Blog

ရောင်းအားတွေကျလို့ စိတ်ညစ်နေတဲ့ အရောင်းသမားများ အတွက်

ရောင်းအားကျလို့ စိတ်ညစ်နေတဲ့ အရောင်းသမားများအတွက်_Website Blog
Customer Service / Sales

ရောင်းအားတွေကျလို့ စိတ်ညစ်နေတဲ့ အရောင်းသမားများ အတွက်

ရောင်းအားတွေကျလို့ စိတ်ဓါတ်ကျနေတဲ့ အရောင်းသမားများ အတွက် အကြံပြုချက်များ

ဒီလိုကာလမှာ အရောင်းသမားတွေ အနေနဲ့  ရောင်းအားတွေ ကျနေတယ် ဘယ်လိုလုပ်ရမလဲ။ ချမှတ်ထားတဲ့ အရောင်းရရမယ့် ရည်မှန်းချက် (Sales Target) မ ထိတဲ့လတွေလည်း များလာပြီးတော့ အလုပ်မှာလည်း စိတ်ဖိစီးမှု့ များလာတယ်ဆိုတဲ့ အနေအထားမျိုး တွေဖြစ်နေတတ်ပါတယ်။ 

ဒါတွေကို ဘယ်လိုအကောင်းဆုံး ကျော်ဖြတ်ကြမလဲ ဆိုတာနဲ့ ပတ်သက်လို့ လိုက်လုပ်ကြည့်လို့ရမယ့် အချက်အချို့ကို မျှဝေ ပေးသွားချင်ပါတယ်။ 

၁) ကာလတို လိုချင်တဲ့ ရလာဒ်ကို ချမှတ်ပါ။ 

သင့်ရဲ့ တစ်လရောင်းရမယ့် ပမာဏက ၁၂ သိန်း ဆိုပါစို့။ အလုပ်လုပ်ရက် တစ်ပတ် ၅ ရက်မှာ တစ်နေ့ကို ၆ သောင်းဖိုးလောက် မဖြစ်မနေ ရောင်းရမယ်။ သင်ရောင်းတဲ့ ပစ္စည်းတန်ဖိုးက တစ်ခုကို ၂ သောင်းဆိုရင် လူ ၃ ယောက်ဆီက နေ့တိုင်း အရောင်းရဖို့ လိုပါတယ်။ တစ်ပတ်ကို ၃  သိန်းဖိုးလောက် (၂၀၀၀၀ x ၁၅ ယောက်) ရောင်းကို ရောင်းရမယ်။ နောက်တစ်ခုက သင်ရဲ့ conversation rate က ၃၀% ဆိုပါစို့၊ (ဆိုလိုတာက ပျမ်းမျှအားဖြင့် ၁၀ ယောက်လာမေးရင် ၃ ယောက်ဝယ်သွားအောင် ရောင်းနိုင်တယ်) ဒီတော့ သင့်အနေနဲ့ တစ်နေ့ကို အလားအလာရှိတဲ့ ဝယ်သူ ၁၀ ယောက်ကို ရအောင်ရှာပြီး ဖုန်းခေါ်တာ၊ အီးမေးလ်ပို့တာတွေ လုပ်ပြီး အရောင်းရဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ဒါမှပဲ တစ်လအတွက် ချမှတ်ထားတဲ့ တားကဒ်မှီအောင် ရောင်းနိုင်မယ်။ ဒါဆို တစ်နေ့ ၃ ယောက်ရောင်းနိုင်ဖို့ ဘာတွေ လုပ်ဖို့လိုမလဲ၊ ဘယ်လို ရောင်းမလဲ ဆိုတာကို ဆက်စပ်ပြီး စဉ်းစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး တစ်ပတ်စာ၊ တစ်ရက်စာ plan တွေ ခွဲလိုက်ခြင်းအားဖြင့် သင်လုပ်ရမယ့် အလုပ်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာမှာလည်း ဖြစ်ပါတယ်။ 

၂) အလားအလာရှိနိုင်တဲ့ ဝယ်သူတွေကို သေချာမှတ်ထားပြီး follow up plan ဆွဲပါ။ 

ဝယ်သူအသစ်တွေ ဆီကနေပဲ အရောင်ရဖို့ ကြိုးစားတာထက်၊ အကြောင်းကြောင်း ကြောင့် ငွေကြေး အဆင်မပြေလို့ပဲ ဖြစ်ဖြစ်၊ မဝယ်သေးဘူး ငြင်းသွားတဲ့ ဝယ်သူတွေကို သေချာ စာရင်းမှတ်ထားပါ။ ပြီးရင်တော့ အချိန်တစ်ခု သတ်မှတ်ပြီး သူတို့ စိတ်ဝင်စားလောက်မယ့် အချက်အလက်တွေ ပိုပေးတာ၊ ပစ္စည်းလေးတွေ အစမ်းသုံးဖို့ ပို့ပေးတာမျိုးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်ပါတယ်။ ဒါမှပဲ ၀ယ်သူက သူ၀ယ်ယူဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မျိုး မှာသင့်ကို ၊သင့်ကုန်ပစ္စည်းကို သတိရပြီး ၀ယ်ယူလာမှာဖြစ်ပါတယ်။

