Blog

ဘယ်အချက်တွေက သင့်အဖွဲ့သားတွေရဲ့ motivation ကို ကျစေတတ်သလဲ။

Reasons of Demotivation
Leadership / Sales

ဘယ်အချက်တွေက သင့်အဖွဲ့သားတွေရဲ့ motivation ကို ကျစေတတ်သလဲ။

ရောင်းအားတွေတက်ဖို့၊ လုပ်ငန်းရဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် သင့်ရဲ့အဖွဲ့သားတွေကို motivation (စိတ်ခွန်အား) ပေးဖို့ လိုတယ်လို့ ပြောကြပါတယ်။ ဘယ်လို နည်းလမ်းတွေ သုံးလို့ရမယ်၊ ဘယ်အချက်တွေ လုပ်ကြည့်သင့်တယ်၊ ဘယ်အချက်တွေက motivation တိုးစေတယ် ဆိုတာနဲ့ ပတ်သက်လို့လည်း Better Version ကနေအများကြီး မျှဝေပေးခဲ့ပါတယ်။ 

ဒီတစ်ခါမှာတော့ ဘယ်လို အချက်တွေ၊ သင့်ရဲ့ ဘယ်လို အပြုအမူ လုပ်ရပ်တွေက သင့်အဖွဲ့သားတွေရဲ့ motivation ကိုကျစေတတ်သလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ 

၁) လိုချင်တဲ့ရလာဒ်ကို ရှင်းရှင်းလင်းလင်း မပြောခြင်း

အဖွဲ့အစည်းအတွက် တစ်နှစ်တာမှာ လိုချင်တဲ့ရလဒ်၊ အရောင်းသမား တစ်ယောက်ချင်းစီ ဒါမှမဟုတ် အဖွဲ့ ထဲက လူ တစ်ဦးချင်းစီအတွက် တစ်နှစ်တာမှာ လိုချင်တဲ့ ရလဒ် စသည်ဖြင့် သေသေချာချာ သတ်မှတ်ပြီး အားလုံးကိုလည်း သိနေ၊ မြင်နေအောင် မျှဝေပေးတာမျိုး လုပ်ရမှာ ဖြစ်ပါတယ်။ ရောင်းအားတက်ဖို့၊ များများရောင်းဖို့တော့ ဝန်ထမ်းတွေကိုတိုက်တွန်းတယ်။ ဒါပေမယ့် ဘယ်လောက် ပမာဏထိ ရောင်းအား တက်စေချင်တာလဲ၊ အချိန် ဘယ်လောက် အတွင်းမှာလဲ။ အဲ့လောက်ထိ တက်လာရင်ရော ဝန်ထမ်းတွေကို အကျိုးခံစားခွင့်၊ bonus ဘယ်လောက်ထိ ပေးမယ် ဆိုတာမျိုးတွေကို ရှင်းရှင်း လင်းလင်း ဖြစ်အောင်လုပ်ဖို့လိုပါတယ်။ ဒါမှဘဲ ဝန်ထမ်းတွေ အနေနဲ့ လည်း တစ်ရက်မှာ၊ တစ်ပတ်မှာ၊ တစ်လမှာ၊ တစ်နှစ်မှာ သူတို့ လုပ်ရမယ့် အလုပ်တွေကို သိမယ်။ ဘယ်လို ကြိုစားမလဲဆိုတာကိုလည်း တစ်ခါထဲ စဉ်းစားပြီး တက်တက်ကြွကြွ အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။ 

၂) တခြားသူတွေရှေ့မှာ၊ meeting တွေမှာ စီနီယာ ဝန်ထမ်းတွေကို ဖိပြောခြင်း

စီနီယာ ဝန်ထမ်းတွေအနေနဲ့သူတို့ရဲ့ အလုပ်တာဝန်တွေသာမကပဲနဲ့ အသစ်ဝင်လာတဲ့သူတွေ၊ လက်အောက်က အငယ်တွေကို သင်ပေးနေရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ သင်က အားလုံးရှေ့မှာ သူတို့ကို ဆူပူတာတွေ၊ ဖိပြီး ပြောမိတာတွေ ရှိနိုင်ပါတယ်။ သင်ကတော့ ကောင်းစေချင်လို့ ပြောလိုက်တာ ဖြစ်ကောင်း ဖြစ်နိုင်မယ်။ ဒါပေမယ့် သူတို့အတွက် တော့ အငယ်တွေ ရှေ့မှာ အဲ့လို အပြောခံရတော့ စိတ်မကောင်းဖြစ်တာ မျိုးတွေ၊ အလုပ်လုပ်ရတာ မပျော် တော့တာမျိုးတွေ ဖြစ်နိုင်တာကြောင့် သူတို့ရဲ့ အလုပ်ပေါ် motivation ကိုကျစေပါတယ်။ ဒါက စီနီယာ တွေမှ မဟုတ်ပါဘူး ကျန်တဲ့သူတွေကိုလည်း လူအများရှေ့မှာ ဆူပူတာတွေက သူတို့ရဲ့ motivation ကိုကျစေပါတယ်။ 

