Blog

အရောင်းသမားတိုင်း မဖြစ်မနေသိထားသင့်တဲ့ Sales Scripts ရေးနည်း

Web အရောင်းသမားတိုင်း မဖြစ်မနေသိထားသင့်တဲ့ Sales Scripts ရေးနည်း
Customer Service / Sales

အရောင်းသမားတိုင်း မဖြစ်မနေသိထားသင့်တဲ့ Sales Scripts ရေးနည်း

ဒီရက်ပိုင်း အရောင်းနဲ့ ပတ်သတ်တာလေးတွေ တင်ပေးတော့ အမေးများလာကြတာက Cold Call လုပ်ရတဲ့ အရောင်းသမားတွေအတွက်“Sales Scripts” ဘယ်လိုရေးရမလဲဆိုတာပါပဲ။ 

တကယ်တမ်းက ဖုန်းခေါ်ပြီးရောင်းရတဲ့ အရောင်းသမားမှ Sales Script လိုအပ်တာမဟုတ်ပါဘူး။ 

အီးမေးလ်နဲ့ ပဲ ရောင်းရောင်း၊ မက်ဆေ့ကနေပဲ ရောင်းရောင်း sales script ရှိထားတဲ့ သူက ၀ယ်သူကို ဟာတ့်ထိအောင် ပြောနိုင်ဖို့၊ အရောင်းပိတ်နိုင်ဖို့ ပိုအားသာပါတယ်။ 

Sales scripts က ဘာလဲဆိုရင် အရောင်းဇာတ်ညွှန်းလို့ပဲ အလွယ်မှတ်ကြရအောင်။ ဇာတ်ညွှန်းဆိုမှတော့ ဇာတ်ဆောင်တွေရှိမယ်၊ စကားလုံး (dialogue) တွေရှိမယ်။ ဘယ်အချိန်မှာ ဘာပြောရမလဲ ဆိုတဲ့ ဇာတ်ကွက်တွေလည်း ရှိပါမယ်။ 

Sales scripts က ရုပ်ရှင်ကားလိုပဲ လုပ်ငန်းတစ်ခုချင်းစီတိုင်းမှာ ပြောရမယ့်ပုံစံမျိုးတော့ ကွာခြားတာမျိုး ရှိသလို အခြေခံ ဘယ်အချက်တွေပေါ်မှာ ရေးမလဲ ဆိုတာမျိုးကတော့ တူတာမို့လို့ 

ဒီ အချက်တွေကို အခြေခံပြီး လုပ်ငန်းအတွက်၊ အရောင်းအတွက် လိုအပ်တဲ့ sales script ကို ဖန်တီးနိုင်ပါတယ်။ 

၁) ဘယ်သူ့အတွက်လဲ။ 

ပထမဦးဆုံးစဥ်းစားရမှာက ဘယ်သူ့အတွက်လဲ၊ သင်ရေးထားတဲ့ script ကို ဘယ်သူ့ကိုပြောမှာလဲဆို တာကို အရင်ဆုံး စဥ်းစားသင့်ပါတယ်။ Cold Call ခေါ်မယ့်သူတွေဆိုရင်လည်း ဖုန်းလက်ခံပြောမယ့် သူက ဘယ်ဌာနကလဲ၊ ဘယ်လောက်ရာထူးရှိတဲ့သူကို ပြောမှာလဲ ဆိုတာမျိုးစဥ်စားလို့ ရပါတယ်။ 

Sales script မရေးခင်မှာ သင့်ရောင်းချင်တဲ့ ၀ယ်သူပုံစံ၊​ဇာတ်ကောင် (Customer Personas)ကိုတော့ အရင်ဆုံး ရှင်းလင်းအောင်လုပ်ပါ။ oယ်သူတွေ အနေနဲ့ ရာထူး၊ နေထိုင်မှု၊ သုံးစွဲမှုပုံစံ အလိုက် လိုအပ်ချက်၊ လိုအင်တွေကွာသွားတာဖြစ်လို့ သူတို့ကိုရောင်းနိုင်ဖို့ ဆိုရင် သူတို့ရဲ့ လိုအပ်ချက်၊ လိုအင်ကို ထိမိစေမယ့် သူတို့ အတွက်သီးသန့် စကားလုံးမျိုးတွေ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

