Blog

Selling Service ဆိုတာဘာလဲ

Revised Website Blog (3)
Customer Service / Sales

Selling Service ဆိုတာဘာလဲ

Service ဆိုတာ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ထုတ်ကုန် (intangible product) ဖြစ်တဲ့အတွက် ကျွန်တော်တို့တွေဟာ ၀န်ဆောင်မှုကိုရောင်းတဲ့အခါ ၀ယ်သူတွေရဲ့ လိုအပ်ချက် လိုအင်ကိုဖြည့်ဆည်းပေးနိုင် ဖို့ ဘာတွေကို အဓိကထားပြီး လုပ်ဆောင်ရမလဲ၊ ဘယ်လိုအခြေခံအချက်တွေ ကိုသိထားရမလဲ ဆိုတာ ကအရေးကြီးပါတယ်။ Service ဆိုတာ product နဲ့ မတူပါဘူး။အမှားမခံတဲ့အတွက် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု၊ လုပ်ပုံကိုင်ပုံ၊ ပြုမူပုံတွေက အဓိကကြပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် selling service ကိုပုံစံမျိုးစုံနဲ့ တွေ့နေရပါပြီ။ selling service မှာ ဘာတွေပါမလဲဆိုတော့ ထိတွေ့ကိုင်တွယ်လို့မရတဲ့ ထုတ်ကုန်တွေ၊ stock လက်ကျန်သိမ်းထားလို့မရတဲ့အရာတွေ၊ ကောင်းလားမကောင်းလား အစမ်းသုံးကြည့်လို့ မရနိုင်တာမျိုးတွေပေါ့။

ဥပမာ- ခရီးသွားလာရေး၀န်ဆောင်မှုလုပ်ငန်းတွေ ၊စားသောက်ဆိုင်လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ ၊ ဘဏ်လုပ်ငန်းတွေ စသည်ဖြင့် ပုံစံမျိုးစုံနဲ့ နယ်ပယ်ကတော့အကျယ်ကြီး ပေါ့ဗျာ။

အဲ့တော့ကိုယ့်လုပ်ငန်းက ၀န်ဆောင်မှုကိုရောင်းတဲ့လုပ်ငန်းဖြစ်နေရင် ရောင်းအားတက်အောင် အောင်မြင်အောင် ဘာတွေလုပ်သင့်သလဲ?

ကျွန်တော်တို့ Product, Price, Place, Promotion ဆိုတဲ့ 4P ကို အကုန်သိကြမှာပါ။ အခုကျွန်တော်က selling service အတွက် လိုအပ်တဲ့ 3P ကိုပြောမယ်ဗျာ။ ဒီ 3P ကတော့ People, Process, Physical evidence ပါ။

People 

၀န်ဆောင်မှုကိုရောင်းတဲ့နေရာမှာ လူတွေကအရမ်း အရေးကြီးတယ်ဗျ။ အထူးသဖြင့်ကိုယ့်၀ယ်သူနဲ့ တိုက်ရိုက်ပြောဆိုနေရတဲ့သူတွေပေါ့ဗျာ၊၊

ဒါ့ကြောင့် service ပိုင်းမှာ လုပ်ကိုင်နေသူတွေအနေနဲ့ ကိုယ့်၀န်ထမ်းတွေကို ကောင်းကောင်း train ဖို့လိုတယ်ဗျ။ သူတို့က ကိုယ့်လုပ်ငန်း၊၀န်ဆောင်မှုအကြောင်း၊ ဈေးကွက်အကြောင်း ကောင်းကေားင် နားလည်မယ်၊ ၀ယ်သူတွေရဲ့ စိတ်ကျေနပ်မှုနဲ့ တိုက်ရိုက်အချိုးကျတဲ့ အရည်အသွေး၊စိတ်နေသဘောထား၊ လုပ်ငန်းကျွမ်းကျင်မှု နဲ့ ဗဟုသုတ (knowledgeable personality) လည်းရှိမယ်ဆိုရင် ၀ယ်သူတွေနဲ့ ပြောတဲ့နေရာမှာ ကောင်းကောင်းကိုင်တွယ် ဖြေရှင်းနိုင်ပြီး ရောင်းအားတက်အောင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Process (လုပ်ငန်းစဉ်)

ကျွန်တော်တို့ဟာ ဘာကိုပဲ ရောင်းရောင်း ဝယ်သူနေရာကနေ ထည့်စဉ်းစားကြည့်ဖို့ လိုပါတယ်။ ကိုယ်ရောင်းတာက ၀ယ်သူတွေအတွက် လွယ်ကူလျင်မြန်တဲ့ နည်းလမ်းနဲ့ ၀ယ်ယူသုံးစွဲလို့ရတဲ့ ပုံစံဖြစ်သင့်ပါတယ်။ ဒီလို လုပ်နိုင်ဖို့ ပြောချင်တာက Know your buyersပါ။ ကိုယ့်ရဲ့ ဈေးကွက်၊ ကိုယ့်၀ယ်သူ အကြောင်းသိအောင်လုပ်ရမယ်။ ပြီးရင် ၀ယ်သူတွေနဲ့ အဆင်ပြေစေတဲ့ နည်းလမ်းကိုသုံးရမယ်။ ပြီးရင် ၀ယ်သူ တစ်ယောက်ကိုယ့်ဆီ‌ရောက်လာတဲ့ အချိန်က စပြီး ကိုယ့်ရဲ့ service ကို သုံးစွဲပြီးသွားတဲ့အချိန်ထိ စဉ်းစားဖို့လိုမယ်ဗျာ။

