Blog

SMART Goal Setting

27
Business

SMART Goal Setting

ကျွန်တော်တို့ အရောင်းမန်နေဂျာတွေ၊ supervisor တွေ၊ လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်လုပ်ငန်းရေရှည် တိုးတက်ဖို့ လုပ်တဲ့နေရာမှာ တိကျတဲ့ ရည်ရွယ်ချက်တွေ၊ ရည်မှန်းချက်တွေထားပြီး လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာတော့ SMART goal ဆိုတာကို တော်တော်များများ ကြားဖူးကြမှာပါ။ ကိုယ့်လုပ်ငန်းအတွက် ရည်မှန်းချက်တွေချတဲ့ အခါမှာ SMART goal setting ဖြစ်ဖို့လိုတယ်လို့ပြောကြတယ်။ တကယ်တော့ SMART ဆိုတာ က စကားလုံးတွေကို အတိုကောက် ပြောတာပါ။ ဒီတော့ SMART goal ဆိုတာဘာလဲဆိုတာ ကို ဒီနေရာမှာ ဆွေးနွေးပေးချင်ပါတယ်။

S – Specific

ပြောချင်တာက ကိုယ့်လုပ်ငန်းအတွက် ချမှတ်လိုက်တဲ့ ရည်မှန်းချက်က ရှင်းလင်းပြတ်သားဖို့ လိုတယ်လို့ ပြောချင်တာပါ။ ဒီအကြောင်း အရာကိုဖတ်လိုက်တာနဲ့ ဘာပြောချင်တယ် ဆိုတာကို သေချာသိနေဖို့ လိုပါတယ်။ ဖြစ်ချင်တာကို သေချာသိမှ ဒါကိုရအောင် ဘယ်လို လုပ်ရမယ်ဆိုတာကို ကျွန်တော်တို့ သိနိုင်မှာပါ။

ဥပမာ – ကျွန်တော် အင်ဂျင်နီယာဖြစ်ချင်တယ်ဆိုတယ်ဆိုပါစို့။ ဘယ်အချိန် မှာလည်း၊ ဘာအင်ဂျင်နီယာ ဖြစ်ချင်တာလဲဆိုတဲ့ တိကျတဲ့ plan မပါတဲ့အတွက် ဒါကို ရည်မှန်းချက်လို့ပြောလို့ မရပါဘူး။ ဒီတိုင်းဒါကတော့ ဖြစ်ချင်တယ်ဆိုတဲ့ အိမ်မက်တစ်ခုပဲဖြစ်ပါတယ်။ Electrical engineer  လား Civil engineer လားစသည်ဖြင့် တိကျတဲ့ ခေါင်းစဉ်ရှိမှ သာ ဒီလိုဖြစ်ဖို့ ဘယ်လိုကျောင်းမျိုးတက် သင့်တယ်ဆိုတဲ့  ကိုယ်လုပ်ရမယ့် အရာကို သိသွားမှာပါ။ ဒါ့ကြောင့် ကိုယ်ချမှတ်လိုက်တဲ့ goal က တိကျ‌၊ ရှင်လင်းဖို့လိုပါတယ်။

M – Measurable

ကျွန်တော်တို့ ချမှတ်လိုက်တဲ့ ရည်မှန်းချက်က တိုင်းတာလို့ရဖို့ လိုပါမယ်။ တိုင်းလို့ရမှ ကျွန်တော်တို့ က ကိုယ်ချမှတ်လိုက်တဲ့ goal က achieve ဖြစ်နေလား မဖြစ်ဘူးလားဆိုတာကို သေချာသိနိုင်မှာပါ။

ဥပမာ – နောက်လတော့ အရောင်းတွေတက်အောင်လုပ်ကြမယ်။ ဒီလို goal ချလိုက်မယ် ဆိုရင် ကျွန်တော်တို့က အောင်မြင်လားမအောင်မြင်လား ဘယ်လိုတိုင်းကြမလဲ။ ဘယ်လောက် ရာခိုင်နှုန်းတိုးရင် အောင်မြင်တယ်လို့ သတ်မှတ်မှာလဲဆိုတာ ပြောဖို့ခက်ပါတယ်။ ဒါ့ကြောင့်ကျွန်တော်တို့က တိုင်းတာလို့ရတဲ့ goal ကိုချမှတ်ဖို့လိုပါတယ်။ နောက်လတော့ အခုလထက် အရောင်း ၂၀ ရာခိုင်နှုန်းတက်အောင်လုပ်မယ်ဆိုတာမျိုးပေါ့။ ဒါဆို နောက်လ အရောင်းရမှုကိုတွက်ပြီး ကျွန်တော်တို့ချမှတ်လိုက်တဲ့ ရည်မှန်းချက် က အောင်မြင်လား၊ မအောင်မြင်လား သေချာသိနိုင်သွားမှာပါ။

A- Achievable

ဆိုလိုတာက ကျွန်တော်တို့ ချမှတ်လိုက်တဲ့ goal က ရနိုင်တဲ့ အနေအထားဖြစ်ရမှာပါ။ challenging စိန်ခေါ်မှု လည်းဖြစ်ရမယ်။ 

