Blog

ရလာဒ်ကောင်းတဲ့ အရောင်းသမားကောင်းတိုင်းမှာ ရှိကြတဲ့ လက္ခဏာတွေ

8
Sales

ရလာဒ်ကောင်းတဲ့ အရောင်းသမားကောင်းတိုင်းမှာ ရှိကြတဲ့ လက္ခဏာတွေ

ရလာဒ်ကောင်းတဲ့ အရောင်းသမားကောင်းတိုင်းမှာ ရှိကြတဲ့ လက္ခဏာတွေက ဘာတွေ ဖြစ်မလဲ။

ဒီပို့စ်ကို ဆက်ပြီးတော့ မဖတ်ခင်မှာ အရောင်းပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကိုယ်အရမ်းကြိုက်တဲ့ အားကျရတဲ့ သူများရှိလားဆိုတာ စဉ်းစားကြည့်ပါ။ အချိန်ခနလေးပေးပြီး စဉ်းစားကြည့်ပါ။ ပြီးရင် သူမှာ တခြားသူတွေ နဲ့ ထူးခြားပြီး ကွဲထွက်နေတဲ့ အကျင့်တွေဘာတွေရှိလဲ။ စာရွက် သို့မဟုတ် ကိုယ့်ဖုန်းထဲက မှတ်စုမှာ ရေးချကြည့်ပါ။

ကျွန်တော် တင်ပြချင်တဲ့ အကျင့် လက္ခဏာတွေနဲ့ တူတဲ့ နေရာတွေရှိတာကို ဒီပို့စ်ပြီးတဲ့ အခါမှာ တွေ့လာနိူင်ပါတယ်။

အရောင်းသမားဆိုတာ လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့လူမျိုးတွေ ဖြစ်ပါတယ်။ ပြီးတော့ အရောင်းဝန်ထမ်းကောင်းတွေ ရှိခြင်းဟာ လုပ်ငန်းတစ်ခုအတွက် အောင်မြင်ခြင်း အကြောင်းရင်း တစ်ခုလဲ ဖြစ်ပါတယ်။

အရောင်းဝန်ထမ်းလုပ်ရတာ လွယ်ကူတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ကုမ္ပဏီဘက်ကို ကြည့်ရသလို ကိုယ့်ဖောက်သည်ဘက်လဲ ကြည့်ရပါတယ်။ လုပ်ငန်းအတွက်လဲ အကျိုးအမြတ်ရအောင်လုပ်ရင်း ဖောက်သည် စိတ်ကျေနပ်မှုရအောင် အဆင်ပြေအောင်အတွက်လဲလုပ်ကိုင်ရင်း နှစ်ဦးနှစ်ဖက်အတွက် အကျိုးများဖို့အတွက် လုပ်ဆောင်ရတဲ့ Professional တွေဖြစ်ပါတယ်။

သာမန် အရောင်းဝန်ထမ်းဖြစ်ဖို့ဆိုရင်တောင် အတော်ကြိုးစားရတဲ့ အလုပ်အကိုင်မျိုးဖြစ်ပြီးတော့ ရလာဒ်ကောင်းတဲ့ အရောင်းသမား ဖြစ်ဖို့ဆိုရင်တော့ ကျွန်တော် တင်ပြမယ့် အကျင့်စရိုက်တွေကို လေ့ကျင့်သွားမယ်ဆိုရင် ရနိူင်ပါတယ်။

 

၁) စည်းကမ်း

အရောင်းသမားကောင်းဖြစ်ဖို့အတွက် လိုအပ်တဲ့ အချက်တွေထဲမှာမှ စည်းကမ်းက နံပါတ်တစ်ဖြစ်ပါတယ်။ ကိုယ်တိုင်အတွက်ဘဲ ဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီအတွက်ဘဲ ဖြစ်ဖြစ် များများ ရောင်းရဖို့အတွက် လုပ်ဆောင်သင့်တဲ့ အကျင့်တွေကို မွေးမြူဖို့လိုပါတယ်။ စည်းကမ်းနဲ့ အကျင့်ဟာ ဒွန်တွဲနေတဲ့ အရာမျိုးဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော် အင်္ဂလန်ရဲ့ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်တဲ့ Margret Thatcher ပြောဖူးတဲ့ စကားလေး ပြန်မျှဝေချင်ပါတယ်။

သင့်ရဲ့အတွေးတွေကို ဂရုစိုက်ပါ။ အတွေးတွေဟာ အပြောတွေဖြစ်လာမယ်။ အပြောတွေဟာ အလုပ်တွေ ဖြစ်လာမယ်။ အလုပ်တွေက အကျင့်တွေ ဖြစ်လာမယ်။ အကျင့်တွေဟာ စရိုက်တွေ ဖြစ်လာမယ်။

