Blog

ရောင်းအားတက်လာစေနိုင်တဲ့ နည်းလမ်း (၇)ခု

Website Blog _ ရောင်းအားတက်လာစေနိုင်တဲ့ နည်းလမ်း (၇) ခု
Business / Sales

ရောင်းအားတက်လာစေနိုင်တဲ့ နည်းလမ်း (၇)ခု

ရောင်းအားတက်လာစေနိုင်တဲ့ အချက် (၇)ချက် 

ကျွန်တော်တို့ တွေဟာ ကိုယ်ရောင်းတဲ့ပစ္စည်းကိုများများရောင်းချင်တယ် ကုမ္ပဏီအနေနဲ့ဆိုရင်လည်း ရောင်းအားများများတက်ချင်ကျပါတယ်။ 

ဟုတ်ပါတယ် တကယ်တော့ အရောင်းဆိုတာ ကုမ္ပဏီရဲ့ အရေးကြီးတဲ့ အခန်း ကဏ္ဍ  တစ်ခုဖြစ်ပါတယ်။ ရောင်းအားများများတက်လာမှ အလုပ်အကိုင်များများဖန်တီးနိုင်မယ် လုပ်ငန်းများများချဲ့နိုင်မယ် ၀န်ထမ်းတွေကိုလည်း ပိုမိုကောင်းမွန်တဲ့ ခံစားခွင့်တွေပေးနိုင်မယ်အစရှိတာတွေပေါ့။ 

ဒါဆိုရင် ကျွန်တော်တို့ ရောင်းအားတက်လာအောင်ဘာတွေလုပ်ကြမလဲဆိုတာမျိုးတွေစဥ်းစားဖို့လိုလာပါပြီ။ ရောင်းအားတက်စေတဲ့ မဟာဗျူဟာတွေကတော့ ကိုယ့်လုပ်ငန်းအမျိုးစားပေါ်မူတည် ပြီး အများကြီးရှိပါတယ်။ 

အဲ့ဒီအများကြီးထဲကနေမှ အခြေခံကျပြီး မြန်မြန်ရောင်းအားတက်စေနိုင်တဲ့ အချက် (၇) ချက်ကို လိုက်လုပ်နိုင်မယ်ဆိုရင် ရောင်းအားသိသိသာသာတက်လာစေနိုင်မှာပါ။

၁) တိကျသေချာတဲ့ ရည်ရွယ်ချက်တွေ ရည်မှန်းချက်ရှိပါ 

ရောင်းအားတက်ချင်တယ် ဒါပေမယ့်လက်ရှိအရောင်းရဲ့ ဘယ်လောက်ရာခိုင်နှုန်း၊ ဘယ်အချိန်အတွင်းမှာ ရောင်းအားတက်ချင်တာလဲ ဆိုတဲ့ တိကျသေချာတဲ့ ရည်ရွယ်ချက် ရည်မှန်းချက်မရှိဘူးဆိုရင် 

ကျွန်တော်တို့လိုချင်တဲ့ ရောင်းအား၊ ရလာဒ်ရလာမှာမဟုတ်ပါဘူး။ အဲ့ဒီကြောင့် ရောင်းအားတက်ချင်တယ်ဆိုရင် ငါလက်ရှိရောင်းနေတဲ့ အရောင်းရဲ့ ဘယ်နှရာခိုင်နှုန်းတက်ချင်တယ် ဘယ်လအတွင်းမှာ မျှော်မှန်းထားတဲ့ရောင်းအားရရမယ်ဆိုတဲ့ တိကျသေချာတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်ထားပေးပါ။ 

၂) စျေးကွက်အသစ်များချဲ့ထွင်ပါ။

ဟုတ်ပါတယ်။ လက်ရှိ ရှိနေတဲ့အရောင်းထက်ပိုရောင်းချင်ပြီဆိုရင် ကိုယ့်မှာရှိနေတဲ့စျေးကွက်နဲ့မလုံလောက်တော့ပါဘူး။ စျေးကွက် အသစ်တွေထပ်ပြီးရှာရပါမယ်။ စျေးကွက်ရှာတဲ့နေရာမှာလည်း  ကိုယ့်ရောင်းချင်တဲ့ စျေးကွက်နဲ့  ကိုယ့်ကုန်ပစ္စည်းနဲ့ ကိုက်ညီမှုရှိမရှိ ကို အချိန်ပေးပြီးလေ့လာပါ။ 

