Buyer Persona (သို့မဟုတ်) သင်ရောင်းချင်တဲ့ဝယ်သူပုံစံတစ်ခု ဘယ်လိုဖန်တီးမလဲ။
August 13, 2021 2021-08-13 11:29Buyer Persona (သို့မဟုတ်) သင်ရောင်းချင်တဲ့ဝယ်သူပုံစံတစ်ခု ဘယ်လိုဖန်တီးမလဲ။

Buyer Persona (သို့မဟုတ်) သင်ရောင်းချင်တဲ့ဝယ်သူပုံစံတစ်ခု ဘယ်လိုဖန်တီးမလဲ။
Buyer Persona ဆိုတာဘာလဲ။
သင်ရောင်းချင်တဲ့ စိတ်ကူးထဲက ဝယ်သူပုံစံကို အချက်အလက် (data) တွေ၊ လေ့လာသုံးသပ်ချက် (research) တွေပေါ်အခြေခံပြီး ဖန်တီးခြင်းဖြစ်ပါတယ်။ ဝယ်သူကို နားလည်အောင် ကြိုးစားခြင်းပေါ့။
ဘာ့ကြောင့် Buyer Persona က အရေးကြီးတာလဲ။
သင်ရဲ့ ကုန်ပစ္စည်းကို ဘယ်လိုလူမျိုးတွေကို ရောင်းချင်တာလဲ၊ သူတို့ရဲ့ လိုအပ်ချက်၊ လိုအင်ကဘာလဲ ဆိုတာသိမယ်ဆိုရင် သူတို့ရဲ့ စိတ်ဝင်စားမှုကိုရဖို့ သင်ဘာတွေ လုပ်ရမလဲ ဆိုတာကို နားလည် သွားတာပေါ့။ ဒါဆို သူတို့ သိချင်မယ့် အကြောင်းအရာတွကို ပိုပြောနိုင်တဲ့အခါ ဈေးရောင်းရတာ ပိုလွယ်ကူမှာဖြစ်ပါတယ်။ ပြီးရင် သူတို့ စိတ်ကျေနပ်မှုရစေတဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်သလို၊ မားကတ်တင်းလုပ်ရတာလည်း ပိုထိရောက်သွားမှာပါ။
Buyer Persona ဘယ်နှမျိုးလောက်ရှိလဲ။
ပထမဆုံး သင့်လုပ်ငန်းရဲ့ target customer ကဘယ်နှမျိုးလောက်ရှိလဲ ဆိုတာကို စဉ်စားရမှာ ဖြစ်ပါတယ်။ target customer group တစ်ခုချင်းစီအတွက် Persona တစ်ခုချင်းစီ ဖန်တီးသွားလို့ ရပါတယ်။
ဥပမာ_ကျွန်တော်တို့ Better Version ရဲ့ target customer တွေထဲမှာ အရောင်းသမား (salesman) တွေ၊ အရောင်းမန်နေဂျာတွေ၊ ကိုယ်ပိုင်စီးပွားရေးဦးဆောင်နေသူ (business owners) တွေပါတယ် ဆိုပါစို့။ ဒါဆိုရင် အရောင်းသမား (salesman) တွေအတွက် တစ်ခု၊ အရောင်းမန်နေဂျာတွေအတွက် တစ်ခု ကိုယ်ပိုင်စီးပွားရေး ဦးဆောင်နေသူ (business owners) တွေအတွက် တစ်ခုဆိုပြီး Buyer Persona ၃ ခုဖန်တီး လိုက်လို့ရပါတယ်။ သင့်လုပ်ငန်းအနေအထားနဲ့ သင်ရောင်းတဲ့ ကုန်ပစ္စည်းပေါ်မူတည်ပြီး ၁ ခု ၂ ကနေ ၅ ခု အခု ၁၀ အထိ ဖန်တီးသွား လို့ရပါတယ်။
ဘယ်လို ဖန်တီးမလဲ။