ဒါကြောင့် အရင်ဆုံးလုပ်သင့်တာကတော့ ကိုယ့်အတွက် ရောင်းအားတိုးစေမယ့် အတွေးတွေများများတွေးပါ။ စဉ်းစားပါ။ ပြီးရင် အရောင်းတိုးတက်ရေးကို ဖြစ်စေမယ့် အမူအကျင့်တွေကို ထပ်ခါထပ်ခါ လုပ်ပါ။ ဒီလို လုပ်ဖို့အတွက် စည်းကမ်းဟာ အရေးကြီးပါတယ်။ ကိုယ့်ဖောက်သည်ကို ဘယ်အချိန်တွေမှာ ဖုန်းခေါ်မယ်ဆိုပြီး စီစဉ်ပြီးမှ မခေါ်တော့တာမျိုး၊ ချိန်ထားပြီး ကိုယ်တိုင်က အဆင်သင့် ဖြစ်မနေတာမျိုး။ နောက်ကျတာမျိုးတွေဟာ ရလာဒ်ကောင်းတဲ့ အရောင်းသမားကောင်းတွေ လုပ်တတ်တဲ့ အရာမျိုးတွေ မဟုတ်ပါဘူး။

အကျင့်ဆိုတာကို သင်ယူလေ့ကျင့်လို့ရပါတယ်။ လူတစ်ယောက်က အကျင့်တစ်ခုကို ဆွဲမြဲဖို့အတွက် အချိန်ဘယ်လောက်လိုသလဲ ဆိုတာကို သုတေသန မှတ်တမ်းတွေအရ ၂၁ ရက် အနည်းဆုံးလိုပါတယ်လို့ပြောပါ။ ဥရောပမှာ ပြုလုပ်ထားတဲ့ စစ်တမ်းအရတော့ ရက် ၂၀၀ လိုပါတယ်လို့ပြောပါတယ်။ အကျင့်ကောင်းတွေကို မွေးမြူဖို့အတွက် သင့်ဆီမှာ အရင်ဆုံးရှိရမှာ စည်းကမ်း ဖြစ်ပါတယ်။ ဒါကြောင့် တခြား အကျင့်စရိုက်တွေကို မပြောခင်အရေးကြီးတဲ့ အချက်ကတော့ စည်းကမ်းရှိဖို့ဖြစ်ပါတယ်။

၂) စေတနာ

ဒီနေရာမှာ စေတနာဆိုတာ ကို ကျွန်တော် ခံယူချက်ကတော့ စိတ်အားထက်သန်မှု ရှိတာ၊ ပြင်းပြင်းပြပြ လုပ်ဆောင်ခြင်း လို့ ပြောချင်ပါတယ်။ အရောင်းသမားတွေက အပေါ်မှာ ပြောခဲ့သလို လုပ်ငန်းရယ် နောက် ဖောက်သည်ရယ် နှစ်ဖက်စလုံးကို အလုပ်အကျွေးပြုရတဲ့ လူတွေ ဖြစ်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံးအတွက် ရေရှည်အကျိုးကျေးဇူးရရှိရေးကို ရှေးရှုသင့်ပါတယ်။

အရောင်းသမားတွေဟာ ကိုယ့်လုပ်ငန်းပေါ်မှာ သစ္စာရှိပြီးတော့ လုပ်ငန်းအကျိုးဖြစ်ထွန်းရေးကို ရှေးရှုရမှာ ဖြစ်သလို တစ်ဖက်မှာလဲ ဝယ်သူ၊ဖောက်သည်တွေအတွက် အကျိုးကျေးဇူးဖြစ်အောင် စိတ်ချမ်းမြေ့မှု စိတ်ချမ်းသာမှု ရအောင်လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်တစ်ခုလိုတာ စေတနာပါ။ လုပ်ငန်းအတွက်ကော၊ ဖောက်သည်အတွက်ကော နှစ်ဦးနှစ်ဖက် အကျိုးများအောင် လုပ်မယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်စေတနာပါ။

၃) ကျင့်ဝတ်

အရောင်းသမားဆိုတာ Professional တွေဖြစ်ကြပါတယ်။ Professional ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ရှိရမယ့် အချက်တွေကို ဆွေးနွေးထားကြတာ အများကြီးတွေ့ဖူးပါတယ်။ကျွန်တော် အမြင်ကတော့ Professional တစ်ယောက် ဖြစ်ဖို့ဆိုရင် အကြောင်းအရင်း သုံးခု ရှိပါတယ်။

