Blog

စိတ်ဖိစီးမှု့တွေကို ဘယ်လိုကျော်ဖြတ်မလဲ

Website Blog 3
V Blog

စိတ်ဖိစီးမှု့တွေကို ဘယ်လိုကျော်ဖြတ်မလဲ

စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်ဖြတ်မလဲ 

အခုချိန်မှာ အရောင်းသမားတွေပဲဖြစ်ဖြစ်၊ လုပ်ငန်းရှင်တွေပဲ ဖြစ်ဖြစ် ပြင်ပရဲ့ အခြေအနေတွေ၊ ကိုယ်မပြောင်းလဲနိုင်တဲ့ ရလာဒ်တွေကြောင့် အများကြီး စိတ်ဖိစီးနေကြတာတွေ့ရပါတယ်။ 

ဒါကြောင့် ပြင်ပရဲ့ ရိုက်ခတ်နေတဲ့အခြေအနေတွေ၊ ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိနေတဲ့ အခြေအနေမျိုးတွေမှာ စိတ်ညစ်ပြီး စိတ်ဖိစီးနေတာမျိုးထက် သင့်ရဲ့အတွေးတွေ၊ ခံယူချက်တွေကို အကောင်းဘက်ကို ပြောင်းလဲတွေးလိုက်မယ်ဆိုရင် သင့်အတွက် စိတ်ဖိစီးမှုတော်တော်လျော့သွားပြီး ဘာလုပ်နိုင်မလဲ၊ ကိုယ့်ဘေးက လူတွေအတွက်ရောဘယ်လို အကျိုးပြုနိုင်မလဲဆိုတဲ့ လမ်းစပေါ်လာပါလိမ့်မယ်။ 

ဒီတော့ stree တွေများလာတဲ့အခါ ဖြေရှင်းလို့ရမယ့် Tips လေးတွေကို မျှဝေပေးမှာမို့လို့ ဒါတွေလိုက်လုပ်ရင်း ပိုကောင်းတဲ့ အကြံဥာဏ်သစ်တွေ ဖန်တီးကြရအောင်။ 

 ❶Stop Overthinking 

အရမ်းတွေ အတွေးမလွန်ပါစေနဲ့။ ကိစ္စတစ်ခုကို အဆင်ပြေပါ့မလာလို့ တွေးပူနေတတ်တာ မျိုးတွေက သင့်ကိုပိုပြီး စိတ်ဖိစီးစေပါတယ်။ ပြသနာတွေ ဖြေရှင်းရတော့မယ်ဆိုရင် ကြိုတင် ပြင်ဆင်တာက လုပ်သင့်ပါတယ်။ ဒါပေမယ့် အဲ့ဒါကိုပဲ အချိန်တိုင်းတွေး၊ အဆင်ပြေပါ့မလားလို့ အမြဲစိုးရိမ်နေတာမျိုးကတော့ သင့်ကို ပိုပြီး စိတ်ပင်ပန်းစေလို့ပါ။ 

❷Enjoy your life

ဘဝဆိုတာ အဆင်မပြေတဲ့အခါ၊ ကျရှုံးတဲ့အခါ၊ ထင်သလိုမဖြစ်တဲ့အခါ စိတ်ညစ်ရ၊ စိတ်ဖိစီးရတာတွေရှိသလို  အောင်မြင်နေတဲ့၊ စိတ်ချမ်းသာရတဲ့၊ ပျော်ရခဲ့ အခိုက်အတံ့တွေ လည်းရှိပါတယ်။ ဒါ့ကြောင့် ဘဝရဲ့ ကျေနပ်စရာကောင်းတဲ့ အခိုက်အတံ့တွေကို အပြည့်အဝခံစားပါ။ 

