Blog

Value-Based Selling ရောင်းချခြင်းနည်းလမ်းများ

Website Blog (22)
Business / Customer Service / Sales

Value-Based Selling ရောင်းချခြင်းနည်းလမ်းများ

ကျွန်မတို့  ရှေ့ဘလော့မှာတုန်းက Value-based selling အ​ကြောင်းနဲ့ ဒီနည်းကိုဘယ်လိုအသုံးချရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှ​ဝေပေးခဲ့ပါတယ်။

ဒီဘလော့မှာတော့ value-based selling ရောင်းချခြင်းနည်းလမ်းအချို့ကို မျှ​​ေ၀ပေးသွားမှာပဲ ဖြစ်ပါတယ်။

၁။ ပြင်ဆင်မှု သေချာ လုပ်ပါ။

Value-based selling မှာဆိုရင် ၀ယ်ယူဖို့ဖြစ်နိုင်ချေများတဲ့ ဖောက်သည်တွေရဲ့ လိုအပ်ချက်များကို ဦးစားပေးခြင်းအားဖြင့ အရောင်းကိုပိတ်ရပါမည်။ ဒီလိုလုပ်ဖို့ အရောင်းသမားတွေအနေနဲ့ အိမ်စာလုပ်ဖို့လိုပါတယ်။ ဒါဘာကိုပြောချင်တာလဲဆိုတော့ အရောင်းသမားတွေက ဘာအစီအစဥ်မှ မရှိပဲ ၀ယ်သူအကြောင်း၊ စျေးကွက်အကြောင်း၊ ပြိုင်ဘက်တွေအကြောင်း မလေ့လာထားပဲနဲ့ ရောင်းတဲ့အခါမှာ အခက်အခဲတွေတွေ့တတ်ပါတယ်။ 

ကိုယ့်၀ယ်သူကို ကိုယ်ကိုတိုင်နားမလည်ထားတဲ့အခါမှာ ကိုယ့်ရဲ့ကုန်ပစ္စည်းနဲ့ သူ့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတာတွေကို ချိတ်ဆက်ပြီးပြောနိုင်မှာမဟုတ်ပါဘူး။ အဲဒါကို နားလည်ပြီးတာနဲ့ သင်ဟာ ၀ယ်ယူမယ့်သူတွေကို ဘယ်လိုဝန်ဆောင်မှုပေးနိုင်လဲဆိုတာကို သင်မြင်လာပါလိမ့်မယ်။

၂။ တွေ့တာနဲ့ တန်းရောင်းဖို့ မကြိုးစားပါနဲ့။

အရောင်းသမားတွေအနေနဲ့ လူတစ်ယောက်ကိုတွေ့တွေ့ချင်း သွားရောင်းမိရင်၊ ၀ယ်ဖို့အတင်းတွန်းနေရင် ၀ယ်သူဘက်က ကိုယ့်ကို မကောင်းတဲ့အမြင်မျိုးတွေဖြစ်သွားတတ်ပါတယ်။ အဲ့ဒီအခါမှာ ပထမတော့အားနာလို့၀ယ်လိုက်ပေမယ့် ရေရှည်ဆက်သွားဖို့ မဖြစ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ၀ယ်သူတွေကို ချက်ချင်းကြီး တွေ့တာနဲ့ ကိုယ့်ဆီကအမြဲ၀ယ်အောင် တွန်းရောင်းမယ်ဆိုတဲ့စိတ်မျိုးနဲ့ မရောင်းဘဲ ကိုယ့်၀ယ်သူက ကိုယ့်ကုန်ပစ္စည်းအကြောင်း သိထားတဲ့အသိက ဘယ်အဆင့်ရှိလဲ၊ ဘယ်လောက်သိထားလဲဆိုတာကို သိထားမှ ၀ယ်သူလိုအပ်ချက်အလိုက် ကိုယ့်ရဲ့တင်ဆက်ပုံကို ပြောင်းလဲရောင်းချသင့်ပါတယ်။ 

၃။ ၀ယ်သူပြောတာကို စိတ်ရောကိုယ်ပါ အပြည့်အ၀အာရုံစိုက်ပြီး နားထောင်ပါ။

တစ်ခါတစ်လေ နားထောင်နေပေမယ့် ဘာပြောမှန်းမသိလိုက်တဲ့အချိန်တွေရှိကြပါတယ်။ ဝယ်သူနဲ့ဆိုရင်တော့ ဒီလိုဖြစ်နေလို့မရဘူး။ ဒါဆို ဝယ်သူကိုယ်တိုင် ကိုယ်ကသူကို အလေးပေးပါတယ်ဆိုတဲ့ ခံစားချက်ဖြစ်နေအောင် ဝယ်သူကို ရောင်းတဲ့အခါမှာ အရင်ကထက် ထိထိရောက်ရောက် ရောင်းနိုင်ဖို့ဆိုရင် ၀ယ်သူပြောတာကို စိတ်ရောကိုယ်ပါ အပြည့်အ၀အာရုံစိုက်ပြီး နားထောင်ပါ။ 

