အရောင်းသမားတစ်ယောက် နဲ့ အရောင်းမန်နေဂျာ တစ်ယောက်ရဲ့ ကွာခြားချက်တွေက ဘာတွေဖြစ်မလဲ။
September 10, 2020 2021-07-14 19:33အရောင်းသမားတစ်ယောက် နဲ့ အရောင်းမန်နေဂျာ တစ်ယောက်ရဲ့ ကွာခြားချက်တွေက ဘာတွေဖြစ်မလဲ။
“အရောင်းမန်နေဂျာတိုင်းဟာ အရောင်းသမားတွေပါ။ ဒါပေမယ့် အရောင်းသမားတိုင်းကတော့ အောင်မြင်တဲ့ အရောင်းမန်နေဂျာ ဖြစ်နိူင်ကြမှာ မဟုတ်ပါဘူး။” ဒါဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။
မိတ်ဆွေတစ်ယောက်ရဲ့လုပ်ငန်းတစ်ခုမှာပါ။ သူက လုပ်ငန်းကလဲ ကောင်းလာတော့ လုပ်ငန်းတိုးချဲ့ ချင်လာတယ်။ ဒါနဲ့ အရောင်းမန်နေဂျာ တစ်ယောက်ခန့်ဖို့ဖြစ်လာတယ် ဆိုပါတော့။ သူရုံးမှာ လက်ရှိလုပ်နေတဲ့ အရောင်းဝန်ထမ်း ၅ ယောက်ထဲမှာ တစ်ယောက်က အတော်လေး တော်တဲ့ အရောင်းသမားဆိုပါတော့။ တခြားလူတွေထက် ပိုရောင်းရတယ်။ စကားပြောညက်တယ်။ လုပ်ငန်းအတွက်လဲ အကျိုးများများရအောင် လုပ်ပေးနိူင်တော့ မန်နေဂျာ အဖြစ်ရာထူးတိုးပေးလိုက်တယ်။ အပြင်ကလူက မခေါ်ချင်တာလဲ ပါတာပေါ့။ အရောင်းမန်နေဂျာဖြစ်လာတဲ့ တစ်ယောက်ကလဲပိုကြိုးစားလာတယ်။
နေ့တိုင်း အရင်ကထက် အနည်းငယ် ပိုစောပြီး ရုံးလာတယ်။ ရောင်းတယ်။ တစ်ပတ်… ရောင်းတယ်။ အရင်ကထက် သူကိုယ်တိုင်ရောင်းနေတာထက်ကို အနည်းငယ် ပိုရောင်းလာရတယ်။ နှစ်ပတ်… ဒီတိုင်းဘဲ။ ရောင်းတယ်။ ဝယ်သူတွေနဲ့ အဆင်ပြေတယ်။ ဆက်ဆံရေး တည်ဆောက်တာ ကောင်းလာတယ်။ သုံးပတ်… ရောင်းနေတုန်းဘဲ။ သူအတွက်ပေးထားတဲ့ ရည်မှန်းချက်တွေ ပြည့်မှီတယ်။ လေးပတ်… ရောင်းနေတုန်းဘဲ။
ပြသနာကတော့ အရောင်းတစ်ဖွဲ့လုံးအနေနဲ့ဆို အရင်ကထက်ကို ပိုကျသွားပါတယ်။ ဒါဘာကြောင့်လဲ ဆိုရင် အရောင်းသမားကောင်းတစ်ယောက်အနေနဲ့ တော်တယ်လို့ပြောလို့ရပေမယ့် အရောင်းမန်နေဂျာ တစ်ယောက် အနေနဲ့ဆိုရင်တော့ အောင်မြင်တဲ့ အရောင်းမန်နေဂျာတစ်ယောက် ဖြစ်မနေဘူးဆိုတာကို ပြတာပါဘဲ။
အရောင်းသမားတစ်ယောက်မှာ လိုအပ်တဲ့ အရည်အချင်းတွေနဲ့ အရောင်းမန်နေဂျာတစ်ယောက်မှာ လိုအပ်တဲ့ အရည်အသွေးတွေဟာ အလွန်ဘဲခြားနားပါတယ်။