ကိုယ်ရောင်းမယ့်စျေးကွက်ထဲမှာ ရှိနေတဲ့ ကိုယ့်ပြိုင်ဖက်တွေ၊ စျေးနှုန်းကွာခြားမှုတွေအကြောင်းလေ့လာပါ။ ပြီးမှ မှန်ကန်တဲ့နည်းလမ်းများနဲ့ စျေးကွက်ချဲ့ထွင်ပါ။ 

၃) ကိုယ့်ရဲ့ လက်ရှိဖောက်သည်၊ ၀ယ်သူများနဲ့ ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပါ။ 

လုပ်ငန်းတော်တော်များများဟာ စျေးကွက်ချဲ့ထွင်မှုကို ဦးစားပေးပေမယ့် လက်ရှိ ရှိနေတဲ့ ကိုယ့်၀ယ်သူတွေ ဖောက်သည်ဟောင်းတွေကိုမေ့နေတတ်ကြပါတယ်။ ၀ယ်သူဟောင်း  ဖောက်သည်ဟောင်း ဆိုတာ ကိုယ့်အကြောင်း၊ ကိုယ့်ကုန်ပစ္စည်းအကြောင်း၊ ကိုယ့်လုပ်ငန်းအကြောင်းသိရှိပြီး ယုံကြည်မှုရထားပြီးသားလူတွေပါ။ အဲ့ဒါကြောင့် ဖောက်သည်ဟောင်း ၀ယ်သူဟောင်းကိုရောင်းချရတာ ဖောက်သည်သစ်ထက်ပိုမိုလွယ်ကူပါတယ်။ ဒါအပြင် ၀ယ်သူအသစ် ဖောက်သည်အသစ်ရှာရတာထက်လည်း ငွေကုန်အချိန်ကုန်လည်းအများကြီးပိုသက်သာပါတယ်။

အဲ့ဒါကြောင့် လက်ရှိ၀ယ်သူ ဖောက်သည်တွေနဲ့  ပိုမိုကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ စဥ်ဆက်မပြတ်ကြိုးစားပါ။ 

၄) ကုန်ပစ္စည်းအသစ်များမိတ်ဆက်ပါ။

၀ယ်သူတွေ ဖောက်သည်တွေရဲ့ လိုအပ်ချက် လိုအင်တွေဟာ အချိန်နဲ့အမျှပြောင်းလဲနေပါတယ်။

အဲ့ဒါကြောင့်  ကိုယ့်လုပ်ငန်းအနေနဲ့လည်း ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေကို စျေးကွက်နဲ့အမှီ ပြုပြင်ပြောင်းလဲမှုတွေ အသစ်အသစ်တွေဖန်တီးနေဖို့လိုအပ်ပါတယ်။ အဲ့ဒါမှပဲ ကိုယ့်ရဲ့ဖောက်သည်တွေဟာ ကိုယ်နဲ့ အချိန်ကြာကြာလက်တွဲထားနိုင်မှာဖြစ်ပါတယ်။ 

၅) အမြည်းသုံးစွဲခွင့်နှင့် အပိုဆောင်း၀န်ဆောင်မှုများပေးပါ။

ဖောက်သည်အသစ် ၀ယ်သူအသစ်တွေဟာ ကိုယ့်ကုန်ပစ္စည်းအကြောင်း အသေးစိတ်မသိနိုင်သေးတဲ့ အချိန်မျိုးရှိနိုင်သလို ကိုယ့်ရဲ့ ၀ယ်သူအဟောင်းတွေကလည်း ကိုယ့်ကုန်ပစ္စည်းအသစ်ရှိနေမှန်းမသိသေးတတ်တာမျိုးဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ၀ယ်သူသစ် တွေနဲ့ဆက်ဆံတဲ့အခါကိုယ့်ကုန်ပစ္စည်းကို အမြည်းသုံးစွဲခွင့်ပေးလိုက်ပါ။ ဒီလိုပဲ ဖောက်သည်ဟောင်းတွေဆီကိုလည်းပစ္စည်းအသစ်လေးတွကိုပို့ပေးပြီး  အပိုဆောင်း၀န်ဆောင်မှုပေးလိုက်ပါ။ အဲ့လိုနည်းလမ်းလမ်းတွေသုံးပြီး ဖောက်သည်အသစ် ကုန်ပစ္စည်းအသစ်ရောင်းအားကိုမြှင့်တင်နိုင်ပါတယ်။ 

