Blog

အရောင်းသမားတွေကို ဘာကြောင့် sales training တွေပေးသင့်တာလဲ။

5
Business / Leadership

အရောင်းသမားတွေကို ဘာကြောင့် sales training တွေပေးသင့်တာလဲ။

တိုက်စစ်မှုးတွေကို အင်အားဖြည့်ဆည်းပေးပါ။ အရောင်းသမားတွေကို ဘာကြောင့် sales training တွေပေးသင့်တာလဲ။ 

အရောင်းမန်နေဂျာတွေ၊ ဦးဆောင်နေသူတွေ၊ HR ကမန်နေဂျာတွေ ကိုတိုက်တွန်းကြပါတယ်။ မိမိတို့အရောင်းသမားတွေကို sales ပိုင်းနဲ့ပတ်သက်ပြီးတိုးတက်အောင် training တွေပေးကြဖို့လိုပါတယ်။  

ဒီလို လုပ်ပေးမယ်ဆိုရင် ပထမဆုံးကတော့ training cost ကုန်ကျမယ်။ ဒါဆိုဒီလို training တွေ‌ပေးလိုက်ခြင်း အားဖြင့်ဘယ်လိုမျိုး အကျိုးရလဒ်ကောင်း တွေရနိုင်မလဲ။

၁) ကုန်ကျစရိတ်သက်သာသွားမယ်။

အရောင်းပိုင်းကို ပိုပြီးကျွမ်းကျင်လာတာနဲ့ အမျှ စီမံခန့်ခွဲနိုင်မှုလည်း တိုးတက်လာမယ်။ ဒီတော့ မိမိရဲ့ အချိန်၊ လုပ်ရမယ့် တာဝန်တွေ၊ ဝယ်သူတွေနဲ့ သွားတွေ့ ရမယ်ဆိုလည်း လမ်းကြောင်းတွေ စသည်ဖြင့် အသေးစိတ်ကို သေချာ အစီအစဉ်ချတတ်လာတာနဲ့အမျှ စရိတ်စက ပိုပြီး သက်သာလာစေပါတယ်။ အစီအစဉ်မလုပ်တတ်ဘဲ စိတ်ကူးပေါ်သလို လုပ်နေတာမျိုးထက် ပိုပြီး ကုန်ကျစရိတ်တွေ သက်သာသွားမယ်ဆိုတာကတော့ အသေအချာပါပဲ။ 

 ၂) ဝယ်သူတွေရဲ့ complaints တွေနည်းလာမယ်။

ဝယ်သူတွေရဲ့ လိုအပ်ချက်၊ လိုအင်ကို သိအောင်လုပ်ပြီး မိမိကုန်ပစ္စည်းရဲ့ ပါ၀င်တဲ့ အင်္ဂါရပ်( feature),  ဒီ အင်္ဂါရပ်ကြောင့်ရမယ့် အကျိုးရလဒ် (benefit) ကို မြင်အောင်ပြောပြီး ရောင်းတတ်လာမယ်။ ဝန်ဆောင်မှု ကောင်းကောင်းပေးဖို့ လိုတဲ့အချက်တွေကို ကောင်းကောင်းနားလည်သွားတဲ့အခါကြတော့ ဝယ်သူနဲ့ရောင်းသူကြားက နားလည်မှု လွှဲခြင်းဆိုတဲ့ အချက်တွေနည်းလာပြီး complaints တွေနည်းလာတာပေါ့။

၃) အလုပ်အပေါ်ပိုပြီးစိတ်ကျေနပ်မှုတိုးလာမယ်။

အသစ်အသစ်တွေကို အမြဲတမ်းလေ့လာဖို့ အခွင့်အရေးရနေတဲ့အခါ ကြတော့ အလုပ်လုပ်ရတာ ပိုပြီး စိတ်ဝင်စားမှုရှိလာမယ်။ စိတ်ဝင်တစားရှိတဲ့အခါပြတော့ ရလဒ်ကောင်းတွေရလာမယ်။ အလုပ်မှာ ပိုပျော်လာမယ်။ ဒီတော့ ဝန်ထမ်း ရေရှည် အမြဲဘူးဆိုတဲ့ ပြဿနာကိုပါ ဖြေရှင်းပြီးသားဖြစ်သွားတာပေါ့။

၄) ရောင်းအားမြင့်လာပြီး အမြတ်ပိုတိုးလာမယ်။

အရောင်းသမားတွေအနေနဲ့ ဝယ်သူကို ဘယ်လိုပြောရောင်းရမလဲ၊ ရေရှည်မိမိဆီကပဲ ဝယ်အောင် ဘယ်လိုမျိုးနည်းလမ်းတွေသုံးလို့ရနိုင်မလဲ၊ အချိန်တိုအတွင်း ဘယ်လိုနည်းလမ်းတွေနဲ့ အရောင်းပိတ်နိုင်မလဲ၊ စတဲ့ အရောင်းပိုင်းဗျူဟာတွေကို ကျွမ်းကျင်နေပြီး လက်တွေ့ အသုံးချနိုင်ခြင်းရဲ့  ရလဒ်ကတော့ အရောင်းတွေ တက်လာခြင်းပါပဲ။ အလုပ်လုပ်နိုင်စွမ်းပါတက်လာတော့ profit တိုးလာတာပေါ့။

 ဒါ့ကြောင့် အရောင်းပိုင်းကို ဦးဆောင်နေသူတွေ အနေနဲ့ မိမိတို့အရောင်းသမားတွေကို လိုအပ်တဲ့ sales training တွေပေးဖို့လိုတာဖြစ်ပါတယ်။

ဒါမှပဲ ရေရှည်အတွက်၊ မိမိလုပ်ငန်း၊ အဖွဲ့အစည်းအတွက် ရောင်းအားကောင်း၊ ရလဒ်ကောင်းတဲ့ အရောင်းသမားတွေကို ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