Blog

အရောင်းသမားတွေ သတိထားရှောင်ကြဥ်သင့်တဲ့အမှားများ

36
Sales

အရောင်းသမားတွေ သတိထားရှောင်ကြဥ်သင့်တဲ့အမှားများ

အရောင်းသမားတွေအနေနဲ့ ချမှတ်ထားတဲ့ Sales Target တွေပြည့်ဖို့အရေးကိုပဲ ဦးစားပေးတတ်တဲ့အခါမျိုး၊ အ​ရောင်းရဖို့ အရေးကလွဲပြီးကျန်တာကို ဘာမှသေချာ မလေ့လာ မပြင်ဆင်တဲ့အခါမျိုး မှာဆိုရင် သတိမထားမိပဲ မှားတတ်တဲ့ အရာတွေ ရှိပါတယ်။ 

အဲ့ဒီအခါကြတော့ ထင်သလောက် မရောင်းရတော့ပဲ ရောင်းအားကျလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။  

 ဒီတစ်ခါမှာတော့ အရောင်းသမားတွေအနေနဲ့ အရောင်းအဝယ်ဖြစ်ဖို့ပဲ ကြည့်ပြီး customer တွေနဲ့ပြောဆိုဆက်ဆံရာမှာ ဘာတွေမှားတတ်တယ်၊ ဘာတွေကို သတိထား ပြင်ဆင် သင့်တယ်ဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။

 ဒါတွေကို သိထားတဲ့အခါကြတော့ အချိန်မှီသတိထား ပြင်ဆင်မယ်ဆိုရင် အောင် မြင်တဲ့ အရောင်းတွေရနိုင်မှာပါ။

 

၁) ကြိုတင်ပြင်ဆင်မှုမရှိခြင်း 

 ပထမဆုံးအချက်က အရောင်းသမားတစ်ယောက်အနေနဲ့ သင်ရောင်း တဲ့ ကုန်ပစ္စည်းအကြောင်း၊  ဝယ်သူတွေ အကြောင်း၊ ဈေးကွက် အနေအထား၊ ဘာတွေဖြစ်နေတယ် ပြောင်းလဲနေတယ်ဆိုတာကို  ဘာမှမလေ့လာဘဲ အရောင်းထွက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာမှ ကြိုမလေ့လာထားတဲ့ အခါကြတော့ ဈေးကွက်ထဲကို သွားတဲ့အခါ  အခက်အခဲတွေ ဖြစ်တာပေါ့။ သင့် ဝယ်သူ ကို သင်ကိုယ်တိုင်နားမလည်တဲ့ အခါ သူတို့ရဲ့လိုအပ်ချက်၊လိုအင် ကဘာလဲဆိုတာကို သိအောင် လုပ်ဖို့ လည်း မလွယ်ပါဘူး။ သိရင်တောင် သင်ရောင်းနေတဲ့ကုန်ပစ္စည်း အကြောင်း၊ ဈေးကွက် အကြောင်း ကိုကောင်းကောင်းနားမလည်ရင် ကုန်ပစ္စည်းရဲ့ အားနည်းချက် အားသာချက်ကို ထင်သာမြင်သာရှိအောင် မပြောနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။ ရလဒ်ကတော့ ရောင်းအားကျတယ်ပေါ့။ 

ဒီတော့ အရောင်းသမားတွေအနေနဲ့ အောင်မြင်တဲ့အရောင်းတွေဖန်တီးနိုင်ဖို့ဆို ပထမဆုံး အချက်ကတော့ သင်လုပ်နေတဲ့အလုပ် အကြောင်းနဲ့ပတ်သက်တာ အားလုံးကို အရင်ဆုံး သေချာသိအောင် လေ့လာပြီးမှ အရောင်းထွက်ပါ။

 

၂) ဝယ်သူတွေပြောတာကို သေချာနားထောင်ဖို့မေ့နေတတ်ကြခြင်း

 အရောင်းသမားတွေအနေနဲ့ ဝယ်သူတွေ နဲ့ပြောဆိုဆက်ဆံရတဲ့အခါမှာ လူကသာ ဝယ်သူတွေရဲ့ ရှေ့ကိုရောက်နေတာ စိတ်ကတော့ တခြားကို ရောက်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

