Blog

အရောင်းသမားများအတွက် Dale Carnegie ရဲ့နည်းလမ်းအချို့

Better Salesman
Sales

အရောင်းသမားများအတွက် Dale Carnegie ရဲ့နည်းလမ်းအချို့

Dale Carnegie ရဲ့“How to win friends and influence people” စာအုပ်ကို မသိတဲ့လူအတော်နည်းပါတယ်။ တကမ္ဘာလုံးမှာလဲ အခုချိန်ထိကို စာအုပ်ရေပေါင်း သန်း ၃၀ ကျော်ထိအောင် ရောင်းချထားရတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ အရေးပါပြီး ကျင့်သုံးသင့်တဲ့ အလေ့အကျင့်တွေကို ရေးသားထားတာ ဖြစ်ပါတယ်။ မြန်မာလို ပြန်ထားတော့ ဦးနုရဲ့ မိတ္တဗလ ဋီကာ ရှိပါတယ်။
ဒီစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာများစွာထဲကမှ အရောင်းသမားတွေအတွက် သင့်လျော်တဲ့ အချက်လေးတွေကို ထုတ်နုတ်ပေးလိုက်ပါတယ်။
အရောင်းပညာကို တကယ်နားလည်တဲ့ လူတွေဟာ ရေရှည်အတွက် ရည်ရွယ်တဲ့ ဆက်ဆံရေးကို တည်ဆောက်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ မြန်မာ စကားမှာရှိသလို တခါဆက်ဆံ ဆယ်ခါလန်ဆိုတာမျိုးမဖြစ်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။
မိတ်ဆွေသူငယ်ချင်း ပေါများအောင်လုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ သူပြောထားတာလေးက အတော်လေး နှစ်သက်ဖို့ကောင်းပါတယ်။
ကိုယ့်ကို တခြားသူတွေ စိတ်ဝင်စားဖို့ကြိုးစားနေရင်း မိတ်ဆွေရအောင်လုပ်တာထက်စာရင် တခြားသူတွေအပေါ် စိတ်ဝင်စားမှုရှိပြီး မိတ်ဆွေတိုးအောင်ကြိုးစားရတာက ပိုပြီးထိရောက်ပါတယ်တဲ့။

“ပြုံးပါ။”

အပြုံးဆိုတာ first impression ရဖို့အတွက် အလွယ်ကူဆုံး အရိုးရှင်းဆုံးအရာ ဖြစ်တယ်လို့ဆိုပါတယ်။ အရောင်းသမားတွေအနေနဲ့ တတ်နိူင်သမျှ အချိန်တိုင်း ပြံုးနေနိူင်အောင် ကြိုးစားသင့်ပါတယ်။ မျက်နှာ ရှစ်ခေါက်ချိုးအရောင်းသမားဆီက ဘယ်သူကများ လိုလိုလားလား ဝယ်ချင်မှာ မဟုတ်ဘူးလေ။ ဒါကြောင့် ပြံုးပါ။ လုပ်ရပ်က အပြောထက် ပိုပြီးသက်ရောက်မှု ရှိပါတယ်။ ပြုံးခြင်းဟာ ငါမင်းကို သဘောကျတယ်လို့ဆိုလိုရာ ရောက်ပါတယ်။ ကျွန်တော်တို့လူတွေအနေနဲ့ယေဘုယျအားဖြင့် ကိုယ့်ကို သဘောကျတဲ့လူ၊ ကိုယ်က သဘောကျတဲ့ လူတွေကိုဘဲ အရင်ဆုံး စိတ်ဝင်စားတတ်ကြတာ မဟုတ်လား။ ပြံုးပါ။ အခု ဒီစာကို ဖတ်နေရင်း နဲ့ပြုံးနေမိတယ်ဆိုရင်လဲ ကောင်းပါတယ်။ များများ ပြုံးပါ။

 