❸Just relax

အနားယူတဲ့နေရာမှာလည်း စိတ်ရော၊ ကိုယ်ပါ အနားယူပါ။ ပင်ပန်းနေလို့ ခရီးတော့ထွက်လိုက်ပါတယ်။ အလုပ်အကြောင်းပဲတွေး၊ အလုပ်ပဲလုပ်နေတာမျိုး ကလည်း သင့်ကို ပြည့်ပြည့်ဝဝ အနားရတယ်လို့ခံစားရစေမှာ မဟုတ်ပါဘူး။ အနားယူတဲ့အချိန် စိတ်ရော၊ ကိုယ်ပါအနားယူပြီး အလုပ်လုပ်တဲ့အချိန် စိတ်ရော၊ ကိုယ်ပါနှစ်ပြီး အလုပ်လုပ်ပါ။ 

❹Let it go

တစ်ခါတစ်လေ မှာ လွှတ်ချသင့်တော့တဲ့အရာတွေကို လွှတ်ချလိုက်တာ သင့်အတွက် အကောင်းဆုံးပါပဲ။ အလုပ်မှာဆိုလဲ အရောင်းသမားတွေ အနေနဲ့ follow up အကြိမ်ကြိမ်လိုက်၊ ဝယ်တော့မလို မျှော်လင့်ချက်တွေပေးပြီး နောက်ဆုံးသူ့မှာ ငွေကြေးပဲဖြစ်ဖြစ်၊ အချိန်ပဲဖြစ်ဖြစ် အဆင်သင့်မဖြစ်သေးဘူးဆိုတာကို ထိရောက်တဲ့ မေးခွန်းတွေမေးပြီး ကျွမ်းကျင်တဲ့ အရောင်းသမားတစ်ယောက် အနေနဲ့ခံစားမိနေပြီ နားလည်မိနေပြီဆိုရင် ရပ်သင့်တဲ့ အနေအထားမှာ conversation ကို အဆုံးသတ်လိုက်ပါ။ 

သင့်အနေနဲ့အခြား အလားအလာရှိတဲ့သူကို ပိုပြီးအာရုံစိုက်ပြီးဖို့ အချိန်လည်းပိုထွက်လာပါတယ်။ ဒါက အရောင်းတစ်ခုထဲမှ မဟုတ်ပါဘူး မိသားစုကြား၊ မိတ်ဆွေ သူငယ်ချင်း၊ ချစ်သူရည်းစားကြားမှာဆိုလည်း  သင့်အနေနဲ့ လက်လွှတ်ပေးသင့်တဲ့ အနေအထားမျိုးတွေဖြစ်လာရင် လက်လွှတ်ပေးလိုက်ပါ။ သင့်ကိုလည်း စိတ်ဖိစီးမှု လျှော့ကျစေသလို တစ်ဖက်သားအတွက်လည်း ပိုကောင်းပါတယ်။ 

❺ Reframing

အလုပ်တွေများလိုက်တာလို့ တွေးမယ့်အစား သင့်အတွက် အခွင့်အလမ်းတွေဆိုပြီး သင့်ရဲ့အတွေးတွေကို ပြောင်းလိုက်ပါ။ တစ်ခါတစ်လေတော့ သင့်အလုပ်မှာ အထက်လူကြီး ကပဲဖြစ်ဖြစ် တစ်ခါမှ မလုပ်ဖူးသေးတဲ့ task တစ်ခုကို လုပ်ခိုင်းလိုက်တဲ့အခါ လုပ်စရာတွေကများလိုက်တာ ငါတော့ အဆင်ပြေမှာ မဟုတ်ဘူးဆိုပြီးတွေးမယ့် အစား ငါတော့ အသစ်တစ်ခုကို လေ့လာရတော့မှာပဲ ဆိုပြီးတွေးလိုက်ပါ။ ဒါဆို သင့်အနေနဲ့ စိတ်ညစ်နေတာ အနည်းနဲ့အများတော့လျော့သွားတာပေါ့။ 

ဒီအချက်တွေလုပ်ကြည့်ရင်း သင့် စိတ်သက်သာရာရတယ်ဆိုရင် တစ်ခြားသူတွေအတွက်လည်း share ပေးလိုက်ပါ။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