန်မာပြည်လူဦးနေ သန်း ၅၀ ကျော်လောက်မှာ ကျွန်တော်တို့ ထုတ်လုပ်ရောင်းချမယ့်ပစ္စည်းကို လူ ၁ သန်းလောက်တော့ ဝယ်လိမ့်မယ်ဆိုပြီး လုပ်နိုင်စွမ်းထက် ပိုတွက်ထားတာမျိုး ဖြစ်ပါတယ်။ သင့်ထုတ်ကုန် အပေါ် ယုံကြည်မှု တအားမြင့်သွားတာပေါ့။ ဒီလို မှန်းထားတဲ့ အခါကြတော့ ထုတ်လုပ်တဲ့ (production) ပိုင်းမှာ ရှိတဲ့ အရင်းအမြစ်၊ လူအင်အား၊ ငွေအင်အားကို အများကြီး သုံးလိုက်တာမျိုး ဖြစ်သွားတဲ့အခါ အခြား မားကတ်တင်းပိုင်း၊ ငွေကြေး စီမံခန့်ခွဲမှု (finance) ပိုင်းမှာ လစ်ဟာ သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။
နောက်တစ်ချက်က လက်ထဲမှာ stock တွေပုံနေပြီးတော့ အသစ် ကလည်းဖြစ်နေတော့ ဝယ်သူတွေရဲ့ demand (ဝယ်လိုအား) ကလည်းထင်သလောက် တက်မလာတာမျိုး တွေဖြစ်တတ်ပါတယ်။ ရလဒ်ကတော့ အရှုံးတွေပေါ် ပြီး ဆက်မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးတွေကြောင့် အချိန်တိုအတွင်း ဈေးကွက်ထဲကနေ ပျောက်သွားတာမျိုးဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ လုပ်ငန်းမစခင်ထဲက ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်တွေ အနေအထား၊ သင့်မှာရှိတဲ့ လူအင်အား၊ ငွေအင်အားကို လေ့လာသုံးသပ်ပြီး တော့ ဖြစ်နိုင်ခြေ အရှိဆုံး အနေအထားကို ခန့်မှန်းနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
၂) Wrong positioning, price or promotion (မားကက်တင်းမှားခြင်း)
ဈေးကွက်နေရာယူတာ (positioning)၊ ဈေးနှုန်းသတ်မှတ်တာ၊ လူများများသိအောင် ပရိုမိုရှင်း ဗျူဟာဆွဲတာ၊ ဒါတွေအားလုံးက မားတက်တင်း strategy ထဲမှာပါတာ ဖြစ်တဲ့အတွက် ဒီအချက်တွေ မှားသွားရင် သင့်ရဲ့ marketing program မှားသွားတယ်လို့ ပြောလို့ရပါတယ်။
သင့်ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းက ကောင်းနေပေမယ့် ဒီအချက်တွေ မှားသွားရင်လည်း ရှေရည် အောင်မြင်ဖို့ခက်ခဲပါတယ်။ ဝယ်သူရင်ထဲကိုရောက်အောင် ဈေးကွက်နေရာ မယူတတ်တဲ့အခါ၊ ဈေးနှုန်းကလည်း ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့အခါ၊ ဝယ်သူတွေက သင့်ကုန်ပစ္စည်းကို ရှိနေပါတယ်ဆိုတာ သိမှသာ ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်တဲ့အတွက် လူများများသိအောင် လုပ်ဖို့ promotion strategy တွေမှာ လိုအပ်ချက်တွေ တအားများသွားတဲ့အခါ ဝယ်လိုအားနည်းပြီး အရှုံးပေါ်တာ တွေ များလာတာပေါ့။ ဒါ့ကြောင့် ကုန်ပစ္စည်းသစ်မထုတ်ခင်ထဲက မှန်ကန်ထိရောက်တဲ့ marketing program တစ်ခုလုံးကို သေချာစဥ်းစားဖို့လိုပါတယ်။ရှိထားဖို့ ကလည်း အရမ်းအရေးကြီးပါတယ်။
၃) Competition actions (ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်း)
