ရောင်းအားတက်ချင်ရင် ဒီနည်းကို မမေ့ပါနဲ့။
February 24, 2022 2022-03-04 10:23ရောင်းအားတက်ချင်ရင် ဒီနည်းကို မမေ့ပါနဲ့။
အရောင်းသမားတိုင်းမှာ တူညီတဲ့ရည်ရွယ်ချက်ရှိပါတယ်။ အဲ့တာကတော့ ရောင်းချဖို့အတွက်ပဲဖြစ်ပါတယ်။ ကုမ္ပဏီတွေကလည်း အရောင်းမြန်မြန်ပိတ်ပြီး များများရောင်းချဖို့အတွက်ပဲ အရည်အချင်းရှိတဲ့ အရောင်းသမားတွေကို ခန့်အပ်ထားတာဖြစ်ပေမယ့် တစ်ခါတစ်လေမှာတော့ ချက်ချင်းရောင်းရလိုက်ဖို့က အဓိကမဟုတ်ပါဘူး။ အရောင်းသမားတစ်ယောက်အနေနဲ့ ၀ယ်သူအကျိုးရှိအောင် ကိုယ့်ရဲ့၀ယ်သူအတွက်တွေးပြီး ရောင်းချဖို့လည်းအရေးကြီးပါတယ်။ ဒီနေရာမှာ Value-Based Selling ဆိုတဲ့ ရောင်းချနည်းပေါ်လာတာ ဖြစ်ပါတယ်။
Value-Based Selling ဆိုတာ အရောင်းလုပ်ငန်းစဥ်တစ်လျှောက်မှာ ၀ယ်သူကိုအကျိုးရှိစေဖို့အတွက် ရည်ရွယ်ပြီး ချဥ်းကပ်ရောင်းချနည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒီရောင်းချခြင်းနည်းကတော့ ၀ယ်သူတွေအတွက်တွေးပြီး သူတို့ဘာတွေလိုအပ်လဲ၊ လက်ရှိဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်နေရလဲ၊ သူတို့ကိုဘယ်လိုတွေကူညီနိုင်မလဲဆိုတာကိုပဲ အာရုံစိုက်ပြီး ရောင်းချခြင်းဖြစ်ပါတယ်။
ဒီရောင်းချခြင်းနည်းကိုသုံးခြင်းအားဖြင့် သင်ရဲ့ကုန်ပစ္စည်းက ပုံမှန်ထက် စျေးမြင့်ရင်တောင် စျေးကြီးတယ်လို့ မတွေးပဲ ၀ယ်သူတွေက ပေးရတာနဲ့ ပြန်ရတာနဲ့ တန်တယ် ဆိုတဲ့အတွေးမျိုးကို တွေးနိုင်ပါတယ်။
လေ့လာသုံးသပ်ချက်တွေအရ တိုးတက်မှုမြင့်မားနေတဲ့ကုမ္ပဏီ ၈၇% လောက်က ဒီ Value-based selling ရဲ့ထိရောက်မှုကို ကောင်းကောင်းနားလည်ကြလို့ ဒီရောင်းချတဲ့ပုံစံနဲ့ ၀ယ်သူကိုချဥ်းကပ်ရတာ ပိုသဘောကျတယ်လို့ ဖော်ပြထားကြပါတယ်။
Value-based selling ရောင်းချနည်းကို လုပ်ငန်းတော်တော်များက ၀ယ်သူရဲ့
က) လိုအပ်ချက်တွေကိုအခြေခံပြီး ရောင်းချချင်တဲ့အခါ၊
ခ) ကိုယ့်ရဲ့ ကုန်ပစ္စည်းက စျေးကွက်မှာ စျေးမြင့်ပေမယ့် ၀ယ်သူကပေးရတဲ့စျေးနဲ့ တန်တဲ့ကုန်ပစ္စည်း၊၀န်ဆောင်မှုအဖြစ် မြင်စေချင်တဲ့အခါ၊
ဂ) ရောင်းသူနဲ့ ၀ယ်သူကြား ကောင်းမွန်တဲ့ရေရှည်ဆက်ဆံရေးတွေတည်ဆောက်ချင်တဲ့အခါ အသုံးပြုကြပါတယ်။
ဒီတော့ Value-based selling ကို ဘယ်လို ဖွဲ့စည်းတည်ဆောက်ပြီး အသုံးချရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ သင့်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုရဲ့ Unique Selling Proposition ကိုနားလည်အောင်လုပ်ထားရပါမယ်။
Unique Selling Proposition ဆိုတာကတော့ စျေးကွက်ထဲမှာ ကိုယ့်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုက အခြားပြိုင်ဘက်တွေနဲ့မတူပဲ ထင်ရှားတဲ့အားသာချက်တွေဘာတွေရှိလဲ၊ ၀ယ်သူကိုဘာတွေပေးနိုင်လဲ ဆိုတာကို သိအောင်လုပ်ခြင်းဖြစ်ပါတယ်။ ဒီ USP ကိုနားလည်သဘောပေါက်ထားမှ အရောင်းသမားအနေနဲ့ များပြားတဲ့ ပြိုင်ဖက်တွေကြားထဲကမှ မိမိကုန်ပစ္စည်းကို ရွေးချယ်၀ယ်ယူကြမှာဖြစ်ပါတယ်။