တစ်ခါတစ်လေကြတော့ သင့်ရုံးကပြဿနာ၊ အိမ်က ပြဿနာတွေကို စိတ်ရောက်နေတာမျိုးတွေ ရှိတတ်တယ်။ အဲ့ဒီအခါမှာ ဝယ်သူတွေ ပြောတာကို သေချာနားမထောင်နိုင်တော့ပဲ၊ သူတို့ပြောချင်တဲ့ ဆိုလိုရင်းကိုလည်း မသိပဲ၊ သူတို့မေးနေတာ သိချင်နေတာက တခြား သင်ပြောချင်တာကို ပဲရှင်းပြနေတတ်တာမျိုး တွေရှိတတ်ပါတယ်။ ဒါကို သတိထားရှောင်ကြဉ်ဖို့လိုပါတယ်။

 

၃) နားထောင်တာထက်ပြောတာပိုများနေခြင်း

 အရောင်းသမားတွေအနေနဲ့ ရောင်းအားတက်ဖို့ သင်ရောင်းနေတဲ့ကုန်ပစ္စည်း အကြောင်းရှင်းပြဖို့လိုတယ် ဆိုပေမယ့် ဝယ်သူတွေရဲ့လိုအပ်ချက်လိုအင်ကို သိဖို့ကလည်း သူတို့ပြောတာကို နားထောင်ဖို့လိုပါတယ်။ 

ရှေ့က blog တွေမှာဆိုလည်း နားထောင်တတ်ခြင်း ကဘယ်လောက်ထိအရေးပါလဲဆိုတာကို share ပေးခဲ့ဖူးပါတယ်။ တစ်ခါတစ်လေကြတော့ အရောင်းသမားတွေက သူတို့များများပြောရင် ပိုရောင်းရမှာပဲဆိုတဲ့ စိတ်၊ ရောင်းချင်တဲ့စိတ်များနေတတ်တယ်။ 

အဲ့ဒီ့အခါမှာ မေးခွန်းတွေမေးပြီး customer တွေရဲ့ လိုအပ်ချက်၊ လိုအင်ကို သိအောင် လုပ်ရမယ့် အစားသင်က သူသိချင်မယ်ထင်လို့ဆိုပြီး အကုန်လုံးကို အရမ်းရှင်းပြ နေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ ဝယ်သူတွေက အီသွားပြီး၊ confuse ဖြစ်သွားပြီးတော့ သူဘာလိုချင်မှန်း တောင်မသိတော့ပဲ ဝယ်ဖို့စိတ်မပါတာမျိုးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီအချက်ကိုလည်း သတိထားရှောင်ကြဉ်ဖို့လိုပါတယ်။

 

၄)ဝယ်သူတွေ​ပြောသမျှကို ခေါင်းညိမ့်မိတတ်ခြင်း

 တစ်ခါတစ်လေကြတော့ အရောင်းသမားတွေအနေနဲ့ ချမှတ်ထားတဲ့ sales targets တွေရဖို့ အရမ်းရောင်းချင်နေတဲ့ အခါမျိုးတွေရှိမယ်။ ရုံးကတော့ ဝယ်သူတွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ဖို့ လိုတယ်လို့ပြောထားတယ်၊ အဲ့လို တည်ဆောက်နိုင်ရင်တော့ သူသင့်ဆီကပဲအမြဲ ဝယ်နေတော့မှာ လို့စဉ်းစားနေမိတဲ့ အခါမျိုးတွေ ရှိမယ်။ 

အဲ့လိုအချိန်မျိုးမှာ ဝယ်သူတွေက တစ်ခုခုတောင်းဆိုလာရင် အရောင်းရဖို့အရေးကိုပဲ အဓိကထားပြီး သင်မလုပ်ပေးနိုင်တဲ့ အရာမျိုးတွေကို အကုန်လုံးခေါင်းညိမ့်ခဲ့တာမျိုး ၊ ကတိပေးခဲ့တာမျိုး တွေရှိတတ်ပါတယ်။ အစထဲက မလုပ်ပေးနိုင်ရင် တစ်ခါထဲ ငြင်းလိုက်တာထက် လုပ်ပေးမယ် ကတိပေးပြီး မလုပ်ပေးတာက ဝယ်သူတွေ နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ပိုထိခိုက်ပါတယ်။ 

