အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် သုံးလို့ ရမယ့် marketing strategies ၅ ခု
September 22, 2021 2021-09-22 15:16အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် သုံးလို့ ရမယ့် marketing strategies ၅ ခု

အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် သုံးလို့ ရမယ့် marketing strategies ၅ ခု
အသေးစား၊ အလတ်စား လုပ်ငန်းများ အတွက် သုံးလို့ ရမယ့် marketing strategies ၅ ခု
အသေးစား၊ အလတ်စားနဲ့ အခုမှ စစချင်း (start up) လုပ်ငန်းတွေ အတွက် သုံးမယ့် စရိတ် (budget) ကလည်း အကန့်အသတ်နဲ့ ဖြစ်နေတဲ့အချိန်၊ လုပ်ငန်း ကလည်း အစပိုင်း ဆိုတော့ လူများများ သိအောင် ထိရောက်တဲ့ marketing strategy လည်း လုပ်ချင်တယ်ဆိုရင် ဘယ်လို လုပ်ရမလဲ ဆိုတဲ့အချက် ကလည်း စိန်ခေါ်မှု ဖြစ်နေပါတယ်။
ဆိုပါစို့ အသစ်စတဲ့ လုပ်ငန်းအတွက် TV ကြော်ငြာ ထည့်ဖို့ ဆိုတာ ကုန်ကျစရိတ် ကြီးတဲ့ အနေအထားမျိုး ဖြစ်နေနိုင်ပါတယ်။ သင့်ကုန်ပစ္စည်းကို လူများများသိနိုင်မယ့် strategy တော့မှန်ပါတယ်။ ဒါဆို အခြားဘယ်လို နည်းလမ်းတွေ ရှိဦးမလဲ စဉ်းစားရတော့မှာပေါ့။
ဒါ့ကြောင့် အသေးစား၊ အလတ်စားနဲ့ အခုမှ စစချင်း (start up) လုပ်ငန်းတွေ အတွက် စမ်းသုံးကြည့် လို့ရမယ့် ငွေးကြေးသုံစွဲရမယ့် ပမာဏ အရမ်းမများတဲ့ marketing strategies ၅ ခုကို မျှဝေ ပေးချင်ပါတယ်။
1) Content Marketing
ဒီနည်းကတော့ အခုလို ဒီဂျစ်တယ်ခေတ်မှာ တော်တော် များများ သုံးလာကြပါပြီ။ သင့်ရဲ့ Facebook page မှာပဲ ဖြစ်ဖြစ်၊ website မှာပဲ ဖြစ်ဖြစ်၊ သင် target ထားတဲ့ ဝယ်သူတွေများများသုံးလေ့ရှိတဲ့ social media (Facebook, linkedin, Instagram, Pinterest, စသည်ဖြင့်) တွေမှာ အမြဲတမ်းရောင်းတဲ့ post တင်နေတာမျိုးမဟုတ်ဘဲ၊ သင့် page မှာရှိတဲ့ follower တွေအတွက် အကျိုးရှိစေမယ့် တစ်ခြား ပိုစ့်တွေ၊ သတင်းလေးတွေ၊ ဗဟုသုတရမယ့် ဗီဒီယို အတိုလေးတွေ၊ motivation, inspirational ပေးတဲ့ Quotes မျိုးတွေ ကိုမျှဝေပေးတာမျိုး ဖြစ်ပါတယ်။
Content is the King ဆိုတဲ့ ဆိုရိုးအတိုင်း Content ကောင်းကောင်းတွေ ဖန်တီးခြင်းအားဖြင့် သင့် brand၊ သင့်ကုန်ပစ္စည်းကိုလည်း လူသိများစေမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဒီနေ့ခေတ်မှာဆိုရင် customer တွေဟာ သူတို့လိုအပ်တဲ့ ပစ္စည်း၊ ၀န်ဆောင်မှုကို Google၊ Facebook စတာတွေကနေ တစ်ဆင့်လည်း ရှာတတ်ကြတာဖြစ်လို့ သင့်ရဲ့ content ကောင်းတွေက Keywords Ranking ကိုတက်စေလို့ Search Engine Optimizing (SEO) အတွက်လည်း အများကြီးအထောက် အကူ ဖြစ်စေပါတယ်။ ဒီ strategy က ချက်ချင်းတော့ အရောင်းရစေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့် follower တွေက သင်နဲ့ အမြဲ engage ဖြစ်နေပြီးတော့ သူတို့ ဝယ်ယူသုံးစွဲဖို့ လိုတာတဲ့ အခါ သင့် brand ကသူတို့ ခေါင်းထဲမှာ ထိပ်ဆုံးကရှိနေမှာ ဖြစ်ပါတယ်။
