Blog

ရောင်းအားတွေကျလာတဲ့အခါ မိမိရဲ့အတွေးတွေကို သတိထားမိစေဖို့……

Website Blog 3
Sales

ရောင်းအားတွေကျလာတဲ့အခါ မိမိရဲ့အတွေးတွေကို သတိထားမိစေဖို့……

ရောင်းအားတွေ ကျလာတဲ့အခါ ဒီအတွေးတွေကို သတိထားပါ။ 

 အရောင်းသမားတွေ အနေနဲ့ ရောင်းအားတွေကျလာပြီဆိုရင် အတွေးမျိုးစုံဝင်လာပါပြီ။ ရှေ့ဆက်ဘာတွေ လုပ်သင့်ပြီလဲ ကောင်းတာရော၊ ဆိုးတာရောပေါ့။ ဒီနေရာမှာ သတိထားရမယ့် အတွေးတွေရှိပါတယ်။  ဒီလို အတွေးတွေရှိနေသ၍တော့ သင်ရောင်းအားကောင်း၊ ရလဒ်ကောင်းတဲ့သူ တစ်ယောက်ဖြစ်ဖို့ အလှမ်းဝေးနေပါလိမ့်မယ်။

 

၁) ငါတော့ နောက်လမှပဲ အပြည့်အဝအားစိုက်ထုတ်ပြီးကြိုးစားလိုက်တော့မယ်။

ဒီအတွေးကိုတော့ target မထိတဲ့လကုန်ခါနီးရက်တွေမှာ ဝင်တတ်ပါတယ်။ ရောင်းအားတွေ ကျလာတဲ့အခါ ငါနောက်လတော့ ပိုကြိုးစားတော့မယ်၊ သေချာလုပ်မယ်၊ လိုတဲ့ training တွေရှာတတ်မယ်၊ စာအုပ်တွေရှာဖတ်မယ်။ ဒီလတော့ရှိပါစေတော့ ဆိုတဲ့ နေ့ရွေ့ညရွေ့လုပ်တဲ့ အကျင့်တွေ၊ အတွေးတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ စာအုပ်ဖတ်ဖို့ လိုတာလား၊ လိုအပ်တယ်ဆိုတဲ့ အတွေးဝင်တဲ့အချိန် ရှာဖတ်လိုက်ပါ။ 

“ကံကောင်းတယ်ဆိုတာဟာ အခွင့်အလမ်းနဲ့ ကြိုးစားအားထုတ်မှု ဆုံမှဖြစ်လာတာ” ဖြစ်တဲ့အတွက် သင့်အနေနဲ့ ကံကောင်းချင်ရင်နောက်ရက်မှ၊ နောက်အပတ်မှ၊ နောက်လမှ ပဲလုပ်တော့မယ်ဆိုတဲ့ အတွေးတွေကို ဖျောက်ပြီး အမြဲတမ်း အပြည့်အဝ ကြိုးစားအားထုတ် ဖို့လိုပါတယ်။

 

၂) အဲ့ဒါငါ့အမှား မဟုတ်ဘူး၊ အဲ့ဒါ ဘယ်သူ့ကြောင့်လဲဆိုတဲ့ အတွေးတွေ။

တစ်ခါတစ်လေကြတော့ ဒါတွေက သင်စိတ်သက်သာရာရလိုရငြား အကြောင်းပြချက်တွေ ဖြစ်နေတတ်ပါတယ်။ ပြိုင်ဘက်တွေများလာတာကိုး၊ ရတဲ့ inquiry တွေကလည်း quality မမှီဘူး၊ မန်နေဂျာက လည်း မဆိုင်တဲ့အလုပ်တွေခိုင်းနေတာကိုး၊ marketing team ကလည်း target customer ကိုမှန်အောင် မရွေးတတ်ဘူးလားမသိဘူး စသည်ဖြင့် အခြားဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့် သင်အရောင်းအားတွေကျရတာပါ ဆိုတဲ့ အတွေးတွေ ရှိနေတတ်ပါတယ်။ ဘယ်အရာကမှ၊ ဘယ်သူကမှတော့ အမှားမရှိ ပြည့်စုံ နေတာမရှိနိုင်ပါဘူး။ 