ဒါ့ကြောင့် “under promise, over deliver” ပေါ့။ သင်က ချက်ချင်းတစ်ခါထဲ မလုပ်ပေးနိုင်ဘူး မပြောချင်ဘူးဆိုရင်တောင် ဒီ အချိန်ထိစောင့်ပေးပါ အထက်ကလူတွေကို အကြောင်းကြားပေးပါ့မယ်။ ပြီးရင်တော့ ပြန်ပြောပေးပါ့မယ်ပေါ့။ ဒါဆိုရင် ဝယ်သူတွေအနေနဲ့ကလည်း သူတို့တောင်းဆိုမှုကို အလေးထားပါလားဆိုတဲ့ ခံစားချက်မျိုးဖြစ်ပြီးတော့ မိတ်ဆွေမပျက်တော့ဘူးပေါ။ ဒါ့ကြောင့် အရောင်းသမား တွေအနေနဲ့ အမြဲတမ်း ခေါင်းညိမ့်မိတတ်တဲ့ အကျင့်ကို သတိထားဖို့လိုပါတယ်။

 

၅) ရောင်းဖို့မေ့နေတတ်ကြခြင်း

 အရောင်းသမားတွေအနေနဲ့ ဝယ်သူတွေနဲ့ relationship တွေအရမ်း ကောင်းသွားတဲ့ အခါမျိုးမှာ စကားတွေ အများကြီးပြောပြီး ရောင်းဖို့မေ့နေတတ်ကြတယ်။ နောက်ဆုံးကြတော့ ပြန်လာခဲ့မယ်နော် ဆိုတာမျိုးနဲ့ အဆုံးသတ်သွားတာမျိုးဖြစ်တတ်တယ်။ အရောင်းသမားတွေ အနေနဲ့ အတင်းတွန်းရောင်းတာမျိုးကို ရှောင်သင့်တယ်ဆိုပေမယ့် မှန်ကန်တဲ့အချိန်မှာ ဝယ်ဖို့ပြောခြင်းကလည်း  လိုတဲ့အချက်တစ်ခုပါပဲ။ လုပ်သင့်တဲ့အချိန်မှာ မှန်ကန်တဲ့နည်းလမ်းနဲ့ အရောင်းပိတ်ဖို့လိုတာပေါ့။ ဒီနေရာမှာ ဘယ်လိုအရောင်းပိတ်ရမလဲ ဆိုတာကတော့ ရှေ့က blog တွေမှာ ပြောပေးထားပါတယ်။ ရောင်းရမယ့် အချိန်မှာ ဝယ်ဖို့ပြောမှသာ အောင်မြင်တဲ့ အရောင်းတွေကို ဖန်တီးနိုင်မှာပါ။

ဒါတွေကတော့ အောင်မြင်တဲ့အရောင်းတွေရဖို့ အရောင်းသမားတွေ အနေနဲ့ သတိထားရှောင်ကြဉ်သင့်တဲ့ အခြေခံအချက်တွေပဲဖြစ်ပါတယ်။ 

ဒါတွေကို သတိထားရှောင်ကြဉ်မယ်ဆိုရင် သင့်ဝယ်သူတွေနဲ့ ဆက်ဆံရေးပိုကောင်းပြီး အောင်မြင်တဲ့အရောင်းတွေဖန်တီးနိုင်မှာပါ။

အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။

အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့ (သို့မဟုတ်) ၀၉ ၄၂၄၆၃၈၃၈၀၊ ၀၉၄၂၀၀၆၅၂၆၇ ကိုဆက်သွယ်နိုင်ပါတယ်။

#BetterVersion #MistakesOfTheSalesman

#MakeYourProgress #BetterSalesman

 

Leave your thought here

Your email address will not be published. Required fields are marked *

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
Sales Techniques - E book

သင့်ရောင်းအားကို မြှင့်တင်ဖို့ နည်းလမ်းကောင်းတွေပါတဲ့ E-book ကို FREE (အခမဲ့) ရယူပါ။

ကမ္ဘာကျော် ရုပ်ရှင်ကား တစ်ခုဖြစ်တဲ့ “Wolf Of Wall Street” ရဲ့ ပဲ့ကိုင်ရှင် Jorden Belford ရဲ့ အရောင်းပညာရပ်တွေကို ဖတ်ရှုလေ့လာ သင့်လုပ်ငန်းမှာကျင့်သုံးနိုင်ပါတယ်။