ဝယ်သင့်မဝယ်သင့် ဒွိဟ ဖြစ်နေတဲ့ ဝယ်သူတွေကို ဘယ်လိုရောင်းကြမလဲ?
October 9, 2020 2021-07-14 19:03ဝယ်သင့်မဝယ်သင့် ဒွိဟ ဖြစ်နေတဲ့ ဝယ်သူတွေကို ဘယ်လိုရောင်းကြမလဲ?
တစ်ခါတစ်လေတော့ အရောင်းသမားတွေ ကြုံဖူးမှာပါ ဝယ်သူက ကိုယ့် ကုန်ပစ္စည်းကိုလည်း ကြိုက်တယ်၊ ဈေးကလည်း သူသုံးနိုင်တဲ့ အနေအထားလည်းဖြစ်ပြီ ဒါပေမယ့် အရောင်းကမဖြစ်ဘူး၊ ကိုယ့်ဆီက ဝယ်ဖို့အရေးတိုင်ပတ်နေတယ်။
ဒီတော့ ဒီလိုအခြေအနေမျိုးမှာ အရောင်းသမားတွေအနေနဲ့ အဲ့လိုအခြေအနေမျိုးတွေ ကြုံလာရင် ဘယ်လို နည်းမျိုးသုံး ဖြေရှင်းလို့ရတယ် ဆိုတာကို ဆွေးနွေးပေးချင်ပါတယ်။
၁) Reference Selling ကိုယ့်လုပ်ငန်း၊ ကိုယ့် product ရဲ့ ရဖူးခဲ့တဲ့ feedback/reviews တွေ comment တွေကို ပြောပြပြီးရောင်းပါ။
ဝယ်သူတွေက တစ်ခါတစ်လေ ငါဝယ်လိုက်တာများမှားသွားမလား လို့တွေးပြီး ဝယ်ဖို့အရေး စဉ်းစားနေတာမျိုးတွေ ရှိတတ်ပါတယ်။ အဲ့ဒီလို အခြေအနေမျိုးမှာ အရောင်းသမားတွေ အနေနဲ့ သူတို့ရဲ့ ဝယ်ချင်စိတ်ကို ပိုတက်လာစေဖို့အတွက် အရင်ဝယ်ယူသုံးစွဲခဲ့သူတွေကတော့ ဒီလိုမျိုးမှတ်ချက်တွေ၊ ဒီလို အတွေ့အကြုံတွေကို မျှဝေခဲ့တယ်ဆိုတာကို ထောက်ပြပြီး အရောင်းရဖို့ ကြိုးစားသင့်ပါတယ်။ ဒါဆိုရင် ဝယ်သူတွေအနေနဲ့က သူတို့လို levelတူသူတွေက၊ ဒါမမဟုတ် သူတို့ သဘောကျတဲ့ သူတွေကတောင် ဒီ ပစ္စည်းကို ဝယ်ယူသုံးစွဲသေးတယ်ဆိုပြီးတော့ သူတို့ ရဲ့ ဝယ်ချင်စိတ်လည်းပိုတက်လာမှာပါ။
ဒီနေရာမှာ ဒီလိုမျိုး reviews ကောင်းကောင်းတွေ ရထားဖို့ ဘယ်လိုလုပ်ရမလဲ။ customer service ကအရေးကြီးတာပေါ့။ အရောင်းသမားတွေအနေနဲ့ ကိုယ့် ဝယ်သူကို စပြီးကိုယ့် product ကို လာကြည့်တဲ့အချိန်ကနေ စလို့ သုံးစွဲပြီးသွားတဲ့အချိန်ထိ သူတို့ စိတ်ကျေနပ်စေဖို့ ကိုယ်က ဝန်ဆောင်မှု ကောင်းကောင်းပေးနိုင်ဖို့ ကြိုးစားရမှာပေါ့။
၂) Guarantee အာမခံချက်ပေးတဲ့ ပုံစံမျိုးနဲ့ အရောင်းရဖို့ကြိုးစားပါ။
စက်ပစ္စည်းတွေဝယ်တဲ့အခါ တွေ့ဖူးကြမှာပေါ့ တစ်နှစ်အာမခံ၊ နှစ်နှစ် အာမခံပေးတာတွေ။ တစ်နှစ်အတွင်း တစ်ခုခု စက်ချို့ယွင်းတဲ့အခါ အခမဲ့ ပြန်ပြင်ပေးတာ၊ ဒါမမဟုတ်လဲ အသစ်တစ်ခုနဲ့လဲပေးတာ စသည်ဖြင့်ပေါ့။