က) ကျင့်ဝတ်
ခ) အရည်အချင်း (လုပ်ကိုင်နိူင်စွမ်း)
ဂ) စေတနာ (စိတ်အားထက်သန် ပြင်းပြမှု)

ဒီသုံးခုမှာ အရေးကြီးဆုံးက ကျင့်ဝတ်ဖြစ်ပါတယ်။ လူတစ်ယောက်က ကိုယ်အသက်မွေးတဲ့ အလုပ်ပေါ်မှာ တကယ်ဘဲ စိတ်အားထက်သန်မှု ရှိရပါမယ်။ ပြီးရင် ဒီလုပ်ငန်းကို ပြီးမြောက်အောင်မြင်အောင် လုပ်ဖို့ အရည်အချင်းရှိရပါမယ်။ ဒါမှသာ Professional တစ်ယောက်လို့ခေါ်နိူင်မှာ ဖြစ်ပါတယ်။ တကယ်လို့များ

အရည်အချင်းရှိတယ်၊ အလုပ်ပေါ်မှာတော့ စိတ်အားထက်သန်မှုလဲ ရှိပေမယ့် ကျင့်ဝတ်မရှိရင် အန္တရာယ်ရှိတဲ့ လူတောင် ဖြစ်လာနိူင်ပါတယ်။

အရောင်းသမားအနေနဲ့ ကျင့်ဝတ်လို့ပြောတဲ့အခါမှာ မှန်ကန်စွာပြောဆိုတာ၊ ရိုးသားမှုရှိတာ၊ တာဝန်ယူမှုရှိတာ၊ လုပ်နိူင်တာ ပေးနိူုင်တာထက် ပိုမပြောတာ၊ ဝယ်သူကို အစကနေ အဆုံးသေသေချာချာ အချက်အလက်ပေးတာမျိုးတွေပါဝင်ပါတယ်။ ကိုယ်တိုင်မဝယ်ချင်တဲ့ အရာမျိုး ဘယ်သူကိုမှ မရောင်းသင့်ပါဘူး။

၄) အမှန်တကယ် လုပ်ဆောင်ခြင်း

အရောင်းသမားကောင်းတစ်ယောက် ဖြစ်ဖို့ဆိုရင် ကိုယ်တိုင်အရောင်း ဖြစ်မြောက်ရေးအတွက် အစီအစဉ်ကြိုတင်ထားရှိတတ်ဖို့လိုပါတယ်။ ဘယ်အချိန် ဘယ်ဝယ်သူကို ဘာပြောမယ်။ ဘယ်သူ့အတွက် ဘာလုပ်ပေးမယ်၊ ဘယ်နေ့မှာ ဘယ်သူနဲ့တွေမယ်၊ စသည်ဖြင့် အစီအစဉ်ထားရှိတာမျိုးပါ။ အရောင်းသမား အယောက်တစ်ရာမှာ ၇၀ ဟာ အစီအစဉ်မရှိပါဘူးတဲ့။ ၂၀ ကတော့ ရှိတယ်။ အစီအစဉ်အတိုင်း မလုပ်ဖြစ်ပါဘူး၊ မလုပ်ဘူး၊ ၁၀ ရာခိုင်းနှုန်းကဘဲ အစီအစဉ်လဲ ရှိသလို စီစဉ်ထားတဲ့အတိုင်းလုပ်ဆောင်နိူင်ကြပြီးတော့ Top Ten salesman စာရင်းဝင်တွေ ဖြစ်လာကြတယ်လို့ဆိုပါတယ်။

တချို့အရောင်းသမားတွေ ညည်းတာ ကြားဖူးပါတယ်။ ထုတ်လုပ်ရေးက မကောင်းလို့၊ ဘယ်ဌာနက ဘယ်လိုဖြစ်လို့ စတဲ့ အကြောင်းပြချက်တွေပေးပြီး အပြစ်လွဲချနေတတ်ကြပါတယ်။ အရောင်းသမားဖြစ်လာရင် ရောင်းချရေးက ကိုယ့်အလုပ်ဖြစ်ပါတယ်။ ကိုယ့်အလုပ်ဖြစ်အောင်လုပ်ရမယ့် အလုပ်တွေအကုန်လုံးကို တာဝန်ယူစိတ်နဲ့ ပြီးမြောက်အောင်မြင်အောင်လုပ်ဖို့အချိန်တိုင်းကြိုးစားပါ။

ဘာကြောင့်အရောင်းတွေမတိုးရတယ်လို့ညည်းညူနေမယ့်အစား ကိုယ်လုပ်သင့်တဲ့အလုပ် လုပ်မယ်လို့စီစဉ်ထားတဲ့ အလုပ်တွေကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ခြင်းက မိတ်ဆွေ အရောင်းကို တိုးတက်လာစေမှာပါ။

