ရလဒ်ကောင်းတဲ့ အရောင်းသမားဖြစ်ဖို့ သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ လိုပါတယ်။
May 21, 2021 2021-08-13 16:17ရလဒ်ကောင်းတဲ့ အရောင်းသမားဖြစ်ဖို့ သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ လိုပါတယ်။

ရလဒ်ကောင်းတဲ့ အရောင်းသမားဖြစ်ဖို့ သင့်ကိုယ်သင် ယုံကြည်မှုရှိဖို့ လိုပါတယ်။
အရောင်းသမားတွေဆိုတာ ကုမ္ပဏီ နဲ့ ဝယ်သူတွေကြားမှာ ပေါင်းကူးတံတားတွေပါပဲ။ ဝယ်သူတွေအနေနဲ့ ကုန်ပစ္စည်းကိုမဝယ်ယူခင် အရောင်းသမားတွေ နဲ့အရင်တွေ့ရတာပါ။ ဒီတော့ အရောင်းသမားတွေ ရဲ့ ပြုမှုပုံ၊ ပြောဆိုပုံတွေက ယုံကြည်ထိုက်တဲ့ အနေအထားမျိုး ရှိနေဖို့လိုပါတယ်။ သင့်ကိုယုံကြည်မှ သင့်ဆီက ပစ္စည်းကို ဝယ်ယူသုံးစွဲဖို့ စဉ်းစားမှာပါ။
ဒါဆိုရင် သင့်ကိုယ်သင် ယုံကြည်ရတဲ့ သူတစ်ယောက်ပုံစံဖြစ်နေစေဖို့ ဘယ်လို လေ့ကျင့် ယူလို့ရနိုင်မလဲ။ လေ့လာကြည့်ရအောင်။
၁) ကြိုတင်ပြင်ဆင်ပါ။
Sales call မသွားခင်၊ ဝယ်သူနဲ့ ဖုန်းမပြောခင်၊ email မပို့ခင်ထဲက အရင်စဉ်းစားပါ။ ငါဒီလို ပြောလိုက်ရင် ဝယ်သူဘက်က ဘယ်လို ပြန်ပြောမလဲ။ အဲ့ဒီအခါ ငါ့ဘက်က ဘာပြန်ပြောသင့်လဲဆိုတာကို ကြိုတင်စဉ်းစားပြင်ဆင်ပါ။ ကောင်းကောင်းပြင်ဆင်ထားတဲ့ လူတစ်ယောက် အတွက် စိုးရိမ်ပူပန်မှု ကအနည်းနဲ့ အများ လျော့သွားတဲ့အခါ ယုံကြည်မှု ပိုတိုးလာမှာပါ။
၂) သင့်အလုပ်ကိုချစ်ပါ။
သင်ကိုယ်တိုင် အရမ်းနှစ်သက်တဲ့ ကုန်ပစ္စည်းကို ရောင်းရတဲ့အခါ စိတ်အားထက်သန်မှုကလည်း အလိုလိုပါလာတာပါပဲ။ စိတ်အားထက်သန်ပြီး စိတ်ဝင်တစားရှိတော့ ဒီကုန်ပစ္စည်းနဲ့ ပတ်သက်တာ မှန်သမျှလေ့လာရတာကို ပင်ပန်းတယ်လို့မခံစားရတော့ဘူးပေါ့။ ဒါဆိုရင် သင့်အနေနဲ့ ရောင်းနေတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်တာ ဘာမေးမေးထိထိရောက်ရောက် ချက်ကျလက်ကျ ဖြေနိုင်တဲ့အခါ သင့်ကိုယ်သင် confidence ရှိနေမှာပါ။
၃) သင့်ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။
