သင့်အရောင်းသမားတွေပျော်စေဖို့ နည်းလမ်း (၅)သွယ်
July 28, 2020 2021-07-28 19:08သင့်အရောင်းသမားတွေပျော်စေဖို့ နည်းလမ်း (၅)သွယ်
အရောင်းသမားတွေဟာ အလုပ်များပြီး ၀ယ်သူဖောက်သည်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ရတာဖြစ်တဲ့အတွက်
စိတ်ဖိစီးမှု အနည်းနဲ့အများတော့ရှိကြပါတယ်။ ဒီတော့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေက စိတ်ဖိစီးမှုတွေကို အနည်းငယ်ကူညီပြီး ဖြေဖျောက်ပေးမယ်ဆို ကိုယ့်အရောင်းသမားတွေဟာ လုပ်ငန်းခွင် စိတ်ဖိစီးမှုနည်းပြီး
ကိုယ့် ၀ယ်သူ၊ဖောက်သည်တွေကို ပိုပြီး အချိန်ပေး အာရုံစိုက်ပြီး များများရောင်းနိုင်ရင် ရောင်းအားတက်လာစေမှာဖြစ်ပါတယ်။
သင့်အဖွဲ့ရောင်းအားတက်လာရင် သင်ကိုယ်တိုင်လည်း ပျော်လာမှာဖြစ်ပြီး စိတ်ဖိစီးမှု နည်းလာမှာပါပဲ။
ဒါကြောင့် ဒီနည်းလမ်းတွေဟာ လုပ်ငန်းရှင်၊ မန်နေဂျာတွေအတွက်ရော အရောင်းသမားတွေအတွက်ရော
ကိုယ့် ကုမ္ပဏီအတွက်ပါ အကျိုးရှိလာစေမှာဖြစ်ပါတယ်။
ဒါကြောင့် လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေအနေနဲ့ ငွေကုန်ကြေးကျလည်း မများပဲ၊ ကိုယ့်အရောင်းအဖွဲသားတွေကိုလည်း ပျော်စေမယ့် အကြောင်းအရာလေးတွေ ဝေငှပေးလိုက်ပါတယ်။
၁) Contest & Game
အရောင်းအဖွဲ့အတွင်းမှာ Game တွေ၊ Contest တွေဖန်တီးပေးလိုက်ပါ။ ရောင်းအားအများဆုံး ၃ယောက်ကို ဆုတံဆိပ်လေးတွေ၊ appreciation gift လေးတွေပေးလိုက်ခြင်းအားဖြင့် အရောင်းသမားတွေက ပိုပြီးစိတ်အားထက်သန်လာပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ကြိုးစားကြမှာဖြစ်ပါတယ်။
၂) TGIF
တစ်ပတ်လုံးအလုပ်တွေကြိုးစားတဲ့အဖွဲ့အတွက် သောကြာနေ့မှာ ရုံးမပိတ်ခင် TGIF လေးလုပ်ပေးလို့ရပါတယ်။ တစ်လမှာ နှစ်ခါလောက်လုပ်တယ်ဆိုရင် တစ်လလုံးကြုံခဲ့ရတဲ့ အတွေ့ကြုံကောင်းတွေ၊ ရယ်စရာအလွဲလေးတွေလည်း ဝေမျှရင်းပျော်ပျော်ပါးပါးနဲ့ဖြတ်သန်းလို့ရပါတယ်။
၃) Karaoke
အားလုံးအကြိုက် ကာရာအိုကေပေါ့။ ပင်ပန်းသမျှအော်ဟစ်ရင်း စိတ်ပေါ့သွားအောင်လည်းလုပ်နိုင်တယ်။ ကိုယ့်အဖွဲ့သားအချင်းချင်းတွေလည်း ပိုပြီးရင်းနှီးလာကြမယ်လေ။ တကယ့်နည်းလမ်းကောင်းပေါ့။
အသံတွေ၀င်ပြီး စကားမပြောနိုင်အောင်ထိ မကဲဖို့တော့လိုမယ်နော်။ ?
၄) Surprised Gifts
ကိုယ့်အရောင်းအဖွဲ့တွေ မထင်မှတ်ထားတဲ့အချိန်မှာ အမှတ်တရလက်ဆောင်လေးတွေ၀ယ်ပေးတာမျိုးလေးတွေကတကယ်ပျော်ရပါတယ်။ လက်ဆောင် ပေးရတဲ့လူလည်းပျော်သလို၊ ရတဲ့လူတွေလည်းပျော်ကြပါတယ်။ မထင်မှတ်ပဲရတဲ့ မှတ်စုစာအုပ်လှလှလေးတွေ၊ ဘောပင်လှလှလေးတွေက သင့်အဖွဲ့ကိုပျော်စေမှာပါ။
၅) Funday
တစ်ခါတစ်လေ Funday လေးတွေ ဖန်တီးပေးလို့ရပါတယ်။ Funday မှာ တူတူသစ်ပင်စိုက်ကြတာမျိုး၊ Yoga ကျင့်တာမျိုး၊ နေ့ချင်းပြန် ခရီးတိုလေးထွက်တာမျိုးတွေကလည်း သင့်အဖွဲ့ကို ပျော်စေမယ့်အပြင် အချင်းချင်းကြားမှာလည်း ပိုမိုနားလည်မှု၊ ရင်းနှီးမှုရလာတော့ အလုပ်လုပ်ရတာပို အဓိပ္ပါယ်ပိုရှိတာပေါ့။
ကဲ ဒီနည်းလမ်းလေးတွေကတော့ ငွေကြေးလည်းသိပ်မကုန်ပဲ ကိုယ့်အရောင်းအဖွဲကိုလည်းပျော်စေမယ်ဆိုတော့ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေလက်တွေ့လုပ်ကြည့်ရင်း ကိုယ့်အရောင်းသမားတွေကိုပျော်ခွင့်ပေးလိုက်နော်။
အရောင်းသမားတွေလည်း ကိုယ့်မန်နေဂျာတွေကိုလက်တို့လိုက်တော့နော် ?
#BetterVersion #UnlockingYourHighestPotential