အရောင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်
June 11, 2021 2021-08-13 15:29အရောင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်
အရောင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင်
အရောင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုတော့မယ်ဆိုရင် ဒီမေးခွန်းတွေ သင့်ကိုသင် အရင်မေးကြည့်ပါ
ကျောင်းပြီးလို့အလုပ်ဝင်တာဘဲ ဖြစ်ဖြစ်၊ အရောင်းပိုင်းကိုစိတ်ဝင်စားတယ်လို့စဉ်းစားပြီး ဒီအပိုင်းမှာ အလုပ်ဝင်ဖို့ စဉ်းစားနေတာဘဲ ဖြစ်ဖြစ်၊ လျောက်လိုက်တဲ့အလုပ်က အရောင်းပိုင်း ဖြစ်နေလို့ပဲ ဖြစ်ဖြစ် အရောင်းသမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုဖို့ စဉ်းစားနေပြီ ဆိုရင် ဒီမေးခွန်းတွေ သင့်ကိုသင် မေးကြည့်ပါ။
၁) သင်ဘာကြောင့် ဒီနေရာမှာလုပ်ချင်ရတာလဲ။
ဒီမေးခွန်းရဲ့ အဖြေကတော့အခြေခံ အားဖြင့်တော့ သင့်အနေနဲ့ “ငါအလုပ်လိုနေပြီ” ဆိုတဲ့ အဖြေမျိုးပဲ ထွက်လာတတ်ပါတယ်။ တကယ်လို့ သင်ဟာ အလုပ်ပြောင်းဖို့ စဉ်းစားနေတဲ့သူဆိုရင်တော့ ဒီနေရာမှာ လုပ်ချင်ရတဲ့အကြောင်းရင်း ခိုင်ခိုင်မာမာတစ်ခုရှိဖို့လိုပါပြီ။ လခပိုရလို့လား၊ ပိုကြီးတဲ့ ကုမ္ပဏီမို့လို့လား၊ သင့်အတွက် အခွင့်အလမ်းပိုရတဲ့နေရာမို့လို့လား၊ ပိုကောင်းတဲ့ work environment ကြောင့်လား သေချာတဲ့အကြောင်းရင်း တစ်ခုခုရှိဖို့လိုပါတယ်။ ဒီလိုမှ မဟုတ်နေရင်တော့ သင့်ကိုယ်သင် နှစ်ခါထပ်မေးဖို့လိုပါပြီ။ အမှန်တကယ်စိတ်ဝင်စားမှ ဒီအလုပ်ကိုလျှောက်ပါ။
၂) သင်ရောင်းရမယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သင်ကိုယ်တိုင်ရော ယုံကြည်မှုရှိရဲ့လား။
သင့်ကိုယ်သင် ဒီမေးခွန်းကို မေးကြည့်လို့မှ တိကျသေချာစွာ မဖြေနိုင်ဘူးဆိုလို့ရှိရင် သင်ဒီအလုပ်ကို မလျှောက်သင့်၊ တာဝန်မယူသင့်ပါဘူး။ ဈေးရောင်းတယ်ဆိုတဲ့နေရာမှာ စိတ်အားထက်သန်စွာ ရောင်းနိုင်ဖို့ သင်ကိုယ်တိုင်က ဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို စိတ်ဝင်တစားရှိဖို့၊ ယုံကြည်ဖို့လိုပါတယ်။ သင်ကိုယ်တိုင်က စိတ်မဝင်စားဘူး၊ မယုံကြည်ဘူး ဖြစ်နေရင်ဝယ်သူကို ရောင်းရတာလည်း ပိုခက်သွားပါလိမ့်မယ်။ ဒါ့ကြောင့် သင်ကိုယ်တိုင် ရောင်းရမယ့် product and service ကိုယုံကြည်မှ ဒီအလုပ်ကို လျှောက်ပါ၊ လုပ်ပါ။
၃) သင်အလုပ်လုပ်ရမယ့်နေရာ၊ ကုမ္ပဏီ က အရောင်းသမားတွေ အပေါ်မှာ ဘယ်လို သဘောထားမှုတွေရှိလဲ။