သူပြောတာကို ထိထိရောက်ရောက်နားထောင်ဖို့ဆိုရင် ၀ယ်သူနဲ့တွေ့တဲ့အခါပဲဖြစ်ဖြစ်၊ ဖုန်းပြောတာပဲဖြစ်ဖြစ် သူပြောတာကို မှတ်စုစာအုပ်နဲ့ ချပြီးလိုက်မှတ်တာမျိုး၊ သူပြောတဲ့စကားကို ပြန်ပြောပေးတာမျိုး၊ ထိရောက်တဲ့မေးခွန်းအနည်းငယ်ပြန်မေးတာမျိုး အစတဲ့နည်းလမ်းတွေကို အသုံးပြုလို့ရပါတယ်။ ဒါမှ နားလည်မှုလွဲမှားမှုတွေမဖြစ်တော့ပဲ ၀ယ်သူရဲ့လိုအပ်ချက်နဲ့ကိုက်ညီတဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုတွေကို အကြံပေးနိုင်မှာဖြစ်ပါတယ်။ 

၄။ ကိုယ့်ကုန်ပစ္စည်းက ၀ယ်သူလိုအပ်ချက်နဲ့ ဘာကြောင့် ကိုက်ညီတာလဲဆိုတာကို ရှင်းပြပါ။

အရောင်းသမားတွေအနေနဲ့ သိထားဖို့က ၀ယ်သူတွေက ကုန်ပစ္စည်းကို၀ယ်နေတာမဟုတ်ပါဘူး။ သူတို့ရဲ့ ပြသနာကို ဖြေရှင်းပေးမယ့် အဖြေ (Solution) ကို ၀ယ်နေတာဆိုတာ သိထားရပါမယ်။ ကိုယ့်ကုန်ပစ္စည်းကို ဘာနဲ့လုပ်ထားတယ်၊ ဘာတွေပါ၀င်လဲဆိုတာတွေချည်း ရှင်းပြနေလို့မရပါဘူး။ 

သင့်ရဲ့ ထုတ်ကုန်၊ ၀န်ဆောင်မှုတွေက ၀ယ်သူတွေရဲ့ ပြသနာတွေ၊ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်တဲ့ အချက်တွေကို ရွေးချယ်ပြောတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ အဲ့အတွက် ၀ယ်သူကို ကိုယ့်ကုန်ပစ္စည်းအကြောင်း ပြောဆိုတင်ဆက်တဲ့နေရာမှာ FAB Selling Techniques ကိုအသုံးချနိုင်ရင် အရောင်းမြန်မြန်ပိတ်နိုင်မှာဖြစ်ပါတယ်။ 

FAB Selling Techniques ကိုတော့ ကျွန်မတို့ Better Salesman အတန်းလေးမှာ အသေးစိတ်လေ့လာနိုင်ပါတယ်။

၅။ ရောင်းချခြင်းအစား လမ်းညွှန်အသိပညာပေးပါ။

ကျွန်မတို့ Better Version သင်တန်းမှာဆို ဒါကိုအမြဲဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။ 

ဥပမာ− လုပ်ငန်းရှင်အချို့က ရောင်းအားတက်ဖို့၊ မားကတ်တင်းအပိုင်းကို ပိုကျွမ်းကျင်ဖို့၊ စီမံခန့်ခွဲမှုအပိုင်းလေ့လာချင်လို့ သင်တန်းတက်ဖို့ လာရောက်မေးမြန်းကြတယ်။ ဒါပေမယ့် တခါတလေ ဘယ်သင်တန်းတက်ရမလဲဆိုတာကို သေချာမသိတာမျိုးတွေဖြစ်တတ်ပါတယ်။ 

အဲ့ဒီအခါ ကျွန်မတို့တွေက ဘယ်အပိုင်းကို ပိုပြီးကောင်းအောင်လေ့လာချင်တာလဲဆိုတာ သေချာသိနိုင်အောင် လုပ်ငန်းခွင်မှာ ကြုံနေရတဲ့အခက်အခဲတွေကို မေးမြန်းပြီးမှ ကိုက်ညီတဲ့သင်တန်းကို လမ်းညွှန်ပေးလေ့ရှိပါတယ်။ 

အဲ့လိုမျိုး ၀ယ်သူကို လမ်းညွှန်ပြီး အသိပညာပေးခြင်းအားဖြင့် သင်က ၀ယ်သူတွေရဲ့ယုံကြည်ထိုက်သူဖြစ်လာပြီး တစ်ခုခုအကြံညဏ်တောင်းချင်တဲ့အခါ၊ သတင်းအချက်အလက်တွေ မေးချင်တဲ့အခါတိုင်း သင့်ကိုအရင်ဆုံး အမှတ်ရပြီး သင့်ဆီအချိန်တိုင်း လာနေမှာဖြစ်ပါတယ်။ 

