Blog

ဖောက်သည်၊ ဝယ်သူအသစ်တွေ မရှာခင် ပြင်ဆင်သင့်တဲ့ အချက် ၄ ခု

Website Blog _ဖောက်သည်၊ဝယ်သူအသစ်မရှာခင်
Business / Marketing

ဖောက်သည်၊ ဝယ်သူအသစ်တွေ မရှာခင် ပြင်ဆင်သင့်တဲ့ အချက် ၄ ခု

ဝယ်သူအသစ်တွေ မရှာခင် ပြင်ဆင်သင့်တဲ့ အချက် ၄ ခု

လုပ်ငန်းတိုးတက်ရေးအတွက် ရှိပြီးသားဖောက်သည်တွေ အပြင် ဝယ်သူအသစ်တွေရှာပြီးတော့ လုပ်ငန်းချဲ့ထွင်နိုင်ဖို့ ကြိုးစားတာကလည်း မဖြစ်မနေ လုပ်ရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ 

ဒါပေမယ့် ဖောက်သည် အသစ်တွေ ရှာတော့မယ်ဆိုတာနဲ့ သင်ကိုယ်တိုင် သေချာ ပြင်ဆင်သင့်တဲ့ အချက်တချို့ ရှိနေပါသေးတယ်။ ဒါတွေကို သေချာ မပြင်ဆင်ဘူးဆိုရင် မြွေပါလည်းဆုံး သားလည်းဆုံး ဆိုသလို ဝယ်သူအသစ်လည်းအဖတ်မတင်၊ ပုံမှန် ဝယ်နေကျ ဖောက်သည်တွေလည်း လွတ်ကုန် တာမျိုး ဖြစ်တတ်လို့ပါ။ 

ဒီတော့ ကြိုတင်ပြင်ဆင်သင့်တဲ့ အချက်တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်။ 

 

၁) အသစ်တိုးလာမယ့် ဝယ်သူတွေအတွက် သင့်မှာ ပြည့်စုံတဲ့ ဝန်ဆောင်မှု ပေးဖို့ လုံလောက်တဲ့ အရင်းအမြစ်ရှိရဲ့လား။ 

ဆိုလိုတာက  သင်ရော၊ သင့်အဖွဲ့ရော ready ဖြစ်ပြီလားပေါ့။ marketing team က target customer အသစ်တွေ အတွက် marketing campaign ကောင်းတွေ ဖန်တီးလိုက်လို့၊ အရောင်းပိုင်းက လူတွေကိုတွန်းအားပေးလိုက်လို့၊ ဝယ်လိုအား (demand) တွေ တက်လာချိန် ထုတ်လုပ်မှု ပိုင်းက ကုန်ကြမ်းရဖို့ နှောင့်နှေး နေလို့ ထုတ်လုပ်နိုင်စွမ်းတွေ ကျပြီး ဝယ်သူတွေ မှာထားတဲ့အချိန် အရောက်မပို့နိုင်တာမျိုး ဆိုရင် အဆင်မပြေပါဘူး။ ဒါ့ကြောင့် သင့်လုပ်ငန်း တစ်ခု လုံးက အဖွဲ့သားတွေဟာ တိုးလာမယ့် ဝယ်သူအရေအတွက် အတွက် ဝန်ဆောင်မှု ပေးနိုင်ဖို့ လုံလုံလောက်လောက် ရှိနေရဲ့လားဆိုတာကလည်း အရေးကြီးဆုံး အချက်တွေ ထဲက တစ်ခု ဖြစ်ပါတယ်။ 

 

၂) သင့်ရဲ့လက်ရှိ ဝယ်သူတွေကရော ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို စိတ်ကျေနပ်ကြရဲ့လား။

“Bad news travels faster than wildfire”. မကောင်းသတင်းဆိုတာက တောမီးထက်တောင် ပျံ့နှံ့မှု နှုန်းမြန်ပါတယ်တဲ့။ သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲလိုက်တယ်၊ အဆင်မပြေမှု တစ်ခုခုရှိသွားတယ်၊ သင့်ဘက်ကလည်း ဒါကို သေချာ မေးမြန်းစုံစမ်းပြီး ဝယ်သူအဆင်ပြေအောင် ဘာတစ်ခုမှ လုပ်ပေးနိုင်ခြင်း မရှိဘူးဆိုရင် ဒီလိုဝယ်သူမျိုးက နောက်တစ်ခါ သင့်ဆီကနေ ထပ်ဝယ်ဖို့ စဉ်းစားမှု မဟုတ်တော့သလို အဆင်မပြေကြောင်း social media မှာ review တက်ရေးတာတွေ၊ သူ့ပတ်ဝန်းကျင်က သူတွေကို မဝယ်ဖို့ ပြောတာ မျိုးတွေကြောင့် သင့်မှာဆုံးရှုံးရတာတွေ ပိုများနိုင်ပါတယ်။ 

၂၁ ရာစုမှာ လုပ်ငန်းတော်တော်များများက ဝန်ဆောင်မှုအားသာချက်နဲ့ ဈေးကွက်နေရာယူဖို့ ကြိုးစားတာများလာတာကြောင့် ဝယ်သူအသစ်တွေမရှာခင် ရှိနေပြီးသားဝယ်သူတွေရော သင်တို့ရဲ့ ဝန်ဆောင်မှု ပုံစံတွေကို စိတ်ကျေနပ်မှုရှိရဲ့လား၊ ဈေးကွက်ထဲမှာ သင့်ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ဘယ်လို သတင်းမျိုးတွေ ပျံနေလဲ ဆိုတာကိုလည်းမဖြစ်မနေ သုံးသပ်ရမှာ ဖြစ်ပါတယ်။ 

