Blog

ဝယ်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ဖို့ သင်ဘာတွေ လုပ်သင့်လဲ။

ဝယ်သူရဲ့ စိုးရိမ်ပူပန်မှု့ကို လျော့ချနိုင်ဖို့
Customer Service / Sales

ဝယ်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ဖို့ သင်ဘာတွေ လုပ်သင့်လဲ။

ဝယ်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ဖို့ သင်ဘာတွေ လုပ်သင့်လဲ။

လူတွေဟာ ပစ္စည်းတစ်ခုကို ဝယ်ဖို့ စဉ်းစားတဲ့အခါမှာရော၊ ဝယ်ပြီးတဲ့အခါမှာပါ ငါဝယ်တာမှန်ရဲ့လား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိကြပါတယ်။ 

အရောင်းသမားတွေ၊ မားကတ်တင်းသမားတွေအတွက် ဒီ စိုးရိမ်ပူပန်မှုတွေ လျှော့ချနိုင်လေ အရောင်းရလေ၊ လုပ်ငန်းအတွက် အကျိုးများလေ ဖြစ်ပါတယ်။ ဒီတော့ သင့်အနေနဲ့ ဝယ်သူတွေ ရဲ့ စိုးရိမ်မှုတွေကို လျှော့ချနိုင်ဖို့ ဘယ်အချက်တွေကို ကြိုတင်ပြင်ဆင်ဖို့လိုမလဲ၊ ဘာတွေ လုပ်လို့ရမလဲ ဆိုတာကို လေ့လာကြည့် ရအောင်။ 

၁) သင့်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ အချက်အလက်များများပေးနိုင်ဖို့ ကြိုးစားပါ။ 

မကြာခင်က တွေ့လိုက်တဲ့ software ရောင်းတဲ့ website တစ်ခုမှာဆိုရင် သူတို့က သူတို့ပစ္စည်းရဲ့ ဈေးနှုန်းတင်မကဘဲနဲ့ သူတို့ လိုအမျိုးအစားတူ ပစ္စည်းတွေရဲ့ ဈေးတွေကိုပါ တစ်ခါထဲ ယှဉ်ပြပေးထားတာကို တွေ့လိုက်ရပါတယ်။ ပွင့်လင်းမြင်သာတာတယ်ဆိုရမှာပေါ့။ ပြီးရင် ဒီပစ္စည်းနဲ့ သူတို့ပစ္စည်းနဲ့က ဒီအချက်ကွာတယ်။ ဒါ့ကြောင့် ဈေးကွာခြားချက်က ဒီလောက်ဆိုပြီးပါ တစ်ခါထဲထောက်ပြ ပေးထားပါသေးတယ်။ ဒီတော့ ဝယ််သူတစ်ယောက်အနေနဲ့ ဒီလို မျိုးတွေ့လိုက်တဲ့အခါ ငါဒီကနေဝယ်ရင် ဈေးများသွားမလား ဆိုတဲ့ စိုးရိမ်ပူပန်မှု လျှော့သွားပါပြီ။ 

ဒီလို တစ်ပုံစံထဲ လိုက်လုပ်စရာ မလိုပါဘူး။ သင့်အနေနဲ့ ဈေးကွက်အနေအထားနဲ့ သင့်ကုန်ပစ္စည်းအကြောင်းကို မပြတ်လေ့လာ သုံးသပ်နေပြီးတော့ ဝယ်သူလိုအပ်တဲ့ အချိန်တိုင်း ကိုယ့်ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ဝယ်သူစိတ်ထဲမှာ ဖြစ်နေမယ့် စိုးရိမ်မှုကို လျှော့ချပေးနိုင်မယ့် အချက်အလက် များများ ပေးနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ 

၂) Brand Image ကောင်းကောင်း တည်ဆောက်ပါ။ 

ဝယ်သူ အများစုက ပစ္စည်းတစ်ခုမဝယ်ခင် အခြားသူတွေရော ဘယ်တံဆိပ်မျိုး သုံးနေကြလဲဆိုပြီး လေ့လာကြည့်လေ့ရှိကြပါတယ်။ ပြီးရင် လူအများကြီးတောင် သုံးနေတာပဲ ကောင်းမှာပါဆိုပြီး ရွေးချယ်သုံစွဲ တတ်ပါတယ်တဲ့။ သူတို့ရဲ့ စိတ်ထဲမှာ လူအများကြီး သုံးနေတာပဲ။ ဒါဆို ကောင်းပါ့မလားလို့ စိုးရိမ်စရာ သိပ်မလိုတော့ဘူးပေါ့ဆိုတဲ့ အတွေးမျိုးနဲ့ ဝယ်ယူသုံးစွဲတာမျိုးတွေ ရှိပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ သင်ရောင်းတဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ brand ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အချက်အလက်တွေ၊ လူဘယ်လောက်ထိ ဝယ်ယူသုံးစွဲနေပါတယ် ဆိုတဲ့ အချက်အလက်တွေ၊ ကြော်ငြာမက်ဆေ့တွေ​ကို ဝယ်သူတွေ မြင်သာအောင် ပြထားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ 

