Blog

သင်က ဘယ်လိုအရောင်းသမား ပုံစံမျိုးထဲမှာပါလဲ။ သင်သာ မန်နေဂျာ ဆိုရင်ရော ဘယ်လို အရောင်းသမားမျိုးကို ရွေးချယ် အလုပ်ခန့်မလဲ။

Website Blog (2)
Leadership / Sales

သင်က ဘယ်လိုအရောင်းသမား ပုံစံမျိုးထဲမှာပါလဲ။ သင်သာ မန်နေဂျာ ဆိုရင်ရော ဘယ်လို အရောင်းသမားမျိုးကို ရွေးချယ် အလုပ်ခန့်မလဲ။

အရောင်းသမားတွေကို အမျိုးအစားခွဲကြည့်ရင် ၅ မျိုး တွေ့ရပါတယ်လို့ နာမည်ကျော်“ Leading the Sales Force (အရောင်းအဖွဲ့ကို ဦးဆောင်ခြင်း)” စာအုပ်ကို ရေးခဲ့တဲ့ René Y. Darmon က ဆိုထားပါတယ်။

 ဒါဆို သင်က ဘယ်အရောင်းသမား ပုံစံမျိုးထဲမှာပါလဲ။ ဘယ်လို လူမျိုး ဖြစ်အောင် ကြိုးစားမလဲ။ သင်က အရောင်းပိုင်းကို ဦးဆောင်နေရ သူဆိုရင်ရော သင့်အရောင်းသမားတွေရဲ့ စိတ်နေစိတ်ထား၊ အမူ အကျင့်တွေ၊ ကိုယ်ရည် ကိုယ်သွေးတွေကို အကဲခတ်ပြီး ဘယ်လိုမျိုးပုံစံနဲ့ motivation တက်အောင်လုပ်မလဲ။ သင်လိုချင်တဲ့ရလဒ်ရဖို့ ဘယ်လို ခေါင်းဆောင်မှု ပုံစံတွေ သုံးလို့ရမလဲ၊ ဘယ်လို commission plan တွေ၊ bonus plan တွေ သုံးလို့ရမလဲ ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ 

ဒီတော့ အရောင်းသမား အမျိုးအစား ၅ မျိုးကဘာတွေ ဖြစ်မလဲ လေ့လာကြည့်ရအောင်။ 

Creatures of habit

ပထမဆုံးတစ်မျိုးက Creatures of habit လို့ခေါ်ပါတယ်။ ဒီလို အရောင်းသမားမျိုးတွေက သူတို့ရဲ့ ဘဝမှာ သူတို့ လိုချင်တဲ့ ဘဝပုံစံ (life living standard) ကို တစ်ခါထဲ သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ ငါတို့ ဘယ်လောက် ပိုက်ဆံရရင်တော့ အဆင်ပြေတယ်။ အဲ့လောက် ပိုက်ဆံရရင် တော်ပြီ ဆက်မလုပ်တော့ဘူး။ သူ့ဘာသူ ဘယ်လောက် ပိုပေးပေး ဒီလအတွက် ရမယ့် ဟာက ငါ့အတွက် လုံလောက်ပြီ ဆိုတဲ့ ပုံစံမျိုးပါ။ ပုံမှန် လစာကိုပဲ မက်မောတဲ့ ပုံစံမျိုးပေါ့။ 

Satisfiers

ဒီလို လူမျိုးတွေကြတော့ သူတို့ ရုံးမှာ အလုပ်လုပ်နေတာတွေ အကုန်လုံးက အလုပ်မပြုတ်ရေး အတွက် ပဲ ဖြစ်ပါတယ်။ အထက်လူကြီး က၊ ပတ်ဝန်းကျင်က သူတို့ကို အလုပ်လုပ်နေပါတယ်လို့ မြင်အောင်၊ သူတို့အလုပ် နေရာ တည်မြဲရေးကိုပဲ ဦးစားပေးပြီး အလုပ်လုပ်ကြပါတယ်။ 

Trade-offers

ဒီလို လူမျိုးကြတော့သူ့ရဲ့ ကိုယ်ပိုင်အချိန် (personal life) နဲ့ အလုပ်လုပ်တဲ့အချိန် (cooperate life) ကို သီးခြား သတ်မှတ်ထားတဲ့လူမျိုးပါ။ အလုပ်နဲ့ဘဝနဲ့ ဘယ်မှာတော့ အချိန် ဘယ်လောက်ပေးမယ် ဆိုပြီး တစ်ခါထဲ ခွဲခြားထားလေ့ရှိပါတယ်။ ဒီလို လူမျိုးတွေက သတ်မှတ်ထားတဲ့အလုပ်ချိန် အတွင်းမှာ သူတို့တာဝန်ကျေအောင် ကြိုးစားလုပ်လေ့ရှိပြီးတော့ ဒါကို ကျော်လွန်သွားပြီဆိုရင်တော့ သူတို့အတွက် လုပ်သလောက် အကျိုးရှိမယ်။ သူတို့မျှော်လင့်ထားသလောက် ရမယ်ဆိုရင် ပိုလုပ်လေ့ရှိတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ 

