Blog

အငြင်းခံရမှာ မကြောက်ပါနဲ့။

2
Sales

အငြင်းခံရမှာ မကြောက်ပါနဲ့။

လက်ရှိကာလက အရောင်းသမားတွေရော၊ လုပ်ငန်းရှင်တွေရော အကုန်လုံး ရုန်းကန်ခက်ခဲနေကြတဲ့ အချိန်ဖြစ်လို့ ပုံမှန်ထက်အများကြီး ကြိုးစားနေကြရတဲ့ အချိန်ပါပဲ။ 

ဒီနေ့   Brian Tracy ရေးထားတဲ့ “The Psychology of Selling” စာအုပ်ထဲက အရောင်းသမားတွေကို အတွက် အကျိုးရှိစေမယ့် ideas တွေပြန်ပြီး ဝေမျှချင်ပါတယ်။

ဒီအချိန်မှာ စျေးပြန်ရောင်းနိုင်ဖို့ ကြိုးစားနေတဲ့ လူတွေ၊ အရောင်းအ၀ယ်ပြန်လုပ်ဖို့ ကြိုးစားနေတဲ့ သူတွေအနေနဲ့ ဒီအချက်တွေကို တတ်နိုင်သမျှ ကျော်ဖြတ်နိုင်ဖို့ ကြိုးစားပါ။ 

 ၁) ကျရှုံးရမှာ မကြောက်ပါနဲ့။ 

ပြောင်းလဲနေတဲ့အခြေနေတွေကြောင့် အသစ်အသစ်တွေလုပ်ရ၊ ကြိုးစားရတဲ့ အခါ ကျရှုံးရမှာကို မကြောက်ပဲ ရဲရဲဝံ့ဝံ့သာ ဆက်လုပ်ပါ။ 

၂) အငြင်းခံရမှာ မကြောက်ပါနဲ့။ 

 အခြေအနေတစ်ခုခုကြောင့်များ အငြင်းခံရတာကြုံလာရင် စိတ်ဓါတ်မကျပါနဲ့။ ထပ်ကြိုးစားပါ။ အရောင်းသမားတွေအနေနဲ့ အငြင်းခံရတာကို တွေ့ကြုံရတာ ပုံမှန်ပါပဲ။ 

ကျရှုံးရတာတွေ၊ အငြင်းခံရတာတွေ ရှိလာတဲ့ အခါမှာ စိတ်ဓာတ်ကျ၊ စိတ်ညစ် မနေဘဲ လုပ်သင့်တဲ့ အလုပ်ကို ကြိုးစားလုပ်ရင်း မအောင်မြင်ခဲ့တာကို အတွေ့အကြုံကောင်းတစ်ခု အနေနဲ့ ပြောင်းလဲဖို့ ကြိုးစားရမှာပါ။

 နောက်တစ်ခုက အရောင်းသမားတွေအနေနဲ့ ယှဉ်တွဲရှိနေသင့်တဲ့ အရာက လေ့လာသင့်ယူမှုပါပဲတဲ့။ ပိုမိုလေ့လာပြီး လက်တွေ့ အသုံးချနိုင်လေ၊ ပိုမို ကောင်းမွန်တဲ့ ရလဒ်တွေရလာလေပါပဲ။ 

ရလဒ်ကောင်းတွေရလာတော့ ဆုံးရှုံးရတာတွေ၊ အငြင်းခံရတာတွေ နည်းလာပြီး အလုပ်လုပ်ရတာ ပိုပြီးတက်တက်ကြွကြွ ရှိလာတာပေါ့။ အလုပ်မှာ ပျော်လာတော့ ပိုကြိုးစားချင်စိတ်တွေရှိလာတယ်။ ဒါတွေက တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာပါပဲ။

ဒါကြောင့် အောင်မြင်တဲ့၊ ပရော်ဖက်ရှင်နယ် ကျတဲ့ အရောင်းသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် ကျရှုံးမှုတွေ၊ အငြင်းခံရတာတွေကို မကြောက်ပါနဲ့။ ကြိုတင်ပြင်ဆင်ပါ၊ 

မှားခဲ့ဖူးတာတွေကနေ လေ့လာပါ၊ သင်ယူပါ၊ ပိုကောင်းအောင်လုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေပါ။ ဒါဆိုရင်တော့ ပိုကောင်းတဲ့ ရလာဒ်တွေရလာမှာပါ။ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