Blog

အရောင်းသမားတိုင်းရှိရမယ့်စိတ်နေသဘောထား

26
Sales

အရောင်းသမားတိုင်းရှိရမယ့်စိတ်နေသဘောထား

ကျွန်တော်တို့ Page မှာ လာမေးလေ့ရှိတာကတော့ အရောင်းသမားတစ်ယောက် အနေနဲ့ အခုမှ စမှာပါ။
ဒါကြောင့် ဘာတွေလိုအပ်သလဲ ဆိုပြီး မေးလာတွေရှိပါတယ်။

ကျွန်တော့်အထင် နှစ်ပိုင်းခွဲကြည့်ရမယ်။ တစ်ခုကတော့ စိတ်နေသဘောထားပိုင်း နဲ့ နောက်တစ်ခုကတော့ ဈေးကွက်၊ လုပ်ငန်းပိုင်းနဲ့ ဆိုင်တဲ့ နည်းပညာ၊ ဗဟုသုတအပိုင်းဆိုပြီး ခွဲနိုင်မယ်။

အခု ကျွန်တော် ပြောပြချင်တာကတော့ စိတ်နေသဘောပိုင်းဖြစ်ပါတယ်။

အရောင်းသမားကောင်းဖြစ်ဖို့ဆိုရင်

၁) ကိုယ်ချင်းစာစိတ် နဲ့ လူတွေအပေါ်မှာ တကယ်ဘဲ စိတ်ဝင်တစား ရှိတဲ့ စိတ်

ရောင်းတယ်ဆိုတာ တဖက်လူရဲ့ ပြသနာ၊ အခက်အခဲ၊ လိုအင်၊ လိုအပ်မှုကို ဖြည့်ဆည်းပေးရတာမျိုး ဖြစ်တယ်။

အဲဒါကြောင့် ဝယ်သူရဲ့ ရှုထောင့်ကနေ ကြည့်တတ်ဖို့လိုမယ်။ သူဘယ်လို ခံစားနေရမလဲ။ ဘယ်လို အခက်အခဲတွေ ဖြစ်နေမလဲ။

သူတို့အတွက် ကိုယ်က ဘာလေးတွေများ ပိုအဆင်ပြေသွားအောင် လုပ်ပေးနိုင်မလဲ။ စသည်ဖြင့် ဝယ်သူဘက်နေတွေပေးတတ်တာမျိုး ရှိရမယ်။

ဒီနေရာမှာ ကိုယ်ချင်းစာစိတ်ကို ကျွန်တော်က ဝယ်သူကို ဦးတည်ပြီး ဥပမာ ပေးတာ ဖြစ်ပေမယ့် တကယ်တော့ ကိုယ်ချင်းစာစိတ်ကို ကိုယ်နဲ့ အတူ လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အပေါ်အောက် နှစ်ဘက်စလုံး ကိုလဲကိုယ်ချင်းစာစိတ်နဲ့ မြင်တတ်ဖို့ လိုတယ်။ ဒါမှ ပူးပေါင်း ဆောင်ရွက်တဲ့ ကိစ္စတွေမှာ ပိုပြီး အောင်မြင်မှာပေါ့။

၂) ပြောဆို ဆက်ဆံရေး ကောင်းမွန်မှု

နောက်တစ်ခုက ပြောဆို ဆက်ဆံရေး။ ဒီနေရာမှာ နှစ်ခု ပါတယ်။ နားထောင်တာရယ်။ ပြောဆိုတင်ပြတာရယ်။

နားထောင်တတ်ဖို့ဆိုတာ အပေါ်က ကိုယ်ချင်းစာစိတ်နဲ့ လဲပြန်ချိတ်လို့ ရနိုင်သေးတယ်။ ဝယ်သူပြောနေရင် ပြန်ပြောဖို့ နားထောင်မိနေတာမျိုး၊ စိတ်က တခြားနေရာ ရောက်နေတာမျိုးစတာတွေ မလုပ်သင့်ဘူး။ ဖောက်သည်က ပြောနေရင် သူတစ်ယောက်တည်းကိုဘဲ အာရုံစိုက်နားထောင်တတ်တာမျိုး လေ့ကျင့်ထားသင့်တယ်။

ပြောဆိုတင်ပြတဲ့ အပိုင်းကောင်းမွန်ဖို့ဆိုရင် နားထောင်တတ်ဖို့ကပါလာပြန်ရော၊ ဝယ်သူ၊ဖောက်သည် ပြောတာကို သေချာ နားထောင်ထားမှဘဲ သူ့လိုအပ်ချက် နဲ့ ကိုက်တဲ့ တင်ပြပြောဆိုတာမျိုး လုပ်နိုင်ပေါ့။ နောက်တစ်ခုက အလွတ်ကျက်ပြီး ပြန်ပြောတတ်တာမျိုးထက်၊ သေချာနားထောင်ထားပြီး လိုအပ်တာကိုဘဲ ထိထိရောက်ရောက် ပြောဆို တင်ပြနိုင်ဖို့လဲ လိုသေးတယ်။