၃) အမှားသေးသေးလေးကို အကြီးကြီး လုပ်ပြစ်ခြင်း

ဒီအချက်ကလည်း အဖွဲ့အစည်းတွေ မှာ တစ်ခါ တစ်လေတော့ ဖြစ်တတ်ပါတယ်။ သင့်ဝန်ထမ်းက အမှား တစ်ခုလုပ်လိုက်မိတယ်။ ခေါင်းဆောင် တစ်ယောက် အနေနဲ့ သင်က နောက် ဒီလို အမှားမျိုး ထပ်မဖြစ်ဘဲ ဂရုတစိုက် ဆောင်ရွက်စေချင်တယ်။ ဒီလို အခြေအနေမှာ သင်က ဒါကိုထောက်ပြရင်းကနေ ဒီအမှားက တကယ့်ကို ဥပဒေနဲ့ ငြိ စွန်းပါတယ်ဆိုတဲ့ ပုံစံ မျိုးထိ ဖြစ်သွားအောင် ပြောလိုက်မိတဲ့အခါမျိုး ဖြစ်သွားတတ်ပါတယ်။ ဒါဆိုရင် သူတို့အနေနဲ့ နောက်ဆို မှားမှာစိုးလို့ အသစ်တွေလည်း ထပ်ပြီး ကြိုးစားချင်စိတ် မရှိတော့တာမျိုးတွေ၊ အလုပ်လုပ်နေရတာ စိတ်ဖိစီးမှု များလိုက်တာ ဆိုတဲ့ ပုံစံမျိုးတွေ ဖြစ်လာပါတယ်။ ဖြစ်သင့်တာကတော့ သူတို့ရဲ့ အမှားကို မြင်အောင် ထောက်ပြပြီး နောက်တစ်ခါဆို ဒီလို တူညီတဲ့အမှားမျိုး ထပ်မဖြစ်စေဘဲ ပိုကောင်းအောင် ဘယ်လို လုပ်သင့်တယ်လို့ အကြံပေးတာမျိုး က ပိုကြိုးစားချင်စိတ်ကို တိုးစေပါတယ်။ 

၄) ကိုယ်ပိုင် ဆုံးဖြတ်ခွင့်မပေးခြင်း

အဖွဲ့ အစည်းတွေမှာ roles (ရာထူး) အလိုက် responsibility (တာဝန်ယူမှု၊ တာဝန်ခံမှု) နဲ့ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ချက် ချခွင့်ကို ပေးထားဖို့လိုပါတယ်။ အရောင်းသမားဆိုရင်လည်း မန်နေဂျာကို အမြဲ report တင်၊ ခွင့်ပြုချက်တောင်းနေ စရာမလိုဘဲနဲ့ သူတို့ကိုယ်တိုင် တစ်ခါထဲ ဆုံးဖြတ်ချက်ချပြီး ဖြေရှင်းလို့ရတဲ့ ကိစ္စ မျိုးတွေကို ရာထူးအလိုက် လုပ်ပိုင်ခွင့်တွေ ပေးဖို့ လိုပါတယ်။ ဘယ်လို ကိစ္စ မျိုးပဲ ဖြစ်လာ ဖြစ်လာ မန်နေဂျာ၊ supervisors ကိုမေးပြီး မှ၊ လုပ်ဆိုမှ လုပ်ရမယ် ဆိုတာမျိုးကကြတော့ ရေရှည်မှာ သူတို့ကိုယ် သူတို့ ဒီအဖွဲ့အစည်းအတွက် အရေးပါတဲ့ သူတစ်ယောက်လို့ မခံစားရတော့တာတွေ၊ သူတို့ကိုယ်သူတို့ ယုံကြည်မှု ပျောက်ဆုံးလာတော့ motivation ကျလာတာမျိုး ဖြစ်စေပါတယ်။ 

၅) တစ်ယောက် ယောက်ကိုပဲ ကွက်ပြီး မျက်နှာသာပေးခြင်း

အရောင်းအဖွဲ့မှာဆိုရင် ရောင်းအား လတိုင်း ချမှတ်ထားတဲ့ target အမြဲရပြီး အလုပ်မှာ တော်တဲ့ သူတစ်ယောက်ရှိမယ်။ ဒါပေမယ့် သူ့က ရုံးအမြဲ နောက်ကျ တတ်တာမျိုး ဖြစ်နေမယ်ဆိုပါစို့။ ဒါကို သင်က အလုပ်မှာ performance ကောင်းနေလို့၊ ရောင်းအား တအား ကောင်းနေလို့ သူစည်းကမ်းဖောက်တာကို အရေးမယူဘူး။ မျက်နှာသာ ပေးထားတယ် ဆိုရင် အခြား စည်းကမ်းကို အပြည့်အဝလိုက်နာပြီး အလုပ်ကြိုးစားနေတဲ့ ဝန်ထမ်းတွေ အတွက်  စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ ကောင်းကောင်းရောင်းနိုင်လို့၊ အလုပ်လုပ်တာတော်လို့ ဆိုတဲ့ အခြေအနေမျိုးမှာ bonus ပေးတာ၊ ဆုပေးတာ စသည်ဖြင့်လုပ်ပေးသင့်ပြီးတော့ ဒီလိုမျိုး ခွဲခြားဆက်ဆံ ခံရတာတွေကတော့ ကျန်တဲ့သူတွေအတွက် motivation ကို ကျစေတတ်ပါတယ်။

တစ်ခါတစ်လေ ကြတော့လည်း ခေါင်းဆောင်တစ်ယောက် အနေနဲ့ အဖွဲ့ထဲကလူ အများကြီးကို အုပ်ချုပ် နေရတဲ့ အခါမျိုးမှာ သင့်အတွက်တော့ အမှတ်တမဲ့၊ သတိမမူဘဲ ပြုမူလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဆက်ဆံ ခံရတဲ့သူအတွက် တော့ အလုပ်မှာ မပျော်တော့တာကစပြီး၊ စိတ်ဖိစီးမှု များလာတဲ့ အခြေအနေတွေ၊ ဆက်ပြီး အလုပ်ကြိုးစားချင်စိတ် ပျောက်သွားတာမျိုး တွေ အထိပါ ဖြစ်တတ် တဲ့အတွက်ကြောင့် ဒီအချက်တွေကိုလည်း ဂရုစိုက်သင့်ပါတယ်။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။ 

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