Goal-oriented

ဒီအမျိုးအစား အရောင်းသမားတွေကကြတော့ အသိအမှတ် ပြုမှု (recognition) တွေ၊ ချီးကျူးဂုဏ်ပြုမှုတွေကြိုက်တဲ့သူတွေ၊ လိုချင်တဲ့သူတွေ ဖြစ်ပါတယ်။ သူတို့ကို ပတ်ဝန်းကျင်က၊ အလုပ်က လူတွေက၊ “အရမ်းတော်တာပဲ” “သတ်မှတ်ထားတဲ့ အရောင်းတားကဒ်မှီအောင် အများကြီး လုပ်နိုင်တာပဲ” စတဲ့ အသိအမှတ်ပြုမှုသာ ရမယ် ဆိုရင် အရိုးကျေကျေ အရေခမ်ခမ်း အလုပ် ကြိုးစားကြမယ့် လူမျိုးတွေ ဖြစ်ပါတယ်။ 

Money-oriented 

ဒီလို လူမျိုးက ကြတော့ ပိုက်ဆံသာ များများရမယ်ဆိုရင် ဘာပဲ ဖြစ်ဖြစ် လုပ်မယ်ဆိုတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပုံမှန် အလုပ်ချိန် ၈ နာရီမှာ၊ ၁၀ ပဲ ဖြစ်သွားသွား၊ ၁၂ နာရီပဲ ဖြစ်သွားသွား ပိုက်ဆံ ရမယ်ဆိုလို့ကတော့ လုပ်မယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ မိသားစု၊ အနားယူချိန်၊ ကျန်းမာရေး ဒါတွေ အားလုံးကို လစ်လျှူရှုပြီး ပိုက်ဆံတစ်ခုထဲကိုပဲ ကြည့်တတ်တဲ့ သူတွေ ဖြစ်ပါတယ်။

ဒီထဲမှာမှ သင်က အရောင်းသမား တစ်ယောက် ဖြစ်နေတယ်၊ တကယ်ပဲ ရေရှည်မှာ အောင်မြင်ချင်တယ် ဆိုရင်တော့ Goal-oriented ဖြစ်တဲ့ အရောင်းသမား မျိုးဖြစ်အောင် ကြိုးစား သင့်ပါတယ်။ 

တကယ်လို့သင်က မန်နေဂျာ တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်လည်း တတ်နိုင်သလောက် လူရွေးတဲ့အခါ Goal-oriented ဖြစ်တဲ့ အရောင်းသမားမျိုးတွေကို သင့်အဖွဲ့ထဲမှာ ရှိနေအောင် ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် သင့်အရောင်းအဖွဲ့ထဲမှာ ဘယ်သူကတော့ ဘယ်အမျိုးအစား အရောင်းသမားပုံစံမျိုး ဖြစ်နေလဲ ဆိုတာကိုလည်း သင်က အကဲခတ်တတ်ဖို့ လိုပါတယ်။ 

ဥပမာ_ သင့်အဖွဲ့ထဲမှာ money-oriented အရောင်းသမားတွေ များနေရင် သူတို့အတွက် ချီးကျူးတာတွေ၊ ဂုဏ်ပြုတာတွေထက် ဒီလ ဘယ်လောက်ရောင်းရရင် ကော်မရှင် ဘယ်လောက် ရာခိုင်နှုန်းထိ ပေးမယ်ဆိုတာမျိုး သုံးပြီး များများရောင်းရဖို့ motivation ပေးလို့ရပါတယ်။ ဒီလိုပဲ 

Satisfiers တို့၊ Trade-offers တို့ ပုံစံရှိတဲ့ အရောင်းသမား တွေ သင့်အဖွဲ့ထဲမှာ ရှိနေရင်လည်း သူတို့ ကို အလုပ်ချိန်အတွင်း၊ အပြည့်အဝ အလုပ် ကြိုစားကြစေဖို့ သင်က ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘယ်လို motivation techniques တွေကိုသုံးမလဲဆိုတာမျိုးကို စဉ်းစားရမှာ ဖြစ်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