၂)  ဘာရောင်းမှာလဲ။ 

ဘယ်သူ့ကို ရောင်းမှာလဲ စဥ်းစားပြီးပြီ ဆိုရင် နောက်တစ်ဆင့်ကတော့ ဘာရောင်းမှာလဲ၊ သင့်ရဲ့  ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကနေ ၀ယ်သူတွေအတွက် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ ဆိုတာ စဥ်းစားရမှာဖြစ်ပါတယ်။ 

ကုန်ပစ္စည်း၊ ၀န်ဆောင်မှုအတွက် script ရေးရင် (၂) ခု စဥ်းစားနိုင်ပါတယ်။ 

  • ပစ္စည်း၊ ၀န်ဆောင်မှု ရဲ့ ထူးခြားချက် (Features) 
  • အကျိုးရလာဒ် (Benefits) 

နှစ်ချက်လုံးကို စဥ်းစားပါ။ ရောင်းတဲ့အခါမှာ အကျိုးရလာဒ်ကို ဦးတည်ပြီးရောင်းရပေမယ့် ၀ယ်သူက ဘာထူးခြားချက်တွေရှိလဲလို့ မေးလာရင် ကြိုသိပြီး ဖြေနိုင်ဖို့ အတွက် ဒီ နှစ်ခုလုံးကို စဥ်းစားပြီး ကြိုပြင်ဆင်ထားနိုင်ပါတယ်။ 

ဥပမာပြောရရင် – ကျွန်တော်တို့/ကျွန်မတို့ ဆီက မိတ်ကပ်အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီမှာပါ၀င်တဲ့ပစ္စည်းလေးတွေက သဘာ၀ ပစ္စည်းဖြစ်တဲ့ အသီးအနှံတွေနဲ့ လုပ်ထားပြီး အသားအရည်ကိုဖြူ၀င်းစေတဲ့ Haluronic ပါ၀င်ပါတယ်။ (ထူးခြားချက်)​

ဒါကြောင့် ဘေးထွက်ဆိုးကျိုး မရှိပဲနဲ့ စိတ်ချလက်ချသုံးနိုင်တဲ့ အပြင်ကိုမှ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ ကိုက်အောင်ထုတ်ထားတာမို့လို့ အသားအရေမရွေးသုံးနိုင်ပြီး အသားဖြူစေပါတယ်။ (အကျိုးရလာဒ်) 

၀ယ်သူအတွက်က အကျိုးရလာဒ်က အရေးကြီးတယ်ဆိုပေမယ့် ရောင်းရမယ့် အရောင်းသမားက ထူးခြားချက်တွေကို အလွတ်မှတ်မိနေအောင် လုပ်ဖို့ လိုတဲ့ အတွက် script ရေးရင် နှစ်မျိုးစလုံးပါအောင်ရေးပါ။ 

၃) ဘာမေးခွန်းတွေ မေးနိုင်သလဲ။ 

Sales script ရဲ့ အဓိက အသက်ကတော့ ၀ယ်သူတွေရဲ့ မေးခွန်းတွေကို ကြိုပြီးစဥ်းစားနိုင်ဖို့ပါပဲ။ 

ကုန်ပစ္စည်း၊ ၀န်ဆောင်မှု၊ ကုမ္ပဏီနဲ့ ပတ်သတ်ပြီး ၀ယ်သူမေးနိုင်တဲ့ မေးခွန်း ၅ ခုကနေ ၁၀ ခုအထိ ကြိုစဥ်းစားပါ။ မေးခွန်းစဥ်းစားရင် ထင်သာမြင်သာရှိပြီး လွယ်လွယ်ကူကူ ဖြေလို့ရတဲ့ မေးခွန်းကနေ ချက်ခြင်းဖြေဖို့ ခက်ခဲပြီး လှည့်ကွက်များတဲ့ မေးခွန်းအထိ ကို အသေးစိတ်ကြိုစဥ်းစားပြီး ချရေးထားပါ။ 