ကျွန်တော် ခရီးသွားလာရေး ၀န်ဆောင်မှုလုပ်ငန်းနဲ့ ဥပမာပေးမယ်ဗျာ။ ၀ယ်သူ တစ်ယောက်နဲ့ contact စရတဲ့ အချိန်ကစပြီး ကိုယ့်ဆီက ခရီးစဉ်ဝယ်ယူသွားပြီး သူခရီးက ပြန်တဲ့အထိ သူနဲ့ ဆက်သွယ်နေရတဲ့ တစ်လျှောက်အတွင်းမှာ ကိုယ့်ဘက်ကဘယ်လို အကောင်းဆုံး service ပေးမလဲ။ complaintsတွေ ရှိလာရင်လည်း ဘယ်လို ဖြေရှင်းမလဲကအစ ကြိုတင်စီစဉ်ပြီး ကိုယ်ရောင်းတဲ့ ၀န်ဆောင်မှု ရဲ့ အရည်အသွေး (quality) ကိုသေချာဂရုစိုက်ဖို့လိုပါတယ်။ လွယ်ကူလျှင်မြန်တဲ့ နည်းလမ်းနဲ့ ကောင်းမွန်တဲ့ ၀န်ဆောင်မှုကိုပေးနိုင်ခြင်းဟာလည်း service နယ်ပယ်မှာ ရောင်းအားတက်စေတဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။

Physical evidence (ခိုင်မာတဲ့ အထောက်အထား)

ပြောချင်တာက review ပေါ့ဗျာ။ ၀ယ်သူ ရဲ့ ယုံကြည်မှုကိုတည်ဆောက်ဖို့ပေါ့။ ဥပမာ ဟိုတယ် လုပ်ငန်းဆိုပါတော့။ ကိုယ့် hotel မှာတည်းသွားတဲ့ သူတွေရဲ့ feedbacks တွေ comments တွေ … အခန်းကသန့်ရှင်းတယ်၊ ၀န်ထမ်းတွေက ဖော်ရွေတယ် ဆက်ဆံရေးကောင်းတယ်၊ အစားအသောက်ကလည်းပေးရတာနဲ့တန်တယ် စသဖြင့်ပေါ့။ သုံးစွဲသူက အခန်းက ကောင်းလားမကောင်းလား ဓာတ်ပုံပဲ ကြည့်လို့ရမှာလေ ၀န်ဆောင်မှုကဘယ်လိုလဲ မြင်မှ မမြင်ရတာ။ ဒီတော့၀ယ်သူတွေအနေနဲ့ အရင်သုံးကြည့်ဘူးသူတွေရဲ့ အမြင်တွေ အကြံပြုချက်တွေကို ဖတ်ကြည့်မှာပဲလေ။ service ကိုရောင်းသူတွေအနေနဲ့ ဒီအချက်ကို နားလည်ဖို့လိုပါတယ်။ တစ်နည်းအားဖြင့်တော့ ခိုင်မာတဲ့အထောက်အထားနဲ့ ယုံကြည်တည်ဆောက်တာပေါ့ဗျာ။ ကိုယ်ရောင်းတဲ့ service ကယုံကြည်ရတယ်၊ ပေးတာနဲ့တန်တဲ့ ၀န်ဆောင်မှုကိုရတယ်ဆိုတာ ကိုပြောပြဖို့လိုတယ်ဗျ။ ဒါမှ ကိုယ့်ဆီက၀ယ်မှာလေ။

တကယ်တော့ ၀န်ဆောင်မှုကို ရောင်းတယ်ဆိုတာ ကုန်ပစ္စည်းကို ရောင်းတာထက်တော့ နည်းနည်းပိုဂရုစိုက်ရတာပေါ့ဗျာ။ လူတွေရဲ့ စိတ်ခံစားမှုနဲ့ဆိုင်တာကိုး။ ဒီတော့ service နယ်ပယ်မှာလုပ်ကိုင်နေသူတွေအနေနဲ့ဒီအချက်တွေကို သိထားမယ်ဆိုရင် အနည်းဆုံးတော့ ရောင်းအားတက်အောင်ဘာတွေ လုပ်သင့်တယ်၊ service ကိုရောင်းတဲ့အခါ ဘာတွေကို ဂရုစိုက်ဖို့လိုတယ်ဆိုတာ နားလည်သွားတာပေါ့။

အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။

အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့မှ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။

#BetterSalesman #BetterSalesStrategist #BetterSalesLeader

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