Blog

ရလာဒ်ကောင်းတဲ့ အရောင်းသမားဖြစ်လာစေဖို့ နည်းလမ်းများ

Website Blog - ရလာဒ်ကောင်းတဲ့အရောင်းသမားဖြစ်လာစေဖို့
Sales

ရလာဒ်ကောင်းတဲ့ အရောင်းသမားဖြစ်လာစေဖို့ နည်းလမ်းများ

ရလာဒ်ကောင်းတဲ့ အရောင်းသမားဖြစ်လာစေဖို့ နည်းလမ်းများ 
အရောင်းသမားတစ်ယောက်အနေနဲ့ ရလာဒ်ကောင်းဖို့ဆိုရင် သင့်ရဲ့ အလုပ်အချိန်အတွင်းမှာ ဘယ်အလုပ်တွေကို အဓိကထားပြီးလုပ်မလဲ ဆိုတာကိုသေချာသိဖို့လိုပါတယ်။
 
တစ်ခါတစ်လေ အရောင်းသမားတွေဟာ အလုပ်တွေများနေပြီး အချိန်ပိုတွေဆင်း၊ stress တွေပိပြီး ရလာဒ်ကျတော့ မကောင်းတာမျိုးတွေ ကြုံတွေ့နေရတာကို တွေ့ရပါတယ်။ သူများထက် ပိုပြီးလည်းကြိုးစားတယ်၊ အချိနတွေလည်းပိုပေးရတယ်၊ ဒါပေမယ့် ရလာဒ်ကောင်းတွေရမနေဘူး ဆိုရင် သေချာပါတယ်။ သင့်ရဲ့ အလုပ်တွေကိုပြန်ပြီးစဥ်းစားသုံးသပ်ဖို့ လိုလာပါပြီ။
 
ဒီတစ်ခါမှာတော့ အရောင်းသမားတွေအတွက် ရလာဒ်ကောင်းတွေပိုင်ဆိုင်နိုင်ဖို့ ဆိုရင် လုပ်သင့်တဲ့ အချက်တွေကို မျှဝေပေးချင်ပါတယ်။
 
 
၁) ငြင်းပါ။

ငြင်းပါလို့ ပြောလို့ အံသြသွားနိုင်ပါတယ်။ ဟုတ်ပါတယ်။ ငြင်းပါ။ သင့်ရဲ့ အရောင်းရလာဒ်တွေ ပိုပြီးကောင်းလာဖို့ ဆိုရင် မလိုအပ်တဲ့ အလုပ်တွေ၊ အရေးမကြီးတဲ့ မီတင်တွေ၊ သင့်ရဲ့ ရလာဒ်အပေါ် ဘာအကျိုးသက်ရောက်စေမှုမှ မရှိတဲ့ အလုပ်တွေ၊ အနှောင့်အယှက်တွေကို ငြင်းပယ်နိုင်ဖို့ ကြိုးစားပါ။

 

 
၂) အာရုံစိုက်ပါ။

ရှိသမျှ အလုပ်တွေအာရုံစိုက်နေ စရာမလိုပါဘူး။ သင့်ရဲ့ ရလာဒ်ကို မြှင့်တင်ပေးနိုင်တဲ့ လုပ်ရပ်တွေအပေါ်မှာပဲ အာရုံစိုက်ဖို့ လိုပါတယ်။ အလုပ်ဆင်းတဲ့ အချိန်မှာ နောက်နေ့ ဘာလုပ်မလဲဆိုတဲ့ တကယ့်အရေးကြိးတဲ့ အချက် (၃) ချက်ချရေးကြည့်ပြီး နောက်နေ့မှာ ဒီအလုပ်တွေအပေါ်မှာပဲ အာရုံစိုက်ပါ။

 