အဲ့ဒီ မေးခွန်းတိုင်းအတွက် လုံလောက်ခိုင်မာတဲ့ အဖြေမျိုးနဲ့ ၀ယ်သူစိတ်တိုင်းကျနိုင်မယ့်အဖြေ   မျိုးတွေ ကြိုစဥ်းစားပြီး ရေးပါ။

ဥပမာ မားကတ်တင်း အေဂျင်စီဆိုပါစို့။ facebook ကြော်ငြာနဲ့ ပတ်သတ်ပြီး ၀န်ဆောင်မှု စျေးနှုန်းတွေ၊ အချိန်ကာလတွေ၊ လုပ်ငန်းလုပ်မယ့် ပုံစံတွေကတော့ မေးတတ်တဲ့ မေးခွန်းတွေပါ။ 

လွယ်လွယ်ကူကူဖြေလို့ရပါတယ်။ 

အဲ့ဒီမှာမှ Facebook ကြော်ငြာတွေမှာ ROAS က ဘယ်လောက်ရှိတာလဲ။ Frequency ဘယ်လောက်အနည်းဆုံးရမှာလဲ၊ Impressions ကရော ဘယ်လောက်ရနိုင်သလဲ။ ဒါတွေကျတော့ ဒီအတိုင်းဆိုရင် ဖြေရခက်တဲ့ မေးခွန်း၊ လုံလောက်တဲ့ Data မရှိပဲနဲ့ ဖြေလို့ မရတာမျိုးတွေ ဖြစ်သွားပြီ။ မဖြေနိုင်ရင် ၀ယ်သူ၊ clients ဘက်က ယုံကြည်မှုနည်းသွားတာမျိုး ဖြစ်သွားနိုင်တယ်။ 

ဒါကြောင့် ကြိုစဥ်းထားရင် ကြိုပြီးပြင်ဆင်ထားနိုင်မှာဖြစ်လို့ ဖြစ်နိုင်ချေတွေအကုန် ကြိုစဥ်းစားပြီး script ရေးထားပါ။ 

၄) ဘယ်လိုအရောင်းပိတ်မလဲ။  

အရောင်းပိတ်နည်း (၉) နည်းရှိပါတယ်။ အရင်တုန်းကလည်း ရေးပေးခဲ့ဖူးပါတယ်။ (Better Version Website မှာ blog တွေ အများကြီးရှိပါတယ်။)

ဒီ အရောင်းပိတ်နည်း (၉) နည်းလုံးနဲ့ သင့်ရဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ ချိန်စဥ်းစားပြီး ဘယ်လိုအရောင်းပိတ်မလဲဆိုတာ ရေးပါ။ တွန်းအားပေးမလား၊ ညှိနှိုင်းမလား၊ အစမ်းပေးသုံးမလား ဆိုတာတွေကို စဥ်းစားပြီး script ရေးပါ။ 

ရေးထားတဲ့ နည်းလမ်းတွေနဲ့ မတူညီတဲ့ ၀ယ်သူရဲ့ အခြေအနေပေါ်မူတည်ပြီး အရောင်းပိတ်ပါ။ 

၅) ဘယ်လိုငြင်းနိုင်မလဲ။ 

၀ယ်သူတွေအနေနဲ့ သင့် ကို ဖုန်းမှာပဲ ဖြစ်ဖြစ်၊ ပြင်ပမှာပဲ ဖြစ်ဖြစ် ဘယ်လိုငြင်းနိုင်မလဲ ကြိုစဥ်းစားထားပါ။ 

