Blog

အရောင်းသမားတွေ နားလည်ထားရမယ့် C (၄) လုံး

Website Blog Post Design (1)
Sales

အရောင်းသမားတွေ နားလည်ထားရမယ့် C (၄) လုံး

အရောင်းသမားတွေ နားလည်ထားရမယ့် C (၄) လုံး

မာကက်တင်းမှာ P လေး လုံးဆိုပြီး Marketing Mix ကို ခေါ်လေ့ရှိတယ်။ အရောင်းသမားတွေအတွက်တော့ C လေးလုံးပေါ့။အရောင်းသမားလို့ ပြောရင် ရှိပြီးသား ထုတ်ပြီးသား ထုတ်ကုန်၊ ဝန်ဆောင်မှုတွေ ကို ဝယ်သူ၊ ဖောက်သည်တွေ လက်ထဲ အရောက်ထည့်ပြီး လုပ်ငန်းအတွက် ငွေရှာပေးတဲ့ လူတွေပေါ့။ပိုပြီးတော့ ရောင်းအားကောင်းတဲ့ အရောင်းသမား၊ ထိပ်တန်းအရောင်းသမားတွေ (Sales Sharks) တွေကတော့ ဒီနည်းလမ်းတွေကို သေချာ ကျေညက်ကြတဲ့လူတွေ ဖြစ်ပါတယ်။ဒါကတော့ 4C Selling ဖြစ်ပါတယ်။

ပထမဦးဆုံး C ကတော့ Customer၊ လုပ်ငန်းတိုင်းအတွက် အရေးပါဆုံး၊ သူမရှိရင် မဖြစ်၊ ပိုက်ဆံမရ၊ အကျိုးအမြတ်မရှိ၊ စီးပွားမဖြစ်ဘူးပေါ့။ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု (ကိုယ်ရောင်းမယ့်အရာ) တွေကို သူတို့ ဘာကြောင့်လိုသလဲ။ ဘယ်လိုသုံးကြမှာလဲ။ သူတို့အတွက် ဘာတွေပိုကောင်းသွားမှာလဲ။ သူတို့ကို ဘယ်အရာတွေကို ဝယ်ယူလိုက်ဖို့အတွက် လှုံဆော်မှုပေးမှာလဲ။ ကိုယ့်ရောင်းမယ့် အရာကို မဝယ်ဖြစ်ဖို့ ဖြစ်လာနိူင်တဲ့ အကြောင်းအရာတွေက ဘာတွေဖြစ်မလဲ။ ဒါတွေကို ကိုယ်တိုင်အရင်ဆုံး ရှင်းလင်းအောင်သိဖို့ကြိုးစားပါ။

ဒုတိယ C ကတော့ Competitors ဖြစ်ပါတယ်။ ပြိုင်ဘက်တွေပေါ့။ကိုယ့်ရောင်းမယ့်အရာက တကယ်အသစ်အဆန်းမဟုတ်ဘူးဆိုရင် ဈေးကွက်ထဲမှာ သေချာ ပေါက် ရှိနေမှာပေါ့။ ဒီအဆင့်မှာတော့ ကိုယ့်ပြိုင်ဘက်တွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို သိအောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါမှလဲ ရောင်းချတဲ့အခါမှာ နှိုင်းယှဉ်မှုတွေ ပြုလုပ်လာတဲ့အခါမှာ ကိုယ်တိုင်က သေချာချိန်ထိုးပြီးတော့ ရှင်းပြနိူင်မှာပါ။ ဒါကြောင့် ကိုယ့်ပြိုင်ဘက်တွေကိုလဲ သေချာလေ့လာဖို့အချိန်ပေးပါ။

တတိယ C ကတော့ ကိုယ့်အကြောင်းဖြစ်သွားပြီ။ Company။ ကိုယ့်လုပ်ငန်းအကြောင်းသေချာသိဖို့လိုတယ်။ ကိုယ့်လုပ်ငန်းရဲ့ အနာဂတ်မျှော်မှန်းချက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ကအစ သိဖို့လိုပြီး ကိုယ့်ရောင်းမယ့်အရာ ရဲ့ အကြောင်းကိုလဲ အလုံးစုံ သိထားဖို့လိုပါတယ်။ ပါဝင်တဲ့အရာတွေ (Features) တွေသိဖို့လိုသလို အရေးကြီးတာကတော့ အကျိုးရလာဒ် (Benefits)၊ အကျိုးကျေးဇူးတွေ (Advantages) များအပြင် ဝယ်သူသုံးစွဲရခြင်းရဲ့ နောက်ကွယ်က ခံစားချက် တွေအထိ သိနားလည်ဖို့ပါတယ်။ ဆိုလိုတာကတော့ ကိုယ့်အကြောင်းကိုယ်သေချာသိအောင်လုပ်ပါ။

မှတ်ချက်။ ။ FAB selling techniques ကိုသေချာကျွမ်းကျင်သင့်ပါတယ်။ 

နောက်ဆုံး C ကတော့ Close – အရောင်းပိတ်ခြင်း၊ သဘောတူညီမှု ရယူခြင်းဖြစ်ပါတယ်။ အရောင်းမပိတ်တတ်လို့ မရောင်းရတာဟာ ၈၀% ကျော်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် အရောင်းပိတ်နည်းတွေကိုလဲ သေချာ ကျွမ်းကျင် ထားသင့်ပါတယ်။ (ထိရောက်တဲ့ အရောင်းပိတ်နည်းတွေထပ်ရေးပေးမယ်ခင်ဗျာ။)

ကိုယ့်ဝယ်သူအကြောင်းကို သေချာသိအောင်ကြိုးစားပါ။

ကိုယ့်ပြိုင်ဘက်တွေအကြောင်းကို သေချာသိအောင် လေ့လာပါ။

ကိုယ့်အကြောင်း၊ ကိုယ်ရောင်းမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှု အလုံးစုံသိအောင်လုပ်ပါ။

အရောင်းပိတ်နည်းတွေကို ကျွမ်းကျင်အောင်လုပ်ပါ။

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