 
၃) လူတိုင်းကိုရောင်းဖို့ မကြိုးစားပါနဲ့။
လူတိုင်းက သင့်ရဲ့၀ယ်သူမဟုတ်ပါဘူး။ ဒါကိုနားလည်ပါ။ သင့်အတွက်အကျိုးမရှိစေနိုင်တဲ့၊ ၀ယ်သူမဖြစ်လာနိုင်တဲ့ လူတွေနောက်လိုက်ရင်း သင့်ရဲ့ အချိန်တွေအကုန်မခံပါနဲ့။ ရောင်းရချင်ဇော၊ ရလာဒ်ကောင်းချင်ဇောနဲ့ ကိုယ့်အတွက် အကျိုးမရှိ၊ ၀ယ်သူမဟုတ်တဲ့ လူတွေနောက်လိုက်မိရင် တစ်ကယ့်အကျိုးရှိစေမယ့် ၀ယ်သူတွေလွတ်ကုန်ပါလိမ့်မယ်။
 
 
၄) သင့်၀ယ်သူကိုလေ့လာပါ။
အရောင်းသမားတွေမှာ အချိန်က အရမ်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် လတိုင်း၊ ရက်တိုင်းမှာ ရလာဒ်ကောင်းချင်ရင် သင့်အရောင်းသမားတွေက ဘယ်သူတွေလဲ၊ ဘယ်လို၀ယ်ယူလေ့ရှိလဲ၊ ဘယ်လိုအရာတွေကိုတန်ဖိုးထားလေ့ရှိလဲ ဆိုတာလေ့လာပြီး သင့်၀ယ်သူနဲ့ ကိုက်ညီတဲ့ အရောင်းနည်းဗျူဟာတွေ ဖန်တီးပါ။
 
 
၅) သင်ယူပြီး ပြန်လည်အသုံးချပါ။
သင့် ၀ယ်သူတွေရဲ့ ၀ယ်ယူမှု ပုံစံတွေဟာ အချိန်နဲ့ တစ်ပြေးညီပြောင်းလဲနေပါတယ်။ ဒါကြောင့် ခေတ်နဲ့ အညီ အရောင်းနည်းဗျူဟာအသစ်တွေလေ့လာပါ။ သင်ယူပါ။ သင့်၀ယ်သူနဲ့ ကိုက်ညီမယ့် အရောင်းနည်းပညာတွေ၊ ဗျူဟာတွေကို လက်တွေ့အသုံးချပါ။
 
 
၆) Free Zone တစ်ခုတော့ဖန်တီးပါ။ 

ဒီနေရာမှာဆိုလိုချင်တဲ့ Free Zone ဆိုတာ Social media notification တွေ email alert တွေအစရှိတဲ့   စိတ်အာရုံပျံ့လွင့်စေမယ့် အရာတွေနဲ့ ခေတ္တအဆက်သွယ်ဖြတ်တာကို ဆိုလိုချင်တာပါ။ 

သင့်က အလားအလာရှိတဲ့ ၀ယ်သူတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်မျိုးမှာ တစ်ခြားတစ်ယောက်က email ပို့လိုက်တာပဲ ဖြစ်ဖြစ်၊ message ပို့လိုက်တာပဲ ဖြစ်ဖြစ် ဆိုရင် အဲ့ဒီဘက်ကို အာရုံရောက်သွားပြီး သင့်ရှေ့က ၀ယ်သူကို စိတ်အာရုံအပြည့်အ၀မပေးနိုင်တော့ပါဘူး။  ဒါကြောင့် ပိုပြီးရလာဒ်ကောင်းချင်ရင် Free Zone တစ်ခုဖန်တီးထားပြီး အလားလာရှိတဲ့ ၀ယ်သူတွေကို အချိန်ပေးပါ။ 

 

၇) သင့်အချိန်ကို သင့်ကိုယ်တိုင်စီမံပါ။ 

ရလာဒ်ကောင်းတဲ့ အရောင်းသမားတွေကိုလေ့လာကြည့်ရင် သူတို့မှာ အချိန်ကိုကောင်းကောင်း စီမံခန့်ခွဲနိုင်တဲ့ အရည်အချင်းတွေရှိပါတယ်။ ဒါကြောင့် ရှိတဲ့ အချိန်မှာ ရလာဒ်ကောင်းတွေပိုင်ဆိုင်ချင်တယ် ဆိုရင် အချိန်ကိုမဟာဗျူဟာကျကျ စီမံနိုင်ဖို့ လိုပါတယ်။ 

