အရောင်းပိုင်းမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်စေဖို့
May 21, 2021 2021-08-19 15:30အရောင်းပိုင်းမှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်စေဖို့
လက်တလောအခြေအနေတွေကြောင့် အရောင်းသမားတွေအနေနဲ့ အရောင်းရဖို့ အတွက်ကြိုးစားရင်း စိတ်ပင်ပန်း၊ stress ပိနေကြတာများပါတယ်။
ဒါကြောင့် ဒီအချက်လေးတွေ လိုက်လုပ်ကြည့်ပြီး ရလာဒ်ကောင်းတဲ့ ထိပ်တန်းအရောင်း သမားတွေဖြစ်အောင် ကြိုးစားကြည့်ပါ။
၁) မိမိဝယ်သူ အကြောင်းသိအောင်လုပ်ပါ။ မိမိသွားတွေ့ရမယ့်၊ ဖုန်းပြောရမယ့် ဝယ်သူက ဘယ်လို ရာထူးမျိုးလဲ၊ သူကြုံတွေ့နေရတဲ့ ပြဿနာက ဘယ်လိုမျိုးဖြစ်နိုင်လဲ ကြိုစဉ်းစားပြီး ပြင်ဆင်ဖို့လိုပါတယ်။
၂) ရည်မှန်းချက်နဲ့ အလုပ်လုပ်ပါ။ ဒီလမှာ ဘယ်လောက်ဖိုးရောင်းရချင်တာလဲ။ ဒီလို ရောင်းရဖို့ မိမိအနေနဲ့ ဘာတွေ ပြင်ဆင်သင့်သလဲ ဆိုတာကိုပါ ကြိုစဉ်းစားဖို့လိုပါတယ်။
၃) ယုံကြည်မှုရှိရှိအလုပ်လုပ်ပါ။ မိမိကိုယ်ကိုယ် ကိုမှ ယုံကြည်မှုမရှိနေရင် ဝယ်သူဆီကလည်း ယုံကြည်မှုကိုရရှိဖို့ မဖြစ်နိုင်ပါဘူး။ လူတွေက ကိုယ်ယုံကြည်တဲ့ သူနဲ့ပဲ အလုပ်လုပ်ဖို့ စဉ်းစား တာဖြစ်တဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိဖို့က အရောင်းရဖို့အတွက် အရေးကြီးပါတယ်။
၄) ဘယ်အရာကိုမှ အထင်နဲ့ မဆုံးဖြတ်ပါနဲ့။ ဝယ်သူတစ်ယောက်ကိုလဲ ပြောပုံဆိုပုံ၊ ဝတ်ပုံစားပုံကြည့်ပြီး မဝယ်နိုင်လောက်ပါဘူးလေ ဆိုတာမျိုး မလုပ်မိပါစေနဲ့။ ထိရောက်တဲ့ မေးခွန်းမေးနည်းတွေ နဲ့ဝယ်သူရဲ့ လိုအပ်ချက်၊ လိုအင်၊ သူရဲ့ ရွေးချယ်တဲ့ criteria (စံနှုန်း) တွေကဘာလဲ သိအောင်ကြိုးစားဖို့လိုပါတယ်။ ပြီးမှ သူ့ရဲ့ ပြဿနာကို မိမိရောင်းတဲ့ ကုန်ပစ္စည်းက ဘယ်လိုမျိုးဖြေရှင်းပေးနိုင်လဲ ဆိုတာကို ထောက်ပြနိုင်ဖို့ ကြိုးစားဖို့လိုပါတယ်။
၅) ကျွမ်းကျင်သူဖြစ်နေပါစေ။ နေ့ရက်တိုင်းမှာ တစ်ရက်ထက်တစ်ရက်ပိုကောင်းအောင် ကြိုးစားဖို့ အခွင့်အရေးရှိပါတယ်။ လေ့ကျင့်မှုများမှ ပြည့်စုံမှုကိုရမှာ ဖြစ်တဲ့အတွက် အမြဲတမ်း သင်ယူနေဖို့လိုပါတယ်။ မိမိကုန်ပစ္စည်းအကြောင်း၊ ပြောင်းလဲနေတဲ့ ဈေးကွက်အကြောင်း၊ ပြောင်းလဲနေတဲ့ ဝယ်ယူမှုပုံစံတွေ အကြောင်း အမြဲလေ့လာနေဖို့ လိုပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။