 

၃) ဈေးနှုန်းနဲ့ပတ်သက်ပြီး ပြိုင်ရမယ်ဆိုရင်ရော အဆင်သင့်ဖြစ်ပြီလား။ 

ဒီအချက်ကတော့ သင်ရောင်းတဲ့ ကုန်ပစ္စည်းနဲ့ ဝင်မယ့် ဈေးကွက် အသစ်ရဲ့ အနေအထားပေါ်မှာ မူတည်ပါတယ်။ discount ပေးပြီး ဝယ်သူ အသစ်တွေသင့်ပစ္စည်းကို စမ်းသုံးကြည့်ချင်လာအောင် ကြိုးစားရမယ့် အနေအထား ဖြစ်နေရင်ရော သင့်မှာ ခိုင်မာတဲ့ရေရှည် စီမံကိန်း ရှိရဲ့လား ဆိုတာကိုလည်း သေချာသုံးသပ်ရမှာပါ။ 

တကယ်လို့များ သင့်ကုန်ပစ္စည်းက ပြိုင်ဘက်နဲ့ယှဉ်ရင် မတူကွဲပြားတဲ့ (differentiation strategy) ကောင်းကောင်းရှိလို့  ဈေးနှုန်းနဲ့ ပြိုင်စရာမလိုဘူး ဆိုရင်တောင် ဝယ်သူများများ သိလာအောင် လုပ်ရမယ့် Promotion တွေ၊ ကြော်ငြာတွေ အတွက် လုံလောက်တဲ့ budget plan ရှိရဲ့လား ဆိုတာကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ 

 

၄) ပုံမှန်ဖောက်သည်တွေ ပြောတဲ့ feedback ကိုရော သင်နားထောင်ပြီး ပိုကောင်းအောင် လုပ်ပေးနိုင်ဖို့ စဉ်းစားရဲ့လား။  

ပုံမှန် ဖောက်သည်တွေလည်း မဆုံးရှုံးဖို့၊ ဝယ်သူအသစ်တွေလည်း ထပ်ရဖို့ဆိုရင် သင့်အနေနဲ့ သူတို့ပြောတဲ့ feedback တွေ၊ အဆင်မပြေမှုတွေကိုလည်း သေချာ ဂရုတစိုက်နားထောင်ပြီး ပိုကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ ပုံမှန် ဝယ်ယူသုံးစွဲနေကြ ဖောက်သည်တွေ ပြောတဲ့ အဆင်မပြေပါဘူး ဆိုတဲ့အချက်ကိုတောင်မဖြေရှင်းနိုင်ဘဲ ဝယ်သူအသစ် ရဖို့ကိုပဲအားစိုက်တဲ့အခါ သင့်ဆီမှာ loyal customer လို့ခေါ်တဲ့ ထပ်ခါထပ်ခါ ဝယ်ပြီး သင့်ကို အကျိုးအမြတ်များစေမယ့် ဝယ်သူတွေ အရေအတွက် နည်းလာပါလိမ့်မယ်။ 

ဒီလို အချိန်မျိုးမှာ ဝယ်သူ အသစ်တွေ တိုးလာဖို့ ဦးစားပေးတာမျိုးထက် ရှိပြီးသားဝယ်သူတွေရဲ့ feedback တွေကို နားထောင်ပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု မျိုးပေးနိုင်အောင်နဲ့ သူတို့ကနေတစ်ဆင့် ဝယ်သူအသစ်တွေ ထပ်တိုးလာစေဖို့ လုပ်လို့ရမယ့် referral promotion plan တွေ ဖန်တီးတာမျိုးကို စဉ်းစားသင့်ပါတယ်။

သင့်ပြိုင်ဘက်တွေ ဝယ်သူအသစ်တွေရှာပြီး ဈေးကွက် ချဲ့ထွင်နေချိန် သင်မလုပ်န်ိုင်သေးတာကတော့ အဆင်မပြေပါဘူး။ အဲ့ဒီထက် သင်အဆင်သင့် မဖြစ်သေးတဲ့အချိန် ဈေးကွက်ချဲ့ ထွင်ဖို့ ကြိုးစားတာက သင့်ကိုပိုပြီး ဒုက္ခများစေပါတယ်။ ဒီတော့ ဒီအချက်တွေ အတွက် သင့်မှာ တိကျတဲ့ အဖြေမရှိသေးဘူးဆိုရင် လက်ရှိ ရှိနေပြီးသားဝယ်သူတွေကို ပိုအာရုံစိုက်ပါ။ သူတို့တွေ သင့်ဆီကပဲ အမြဲဝယ်အောင်၊ သူတို့ မိတ်ဆွေတွေကို သင့်ကုန်ပစ္စည်းကို ဝယ်ယူ သုံးစွဲဖို့ ညွှန်းပေးအောင် ဘာတွေ သင်လုပ်လို့ရမလဲ၊ ဘယ်လို ပိုကောင်းတဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်မလဲ ဆိုတာကို အာရုံစိုက်ဖို့လိုပါတယ်။ 

ဒါပေမယ့် ဒီအချက်တွေ အတွက် သင့်မှာ သေချာတဲ့ အဖြေတွေ ရှိနေပြီဆိုရင်တော့ ရဲရဲသာ ဝယ်သူ အသစ်တွေရှာပြီး ဈေးကွက် ချဲ့ထွင်ဖို့ အတွက် ရှေ့ဆက်လိုက်ပါ။ 

#betterversion #morethanyouthink #makeyourprogress #tipsfortargetingnewcustomers

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