ဈေးကွက်ကို လေ့လာမယ်။ စစ်တမ်း (survey) တွေကောက်မယ်။ ဝယ်သူတွေနဲ့ တိုက်ရိုက်ထိိတွေ့ နေရတာဖြစ်တဲ့ သင့်အရောင်းသမားတွေ ပြောတဲ့အချက်အလက်တွေကို နားထောင်မယ်။ သင့်လုပ်ငန်းရဲ့ target customer တွေထဲက အချို့ကို သေချာရွေးပြီး အင်တာဗျူးလုပ်မယ် စသည်ဖြင့် ဒါတွေကနေတစ်ဆင့် ရတဲ့ အချက်အလက်တွေ အားလုံးပေါင်းပြီး Buyer Persona တွေ ဖန်တီးလို့ရပါတယ်။
ဘာတွေမေးမလဲ၊ ဘယ်အချက်တွေ သိရအောင် လုပ်မလဲ။
သင့်လုပ်ငန်း၊ ရောင်းတဲ့ ကုန်ပစ္စည်းအနေအထားအရ ဘယ်အချက်တွေရရင် အရောင်း၊ မားကတ်တင်းမှာ ပိုအထောက်အကူဖြစ်မှာလဲ ဆိုတာပေါ်မူတည်ပါတယ်။
ဥပမာ အနေနဲ့ ပြောရရင်
ကျွန်တော်တို့ Better Version မှာဆိုရင် အရောင်းပိုင်း၊ မားကတ်တင်းပိုင်း အွန်လိုင်း သင်တန်းတွေရှိပါတယ်။ ကျွန်တော်တို့ ရဲ့ target customer တွေ ထဲမှာ အရောင်းသမား (salesman) တွေ၊ အရောင်းမန်နေဂျာတွေ၊ ကိုယ်ပိုင်စီးပွားရေးဦးဆောင်နေသူ (business owners) တွေပါတယ် ဆိုပါစို့။ ဒီတော့ ကျွန်တော်တို့က Buyer Persona ဝယ်သူ ဇာတ်ကောင် ၃ မျိုး ဖန်တီးထားပါတယ်။ ပထမဆုံး အနေနဲ့ အရောင်းသမား (salesman) တွေအတွက်။ ပြီးရင် ကျွန်တော်တို့ လုပ်ငန်းအတွက် အထောက်အကူ ပြုမယ့် အချက်တွေဖြစ်တဲ့
- အရောင်းသမားတစ်ယောက် ရဲ့ စိတ်ဝင်စားမှုနဲ့ အသက်အရွယ်အပိုင်းအခြား
- သူကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊
- အလုပ်မှာ သူဖြစ်ချင်တဲ့ ဆန္ဒ၊
- သူ့ရဲ့ တစ်လ ပျမ်းမျှဝင်ငွေ၊ (ဒီအချက်က ဈေးနှုန်းသတ်မှတ်တဲ့ အပိုင်းမှာ အများကြီး အထောက် အကူဖြစ်ပါတယ်)
- သူရဲ့ အကြောက်တရား (ဥပမာ_အလုပ်ပြုတ်မှာ၊ ရာထူးမတိုးမှာ၊ ဝယ်သူတွေရဲ့ complain တွေ၊ ရောင်းအားတွေကျမှာ ဆိုတာမျိုး တွေ ဖြစ်ပါတယ်)
- သူတာဝန်ယူထားရတဲ့ အလုပ်တွေ၊
- သူအသုံးများတဲ့ social media (Facebook, instagram, linkedin,etc…)
စတာတွေကို စစ်တမ်းတွေကောက်တာ၊ ဈေးကွက်လေ့လာတာတွေ၊ အရောင်းသမားတွေကို အင်တာဗျူးတွေ လုပ်ပြီး အဖြစ်နိုင်ဆုံးကို သုံးသပ်ပြီး ရေးထားလိုက်ပါတယ်။ ဒီလိိုပဲ အရောင်းမန်နေဂျာတွေ၊ ကိုယ်ပိုင်စီးပွားရေးဦးဆောင်နေသူ (business owners) တွေအတွက်လည်း Buyer Persona တွေကို ဖန်တီးထားပါတယ်။