ပြိုင်ဘက်တွေထက် ဘာတွေ သာအောင် လုပ်မှာလဲဆိုတဲ့ (differentiation strategy) မရှိတာမျိိုး ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်စွမ်း ပျောက်ပြီး ရေရှည် မရပ်တည်နိုင်ဘူးပေါ့။
နောက်တစ်ခုက သင့်ကုန်ပစ္စည်းက တအားပုံတူကူးဖို့လွယ်တဲ့အခါမျိုး၊ ထုတ်လုပ်မှုပိုင်းမှာ သင်က တအားသုံးထားတော့ promotion ပိုင်းမှာ သိပ်မသုံးနိုင်တဲ့အခါမျိုးမှာ ဆိုရင်လည်း ပြိုင်ဘက်က ဒါကိုပုံတူကူးပြီး promotion ကောင်းကောင်းနဲ့ ဈေးကွက်ကို ထိုးဖောက်လိုက်မယ် ဆိုရင်လည်း သင်ကျန်ခဲ့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကုန်ပစ္စည်းသစ် တစ်ခုမထုတ်ခင်ထဲက ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု အားသာချက် ရှိဖို့လည်း ကြိုတင်စဉ်းစား ပြင်ဆင်ရမှာ ဖြစ်ပါတယ်။
၄) Lack of cooperation (ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း)
ဘယ်လိုလုပ်ငန်းမျိုးမှာမဆို ရေရှည်အောင်မြင်ချင်ရင် ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုပါတယ်။ ပူးပေါင်းဆောင်ရွက််တယ် ဆိုတဲ့နေရာမှာ အများကြီးပါ ပါတယ်။ လုပ်ငန်းထဲမှာရှိတဲ့ အရောင်းအဖွဲ့နဲ့ မားကက်တင်း အဖွဲ့ရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ finance team နဲ့ operation team နဲ့ ပူးပေါင်း ဆောင်ရွက်မှု စတဲ့လုပ်ငန်းရဲ့ ဌာနတွေကြား၊ ပြင်ပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိ မှသာလျှင် လုပ်ငန်းရဲ့ ရည်ရွယ်ချက် နဲ့ လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုပဲ ကျွန်တော်တို့ရဲ့ ဝယ်သူတွေရဲ့စကားသံတွေကို နားထောင်ပြီး ဝယ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့လို့ လိုပါသေးတယ်။ ဝယ်သူပြောတာကို နားထောင်မှ ဘာပိုကောင်းအောင် လုပ်လို့ရမလဲ ဆိုတဲ့ idea ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ အကြံဉာဏ်ကိုလည်း ဂရုတစိုက်နားထောင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်ရဲ့လုပ်ငန်းထဲက team တွေကြားမှာရော၊ ပြင်ပက ဝယ်သူတွေ၊ suppliers တွေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု cooperation ရှိနေရဲ့လား ဆိုတာကိုလည်း မပြတ် အကဲခတ်နေဖို့ လိုပါတယ်။
သင့်အနေနဲ့ Product အသစ်တစ်ခု ဘာကြောင့် ဈေးကွက်ထဲကနေ မြန်မြန်ဆန်ဆန် ပျောက်သွားတာလဲ၊ ကျရှုံးတာလဲ ဆိုတဲ့အချက်တချို့ ကို သတိထားပြီး ကိုယ့်လုပ်ငန်းအတွက် ပြင်ဆင်နိုင်ဖို့ ကြိုးစားနိုင်ပါတယ်။
ဒါဆို အောင်မြင်အောင်၊ အောင်မြင်ဖို့ ရာခိုင်နှုန်းများအောင် ဘယ်လို လုပ်လို့ရမလဲ။ နောက် ပို့စ်တွေမှာ ဒီလိုမျိုး Successful Product Development အကြောင်းရှဲပေးဖို့ ရှိလို့ ဖတ်ချင်ရင် SPD လို့ comment ရေးခဲ့ပေးပါဦး။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။