ရှားပါးမှု (Scarcity) ကို ဘယ်လိုအသုံးချကြမလဲ။
April 26, 2022 2022-04-26 12:16ရှားပါးမှု (Scarcity) ကို ဘယ်လိုအသုံးချကြမလဲ။

ရှားပါးမှု (Scarcity) ကို ဘယ်လိုအသုံးချကြမလဲ။
ကျွန်မတို့အားလုံးက လူသားတွေဖြစ်တဲ့အတွက် တစ်ချို့အရာတွေကို စိတ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ကြည့်ပြီး တုံ့ပြန်လေ့ရှိပါတယ်။ ဒါကြောင့် အလားရှိမယ့်၀ယ်သူတွေကို ဆွဲဆောင်ဖို့နဲ့ ရောင်းအားတွေတက်လာနိုင်ဖို့ အသုံး၀င်နိုင်မယ့် ရှားပါးမှု(Scarcity) အကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုတစ်ခုခုအတွက် မားကတ်တင်းပြုလုပ်တဲ့အခါမှာ ဒီကုန်ပစ္စည်းကို တစ်နည်းနည်းနဲ့ အကန့်အသတ်တစ်ခုပြုလုပ်ထားခြင်းအားဖြင့် ရရှိဖို့ ၀ယ်ဖို့ ပိုပြီးခက်ခဲတယ်ဆိုတဲ့ ခံစားချက်ကိုဖြစ်ပေါ်စေခြင်းဖြစ်ပါတယ်။
လူတိုင်းက မရှိတဲ့အရာဆို အမြဲတမ်းလိုချင်နေကြတဲ့သူတွေပဲ မဟုတ်လား။ နောက်ပြီး အခွင့်အရေးတစ်ခုပေါ်လာလို့ ကိုယ်မလုပ်လိုက်တဲ့အခါ အခွင့်အရေးကိုလက်လွတ်သွားမှာ ကြောက်ရွံ့တတ်ကြတယ် မဟုတ်လား။
ဟုတ်ပါတယ်။ ဒါကို Fear Of Missing Out (FOMO) လို့ခေါ်ကြပါတယ်။ ဒီ FOMO က အရောင်း၊ မားကတ်တင်းတွေမှာ ချဲ့ထွင်မှုတွေပြုလုပ်တဲ့အခါမှာ ဒီရှားပါးမှုကို ဖန်တီးအသုံးချရတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။
ခုနောက်ပိုင်း ကြော်ငြာတွေတော်တော်များများမှာ ဒီရှားပါးမှုကို အသုံးပြုလာကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အရောင်းတက်လာဖို့အတွက် ယေဘုယျအားဖြင့် ရှားပါးမှုအမျိုးအစားနှစ်မျိုးနဲ့ ကျယ်ပြန့်ပြန့် အသုံးပြုလာကြပါတယ်။
၁။ အရေအတွက်အားဖြင့် ရှားပါးမှု (Quantity-related scarcity)
ဒီနည်းလမ်းကတော့ ကိုယ့်ကုန်ပစ္စည်း အရေအတွက်ဘယ်လောက်ပဲကျန်တော့ပါတယ် ဆိုတာတဲ့ သတိပေးချက်ကိုထည့်သွင်းဖော်ပြထားပြီး ၀ယ်သူတွေ၀ယ်ဖို့ ဆုံးဖြတ်ချက်အမြန်ချစေဖို့ ဆွဲဆောင်တဲ့နည်းဖြစ်ပါတယ်။ ဒီနည်းလမ်းကတော့ ခုနောက်ပိုင်း online shopping တော်တော်များများက အသုံးပြုကြပါတယ်။ ဝယ်သူသည် သူလိုချင်သောပစ္စည်းက ကုန်လုနီးပါးဖြစ်တာကိုမြင်တဲ့အခါမှာ ချက်ချင်းဝယ်ယူဖို့ အကြောင်းပြချက်ကိုဖြစ်ပေါ်စေပါတယ်။