အရောင်းသမားတွေဟာ ဖောက်သည်ကို အာရုံစိုက်ရလေ့ ရှိပြီးတော့ အရောင်းမန်နေဂျာတွေကတော့ ကိုယ့်အဖွဲ့ ကလူတွေကို အာရုံစိုက်ရတာမျိုးဖြစ်ပါတယ်။ အရောင်းသမားတွေက ကိုယ့်ဘာသာရပ်တည်ရတဲ့ လူမျိုးတွေ ဖြစ်ပါတယ်။ ကိုယ့်တစ်ဦးတည်းရဲ့ ရလာဒ်ပေါ်မှာဦးစားပေးလေ့ရှိပါတယ်။ ဝယ်သူနဲ့ အကောင်းဆုံး ဆက်ဆံရေး တည်ဆောက်နိူင်ခြင်းတစ်ခုတည်းနဲ့တော့ အရောင်းမန်နေဂျာ ဖြစ်လာနိူင်မှာ မဟုတ်ပါဘူး။
အောင်မြင်တဲ့ အရောင်းမန်နေဂျာ တစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် ကိုယ့်အဖွဲ့ဝင်တွေပေါ်မှာ အာရုံစိုက်ပြီးတော့ ရလာဒ်ကောင်းတွေ ရယူနိူင်ရမှာဖြစ်ပါတယ်။ အသင်းအဖွဲ့ကိုဦးဆောင်နိူင်တဲ့ လူမျိုးတွေ ဖြစ်ကြပါတယ်။ ကိုယ့်အဖွဲ့ကလူတွေကို လမ်းညွန်ပေးနိူင်ရမယ်။ လှုံ့ဆော်နိူင်စွမ်းရှိရမယ်။ လမ်းပြပေးနိူင်ရမယ်။ ထိန်းချုပ်နိူင်စွမ်းရှိရမှာဖြစ်ပြီးတော့ သူတို့ရဲ့ရလာဒ်တွေကိုလဲ အကဲဖြတ် မှတ်ချပေးနိူင်ရမှာဖြစ်ပါတယ်။
ကိုယ်တိုင်လဲ အရောင်းသမားကောင်း တစ်ယောက်ဖြစ်ဖို့လိုသလို တခြားလူတွေကိုလဲ ရလာဒ်ကောင်းတွေရအောင်လုပ်ပေးနိူင်ရမှာဖြစ်ပါတယ်။ အရောင်းမန်နေဂျာကောင်းတွေ သေချာစဉ်းစားပြီးတော့ ကိုယ့်အဖွဲ့အတွက် ရေရှည်၊ ရေတို အစီအစဉ်တွေရေးဆွဲ နိူင်ရမှာ ဖြစ်ပါတယ်။
အရောင်းမန်နေဂျာတစ်ယောက် အနေနဲ့ ဆက်သွယ်ပြောဆိုတဲ့ နေရာမှာ အပြောကော အရေးမှာပါ အရည်အသွေးရှိနေဖို့လိုပါသေးတယ်။ အရောင်းမန်နေဂျာတွေဆိုတာ အဖွဲ့အစည်း နဲ့ အရောင်းသမားတွေကြားမှာ နေရတဲ့ လူတွေ ဖြစ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက် စီးဆင်းမှုတွေကိုလဲ အပေါ်၊ အောက် လွတ်သွားတာမျိုးမဖြစ်အောင်လဲ တာဝန်ယူကြရမှာ ဖြစ်ပါတယ်။
အစီရင်ခံစာ (Sales Report) စသည်ဖြင့်ရေးတဲ့အခါမှာလဲ အချက်အလက်တွေသက်သက်ကိုသာ တင်ပြခြင်းမျိုးထက် မိမိရဲ့ သုံးသပ်ချက်တွေကိုပါ တင်ပြနိူင်စွမ်း ရှိရမှာ ဖြစ်ပြီးတော့ ဘာဆက်လုပ်မလဲဆိုတဲ့ မဟာဗျူဟာ ချမှတ်ခြင်းတွေလဲ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။
အရောင်းမန်နေဂျာတစ်ယောက်ဟာ ဂဏန်းတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့လိုပါသေးတယ်။ ဒါမှသာ အရောင်းပိုင်းဆိုင်ရာ မဟာဗျူဟာ ချမှတ်ခြင်းအတွက် အစီအစဉ်ရေးဆွဲခြင်း၊ အရောင်းခန့်မှန်းတွက်ချက်ခြင်းများအပြင် ထိန်းချုပ်ခြင်း၊အကဲဖြတ်ခြင်းတွေဟာ ကျွမ်းကျင်စွာပြုလုပ်နိူင်မှာဖြစ်ပါတယ်။