2) Earned Media / PR (Public Relation)
Earned Media ရဲ့ သဘောကတော့ သင့်လုပ်ငန်းအကြောင်းကို သင်ကိုယ်တိုင် သင့် website မှာ ဒါမှမဟုတ် social media မှာ ကြော်ငြာတာမျိုးမဟုတ်ဘဲနဲ့ အခြားသူ တစ်ယောက် (may be influencer or blogger) ကနေတစ်ဆင့် သင့်ကုန်ပစ္စည်းအကြောင်းကို သူတို့ရဲ့ followers တွေကို share ပေးတဲ့ပုံစံ မျိုးဖြစ်ပါတယ်။ Word-of-mouth recommendations ပေါ့။ ဥပမာ – customer တစ်ယောက်က သင့်ကုန်ပစ္စည်းကို ဝယ်ယူစားသုံးပြီးတော့ သူရဲ့ YouTube, social media, or blogs post တစ်ခုခု မှာသင့်လုပ်ငန်းကို mention ခေါ်ပြီး ကောင်းကြောင်း ရေးထားတာမျိုး၊ သင့် page မှာ ကောင်းကြောင်း review လာရေးသွားတာမျိုးဟာ earned media သဘောပဲ ဖြစ်ပါတယ်။ ဒီနည်းနဲ့ သင့်ရဲ့ target market မှာ သင့်ရဲ့ ကုန်ပစ္စည်းအကြောင်း လူပိုသိအောင်၊ စိတ်ဝင်စားမှု ပိုရအောင် လုပ်နိုင်ပါတယ်။
3) Partner Marketing
Partner Marketing ဆိုတာကတော့ သင့်လုပ်ငန်းနဲ့ target customer တူတဲ့ အခြားကုမ္ပဏီ ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုခု နဲ့ပေါင်းပြီး သင့် brand ကိုလူသိများအောင် လုပ်တာမျိုး ဖြစ်ပါတယ်။
မြင်သာတဲ့ ဥပမာ တစ်ခု ပြရရင် “Red Bull နဲ့ GoPro” ပေါ့။ GoPro က portable camera မျိုး ကိုရောင်းတာဖြစ်ပြီးတော့၊ Red Bull ကတော့ energy drink ကို ရောင်းတာဖြစ်ပါတယ်။ Red Bull က energy drink ရောင်းတာဖြစ်လေတော့ သူ့ရဲ့ ပစ်မှတ်ထားတဲ့ ဝယ်သူတွေဟာ adventurers တွေ၊ အားကစား သမားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ GoPro ရဲ့ target customer တွေကလည်း ခရီးသွားရတာ ကြိုက်တဲ့ adventurers တွေ၊ အားကစားသမားတွေ အတွက် သူတို့ရဲ့ အားကစားပြိုင်ပွဲတွေ၊ စက်ဘီးစီးတာလို၊ ပြေးပွဲလိုမျိုး ပွဲတွေမှာ ထိမိတဲ့ ဓာတ်ပုံတွေ ရိုက်နိုင်ဖို့ကို ရည်ရွယ်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ target customer သွားတူတဲ့အခါ ကြတော့ partnership strategy နဲ့ဖန်တီးလို့ရသွားပါတယ်။ အားကစားနဲ့ ပတ်သက်တဲ့ပွဲတွေမှာ သူတို့နှစ်ဦး တွဲပြီး sponsor ပေးတာတွေ၊ လူသိများစေဖို့ project တွေကို နှစ်ဦးပေါင်း ဖန်တီးတာတွေ အများကြိီး တွေ့ရမှာ ဖြစ်ပါတယ်။ ဒီနည်းနဲ့လည်း နှစ်ဖက်လုံး အတွက် win-win ဖြစ်စေတဲ့ အခြေအနေမျိုးနဲ့ Partner Marketing လုပ်လို့ရပါတယ်။