ဥပမာ − ကျွန်တော်တို့ Better Version သင်တန်းကျောင်းဆိုလည်း “ Better Version မှ ဖွင့်မယ့် သင်တန်းများကို စိတ်ကျေနပ်မှုမရှိပါက ၁၀၀% ပြန်အမ်းပေးသွားမှာပါ။” ဆိုပြီး အာမခံချက်ပေးထားပါတယ်။ ကျွန်တော်တို့က လက်တွေ့ လုပ်ငန်းခွင်မှာ အသုံးချနိုင်ဖို့ လိုအပ်တဲ့ Skills တွေ၊ ဗဟုသုတတွေ၊ လက်တွေ့အသုံးချ နည်းလမ်းများကို မျှဝေပေးတာဖြစ်လို့ တကယ် လိုက်လုပ်သူတွေ အတွက် တကယ် အကျိုးရှိစေတယ် ဆိုတာကို အာမခံချက်ပေးထားတာမျိုးပါ။
ဒါ့ကြောင့် တကယ်လို့ အရောင်းသမားတွေအနေနဲ့က ကိုယ့် product က အဲ့လို အာမခံချက် ပေးလို့ရတဲ့ ပစ္စည်းမျိုးဆို ဒီအချက်ကို အဓိက ထားပြောပြပြီးအရောင်းပိတ်နိုင်ဖို့ ကြိုးစားလို့ရပါတယ်။
၃) Trial Orders အစမ်းပေးသုံးပြီး အရောင်းရဖို့ ကြိုးစားပါ
အဝတ်အထည်ရောင်းတဲ့နေရာမျိုးတွေမှာ အများဆုံး သုံးလို့ရတာပေါ့။ ဝယ်သူက ငါနဲ့လိုက်ပါ့မလား၊ ဝယ်သင့်ရဲ့လားလို့ ဝေခွဲမရဖြစ်နေရင် အကို ဝတ်ကြည့်လို့ရတယ် ကြိုက်ရင်ယူပေါ့ဆိုတာမျိုးပါ။ သူနဲ့လိုက်တယ် အဆင်ပြေတယ်ဆိုရင် အရောင်းရသွားတာပေါ့။
နောက်ဥပမာ တစ်ခုဆို မြန်မာတစ်နိုင်ငံလုံးကြိုက်တဲ့ မန္တလေးက ထိုးမုန့်ရောင်းပုံ၊ ပုသိမ်က ဟာလဝါ၊ ပဲခူးက ငါးချဥ် စတာတွေဟာ အမြည်းပေးစားပြီး ဝယ်သူရဲ့ ဝယ်ချင်စိတ်ကို တွန်းပေးလိုက်တာမျိုး ဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ရောင်းတဲ့ အရာက အသစ်၊ ဆော့ဝဲလ် လို နည်းပညာ နဲ့ ပတ်သက်တဲ့ အရာတွေဆိုရင်လည်း သေချာပေါက် ဒီနည်းဟာ စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုမျိုး အစမ်းပေးသုံးလို့ရတဲ့ ပစ္စည်းမျိုးတွေဆို အရောင်းသမားတွေအနေနဲ့က ဒီအချက်ကို အဓိကထားသုံးပြီးတော့ အရောင်းပိတ်နိုင်ဖို့ ကြိုးစားလို့ရပါတယ်။
ဒီလောက်ဆိုရင်တော့ အရောင်းသမားတွေအတွက် ဝယ်သင့်မဝယ်သင့် ဒွိဟ ဖြစ်နေတဲ့ ဝယ်သူတွေနဲ့ ကြုံလာခဲ့ရင် အရောင်းရဖို့ ဘယ်လို လုပ်သင့်တယ်ဆိုတဲ့ idea ရသွားမယ်လို့မျှော်လင့်ပါတယ်။
အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။
အရောင်းပိုင်းနဲ့ ဆိုင်တဲ့ သင်တန်းများ စုံစမ်းချင်တယ်ဆိုရင် မက်ဆေ့ သို့မဟုတ် ဖုန်း 09 424 638 38 , 09 420 065 267 သို့တစ်ဆင့် စုံစမ်းနိုင်ပါတယ်။
#BetterVersion
#MakeYourProgress
#HowToReducerisk
#BetterSalesman