၅) အာရုံစူးစိုက်မှု ရှိခြင်:

ရောင်းသာ ရောင်းချင်ကြတာ စိတ်က ဟိုရောက်ဒီရောက်ကလဲ အများသားလား။ ကိုယ့်အလုပ်ကို အာရုံစိုက်ပါ။ စိတ်နှစ်ပြီးလုပ်တဲ့ အကျင့်ကို မွေးမြူပါ။ မနက်ရုံးရောက်ရင် ဖင်လှည့်ခေါင်းလှည့် လုပ်၊ ကော်ဖီသောက်၊ အိမ်သာသွား၊ ဟိုလျှောက်ဒီလျှောက်လုပ်၊ ဖုန်းပွတ်၊ အလုပ်ခုံရောက်တော့ အီးမေးလ် ပြန်ရင်း တခြား ဆိုဒ်တွေ တဒါဇင်လောက်ဖွင့်ထား၊ ဖုန်းက တတောင်တောင်နဲ့ Noti တွေတက်၊ ၁၁ ကျော်လောက်လဲ ကျရော ဘယ်သူနဲ့ထမင်းအတူထွက်စားမလဲ လိုက်ရှာ၊ ထမင်းစားနား၊ ပြန်ရောက် အိမ်သာသွား၊ အလုပ်ခုံပြန်ထိုင်၊ ဟိုလုပ်ဒီလုပ်တွေ လုပ်၊ သုံးနာရီလောက်ကျတော့ ကော်ဖီသောက်ဖို့ပြင် အလုပ်ခနပြန်လုပ် လေးနာရီကျော် လောက်ကျတော့ပြန်ဖို့ နာရီကြည့် ပြီးတော့ ရုံးဆင်း။ လလဲကုန်ရော အရောင်းရည်မှန်းချက်တွေ မရတော့ အပေါ်မှာပြောခဲ့သလိုဘဲ ဘယ်သူ့ကို အပြစ်တင်ရမလဲရှာ ပြီး မရောင်းရဘူး၊ ဈေးတွေက ယှဉ်ပြိုင်မှုမရှိလို့။ ထုတ်ကုန်တွေက မကောင်းလို့၊ ဖောက်သည်တွေက ဂျီး (ချေး)များလာလို့ စသည်ဖြင့်ပြော။

ဒီတိုင်းဆိုရင်တော့ ဘယ်လိုမှ ရလာဒ်ကောင်းတဲ့ အရောင်သမားကောင်းဖြစ်လာမှာ မဟုတ်ပါဘူး။ သေချာပါတယ်။ ကိုယ့်အလုပ်ကို အာရုံစိုက်လုပ်တတ်တဲ့ အကျင့်ကိုမွေးပါ။ ကိုယ့်အလုပ်ကို အနှောင့်အယှက်ပေးတတ်တဲ့ အရာတွေကို သိအောင်လုပ်ပါ။ ပြီးရင် ရအောင်ရှောင်ဖို့ကြိုးစားပါ။ အရောင်းသမားတွေရဲ့ အလုပ်ချိန်က ပုံမှန် ၈ နာရီဆိုပေမယ့် တကယ် အရောင်းအတွက် အလုပ်လုပ်တဲ့ အချိန်က သုံးလေး နာရီသာ ရှိကြတယ်လို့ဆိုပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ လုပ်ရပ်တွေကို သေချာ သတိပြုပါ။ ကိုယ့်အချိန်တွေကို ဖြုန်းတီးမယ့်၊ အာရုံများစေမယ့် အရာတွေကို တတ်နိူင်သမျှရှောင်ဖို့ကြိုးစားပါ။ အာရုံစိုက်ပါ။ ဒါဆို ရောင်းအားတိုးလာမှာပါ။

မိတ်ဆွေက ရလာဒ်ကောင်းတဲ့ အရောင်းသမားတစ်ယောက် ဖြစ်ဖို့အတွက် ဆိုရင် အရောင်းသမားကောင်းတွေမှာ ရှိတဲ့ အကျင့်တွေကို မွေးမြူဖို့လိုပါတယ်။

