သင့်၀ယ်သူတွေရဲ့ စိတ်နေသဘောထားကို ပြောင်းလဲနိုင်မယ့်နည်းလမ်းများ
December 23, 2020 2022-02-15 9:31သင့်၀ယ်သူတွေရဲ့ စိတ်နေသဘောထားကို ပြောင်းလဲနိုင်မယ့်နည်းလမ်းများ
သင့်၀ယ်သူတွေရဲ့ စိတ်နေသဘောထားကို ပြောင်းလဲနိုင်မယ့်နည်းလမ်းများ
အရောင်းအဝယ်ဖြစ်တယ်ဆိုတာ ဝယ်သူက သင့်ရောင်းကုန်ကို သိတယ်။ သဘောကျတယ်။ နောက် ဝယ်ချင်စိတ်ဖြစ်တယ်။ ဝယ်တယ်ပေါ့။
ဒီနေရာမှာ တော်တော်များများက သဘောကျတဲ့အဆင့်ထိတော့ရောက်တယ်။ ဝယ်ချင်စိတ် (Intention) အဆင့်ထိမရောက်ရင် အရောင်းအဝယ် မဖြစ်ဘူး။
ဝယ်သူတွေကို ပစ္စည်းတွေဝယ်ယူတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် တိုင်းတာတဲ့ ပုံစံတွေ တူလေ့ မရှိတာကိုလဲ သတိထားရမယ်။
ဝယ်သူတွေ ရွေးချယ်မှု ပြုလုပ်ကြတဲ့အခါမှာ သင့်ရောင်းကုန်ကို ဦးစားပေး စဉ်းစားလာဖို့အတွက် လုပ်နိုင်မယ့်နည်းလမ်းတွေကတော့
၁) Changes the physical product or service elements
ပထမတစ်နည်းကတော့ လက်ရှိသင့်ရောင်းကုန်မှာ ဝယ်သူတွေရဲ့ လိုအပ်ချက်တွေ နဲ့ ကိုက်ညီမှုရှိမယ့် အရာတွေကို ထည့်သွင်းပြောင်းလဲပေးတာ ဖြစ်ပါတယ်။ ဒီနည်းကို လုပ်ဖို့ဆိုရင်တော့ သင့် Target market ရဲ့ လိုအပ်ချက်တွေ အပြောင်းအလဲတွေကို သေချာ သိအောင်ကြိုးစားဖို့လိုမယ်။
၂) Change misunderstanding
နားလည်မှုလွဲနေတဲ့ အရာတွေ ရှိနေလား။ သင့် ရောင်းကုန်အပေါ်မှာ ဝယ်သူတွေ နားလည်မှုလွဲနေတဲ့ အရာတွေ ရှိနေလား။ စဉ်းစားရမယ်။ သင့်ရဲ့ ထုတ်ကုန် အားသာချက်တွေကို သေချာနားမလည်တာတွေ၊ နားလည်မှုလွဲနေတာတွေ ရှိလား စဉ်းစားပြီးတော့ ဒီနားလည်မှုလွဲနေတဲ့ အရာတွေကို မှန်မှန်ကန်ကန်သိသွားအောင် လုပ်ဖို့ကြိုးစားရမှာ ဖြစ်ပါတယ်။
ဆိုပါတော့ ကျွန်တော် အရောင်းပိုင်းနဲ့ပတ်သက်ပြီး သင်တဲ့ Better Version က အရောင်းပိုင်းဆိုင်ရာ သင်တန်းတွေကို App နဲ့ အချိန်မရွေး လေ့လာလာ ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ သင်တန်းတက်တဲ့လူတွေက One time live လို့ ထင်နေကြတာမျိုး ကြုံရတယ်။ ဒါကြောင့် ဒီလို နားလည်မှုလွဲနေတာမျိုးတွေကို ရှင်းလင်းသွားအောင် လုပ်ဖို့အတွက်ကြိုးစားရတာမျိုးပါ။
၃) Build credibility
သင့်ထုတ်ကုန်၊ရောင်းကုန်အပေါ်မှာ ယုံကြည်မှု တည်ဆောက်တာမျိုး လုပ်ရမယ်။ ကိုယ့်ရောင်းကုန်က ဘယ်အဖွဲ့အစည်းတွေက အသိအမှတ်ပြု လက်မှတ်တွေ ရထားလဲ။ အရင်သုံးစွဲဖူးတဲ့ လူတွေရဲ့ Rating တွေ၊ Recommendation တွေ သုံးပြီးတည်ဆောက်တာမျိုးပါ။
၄) Change performance beliefs
သင့်ရောင်းကုန်ရဲ့ အရည်အသွေးကို မယုံကြည်နေတဲ့အခါမျိုးမှာ လုပ်သင်တဲ့ ကိစ္စဘဲ။ ဒီနေရာမှာ Andrew Carnegie ရဲ့ နည်းလမ်းကို ကြည့်မယ်ဆိုရင် အမေရိကန်မှာ သံမဏိ နဲ့ဆောက်လုပ်တဲ့ တံတားတစ်စင်းစဆောက်တုန်းက ဘယ်သူမှ မဖြတ်လျှောက်ခင်မှာ ဆင်တစ်ကောင်ကို အရင်ဆုံး တံတားတစ်ဖက်ကနေ နောက်တစ်ဖက်ကိုလျှောက်ပြခိုင်းခဲ့တာမျိုးပါ။
၅) Change attributes priorities
ဝယ်သူတွေက brand တွေကို ရွေးတဲ့အခါမှာ ထည့်သွင်းစဉ်းစားတဲ့အချက်တွေရှိပါတယ်။ ဘာလိုအချက်တွေနဲ့ တိုင်းတာသလဲဆိုတာ သိအောင် ကြိုးစားပါ။ ပြီးရင်ကိုယ်ထုတ်ကုန်ရဲ့တကယ့်အားသာချက်ကို ဦးစားပေး စဉ်းစားသင့်တယ်ဆိုတာမျိုး ဖြစ်အောင် လုပ်ဖို့လိုတာဖြစ်ပါတယ်။
ထားပါတော့။ ဖုန်းတစ်လုံးဝယ်တဲ့အခါမှာ ကင်မရာဘယ်လောက်ကောင်းတယ်။ ဈေးနှုန်းပိုင်း၊ ဘက်ထရီ ကြာချိန်စတာတွေ နဲ့တိုင်းတယ်ဆိုပါတော့။
သင်ရောင်းမယ့်ဖုန်းက ဘက်ထရီပိုင်းမှာ တခြားဖုန်းတွေထက် သာနေတာမျိုးဆိုရင် ဘက်ထရီကြာချိန်က ဘယ်လောက်အရေးကြီးကြောင်း မြင်သွားအောင် လုပ်တာမျိုးဖြစ်ပါတယ်။
ကျန်တဲ့ နည်းလမ်းများဆက်ဖတ်ချင်တယ်ဆိုရင် MarCom လို့ ရေးပေးခဲ့ပါ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။