ဘယ်အချိန်မှာ follow up လိုက်သင့်လဲ။ ဘယ်အချိန်မှာ ၀ယ်သူ၊ ဖောက်သည်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်မလဲဆိုတာ သေချာစီမံပါ။ 

 

၈) Software တွေ၊ Automation တွေသုံးပါ။ 

အရောင်းသမားတွေအတွက် အချိန်က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် ပိုပြီးရလာဒ်ကောင်းချင်တယ် ဆိုရင် လက်ရှိလုပ်နေတဲ့ အလုပ်တွေနဲ့ တင်မလုံလောက်ပါဘူး။ ရောင်းအားတက်ဖို့ CRM software တွေ၊ email automation တွေ မဖြစ်မနေသုံးကို သုံးသင့်ပါတယ်။ သင့်ရဲ့ productivity ကို စီမံခန့်ခွဲဖို့ဆိုရင်လည်း Task management tools တွေ လိုပါတယ်။ တတ်နိုင်သမျှသုံးပါ။ အချိန်ကုန်လည်းသက်သာပြီး ရလာဒ်လည်းပိုကောင်းလာပါလိမ့်မယ်။ 

 

၉) အောင်မြင်နေတဲ့လူတွေကို လေ့လာပါ။ 

သင့်ပတ်၀န်းကျင်မှာ အောင်မြင်နေတဲ့သူတွေပဲ ဖြစ်ဖြစ်​၊ ဒါမှမဟုတ် သင်လေးစားရတဲ့ အောင်မြင်တဲ့သူတွေကိုလေ့လာပါ။ သူတို့ အောင်မြင်မှုရအောင် လုပ်ခဲ့တဲ့ နည်းလမ်းတွေမှာ သင့်အတွက် အသုံး၀င်နိုင်တာမျိုး၊ သင့်အခက်အခဲ ကိုဖြေရှင်းနိုင်ဖို့ ကိုက်ညီတာမျိုး၊ ရှိနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အောင်မြင်သူတွေကိုလည်း လေ့လာပါ။ သင့်ပြိုင်ဘက်တွေကိုလည်းလေ့လာပါ။ 

 

၁၀) ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်တွေချပါ။ 

အရောင်းသမားတစ်ယောက်အနေနဲ့  သင့်ဒီနေ့တော့ ဖုန်းခေါ်ဘယ်နှစ်ခုခေါ်မယ်၊ ၀ယ်သူဘယ်နှစ်ယောက်နဲ့ တွေ့မယ်ဆိုတာမျိုး ရှင်းလင်းတဲ့ intention ရှိရပါမယ်။ ဒါမှပဲ ဒီနေ့တော့ သင်ဘယ်လောက်ဖိုးရောင်းနိုင်တယ်၊ နောက်နေ့တော့ ဘယ်လောက်ဖိုးရောင်းနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်ဆိုရင် သင်ရဲ့လုပ်ရပ်တိုင်းက ရှင်းလင်းနေမှာဖြစ်ပြီး ရလာဒ်ကောင်းတွေ တစ်ဖြည်းဖြည်း ရလာပါလိမ့်မယ်။ 

ဒီ အချက် (၁၀) လုံးကိုသေချာလုပ်မယ်ဆိုရင် သေချာပါတယ်။ ထူးခြားတဲ့ ရလာဒ်တစ်ခုကိုတွေ့ရမှာပါ။ 

နောက်လာမယ့် ပိုစ်တွေမှာလည်း လာမယ့် အနာဂတ်မှာ ၀ယ်သူတွေရဲ့ ပြောင်းလဲသွားမယ့် ၀ယ်ယူမှုပုံစံတွေအကြောင်းဆွေးနွေးပေးဖို့ စီစဥ်ပေးထားပါတယ်။ ဖတ်ချင်တယ်ဆိုရင် comment မှာ “Better Future” လို့ရေးပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။ 

#BetterVersion #MakeYourProgress #Sales #BetterSalesman #SalesEfficiency

 
 
 
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