၂။ Research လုပ်ပါ။
Value-based selling နည်းကိုအသုံးပြုဖို့အတွက် စျေးကွက်ထဲမှာ research တွေအများကြီးလုပ်ပြီး ကုန်ပစ္စည်း၊၀န်ဆောင်မှုအကြောင်း၊ ၀ယ်သူတွေရဲ့အကြောင်းကို သိဖို့အတွက် အချိန်တော့ရင်းနှီးမြှပ်နှံရပါလိမ့်မယ်။ လုံလောက်တဲ့ research တွေ၊ အချက်အလက်တွေစုဆောင်းပြီးတဲ့အခါ သင့်၀ယ်သူရှေ့မှာ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုအကြောင်းကို ယုံကြည်စိတ်ချစွာ ရှင်းပြနိုင်ပါလိမ့်မယ်
၃။ Research မှရတဲ့ အချက်အလက်တွေကို Resource အဖြစ်ပြန်လည်အသုံးချတတ်ပါစေ။
သင့်ထုတ်ကုန်၊ ၀န်ဆောင်မှု၊ ၀ယ်သူတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေ စုဆောင်းပြီးတာနဲ့ ဒီအချက်အလက်တွေကို စျေးကွက်ထဲမှာ ၀ယ်သူတွေရှာဖွေနေတဲ့ resourceတွေ အဖြစ်ပြောင်းလဲတတ်ရပါမယ်။
၀ယ်မယ့်သူတွေရဲ့ အကျိုးကို ဖြစ်ထွန်းစေခြင်းက Value-based selling ရဲ့ အခရာ ဖြစ်တဲ့အတွက်ကြောင့် အပေါ်က နှစ်ချက်တွေ သေသေချာချာ အချိန်ပေးဖို့လိုပါတယ်။
၄။ အရေအတွက်ထက် အရည်အသွေးကို ပိုအလေးထားပါ။
Value-based sellingနည်းကို ရွေးချယ်တဲ့အခါမှာ ပုံမှန်ထက် ပိုပြီးအားစိုက်ထုတ်ဖို့တော့လိုပါတယ်။ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှုတည်ဆောက်ဖို့အတွက် ပို့ရတဲ့ email တွေ၊ သတင်းအချက်အလက်တွေရှာဖွေဖို့ သုတေသနအတွက် ပေးရတဲ့အချိန်တွေရှိတဲ့ အတွက်ကြောင့် အချိန်အား၊ လူအား ကိုပိုပြီးရင်းနှီးမြှပ်နှံရနိုင်ပါတယ်။ ဒီလို ပိုအားစိုက်ထုတ်ရတာတွေနဲ့ ရင်းနှီးမှုတွေရှိပေမယ့် နောက်ဆုံးမှာ ရလာဒ်ကောင်းတွေရရှိနိုင်မှာဖြစ်ပါတယ်။ အရေအတွက်ထက် အရည်အသွေးကို အသားပေးပြီးရောင်းတဲ့အခါ ရလာဒ်အနေနဲ့ကတော့ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် အရောင်းပိတ်နိုင်နိုင်တဲ့အပြင် ၀ယ်သူနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။
ဒီလောက်ဆို Value-based selling ရဲ့ အသုံး၀င်ပုံကိုနားလည်ပြီး ဒီနည်းလမ်းသုံးဖို့ရွေးချယ်တဲ့အခါ ဘာတွေလုပ်ဖို့လိုအပ်မလဲဆိုတာကို နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။
နောက်အပတ်မှာလည်း Value-based selling နဲ့ ရောင်းချနည်းအချို့ကို ပြောပြပေးသွားမှာမို့လို့
Better Version Institue Page လေးကို Like & Follow လုပ်ထားဖို့ အကြံပေးချင်ပါတယ်ရှင့်။
ရောင်းအားတက်ဖို့ လိုနေတယ်၊ အရောင်းပိုင်းနဲ့ ပတ်သက်တာတွေကျွမ်းကျင်ချင်တယ်ဆိုရင်တော့ Better Version က Better Sales Mastery Series ကို တက်ရောက်နိုင်ပါတယ်။ အသေးစိတ် စုံစမ်းဖို့ BSMS လို့ မက်ဆေ့ ပို့လိုက်ရုံပါဘဲ။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
—
#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။