သင့်ကုမ္ပဏီရှိနေသ၍၊ ဒီ product ကိုဝယ်ယူသုံးစွဲသူတွေရှိနေသ၍ အခြားသူတွေ၊ အခြေအနေတွေကိုပဲ အပြစ်မတင်နေပဲ အရောင်းပိတ်နိုင်ဖို့၊ အရောင်းရနိုင်ဖို့ သင်ပိုကောင်းအောင် ဘယ်လို လုပ်မလဲဆိုတဲ့ အခွင့်အလမ်းကိုရှာပါ။ အခြားသူကို ငြီးငြူအပြစ်ရှာနေမယ့် အစား သင်ပိုကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းကို ရှာလိုက်တာက သင့်အတွက်ပိုကောင်းပါတယ်။

 

၃) ဒီအလုပ်က ငါ့ပုံစံနဲ့မကိုက်ဘူးထင်တယ်။

ဝယ်သူတွေဆီက complain တွေရှင်းရတာများလာတဲ့အခါ၊ အရောင်းမပိတ်နိုင်လို့ ဝယ်သူတွေ လွတ်ကုန်ပြီး မန်နေဂျာက ခေါ်ပြောတာခံရတဲ့အခါ၊ အကောင်းဆုံး စိတ်ရှည်လက်ရှည်ရှင်းပြပြီးမှ မဝယ်သေးဘူး၊ နောက်မှ ပြန်ပြောမယ်နော်ဆိုတဲ့ အပြောမျိုး ကြိမ်ဖန်များစွာကြားလာရတဲ့အခါ စိတ်ညစ်ပြီး ငါအရောင်းပိုင်းမှာ မလုပ်ခဲ့သင့်ဘူးတို့၊ ဒီအလုပ်က ငါ့ Type နဲ့မကိုက်ဘူးတို့၊ လူအများကြီးနဲ့ပြောဆို ဆက်ဆံနေရတာ သင်အတွက် သက်တောင့်သက်သာ ဖြစ်စေတဲ့အရာ မဟုတ်ဘူးတို့ စသည်ဖြင့် အတွေးတွေဝင်လာ ဖူးမှာပေါ့။ 

အဲ့လို အတွေးတွေဝင်လာရင် သင့်ကိုယ်သင်အချိန်ပေးပြီး သင်လျှောက်ခဲ့တဲ့ လမ်းကို ပြန်စဉ်းစားပါ။ အမြဲတမ်း သင်ကျရှုံးနေခဲ့တာလား၊ အောင်မြင်ခဲ့တဲ့ အချိန်တွေတုံးက ဘယ်လိုဖြေရှင်းခဲ့တာလဲ၊ အခုရော သင့်အနေနဲ့ အကောင်းဆုံး ဘယ်လိုနည်းလမ်းနဲ့ ကြိုးစားလို့ရမလဲ ဆိုတာကို အချိန်ပေးတွေးပြီး၊ ကြုံလာရတဲ့ပြဿနာကို အတွေ့အကြုံကောင်းတစ်ခု အနေနဲ့ သင့်စိတ်နေစိတ်ထားကို ပြောင်းလိုက်ပါ။ 

အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ပဲ တစ်နေ့ထက်တစ်နေ့ ပိုကောင်းတဲ့ version ကိုဖြစ်စေတာဖြစ်လို့ ဒါတွေကို ရှောင်ပြေးဖို့ မကြိုးစားပဲ ရဲရဲရင့်ရင့် ရင်ဆိုင်ပါ။

 

 #betterversion #morethanyouthink

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