အလုပ်ကို အာရုံစိုက်ပါ။ ကျင့်ဝတ်ရှိတဲ့ အရောင်းသမားဖြစ်ပါစေ။ လုပ်ငန်းအတွက်ကော ဝယ်သူအတွက်ပါ စိတ်ကောင်းစေတနာကောင်း ထားပြီး စိတ်အားထက်သန်မှု ရှိပါ။ အရောင်းအတွက် စီစဉ်ထားတဲ့အတိုင်း ရအောင် လုပ်ဆောင်ပါ။ ဒါတွေအားလုံးဖြစ်လာဖို့အတွက် စည်းကမ်းရှိပါ။ ဒါဆို သေချာပေါက် ရလာဒ်ကောင်းတဲ့ အရောင်းသမား ဖြစ်လာမှာ ဖြစ်ပါတယ်။

မေးစရာရှိရင်၊ ပြောစရာရှိရင်၊ ထပ်ဖြည့်စေချင်တာရှိရင် ကွန်မန့်မှာရေးခဲ့ပါ။ တခြားသူတွေအတွက်လိုမယ်ထင်ရင် ရှဲလိုက်ပါ။

ကျွန်တော်တို့ Better Version ကနေ Better Sales Strategist အွန်လိုင်းသင်တန်းဖွင့်ပါတယ်။

ဒီသင်တန်းမှာ ရလာဒ်ကောင်းပြီး အောင်မြင်တဲ့ အရောင်းမန်နေဂျာတစ်ယောက်မှာ ရှိရမယ့် တာဝန်တွေ၊ အပြောင်းအလဲ မြန်လွန်းတဲ့ စီးပွားရေး အခင်းအကျင်းထဲမှာ အရောင်းမန်နေဂျာ တစ်ယောက်အနေ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတွေပါဝင်မှာဖြစ်ပါတယ်။

ဒါအပြင် မှန်ကန် ထိရောက်တဲ့ အရောင်းပိုင်း မဟာဗျူဟာ ချမှတ်ဖို့အတွက် လိုအပ်တဲ့ ဈေးကွက်သဘောတရားတွေကို ရှင်းရှင်းရှင်းလင်းလင်း သိသွားမယ်။ အရောင်းမဟာဗျူဟာမချခင် မဖြစ်မနေလေ့လာသုံးသပ်ရမယ့် အချက်အလက်တွေသိသွားမယ်။
စရိတ်သက်သာပြီး အသုံးဝင်မယ့် အရောင်းပိုင်း ဗျူဟာတွေကို လက်တွေ့ လုပ်ဆောင်နိုင်သွားမယ်။ ကိုယ့်ကုန်ပစ္စည်းအတွက် မှန်ကန်တဲ့ စျေးကွက်နဲ့ စျေးနှုန်းသတ်မှတ်နည်းတွေ၊ ဖြန့်ဖြူး ရောင်းချနည်းတွေသိသွားမယ်၊ မှန်ကန်တဲ့ “Promotion” နည်းတွေသိသွားမယ်။ ကိုယ့်လုပ်ငန်းအတွက် အရေးကြီးတဲ့ ဝယ်သူ၊ ဖောက်သည်တွေ သူများဆီမရောက်သွားအောင် ရေရှည် ဆက်ဆံရေး တည်ဆောက်နိုင်သွားမယ်။

ဒီသင်တန်းကိုတော့

ကိုယ်ပိုင်လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကိုယ့်လုပ်ငန်းကို ဦးဆောင်နေရတဲ့သူတွေ၊

ကိုယ့်လုပ်ငန်းက အရောင်းမန်နေဂျာတွေကို အရည်အချင်းမြှင့်တင်ဖို့အတွက် သင်တန်းလိုအပ်နေသူတွေ၊

ဒါမှမဟုတ် အရောင်းကြီးကြပ် (Sales Supervisor) ၊ အရောင်းမန်နေဂျာ ( Sales Manager) ဖြစ်ဖို့ကြိုးစားနေတဲ့သူတွေ

လက်ရှိအရောင်းမန်နေဂျာ၊ အရောင်းကြီးကြပ်သူ တစ်ယောက်အနေနဲ့ စနစ်တကျ လေ့လာပြီး ပိုအောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့သူတွေ အတွက် ဖြစ်ပါတယ်။

သင်တန်းအသေးစိတ်ကို မက်ဆေ့ သို့မဟုတ် ဖုန်း 09 424 638 38 , 09 420 065 267 သို့ဆက်သွယ်နိုင်ပါတယ်။

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
Sales Techniques - E book

သင့်ရောင်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပါတဲ့ E-book ကို FREE (အခမဲ့) ရယူပါ။

ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ခုဖြစ်တဲ့ “Wolf Of Wall Street” ရဲ့ ပဲ့ကိုင်ရှင် Jorden Belford ရဲ့ အရောင်းပညာရပ်တွေကို ဖတ်ရှုလေ့လာ သင့်လုပ်ငန်းမှာကျင့်သုံးနိုင်ပါတယ်။