ဥပမာပြောရရင် – ဒီလမှာတော့ sale target ဒေါ်လာ ၂ သောင်းဖိုးရောင်းရတယ်၊ နောက်လမှာတော့ ဒီရောင်းသမား ဦးရေအတိုင်း ဒေါ်လာ ၂ သောင်း ၂ ထောင် ဖိုး ရောင်းကြမယ်ဆိုတာက ကျွန်တော်တို့ အတွက် ရနိုင်ချေများတယ် achievable တော့ဖြစ်တယ်။ ဒါပေမယ့်  challenging တော့မဖြစ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ goal ချတဲ့ အခါ achievable နဲ့ challenging ဖြစ်ဖို့လိုပါတယ်။

R- relevant

ဒီနေရာမှာပြောချင်တာကတော့ ကျွန်တော် တို့ချမှတ်လိုက်တဲ့ goal ဟာ ကျွန်တော်တို့ လုပ်ငန်းနဲ့ ကိုက်ညီမှုရှိဖို့လိုပါတယ်။ လုပ်ငန်းရဲ့ vision & mission တွေနဲ့လည်း ဆီလျှော်မှုရှိဖို့ လိုပါတယ်။ ဆိုလိုတာက ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ်လုပ်နေတာဟာ ကိုက်ညီနေရမှာပါ။ 

ဥပမာ – ကျွန်တော်က နောက် ၂ နှစ် အတွင်းမှာ Marketing Department Manager ဖြစ်ချင်တယ်။ ဟုတ်ပြီ အဲ့လိုဖြစ်ဖို့လိုတဲ့ skill အရည်အချင်းရှိနေပြီးလားဆိုတော့ လက်ရှိမှာက accountance စာရင်းကိုင်လုပ်နေတယ်။ ဒီလိုမျိုးဖြစ်နေလို့ အဆင်မပြေပါဘူး။ အစထဲက ကိုယ်က ဘာဖြစ်ချင်တာလဲ သေချာသိမှသာ ကိုယ်လိုချင်တာကိုရဖို့ ဘာကနေစလုပ်ရမယ်ဆိုတဲ့ တိကျတဲ့ plan ကိုစဉ်းစားနိုင်မှာပါ။ 

T- time

ချမှတ်လိုက်တဲ့ goal ကို ဘယ်အချိန်မှာတော့ ရအောင်လုပ်ပါမယ်ဆိုတဲ့ အချိန်အတိုင်း အတာတစ်ခု ရှိဖို့လိုပါတယ်။

ဥပမာ – ငါတို့ အရောင်းအဖွဲ့အနေနဲ့ သိန်း ၁ ရာဖိုးရောင်းနိုင်အောင် လုပ်ကြမယ်။ ဒါဆိုဘယ်တော့လည်း၊ နောက်လလား၊ နောက်နှစ်မှာလား၊ အဲ့လိုမျိုးကျွန်တော်တို့က ရှုပ်ထွေးနိုင်ပါတယ်။ ဒါ့ကြောင့်တိကျတဲ့ အချိန်သတ်မှတ်ချက်တစ်ခု ရှိဖို့လိုပါတယ်။ 

ဒီတော့ SMART goal setting နဲ့ကိုက်ညီတဲ့ goal တစ်ခုကို ဥပမာပေးရရင် “ဒီနှစ်ကနေစလို့ ငါတို့ရဲ့ product No.1 ကို နှစ်တိုင်းသုံးဆယ်ရာခိုင်နှုန်းတက်အောင် လုပ်သွားမယ်”။ ဒါဆိုရင် ကျွန်တော်တို့က တိကျမှုရှိတယ်၊ တိုင်းတာလို့ရတယ်၊ အချိန်ပါတယ်၊ achievable နဲ့ relevant (ဖြစ်နိုင်ချေနဲ့ လုပ်ငန်းနဲ့ကိုက်ညီမှုရှိလားကတော့ ကိုယ့်ဘာသာ ကိုယ့် လုပ်ငန်းနဲ့ ချိန်ပြီး စဉ်းစားရမှာပေါ့)။

ဒါ့ကြောင့် ကျွန်တော်တို့က လုပ်ငန်းတွေအတွက် goal ချတဲ့ အခါမှာ SMART Goal Setting ဖြစ်ဖို့ လိုတယ်လို့ပြောတာဖြစ်ပါတယ်။ ဒါမှသာ ကိုယ့်လုပ်ငန်းအတွက် လိုချင်တဲ့ အတိုင်းဖြစ်လာဖို့ ရေရှည်အတွက် မှန်ကန်ထိရောက်တဲ့ နည်းဗျူဟာတွေ၊ plan တွေချမှတ်ပြီး လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ Better Sales Mastery Series ရဲ့ သင်တန်းတစ်ခု ဖြစ်တဲ့ Better Sales Strategist_online course မှာတော့ SMART Goal Setting ကို သင်ခန်းစာတစ်ခု အနေနဲ့ သင်ပါတယ်။

အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။

အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့မှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။

#SMARTGoalSetting #BetterSalesStrategist #BetterSalesman

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