နားထောင်ပါ။ သေချာနားထောင်ပါ။ ဂရုတစိုက်နားထောင်ပါ။

ဟာ ဒီကောင် အပြောအဆိုကောင်းတယ်။ အရောင်းပိုင်းခန့်လိုက်ကွာ။ ဆိုတာ မှားယွင်းတဲ့ အလုပ်တစ်ခုပါ။ အပြောအဆိုကောင်းတယ်ဆိုတာ အရောင်းသမားတစ်ယောက်အတွက်လိုအပ်တဲ့ အရည်အချင်းတစ်ခုဖြစ်ပေမယ့် နားထောင်တတ်ခြင်းဟာ ပိုလို့အရေးကြီးပါတယ်။ နားမထောင်ဘဲနဲ့ဖောက်သည်ရဲ့လိုအပ်ချက်တွေ စိတ်သဘောထားတွေကို သိနိူင်မှာမဟုတ်တဲ့အတွက် ဖြည့်ဆည်းပေးနိူင်မှာလဲ မဟုတ်ပါဘူး။ ဒါကြောင့်သေချာနားထောင်တတ်တဲ့ အကျင့်ကိုမွေးသင့်ပါတယ်။

ဖောက်သည်က ကိုယ့်ဆီက ဝယ်ယူချင်စိတ် ဖြစ်လာအောင်လုပ်ပေးပါ။

စိတ်ဆန္ဒမရှိဘဲ ဘယ်အရာမှ ဖြစ်လာလေ့မရှိပါဘူး။ ဒါကြောင့် ကိုယ့်ဖောက်သည်မှာ ့ဝယ်ယူလိုစိတ်ဖြစ်လာအောင် လုပ်သင့်ပါတယ်။ ဒါလိုလုပ်ဖို့ဆိုရင် အရောင်းသမားတွေ အနေနဲ့ OPEN questions selling နည်းလမ်းတွေလို မေးခွန်းမေးရင်း ရောင်းတဲ့ နည်းလမ်းတွေကို တတ်ထားသင့်ပါတယ်။ ဒါအပြင် ကိုယ့်ဖောက်သည်ပေါ်မှာ မူတည်ပြီးတော့ ပြောဆိုတတ်တဲ့အရည်အချင်းလဲ ရှိရမှာဖြစ်ပါတယ်။ တချို့အတွက် ငွေကြေးဟာ အရေးကြီးတတ်ပေမယ့်၊ တချို့အတွက်တော့ အချိန်ဟာ အရေးကြီးတယ်။ ဒီလိုဘဲ တချို့အတွက် အရည်အသွေးဟာ ဦးစားပေးဖြစ်တတ်နေပြန်ရော။ ဒါကြောင့် ဖောက်သည်ရဲ့အဓိက လိုအပ်ချက် နဲ့ကိုက်ညီအောင် ကိုယ့်ရောင်းမယ့် အရာကို အမွှန်းတင် ရောင်းပါ။

ဖောက်သည်ရဲ့နာမည်ခေါ်ပါ။ မကြာခဏ ခေါ်ပါ။

လူတွေအတွက် ကမ္ဘာပေါ်မှာ အချိုသာဆုံးသော အသံက ကိုယ့်နာမည်ကြားရတဲ့ အချိန်လို့ဆိုပါတယ်။ ဒါကြောင့် ကိုယ့်ဖောက်သည်နာမည်ကို သေချာ သိအောင်လုပ်ပါ။ ပြောဆိုဆက်သွယ်တဲ့ နေရာမှာ ဖောက်သည်ရဲ့နာမည်ကို မကြာခဏ အလျှှင်းသင့်သလို ခေါ်ပြီး ပြောဆိုဆက်ဆံခြင်းက ထိရောက်ပါတယ်။ ဖောက်သည်ကိုယ်တိုင်ကလဲ သူ့အပေါ်အလေးထားတယ်လို့မြင်မှာပါ။ ဒါကြောင့် ဖောက်သည်တွေရဲ့နာမည်ကို သိအောင်လုပ်ပြီး ပြောဆိုဆက်ဆံရာမှာ မကြာခဏ သုံးပေးပါ။