ဒီနေရာမှာ အရောင်းသမားတစ်ယောက်နဲ့၊ အရောင်းမန်နေဂျာ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုက မတူသလို၊ သူတို့ တွေ့ကြုံနေရတဲ့ အခက်အခဲ၊ ဖြစ်ချင်တဲ့ ဆန္ဒတွေ ကလည်းမတူပါဘူး။ ဒီလို Buyer Persona ဝယ်သူ ဇာတ်ကောင်လေးတွေ ဖန်တီးထားတဲ့အခါ ကြတော့ ကျွန်တော်တို့ Content Marketing အတွက် blog တွေ၊ ကြော်ငြာတွေ စဉ််းစားတဲ့အခါ အားလုံးအတွက် တစ်ပုံစံထဲရေးမယ့်အစား ဒီ blog/ ကြော်ငြာ ကတော့ အရောင်းသမားတွေအတွက်၊ ဒါကတော့ အရောင်းမန်နေဂျာတွေအတွက် ဆိုပြီး ခွဲပြီး Ads တွေ ဖန်တီးလို့ရသွားတာပေါ့။
ပြီးရင် Ads တစ်ခုဆီမှာ သူတို့ရဲ့ မတူညီတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေ ကို ကျွန်တော်တို့ သင်တန်းက ဘယ်လို ကူညီ ဖြေရှင်း ပေးနိုင်ပါတယ် ဆိုတဲ့ မက်ဆေ့ မျိုးပေးလို့ရသွားမှာ ဖြစ်ပါတယ်။ အရောင်းပိုင်းမှာလည်း ဒီလိုပါပဲ။ သူတို့ သိချင်တဲ့အချက်ကို ပိုပြောနိုင်သွားတာပေါ့။ ဒါဆိုရင် သူ့တို့ရဲ့ စိတ်ဝင်စားမှုကိုပိုရပြီး၊ သူတို့ Better Version မှာ သင်တန်းတက်ဖို့ ဆုံဖြတ်ချက် ချတဲ့ ရာခိုင်နှုန်း ပိုများသွားပြီ ဖြစ်ပါတယ်။
ဒါ့ကြောင့် သင်လည်း သင့်လုပ်ငန်းအတွက် Buyer Persona ဖန်တီးကြည့်ပါ။ သင့်ဝယ်သူအကြောင်း ပိုနားလည်သွားပြီး အရောင်းပိုင်း၊ မားကတ်တင်းပိုင်းအတွက် အများကြီး အထောက် အကူ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ချက်က ဒီလိုမျိုး Buyer Persona ဆိုတာ တစ်ခါထဲ ဖန်တီးလိုက်ရုံနဲ့ ပြီးသွားတဲ့အရာမျိုး မဟုတ်ပါဘူး။
ပြောင်းလဲနေတဲ့ ဈေးကွက် အနေအထားအရ ဝယ်သူတွေရဲ့ လိုအပ်ချက်၊ လိုအင်တွေကလည်း အမြဲ ပြောင်းလဲနေတဲ့အတွက် ဒါတွေကို သင်ကလည်းအမြဲတမ်း update ဖြစ်နေအောင် လုပ်နေရမှာပါ။
ဒီလို လုပ်ခြင်းအားဖြင့် သင့်အရောင်း၊ မားတက်တင်း၊ ဝယ်သူဝန်ဆောင်မှု (customer service) ပေးတဲ့အပိုင်းတွေမှာ ထိရောက်မှုရှိအောင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေကိုပြင်ဆင်သင့်လဲဆိုတာကို ပိုမို နားလည်သွားမှာ ဖြစ်ပါတယ်။
#betterversion #makeyourprogress #morethanyouthink #buyerpersona
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။