၆။ အချိန်တိုင်း ၀ယ်သူတွေအတွက်အကျိုးရှိစေမယ့် တန်ဖိုး (Value) ပေါင်းထည့်ပါ။ 

၀ယ်သူတွေကို ပြောဆိုတင်ဆက်တဲ့အခါမှာ ယုံကြည်မှု နဲ့ ရေရှည်ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် ကိုယ်က ၀ယ်သူအတွက်အကျိုးရှိသွားအောင် ဘာလုပ်ပေးနိုင်လဲဆိုတာကို စဥ်းစားပေးပြီး ၀ယ်သူအတွက်အကျိုးရှိစေမယ့် တန်ဖိုး၊ လုပ်ဆောင်ချက်၊ ကူညီဆောင်ရွက်ပေးမှု(Value) တွေကို ပေါင်းထည့်နိုင်ဖို့လိုပါတယ်။ 

ပြောချင်တာကတော့ လူတွေက သူတို့အတွက် အကျိုးမရှိဘဲ သင်နဲ့စကားပြောဖို့ စိတ်၀င်စားမှာ မဟုတ်ပါဘူး။ သူတို့အတွက် တစ်ခုခုပြန်မရတဲ့အခါမှာ အချိန်ဖြှန်းတီးနေတယ်လို့ပဲ ခံစားသွားနိုင်ပါတယ်။ ဒါကြောင့် အပြန်အလှန်ဆက်သွယ်မှုတိုင်းမှာ  ၀ယ်သူအတွက် အကျိုးတစ်ခုခုရှိပါတယ်ဆိုတဲ့ ခံစားချက်ဖြစ်လာအောင် လုပ်ရပါတယ်။ 

ပြောဆိုတင်ဆက်တဲ့အချိန်မှာ ကိုယ်မေးတဲ့မေးခွန်းဖြေဖို့အတွက် အချိန်ပေးခြင်း၊ ၀ယ်သူစကားပြောနေတဲ့အခါ အနှောင့်အယှက်မဖြစ်စေခြင်း၊ ၀ယ်သူကို စကားများများပြောစေခြင်း၊ ၀ယ်သူတွေရဲ့လုပ်ငန်းနဲ့  သက်ဆိုင်သည့် အကြောင်းအရာများကို မျှဝေခြင်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ 

တကယ်လို့ သင်က သင့်ဆီက ၀ယ်ယူမယ့်သူတွေကို စိတ်ကျေနပ် ပျော်ရွှင်စေဖို့နဲ့ Value ပေးဖို့ကို အဓိကထားချင်တယ်ဆိုရင်တော့ ဒီ Value-Based Selling နည်းကတော့ မှန်ကန်တဲ့ချည်းကပ်နည်းတစ်နည်း ဖြစ်မှာပါ။ 

ဒီအရောင်းနည်းဗျူဟာ နှင့် ရိုးရိုးရောင်းချနည်းနဲ့ အဓိကကွားခြားချက်ကတော့ Sale process အစောပိုင်းမှာ အပြင်းအထန်ရောင်းချမယ့်အစား Value-based selling ကတော့ ကိုယ့်ရဲ့ ၀ယ်သူအခြေအနေကို နားလည်ဖို့ အာရုံစိုက်ခြင်းပဲဖြစ်ပါတယ်။ 

ရောင်းချခြင်းမှာ မှန်ကန်တဲ့နည်းလမ်းတွေကို ရွေးချယ်အသုံးပြုမယ်ဆိုရင် သင့်လုပ်ငန်းကို အမြတ်အစွန်းတွေတိုးလာစေပြီး ၀ယ်သူတွေ စိတ်ကျေနပ်မှုရရှိစေနိုင်မှာဖြစ်ပါတယ်။ 

ကိုယ်တိုင်ရောင်းအားကောင်းကောင်းလည်း ရောင်းချင်တယ် မှန်ကန်ထိရောက်တဲ့ အရောင်းဗျူဟာတွေကို ပိုမိုလေ့လာချင်တယ်၊ စနစ်ကျတဲ့ Sales plan တွေ ရေးဆွဲ ချင်တယ်၊ ကိုယ့်ရဲ့ အရောင်း team ကိုလည်း အကောင်းဆုံးဦးဆောင်ချင်တယ်ဆိုရင် ကျွန်မတို့  Better Version ရဲ့ လူကြိုက်အများဆုံး Better Sales Mastery Series အတန်းလေးကို တက်ရောက်နိုင်ပါတယ်။ 

သင်တန်းတက်ဖို့ စိတ်၀င်စားလို့ အသေးစိတ်ကို စုံစမ်းချင်တယ်ဆိုရင် Comment မှာ “BSMS” လို့သာမန့်ခဲ့ပေးနော်။ မက်ဆေ့မှတစ်ဆင့်အသေးစိတ်ကို ပြန်လည်ဖြေကြားပေးပါမယ်ရှင့်။

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်#တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ#MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