ဝယ်သူတွေ နဲ့တွေ့တဲ့အခါ သင့်ကိုယ်နေဟန်ထား body language ကလည်းအရေးကြီးပါတယ်။ နာမည်ကျော်စာအုပ်တစ်အုပ်ဖြစ်တဲ့ “The Psychology of Selling” ကိုရေးခဲ့တဲ့ Brian Tracy ကတော့ sales conversation တစ်ခုမှာ 55% လောက်က ကိုယ်နေဟန်ထားပြုမှုပုံကို ကြည့်တယ် 38% လောက်က ပြောပုံဆိုပုံ (tone of voice) နဲ့ 7% ကသင်ပြောတဲ့ စကားလုံးကို ကြည့်ပြီး ဝယ်သူက ဝယ်သင့် မဝယ်သင့် ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် အရောင်းသမား တွေအနေနဲ့ sales call သွားတဲ့အခါ body language ကို ဂရုစိုက်ဖို့ လိုပါတယ်။ အခြေခံ အနေနဲ့ဆိုရင် ခါးမတ်မတ်ထားတာမျိုး၊ နှစ်လိုဖွယ် အပြုံးမျိုးနဲ့ နှုတ်ဆက်တာမျိုး၊ အဝတ်အစားကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းဖြစ်နေအောင် ဝတ်တာမျိုးကလည်း သင့်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက် အသွင်ပေါ်စေပါတယ်။
၄) ငြီးငြူနေတတ်သူများနဲ့ဝေးဝေးနေပါ။
လုပ်ဖော်ကိုင်ဖက်တွေ ထဲမှာရှိမှာပေါ့။ နဂိုကမှ သင်ကလည်း အရောင်းမရမှာ စိုးရိမ်နေရတဲ့ ကြားထဲ ဘေးနားက သူက ငါတို့လုပ်လို့မှ ဖြစ်ပါ့မလားတို့၊ ဒီဝယ်သူကို ရောင်းလို့ရမယ့်ပုံလဲ မရှိပါဘူးတို့၊ ဒီလ target ကထိမယ့်လမ်းမမြင်ပါဘူးတို့ စတဲ့ negative တွေပဲကြားနေရတဲ့ အခါ သင့်ကို ယုံကြည်မှုပျောက်လာစေပါတယ်။ ဒါ့ကြောင့် အဲ့လိုလူမျိုးတွေနဲ့ တတ်နိုင်သလောက် ဝေးဝေးရှောင်ပါ။
၅) သင်အောင်မြင်အောင်လုပ်နိုင်ခဲ့တာတွေကို တွေးပါ။
သင့်ကိုယ်သင် ယုံကြည်မှုမရှိဘဲ ငါလုပ်နိုင်ပါ့မလားလို့ သံသယဝင်လာတဲ့အခါ သင်အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အရာတွေကို ပြန်စဉ်းစားပါ။ အကောင်းဆုံး အရောင်းသမားဆုရခဲ့ဖူးတဲ့ နှစ်တွေ၊ အရောင်းတွေ အရမ်းရလို့ sales commission တွေ အများကြီးရခဲ့တဲ့အချိန်တွေ စသည်ဖြင့် သင်အလုပ်လုပ်ခဲ့တဲ့ တစ်လျောက် အောင်မြင်အောင် လုပ်နိုင်ခဲ့တဲ့ အခြေအနေတွေကို တွေးပြီး Motivation ရဖို့ ကြိုစားပါ။ ဒါဆိုရင် သင့်ကိုယ်သင် ယုံကြည်မှု ရှိတဲ့အသွင်ဖြစ်စေပါလိမ့်မယ်။
ဒီနည်းလမ်းတွေက အရောင်းပိုင်းတစ်ခုထဲမှာ မဟုတ်ပါဘူး။ လက်တွေ့ ဘဝမှာလည်းသုံးလို့ရပါတယ်။
ယုံကြည်မှုဆိုတာက မွေးထဲက ပါလာတာမျိုး မဟုတ်တဲ့အတွက် လေ့လာရင်း၊ လေ့ကျင့်ယူရင်းနဲ့ပဲ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိတဲ့၊ အလုပ်မှာ ရလဒ်ကောင်းတွေရတဲ့ သူတစ်ယောက် ဖြစ်အောင် ကြိုးစားသွား ကြရမှာပါပဲ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။