ရုန်းကန်နေရတဲ့ အရောင်းသမားတွေ အပေါ်မှာရော လုပ်ငန်းဘက်ကနေ လိုအပ်တာတွေ ပံ့ပိုးပေးရဲ့လား၊ လိုအပ်တဲ့ product knowledge training တွေ၊ skill development အတွက် knowlodge sharing တွေ လုပ်ပေးရဲ့လားလည်း လေ့လာသင့်ပါတယ်။ social media ခေတ်ဖြစ်တာ နဲ့အမျှ သင်အလုပ်လုပ်မယ့် company အကြောင်း နားလည်ဖို့၊ သိဖို့ Facebook page မှာ check တာမျိုး၊ သူတို့ရဲ့ website ကနေ activities တွေ ကို check တာမျိုး နဲ့လည်း နဲ့လည်းအလွယ်တကူ သိနိုင်ပါတယ်။ နောက်တစ်ခုက အင်တာဗျူး ဖြေပြီဆိုထဲကလည်း သူတို့ပြောတာအကုန် ခေါင်းညိမ့် နေတာမျိုးမလုပ်ဘဲနဲ့ သင့်ဘက်က သိချင်တဲ့ အချက်၊ သူတို့ သဘောထားတွေကို ပြန်မေးသင့်ပါတယ်။ အဆင်ပြေမှ အလုပ်ကို လက်ခံသင့်ပါတယ်။
၄) ဒီအလုပ်ကရေရှည်မှာ သင်ဖြစ်ချင်တဲ့ ဘဝရည်မှန်းချက်အတွက် အထောက်အကူဖြစ်ရဲ့လား။
တစ်ခါတစ်လေ ကျတော့အရောင်းသမား အနေနဲ့ အသက်မွေးဖို့ ရေရှည်ကို မကြည့်ဘဲနဲ့ လတ်တလော အဆင်ပြေရေးကိုပဲတွေးပြီး အလုပ်လျှောက်လိုက်တာမျိုးရှိပါတယ်။ သင့်အနာဂတ် သုံးနှစ်ကြာပြီးတဲ့နောက်၊ ၅ နှစ်ကြာပြီးတဲ့နောက်၊ ၁၀ နှစ်ကြာပြီးတဲ့နောက် ဘာဖြစ်ချင်တာလဲဆိုတာ ကို ရည်မှန်းချက်ထားပြီး အလုပ်လုပ်သင့်ပါတယ်။ သင်အခု လုပ်မယ့် အလုပ်က သင်ဖြစ်ချင်တဲ့ ဘဝမျိုးရဖို့ ရေရှည်မှာ အထောက်အကူဖြစ်ရဲ့လား နှစ်ခါပြန်တွေးပြီးမှ အလုပ်လျှောက်ပါ။
၅) သင်တကယ်ရော အရောင်းပိုင်းကို စိတ်ဝင်စားသူတစ်ယောက်လား။
အရောင်းသမားတစ်ယောက် အနေနဲ့အလုပ်လျှောက်တော့မယ်၊ အသက်မွေးတော့မယ်ဆိုရင် အနည်းဆုံးတော့ အောင်မြင်တဲ့အရောင်းသမားတွေ မှာ ဘယ်လို စိတ်နေစိတ်ထားတွေ ရှိတတ်သလဲ သင်ရှာဖတ်ဖို့လိုပါတယ်။ ဒါမှ မဟုတ်လည်းအချို့အလုပ်ခေါ်စာတွေမှာဆို ဘယ်လို အရည်အချင်းတွေလိုလဲ ဖော်ပြထားတတ်ကြပါတယ်။ ပြီးရင်တော့ သင့်ကိုသင်ပြန်မေးပါ။ ငါ့မှာ ဒီလို အရည်အချင်း၊ personality တွေရှိရဲ့လားဆိုတာ။ အမှန်တကယ်စိတ်ဝင်စားလို့ ငါလေ့ကျင့်ယူနိုင်ပါတယ် ဆိုရင် တော့ သင်ဒီအလုပ်ကို ယုံကြည်ချက်ရှိရှိလျှောက်လိုက်ပါတော့။
ဆိုတော့ ဒါတွေအကုန်လုံးအတွက် သင့်မှာ တိကျတဲ့အဖြေရှိတယ်။ သင့်ကို သင်လည်းယုံကြည်မှု ရှိနေတယ်ဆိုရင်တော့ ရဲရဲသာလျှောက်လိုက်ပါ။ ရောင်းအားကောင်း၊ ရလဒ်ကောင်းပြီး ကုမ္ပဏီကလက်မလွတ်နိုင် တဲ့အရောင်း သမားကောင်းတစ်ယောက် အဖြစ် သင် ရပ်တည် နိုင်ပါလိမ့်မယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။