၃) ဆုံးဖြတ်ချက် ခိုင်မာတဲ့ စိတ်

အရောင်းသမား ဖြစ်လာရင် သေချာပေါက်တွဲပါလာမှာ Sales Target ဘဲ။ အဲဒီတော့ အရောင်းသမားကောင်း ဖြစ်ချင်ရင် စိတ်ဆုံးဖြတ်ချက် ခိုင်မာဖို့လိုတယ်။

ကိုယ့်အတွက်၊ ကိုယ့်အရောင်းအဖွဲ့အတွက် ချမှတ်ထားတဲ့ Target တွေကို မရရအောင် ကြိုးစားမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုဟာလဲ အရေးပါတယ်။ ဒီနေ့ စိတ်က တစ်မျိုး၊ နောက်နေ့ကျ တစ်မျိုး နဲ့ ဝေဝါးနေလို့ မရဘူး။

၄) စည်းကမ်းရှိခြင်း

ဆုံးဖြတ်ချက်ချပြီးရင် ရလာဒ်ကောင်းရဖို့အတွက်ဆို နောက်မှာ လိုက်လာတာ စည်းကမ်းဘဲ။ စည်းကမ်းဟာ လူတစ်ယောက် ဘယ်လောက်ထိ ရလာဒ်ကောင်းရမလဲ။ အောင်မြင်မလဲ ဆိုတာကို တော်တော်လေး စကားပြောတယ်။

ဒီနေ့ ပြီးအောင် လုပ်ရမယ့် အလုပ်ကို လုပ်မယ်ပြောပြီး ပြီးအောင်လုပ်တာမျိုး။ ဝယ်သူနဲ့ ပတ်သက်ပြီး လုပ်သင့်လုပ်ထိုက်တာတွေကို စည်းနဲ့ ကမ်းနဲ့ လုပ်တတ်ဖို့ လိုပါတယ်။

နောက်ပြီးအဖွဲ့အစည်းနဲ့ လုပ်တာမျိုး ဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းက ချမှတ်ထားတဲ့ စည်းကမ်းတွေလဲ လိုက်နာရမှာပေါ့။

၅) ပြန်လည် နိုးထနိုင်တဲ့ စိတ်ရှိခြင်း

စိတ်ဓာတ်ကျရတဲ့ အချိန်တွေ ကြုံလိမ့်မယ်။ ထင်သလောက် မရောင်းရတာ၊ ဝယ်သူက ရစ်တာ။ ကိုယ့်အဖွဲ့ထဲက လူတွေထဲမှာ အဆင်ပြေမနေတဲ့ လူတွေနဲ့ ပေါင်းပြီး လုပ်နေရတာ။ စသည်ဖြင့် ဘာမှ မလုပ်ချင်တော့လောက်အောင် ဖြစ်တဲ့ အချိန်တွေ ကြုံရလိမ့်မယ်။

အဲလို အချိန်မျိုးတွေ ကြုံနေရပြီဆိုရင်လဲ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည် တည့်မတ်ပြီး ပြန်လည် နိုးထ နိုင်တဲ့ စိတ်လိုပါတယ်။

တခါတလေမှာ ကိုယ့် မိတ်ဆွေ၊ သူငယ်ချင်း၊ လုပ်ဖော်ကိုက်ဖက်တွေ၊ အပေါ်က မန်နေဂျာတွေ၊ စသည်ဖြင့် တခြားလူတွေဆီကနေ ဖေးမမှု၊ အားပေးမှု ရယူနိုင်လိမ့်မယ်။

ဒါပေမယ့် အချိန်တိုင်း အဲလိုဖြစ်နေရင်တော့ သူတို့ အတွက်ပါ ဝန်ထုပ်ဝန်ပိုးလိုမျိုး ခံစားရလာရင် ကိုယ့်အတွက် မကောင်းဘူးပေါ့။ ဒါကြောင့် ကိုယ်တိုင် ပြန်လည်နိုးထနိုင်တဲ့ စိတ်ရှိဖို့လဲလိုပါတယ်။

အရောင်းပိုင်းဆိုင်ရာ နဲ့ ပတ်သက်တဲ့ သင်တန်းများ စုံစမ်းလိုရင် ၀၉၄၂၄၆၃၈၃၈၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

#MakeYourProgress
#BetterVersion
#SalesMasterySeries

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