ပွင့်ပွင့်လင်းလင်း မယူသေးဘူး၊ မ၀ယ်သေးဘူး ဆိုတာကနေ စပြီး မအားသေးလို့ နောက်မှ ပြန်ဆက်ပါတို့၊ ပြန်ဆက်သွယ်လိုက်မယ်နော်တို့ အစရှိတာတွေကို ကြိုပြီး စဥ်းစားပြီးရင် ငြင်းပယ်မှု တစ်ခုချင်းစီတိုင်းအတွက် ကျော်လွှားရမယ့် နည်းလမ်းမျိုးကို စဥ်းစားပြီး script ရေးပါ။ 

ဥပမာဆိုရင် – စျေးကြီးတယ်နော် လို့ ပြောလာရင် ဟုတ်ကဲ့ခင်ဗျာ၊ တစ်ခြား ဘယ်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ များ ယှဥ်ပြီး စျေးကြီးတယ်လို့ ထင်တာလဲ ခင်ဗျာ ဆိုတာမျိုးကနေ ကျွန်တော်/ကျွန်မတို့ရဲ့ ဒီစျေးက စစချင်းတော့ စျေးကြီးနေနိုင်ပေမယ့် အခြား အပိုဆောင်းထပ်ပေးစရာတွေမရှိတဲ့ အတွက် ရေရှည်ကျရင် အများကြီးပိုသက်သာနေနိုင်တယ် ဆိုမျိုးကို ကြိုပြီး script ရေးထားပြီး မှတ်ထားနိုင်ပါတယ်။ 

၆) ဘယ်လို Follow up လိုက်မလဲ။ 

နောက်ဆုံးအနေနဲ့ကတော့ ဘယ်လိုပုံစံမျိုးနဲ့ ၀ယ်သူတွေကို ၀ယ်သွားအောင် follow up လုပ်နိုင်မလဲဆိုတာ စဥ်းစားရမှာပါ။ အချို့ ၀ယ်သူတွေက မေ့နေတာမျိုး ရှိသလို၊ အချို့က ဒွိဟ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ 

ဒါကြောင့် မေ့နေတဲ့ ၀ယ်သူတွေဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ follow up လုပ်မလဲ၊ ဒွိဟ ဖြစ်နေတဲ့ ၀ယ်သူတွေဆိုရင် တော့ ဘယ်လို နည်းလမ်းသုံးမလဲ၊ ရေရှည် ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ ဆိုရင် ဘယ်လို follow up plan တွေနဲ့ သွားမလဲ ဆိုတာစဥ်းစားပြီး script တွေရေးထားရမှာဖြစ်ပါတယ်။ 

ဥပမာဆိုရင် – နောက်မှ ပြန်ဆက်သွယ်ပေးမယ်ဆိုရင် ကျွန်တော်/ကျွန်မတို့ ဘယ်အချိန်လောက် follow up လိုက်ပေးရမလဲဆိုတာကနေ နောက် ၃ ရက်နေရင် ဖုန်းလေးဆက်ပေးပါ့မယ်။ အမ/အကို စဥ်းစားလို့ ရအောင် အရင်သုံးဖူးတဲ့ သူတွေဆီကတ စကားသံလေးတွေလည်းပို့ပေးပါ့မယ်ဆိုတာ  မျိုးနဲ့ follow up လုပ်နိုင်ပါတယ်။ 

ဒီလောက်ဆိုရင်တော့ Sales script ရေးဖို့အတွက် အခြေခံကျပြီး အရေးကြီးတဲ့ အပိုင်း (၆) ပိုင်းလုံးကို သိသွားပြီဆိုတော့ ကိုယ်တိုင်အတွက်ရော၊ ရုံးက အရောင်းသမားတွေအတွက်ပါ  script တွေ ဖန်တီးပေးလိုက်ပါဦးနော်။ 

နောက်ဆုံးအနေနဲ့ကတော့ အမြဲတမ်းအလုပ်ဖြစ်တဲ့ script ဆိုတာမရှိပါဘူး။ ၀ယ်သူရဲ့ အခြေအနေပေါ်မူတည်ပြီး ပြင်သင့်တာပြင်၊ ပြောင်းသင့်တာ ပြောင်းနိုင်ဖို့ ကြိုးစားပါလို့။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