၃) သင့်ကိုယ်သင် ရိုးသားပါ။ 

နေ့တိုင်း ကိန်းဂဏန်းတွေကိုပြန်သုံးသပ်ဖို့ လိုပါတယ်။ “numbers do not lie” နံပါတ်တွေကို လိမ်လို့မရပါဘူး။ ဒီနေ့ ဘယ်နှယောက်‌ ရောင်းနိုင်လဲ၊ အရောင်းဘယ်လောက်ရပြီလဲ၊ တစ်လ၊ တစ်ပတ် တားကဒ်ရဲ့ ဘယ်လောက် ရာခိုင်နှုန်းကို ရောင်းပြီးပြီလဲ ဆိုတာတွေကို အမြဲ သုံးသပ်ဖို့ လိုပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သင်အလုပ်လုပ်နေတာ smart working ဖြစ်နေရဲ့လား၊ ငါအလုပ်လုပ်နေတာပါပဲ အချိန်တန်တော့ အရောင်းတွေရလာမှာပေါ့ဆိုပြီး သင့်စိတ်ပြေရာပြေကြောင်း တွေးပြီး ဆင်ခြေ ပေးဖို့ မကြိုးစားပါနဲ့။ လုပ်သာလုပ်နေတယ် ပင်ပန်းတာပဲ အဖတ်တင်ပြီး ဘာရလာဒ်ကောင်းမှ ရမလာဘူး ဆိုရင်လည်း သင့်ရဲ့ အလုပ် လုပ်ပုံ ကိုင်ပုံကို ပြန်ပြောင်းဖို့ စဉ်းစားရမှာ ဖြစ်ပါတယ်။ 

၄) ထပ်တိုး (upselling) ရောင်းနိုင်ဖို့ နဲ့ ပူးတွဲ (cross selling) ရောင်းနိုင်ဖို့  ကြိုးစားပါ။ 

ဒီအချက်ကိုလည်း ရောင်းအားတက်ဖို့ အကြံပြုချက်တွေထဲမှာ မကြာခဏတွေ့ရမှာ ဖြစ်ပါတယ်။ 

မြန်မြန်နဲ့ လွယ်လွယ်ရောင်းအားတက်စေတဲ့နည်းလမ်းတစ်ခုဖြစ်တော့ အရောင်းသမားတိုင်း မဖြစ်မနေ လုပ်ဆောင်သင့်တဲ့  နည်းလမ်းတစ်ခုပါပဲ။ ကုန်ပစ္စည်းတစ်ခု၀ယ်မယ့်သူကို ဥပမာ – မိတ်ကပ်လာဝယ်တဲ့ သူကို eyeliner ကဲ့သို့ လိုအပ်မယ်ထင်တဲ့ ပစ္စည်းတစ်ခု ပူးတွဲ ရောင်းဖို့ ကြိုးစားတာမျိုး၊ အမျိုးအစားပိုကောင်းတဲ့ ထဲက ဝယ်သူရမယ့် အကျိုးရလဒ် (benefit) ကို မြင်အောင် ပြောပြပြီး upselling ရောင်းတာမျိုး၊ တွေကလည်း ရောင်းအားကျနေတယ်ဆိုတဲ့ သင့်အတွက် အရောင်းပမာဏ (sales revenue) တက်ဖို့ အထောက်အကူ တစ်ခုဖြစ်မှာ အသေအချာပါပဲ။ 

၅) ဇွဲရှိပါ။ သင့်ကိုယ်သင် ယုံကြည်မှု ရှိပါ။ 

တစ်နေ့ ဝယ်သူ ၁၀ ယောက်ကို ဖုန်းခေါ်ပြီး ရောင်းဖို့ ကြိုးစားတယ်။ ပထမပိုင်းရောင်းတဲ့ ၅ ယောက်လုံး ဆီက တောက်လျှောက် မဝယ်သေးဘူးကြီးအငြင်းခံ ရတာများလာတဲ့အခါ သင့်ကိုယ်သင် ယုံကြည်မှုတွေ ပျောက်ဆုံးလာပြီး ဆက်ကြိုးစားရောင်းရမယ့် အစားစိတ်ဓာတ် တွေကျလာတာ၊ စိတ်ညစ်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဆိုရင် ဆက်ရောင်းဖို့ ကျန်တဲ့ သူတွေနဲ့ ဖုန်းပြောတဲ့အခါ ဆက်သွယ်တဲ့အခါ ယုံကြည်မှု မဲ့လာပြီး အမေးတခြား၊ အဖြေတစ်ခြား ဖြစ်လာတာတွေ၊ ဝယ်သူကို အာရုံမစိုက်မိတာတွေကြောင့် သင့်အတွက် ဆုံးရှုံး မှုတွေ ပိုလာစေပါတယ်။  ဒါ့ကြောင့် ဇွဲရှိရှိနဲ့ သင့်ကိုယ်သင် ယုံကြည်မှု ရှိရှိ ဆက်ကြိုးစားဖို့ကြလည်း အရမ်း အရေးကြီးပါတယ်။ 

ဒီအချက်တွေလုပ်ကြည့်ရင်း  အနေအထားတစ်ခု ရောင်းအားပြန်တက်လာတယ်ဆိုရင် သင့် မိတ်ဆွေတွေ အတွက်လည်း အကျိုးရှိသွားအောင် share ပေးလိုက်ပါဦး။

#betterversion #morethanyouthink #makeyourprogress #tipstomeetyoursalestarget

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
I got Better offer

အောက်တိုဘာ ၁၅ ရက်နေ့ မတိုင်ခင်ထိ "BVM30" ကုဒ် အသုံးပြုပြီး Special Offer ၃၀% ရယူပါ။