၆) ထပ်တိုးရောင်းချခြင်းများ ပြုလုပ်ပါ။

ထပ်တိုးရောင်းချမှုဟာ မြန်မြန်နဲ့ လွယ်လွယ်ရောင်းအားတက်စေတဲ့နည်းလမ်းတစ်ခုဖြစ်ပြီး အရောင်းသမားတိုင်း လုပ်ဆောင်သင့်တဲ့  နည်းလမ်းတစ်ခုပါပဲ။ ထပ်တိုးရောင်းချခြင်းဆိုတာကို အသေးစိတ်ရှင်းပြရရင် ကုန်ပစ္စည်းတစ်ခု၀ယ်မယ့်သူကို တွဲရက်ပစ္စည်းတစ်ခုရောင်းတာ Upselling မျိုးပါ။ ဥပမာ ကားရောင်းတယ်ဆိုရင် ကား၀ယ်ပြီးသွားတဲ့ ၀ယ်သူကို ကားနဲ့ပတ်သတ်တဲ့ အလှဆင်ပစ္စည်း၊ ကားအပိုပစ္စည်း ထပ်ပြီးရောင်းတာမျိုးကို ကျွန်တော်တို့က ထပ်တိုးရောင်းချခြင်း (upselling) လို့သတ်မှတ်လို့ရပါတယ်။ 

၇) ကျွမ်းကျင်တဲ့အရောင်းသမားများနဲ့ ဖွဲ့စည်းပါ (Train your salesman) 

ကြော်ငြာ စရိတ်တွေလည်းအများကြီးသုံးထားတယ်၊ ပရိုမိုးရှင်းတွေလည်းပေးထားပေမယ့် ရောင်းအား တက်မလာဘူးဆရာလို့ ခဏခဏ လာပြောကြပါတယ်။ အဲ့ဒါဆိုရင် ကျွန်တော်ပြန်မေးလေ့ရှိတဲ့ မေးခွန်းက အရောင်းသမားတွေကို ရောင်းဖို့အတွက် လိုအပ်တဲ့ နည်းစနစ်တွ၊ ရောင်းချပုံတွေ အရောင်းပိတ်နည်းတွေ သင်ပေးရဲ့လားဆိုတဲ့မေးခွန်းပါပဲ။ 

ကိုယ့်အရောင်းသမားတွေက ရောင်းချနည်းမှားနေမယ်၊ ကိုယ့်ကုန်ပစ္စည်း ကိုယ်၀န်ဆောင်မှုတွေကို သေသေချာချာနားမလည်ဖြစ်နေမယ်။ ရောင်းတော့ ကြိုးစားပြီးရောင်းပါရဲ့ ဒါပမယ့် အရောင်းမပိတ်တတ်ဘူး ဆိုရင် အချိန်ကုန် လူပင်ပန်းတာပဲ အဖတ်တင်မှာပါ။ အဲ့ဒါကြောင့် ကိုယ့်အရောင်းသမားတွေ ကိုယ့်အရောင်းမန်နေဂျာတွေကို ၀န်ဆောင်မှုပိုကောင်းလာအောင်ရောင်းတတ်လာအောင်လိုအပ်တဲ့ သင်ကြားမှုတွေပေးပါ။ ပိုမိုကျွမ်းကျင်တဲ့ အရောင်း ၀န်ထမ်းတွေကကိုယ့်ရောင်းအားတက်လာအောင်လုပ်ပေးနိုင်တဲ့ အဓိကလူတွေပါပဲ။ 

ကဲ… ဒီအချက်တွေလိုက်လုပ်ရင်းနဲ့ ကိုယ့်လုပ်ငန်းရဲ့ ရောင်းအားတွေမြှင့်တင်နိုင်ကြပါစေ။

အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့မှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