ငြင်းခုံခြင်းကို ရှောင်ကြဉ်ပါ။

ကိုယ့်ဖောက်သည်နဲ့မှ မဟုတ်ပါဘူး။ ဘယ်သူနဲ့ဘဲ ဖြစ်ဖြစ် ဘယ်အကြောင်းအရာကြောင့်ဘဲ ဖြစ်ဖြစ် ငြင်းခုံခြင်းဟာ ကောင်းတဲ့ ရလာဒ်ရဖို့အလွန်နည်းပါတယ်။ ငြင်းခုံခြင်း ပတ်သက်ပြီး အကောင်းဆုံး အလုပ်ကတော့ ငြင်းခုံခြင်းကို ရှောင်လိုက်တာဘဲ ဖြစ်ပါတယ် လို့ဆိုပါတယ်။ ကိုယ့်ပြိုင်ဘက်အကြောင်းကိုဘဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ထုတ်ကုန် ဝန်ဆောင်မှုနဲ့ပတ်သက်ပြီးဖြစ်တဲ့ အမှားကြောင့်ဘဲ ဖြစ်ဖြစ် ကိုယ့်ဖောက်သည်နဲ့ဘယ်တော့မှာ မငြင်းခုံဘဲနဲ့အကောင်းဆုံးနည်းလမ်းကိုရှာပါ။

တောင်းပန်စရာ ရှိလာလဲ သေချာတောင်းပန်ပါ။

ဖောက်သည်တွေက အမှားတွေကို အမြဲလက်မခံတတ်တာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်လဲ အလုပ်လုပ်နေကြမယ့် လူတွေ ဖြစ်တဲ့အတွက် လုပ်ငန်းမှာ အမှားဆိုတာမျိုး ဖြစ်တတ်တယ်ဆိုတာ နားလည်တတ်ကြပါတယ်။ တကယ့် ပြသနာကတော့ ကိုယ်က မှားနေပြီးတော့ ဖောက်သည်ကို တောင်းပန်ဖို့ဝန်လေးလို့ဖောက်သည်တွေက ပိုပြီး စိတ်ဆိုးတတ်ကြတာ ဖြစ်ပါတယ်။ တခါတလေမှာ ထုတ်ကုန် အမှား၊ ဝန်ဆောင်မှု အမှားတွေ ဖြစ်လာတဲ့ အခါ သေသေချာချာ တောင်းပန်လိုက်ပါ။

ကိုယ့်ကုန်ပစ္စည်း ဝန်ဆောင်မှု လုပ်ငန်းအကြောင်းကို သေချာသိအောင်လုပ်ပါ။

အရောင်းသမားတွေမှာ လိုအပ်တဲ့ အရည်အချင်းတွေထဲမှာ Product Knowledge ဆိုပြီးပါပါတယ်။ ကိုယ်တိုင်တောင် ကိုယ့်လုပ်ငန်း၊ ဝန်ဆောင်မှု၊ ထုတ်ကုန်အကြောင်းကို သေချာမသိဘဲ ဖောက်သည်ကို ဝယ်လာအောင် ပြောဖို့ဆိုတာ မဖြစ်နိူင်ပါဘူး။ ဒါအပြင် အရောင်းသမားတွေအနေနဲ့ ပါဝင်တဲ့ အကြောင်းအရာသက်သက်ကိုသာ ပြောရောင်းခြင်းမျိုးထက် ဝယ်ယူလိုက်ခြင်းကြောင့်ရမယ့် အကျိုးကျေးဇူး၊ အကျိုးရလာဒ်များကို ပါပေါ်လွင်အောင် ပြောဆိုတတ်ဖို့လိုပါတယ်။ ဘယ်သူမှ 4G internet ကို မဝယ်ပါဘူး။ အဝိုင်းလေးမလည်တော့ဘဲ ကိုယ်ကြည့်ချင်တာ ကောင်းကောင်း ကြည့်ရခြင်းဆိုတဲ့ရလာဒ်ကိုသာ ဝယ်တာပါ။ဒါကြောင့် ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု၊ လုပ်ငန်းကနေ ပေးတဲ့ အကျိုးကျေးဇူး၊ ရလာဒ်တွေကို သေချာသိအောင်လုပ်ထားပါ။ ဒါမှလဲ ကိုယ်တိုင် ယုံကြည်မှုရှိရှိနဲ့ရောင်းချနိူင်မှာ ဖြစ်ပါတယ်။
အရောင်းသမား အရောင်းတက်လာဖို့ရည်ရွယ်လျှက်
Ref: “How to win friends and influence people”
Ref: Professional Selling Skills Course
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