အချုပ်အနေနဲ့ အရောင်းမန်နေဂျာတစ်ယောက်ဟာ ကိုယ်တိုင်အရောင်းရရှိရေးကို ဦးစားပေးခြင်းထက်ကို ကိုယ့်အဖွဲ့အတွက် ဦးတည်ချက်ချမှတ်ခြင်း၊ ဦးဆောင်လမ်းပြပြုလုပ်ခြင်း၊ ကိုယ့်အဖွဲ့မှာရှိတဲ့ လူတွေရဲ့ ဖြစ်နိူင်စွမ်းတွေအားလုံးကို အသုံးချနိူင်အောင် ပြုလုပ်ပေးရတဲ့ သူတွေ ဖြစ်ပါတယ်။
မိတ်ဆွေက ကိုယ်ပိုင်လုပ်ငန်းရှင် တစ်ယောက် အနေနဲ့ ကိုယ့်လုပ်ငန်းကို ဦးဆောင်နေရတဲ့ လူတစ်ယောက်လား
မိတ်ဆွေရဲ့လုပ်ငန်းက အရောင်းမန်နေဂျာတွေကို အရည်အချင်းမြှင့်တင်ဖို့အတွက် သင်တန်းလိုအပ်နေတဲ့သူလား။
ဒါမှမဟုတ် အရောင်းကြီးကြပ် (Sales Supervisor) ၊ အရောင်းမန်နေဂျာ ( Sales Manager) ဖြစ်ဖို့ကြိုးစားနေတဲ့သူလား။
လက်ရှိအရောင်းမန်နေဂျာ၊ အရောင်းကြီးကြပ်သူ တစ်ယောက်အနေနဲ့ စနစ်တကျ လေ့လာပြီး ပိုအောင်မြင်အောင်လုပ်ဖို့ စိတ်အားထက်သန်နေတဲ့သူလား။
ဒါဆိုရင်တော့ Better Sales Strategist : Setting the right strategies for your business သင်တန်းဖွင့်နေပါတယ်။
ဒီသင်တန်းမှာ ရလာဒ်ကောင်းပြီး အောင်မြင်တဲ့ အရောင်းမန်နေဂျာတစ်ယောက်မှာ ရှိရမယ့် တာဝန်တွေ၊ အပြောင်းအလဲ မြန်လွန်းတဲ့ စီးပွားရေး အခင်းအကျင်းထဲမှာ အရောင်းမန်နေဂျာ တစ်ယောက်အနေ ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာတွေပါဝင်မှာဖြစ်ပါတယ်။
ဒါအပြင် အရောင်းမန်နေဂျာတွေမှာလိုအပ်တဲ့ ခေါင်းဆောင်မှု အရည်အသွေးများအပြင် အရောင်းခန့်မှန်းတွက်ချက်ခြင်း (Sales Forecasting), ဆွဲထားတဲ့ Sales Plan များကို ထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ခြင်း၊ အရောင်းဝန်ထမ်းတွေကို လှုံဆော်မှုပေးခြင်း၊ ထိန်းချုပ်ခြင်းနှင့် ရလာဒ်များကို ထိရောက်စွာ အကဲဖြတ်အကြံပြုခြင်း များကို ပြုလုပ်ဖို့ လိုအပ်တဲ့ စီမံခန့်ခွဲခြင်းနည်းလမ်းများကိုပါ သင်ကြားသွားမှာ ဖြစ်ပါတယ်။
သင်တန်း စုံစမ်းရန် မက်ဆေ့ သို့ ဖုန်းနံပါတ် 09 424 638 38 , 09 420 065 267 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
#BetterVersion #MakeYourProgress #BetterSalesman #BetterSalesStrategist