4) Email Marketing
သင့်ကုန်ပစ္စည်းကို စိတ်ဝင်စားနေတဲ့ အလားအလာရှိတဲ့ ဝယ်သူတွေ ဆီကနေ email ရအောင် လုပ်ပြီး သူတို့ စိတ်ဝင်စားလောက်မယ့် အကြောင်းအရာတွေ၊ သင့်ကုန်ပစ္စည်းအကြောင်း အသေးစိတ် အချက်အလက်တွေကို ပို့ပေးဖို့ ကြိုးစားတာဖြစ်ပါတယ်။ Email marketing ဘယ်လို လုပ်ရမလဲ၊ အလားအလာရှိတဲ့ ဝယ်သူတွေ ဖွင့်ဖတ်ချင်အောင် ဘယ်လို နည်းလမ်းတွေ သုံးသင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း Better Version ကနေ အသေးစိတ် မျှဝေပေးခဲ့ဖူးပါတယ်။
ဒီလိုမျိုး အလားအလာရှိတဲ့ ဝယ်သူတစ်ယောက်က customer journey မှာ ဘယ်အဆင့်ထိရောက်နေပြီလဲ ဆိုတာကို သုံးသပ်ပြီး ဒီအချိန်မှာ သူဘယ်လို အချက်မျိုးကို ပိုသိချင်နေမလဲ ဆိုတဲ့ right time မှာ ထိရောက်တဲ့ right content ကိုပို့ပေးဖို့ ကြိုးစားခြင်းဟာ ဝယ်ယူမှု ဆုံးဖြတ်ချက် တွေ မြန်မြန် ဆန်ဆန်ချဖို့ တွန်းအားပိုဖြစ်စေပါတယ်။
5) Referral Marketing
Brand တွေ၊ business တွေအနေနဲ့ ဝယ်သူ အသစ်ရှာရတာ အရမ်းကို challenging ဖြစ်လာတဲ့ အခါမျိုးမှာ ဖောက်သည် အဟောင်းတွေကနေတစ်ဆင့် ဝယ်သူအသစ်တွေ ရလာဖို့ သုံးတဲ့ နည်းဖြစ်ပါတယ်။
ဥပမာ_ သင့်ဝယ်သူထဲက ပုံမှန် ဝယ်နေကျ ဖောက်သည်တွေကို ရွေးပြီး referral discount ကူပွန် ကဒ် ပို့ပေးမယ်။ ပြီးရင် သူတို့ အနေနဲ့ သူတို့ ပတ်ဝန်းကျင်က ဒီပစ္စည်းကို ဝယ်ယူသုံးစွဲဖို့ စိတ်ဝင်စားတဲ့ သူတစ်ယောက်ယောက်ကို ဒီကဒ်ကို share ပေးလို့ရမယ်။ ဒီ discount ကဒ်နဲ့လာဝယ်ရင် ပုံမှန်ဈေးထက် 5% သက်သာမယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ဒီနည်းနဲ့ qualified leads တွေပိုရလာမှာ ဖြစ်သလို တဖက်ကလည်း marketing စရိတ်ကို အတော်အသင့်လျော့ချ နိုင်တဲ့ အနေအထား ဖြစ်လာမှာ ဖြစ်ပါတယ်။
ဒီ strategy တွေထဲကမှ သင့်လုပ်ငန်းရဲ့ သုံးစွဲနိုင်မယ့် ပမာဏ (budget) နဲ့ ချိန်ပြီး လုပ်ငန်းအတွက် ရချင်တဲ့ ရလဒ် (goal) ကဘာဖြစ်မလဲ၊ ဒါကိုရွေးချယ် သုံးလိုက်ခြင်းအားဖြင့် ကာလတိုနဲ့ ကာလရှည် ကုန်ကျစရိတ် ကရော ဘယ်လောက်ကျမလဲ ဆိုတာတွေကိုပါ တစ်ခါထဲ ထည့်သွင်းစဉ်းစားဖို့တော့လိုပါတယ်။ ဒါမှပဲ သင့်လုပ်ငန်းရေရှည် ရပ်တည်နိုင်ဖို့အတွက် ထိရောက်တဲ့ marketing strategy ကို လုပ်နိုင်မှာ ဖြစ်ပါတယ်။
#betterversion #morethanyouthink #makeyourprogress #marketingstrategies
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။