တစ်ချို့ကိစ္စတွေမှာ အရေအတွက်ကန့်သတ်ထားတဲ့ ကုန်ပစ္စည်းတွေဟာ ၀ယ်လိုအားပမာဏမြင့်လာဖို့အတွက် သတ်မှတ်ထားတာမဟုတ်ပါဘူး။ Limited Edition အဖြစ် တစ်သုတ်ချင်းဆီ အရည်အတွက်နည်းနည်းနဲ့ ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို ရောင်းအားမြှင့်တင်နိုင်ဖို့အတွက် ထိရောက်တဲ့အရောင်းဗျူဟာတစ်ခုကို ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။ Limited Edition ထုတ်ကုန်တွေ အရေအတွက်နည်းပါးချိန်မှာ စျေး၀ယ်သူတွေကိုသိစေပြီး ကျန်တဲ့အရေအတွက်ကို မြင်သာအောင်ဖော်ပြထားခြင်းအားဖြင့် ၀ယ်ယူဖို့ဆုံးဖြတ်ချက်တွေ ဖြစ်ပေါ်စေပါတယ်။
၂။ အချိန်နှင့်ဆက်စပ်တဲ့ ရှားပါးမှု (Time-related scarcity)
ဒီနည်းက အချိန်တစ်ခုသတ်မှတ်ထားပြီး သင့်ရဲ့ ကုန်ပစ္စည်းကို ဒီသတ်မှတ်ထားတဲ့အချိန်အတွင်း ၀ယ်ယူတဲ့အခါ ၀ယ်သူတွေရရှိနိုင်တဲ့ လျော့စျေး၊ သဘောတူညီချက်၊ အထူးလက်ဆောင်၊ သို့မဟုတ် ဆုလက်ဆောင်တစ်ခုခုပေးထားခြင်းဖြစ်ပါတယ်။
ဥပမာ − Online Shopping Website တွေမှာ စျေး၀ယ်ထွက်တဲ့အခါ ခရစ်စမတ်၊ နှစ်သစ်ကူးအစရှိတဲ့ အခါကြီးရက်ကြီးအချိန်တွေ၊ Happy Hours အစရှိတဲ့အချိန်တွေမှာ Promo Code၊ ကူပွန်တွေပေးပြီး “စျေးနှုန်းမတက်မှီ အခုပဲမှာယူလိုက်ပါ” ကို အဓိကအချက်အနေနဲ့ မြင်သာအောင်ပြထားခြင်းအားကို ဒီနည်းလမ်းကိုအသုံးပြုကြကြောင်း တွေ့နိုင်ပါတယ်။
ဒီနေရာမှာ မှတ်ထားရမယ့် အရေးကြီးတဲ့ အချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဒီလိုအချိန်အကန့်အသတ်ရှိတဲ့ လျှော့စျေးတွေအတွက် သင့်မှာအကြောင်းပြချက်တစ်ခုတော့ရှိဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကို ဘာကြောင့်လျော့စျေးပေးရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ထည့်သွင်းဖော်ပြပေးတဲ့အခါ သင့်ရဲ့ ၀ယ်သူဆီကနေ ယုံကြည်မှုကိုရရှိပြီး ၀ယ်ယူမှုကိုလည်း ဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဒီ Scarcity ကိုဖန်တီးအသုံးပြုခြင်းက ထိရောက်တဲ့နိယာမတစ်ခုဖြစ်ပေမယ့် ဒီနည်းလမ်းကို ဘယ်လိုမှန်မှန်ကန်ကန်သုံးပြီး ဘယ်လိုအကောင်အထည်ဖော်မလဲ ဆိုတဲ့အပေါ်မှာမူတည်ပါတယ်။
အရောင်းနည်းစနစ်တွေကို အခြေခံကျကျနားလည်သဘောပေါက်သွားပြီး ဒီလို အရောင်းပိုင်းဆိုင်ရာ စိတ်ပညာ Selling Psychology တွေလေ့လာချင်ရင်တော့ Sales Shark− 9 Days Program လေးအတန်းသစ်လေးရှိပါတယ်။
—————————–
သင်တန်း အပ်ဖို့အတွက် “Sales Shark” လို့ Page Messenger ကနေတဆင့်မက်ဆေ့ပို့လိုက်ပါ။ ကျန်တာကို Better Version က Learner Coordinator များက ဆက်လက်ကူညီပေးပါလိမ့်မယ်နော်။
#betterversion #morethanyouthink #thesalesshark #9DaysProgram
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။