၃) ဈေးနှုန်းသတ်မှတ်တဲ့ နေရာမှာ ယုံကြည်မှုရှိပါစေ။ 

၂၁ ရာစုမှာ ဝယ်သူတွေဟာ စျေးအသက်သာဆုံးဆိုတာကနေ ၀န်ဆောင်မှုအကောင်းဆုံးဆိုတဲ့ ရွေးချယ်မှုကို ပြောင်းလဲလာကြပါပြီ။ ဈေးနှုန်းနိမ့်နေတဲ့ ပစ္စည်းတွေဟာ ကောင်းပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးတွေလဲ ရှိပါတယ်။ဈေးနှုန်းကို ချိတ်ပြီး  အရည်အသွေး ကောင်းမကောင်း ယူဆတတ်တဲ့ သဘောမျိုးဖြစ်ပါတယ်။ဒါ့ကြောင့် သင့်အနေနဲ့ ဈေးသက်သာတိုင်းရောင်းရမှာပဲ ဆိုတာမျိုးထက် သင်ရောင်းချင်တဲ့ target customer ရဲ့ အနေအထားပေါ်မူတည်ပြီး အရည်အသွေး ကောင်းကောင်းနဲ့ ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်တဲ့ ဈေးနှုန်းအနေအထားမျိုးကို ယုံကြည်မှုရှိရှိ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒီလိုဈေးနှုန်းကွာခြားချက်ကြောင့် ဒီလိုဝန်ဆောင်မှုမျိုးတွေ ထပ်ရမှာပါဆိုတဲ့ အားသာချက်မျိုးကို တိုတိုနဲ့ လိုရင်း ထိထိရောက်ရောက် မြင်အောင်ပြခြင်းက ဝယ်ယူဖို့အတွက် တွန်းအားဖြစ်စေတယ်။

၄) ထိတွေ့မြင်ကြား ခံစားမှု ပေးနိုင်တဲ့ အရာအားလုံးကို အမြင်ကောင်းနေအောင် လုပ်ပါ။ 

သွားဝယ်တဲ့ ဆိုင်ရဲ့ အနေအထားပေါ်မှာ မူတည်ပြီးတော့လည်း ဒီဆိုင်ကတော့ ခမ်းခမ်းနားနားနဲ့မို့ ကောင်းလောက်တယ်။ ဒီဆိုင်ရဲ့ အပြင်အဆင်က ယုံချင်စရာ မရှိပါဘူးဆိုပြီးလည်း အတွေးမျိုးတွေ ရှိတတ်ပါသေးတယ်။ ဒါ့ကြောင့် သင့်ရုံးခန်း၊ ဆိုင်အပြင်အဆင်ကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။ အခုလို ဒီဂျစ်တယ်ခေတ်မျိုးမှာဆိုရင်တော့ ဆိုင်ကို ကိုယ်တိုင်သွားဝယ်တာထက် မဝယ်ခင် Website ကို ကြည့်တာ၊ Facebook page ကို ကြည့်တာမျိုးတွေ လုပ်လာကြပါတယ်။ ဒါ့ကြောင့် သင့်လုပ်ငန်း နဲ့ပတ်သက်တဲ့ social media တွေ website တွေကိုလည်း အမြဲ မျက်ချေမပြတ် ယုံကြည်ရတဲ့ အနေအထား မျိုးဖြစ်အောင် ရှိနေဖို့ လုပ်ထားရမှာပါ။ 

၅) သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုလက်မှတ်တွေလည်း တတ်နိုင်သလောက် ရအောင် ကြိုးစားပါ။ 

နာမည်ကြီး ဒီအဖွဲ့အစည်းကတောင် အသိအမှတ်ပြုထားတာ စိုးရိမ်စရာတော့ မရှိပါဘူးဆိုပြီး ဝယ်ယူသုံးစွဲဖို့ ဆုံးဖြတ်ချက်မြန်မြန်ဆန်ဆန် ချတာမျိုးတွေပါ။ ဒါကြောင့် သင်ရောင်းနေတဲ့ ဈေးကွက်မှာရှိတဲ့ လွမ်းမိုးနိုင်တဲ့ အဖွဲ့အစည်းတွေက ပေးတဲ့ လက်မှတ်မျိုးတွေကိုလည်း ရအောင် ကြိုးစားထားသင့်ပါတယ်။ ပြီးရင် ဒါတွေကို ဝယ်သူမြင်အောင် သင့် website မှာပြထားတာ၊ page မှာ ပြထားတာတွေ လုပ်လို့ရပါတယ်။ 

တကယ်လို့ သင်ရောင်းတဲ့ ကုန်ပစ္စည်းက ဒီလိုမျိုး အသိအမှတ်ပြုလက်မှတ်တွေ ယူစရာမလိုတဲ့ အနေအထားမျိုးဆိုလည်း သင့်ရဲ့ page မှာ ဝယ်သူတွေရဲ့ review တွေ၊ feedback တွေနဲ့ rating တွေကို သိသာမြင်သာအောင် ပြထားတာမျိုးလုပ်ထားလို့ရပါတယ်။ 

ဒီလောက်ဆိုရင် တော့ အရောင်းပိုင်း၊ မားကတ်တင်းပိုင်းမှာ ဝယ်သူတွေရဲ့ brand ပေါ်ယုံကြည်မှု ပိုရဖို့၊ ဝယ်လိုက်ရင်မှားများသွားမလားဆိုတဲ့အတွေးတွေ နည်းသွားစေဖို့ သင်ဘာတွေ လုပ်ထားသင့်လဲ၊ ပြင်ဆင်ထားသင့်လဲဆိုတဲ့ idea ရသွားလောက်ပါပြီ။ သင့်အတွက် အကျိုးရှိတယ်ဆိုရင် သင့်မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို မျှဝေလိုက်ပါ။

#betterversion #morethanyoutink #bettersalesman

[ သင်ခန်းစာနဲ့ပတ်သက်ပြီး မေးချင်တာများရှိရင် comment ရေးခဲ့ပါ။ ]

Leave your thought here







Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping