“Sales Proposal” တစ်ခု ရေးတဲ့အခါ မဖြစ်မနေ ပါသင့်တဲ့ အချက် ၅ ချက်
January 16, 2021 2021-08-19 15:41“Sales Proposal” တစ်ခု ရေးတဲ့အခါ မဖြစ်မနေ ပါသင့်တဲ့ အချက် ၅ ချက်
“Sales Proposal” တစ်ခု ရေးတဲ့အခါ မဖြစ်မနေ ပါသင့်တဲ့ အချက် ၅ ချက်
“Sales Proposal” တစ်ခု ရေးတဲ့အခါ မဖြစ်မနေ ပါသင့်တဲ့ အချက် ၅ ချက်
Sales proposal ဆိုတာဘာလဲဆိုရင် ရောင်းသူကနေ အလားအလာရှိတဲ့ ဝယ်သူတစ်ဦး ဒါမှ မဟုတ် အဖွဲ့အစည်း တစ်ခု ကို မိမိ ကုန်ပစ္စည်း၊ ဝန်ဆောင် မှုအကြောင်းကို မိတ်ဆက်ပေးမယ်၊ ဒါကို သုံးခြင်းအားဖြင့် ဘာအကျိုး ကျေးဇူးတွေရသွားမလဲ၊ အားသာချက်၊ အားနည်းချက်က ဘာတွေလဲ စတာ တွေကို မိမိဝယ်သူတွေ သေချာမြင်သွားအောင် ထိထိမိမိ ထောက်ပြရေးသား ပေးပို့ချက်မျိုးဖြစ်ပါတယ်။
ဒီနေရာမှာ အရောင်းသမား အနေနဲ့က ပေးချင်တာ၊ပြောချင်တာ များပြီး အများကြီး ပြောပြထားသလို ဖြစ်နေတဲ့ အခါမျိုးဆိုလည်း ဝယ်သူတွေဘက် ဖတ်ရတာ ပျင်းစရာ ကောင်းသွားပြီးတော့ စိတ်ဝင်စားမှု နည်းသွားတာမျိုးတွေဖြစ်တတ်တာကို သိထားရမယ်။
အရမ်း တိုသွားတဲ့ အခါမျိုးကြတော့လည်း အချက်အလက် မပြည့်စုံတော့ အဆင်မပြေပြန်ပါဘူး။ ဒီတော့ အချက်အလက် စုံစုံလင်လင်နဲ့ ပြည့်စုံတဲ့ sales proposal တစ်ခု ဖြစ်အောင် ဖန်တီးတဲ့အခါ မဖြစ်မနေ ပါဝင်သင့်တဲ့ အချက်တွေကို မျှဝေ ပေးသွားချင်ပါတယ်။
၁) ပို့ရခြင်း ရည်ရွယ်ချက်နဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှုအကြောင်း လိုရင်းတိုရှင်း အနှစ်ချုပ်
ဝယ်သူတစ်ယောက် အနေနဲ့ က ပထမဆုံး စာမျက်နှာကို အရင်ဖတ် ကြည့်လိုက်မယ်။ စိတ်ဝင်စားသွားမယ် ဆက်ဖတ်မယ်၊ အဆုံးထိ ဖတ်သွားမယ် ပေါ့။ ဒီတော့ ပထမ စာမျက်နှာက အရေးကြီးတာပေါ့။ ဒီနေရာမှာ ဘယ်အချက်တွေ အဓိက ပါသင့်လဲ ဆိုရင်
- ဒီ proposal ကိုဘာကြောင့်ပို့ပေးတာလဲဆိုလဲ ရည်ရွယ်ချက်
- ဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲလိုက်ခြင်းအားဖြင့် ရသွားမယ့် အကျိုးကျေးဇူး တွေကဘာတွေလဲ
- မိမိဘက်ကပေးနိုင်တဲ့ အာမခံအနေအထား၊ ကာလ၊ အထူး ဝန်ဆောင်မှု (special service, ရှိခဲ့လျှင်)
ဒါတွေကို ဖတ်သူ နားလည်လွယ်အောင် အနှစ်ချုပ် ဖော်ပြပေးရပါမယ်။
၂) ရနိုင်တဲ့ ကုန်ပစ္စည်း(သို့) ဝန်ဆောင်မှု အကြောင်းနဲ့ ဈေးနှုန်း
နောက်တစ်ဆင့် အနေနဲ့ ဆိုရင်တော့ မိမိ ရောင်းလိုတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အကြောင်း ကိုတတ်နိုင်သလောက် အသေးစိတ် ပြန်ရှင်းပြတာမျိုး လုပ်ပေးသင့်ပါတယ်။ အရောင်းသမားတွေ အနေနဲ့ တစ်ခု သိထားသင့်တာက ဝယ်သူတွေက သူတို့မှာ ရွေးချယ်စရာ ရှိတဲ့ အနေအထားမျိုးကို ပိုနှစ်သက်တတ်ပါတယ်။
ဒါ့ကြောင့် တကယ်လို့ မိမိမှာလည်း ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အမျိုးအစား တစ်ခုထက်ပိုရှိနေတာမျိုးဆိုရင် ဈေးနှုန်းနဲ့ တကွ ရနိုင်တဲ့ အမျိုးအစားတွေကို တတ်နိုင်သလောက် အသေးစိတ်အချက်တွေကို ရှင်းပြပေးဖို့လိုပါမယ်။
၃) အခု ဝယ်ယူ သုံးစွဲသင့်တဲ့ အကြောင်းရင်း
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို သဘောကျ ကြိုက်သွားပြီ ဆိုရင်တောင် ဝယ်တော့မယ်ဆိုရင် ငွေကြေးသုံးစွဲရမှာ ဖြစ်တဲ့အတွက် ဝယ်ဖို့ကို အနည်းနဲ့အများပြန်စဉ်းစားတာပေါ့၊ (အခုလို covid ကာလဆို ပိုဆိုးတာပေါ။ တတ်နိုင်လောက် expense ကိုလျော့ချနေရတာလေ) ဒီတော့ မိမိ အနေနဲ့က အခု (အချိန်တစ်ခု ဘယ်အချိန်ကနေ_ ဘယ်အချိန်အတွင်း) ဝယ်မယ်ဆိုရင် ရမယ့် discount တွေ၊ အပို ဝန်ဆောင်မှု တွေ၊ အခုအချိန်မှ လုပ်ပေးထားတဲ့ အရစ်ကျ သွင်းလို့ရတဲ့ installment plan တွေ စတာတွေကို ဝယ်သူတွေ မြင်သွားအောင် ဖော်ပြပေးရမှာဖြစ်ပါတယ်။
၄) ဝယ်မယ် ဆိုရင် ဘာတွေ ဆက်လုပ်ရမလဲ
အပေါ်က အချက်တွေကို အသေးစိတ်သေချာ ရှင်းပြပေးထားလို့ ဝယ်သူက ဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ကြိုက်နေပြီ၊ စိတ်ဝင်စားမှု မြင့်နေပြီ။ ဒါဆို ဘာဆက်လုပ်ရမှာလဲပေါ့။ Call to action ပါရပါမယ်။ အသေးစိတ် ပိုသိချင်ရင် (သို့) ဝယ်မယ်ဆိုရင် ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ email address ရှိရင်လည်း email address၊ ဒါတွေကို ဖော်ပြပေးထားရမှာ ဖြစ်ပါတယ်။
၅) ဆွဲဆောင်မှု ရှိတဲ့ စာအရေးအသား၊ ဒီဇိုင်း အနေအထား
ဒီနေရာမှာ အပေါ်က ပြောထားသလို အချက်အလက်တွေ အကုန်ပါနေပြီဆိုရင် နောက်တစ်ချက်သတိထား ရမှာက ဒီဇိုင်းအနေအထားပါ။ ဒီနေရာမှာ email နဲ့ PDF ပို့တာဆိုလည်း စာလုံး အရွယ်အစားက ကြီးလိုက်သေးလိုက်ဖြစ်နေတာမျိုး၊ အရောင်တွေ စုံနေတာမျိုး တွေ မဖြစ်အောင်တတ်နိုင်သလောက် သတိထားဖို့လိုပါမယ်။
ဓာတ်ပုံ သုံးပေးဖို့ လိုတဲ့နေရာမျိုးမှာ တတ်နိုင်သလောက် ကြည်လင်ပြတ်သားတဲ့ပုံမျိုးကို သုံးပေးတာ၊ အရေးကြီးတဲ့အချက်တွေကို နံပါတ်စဉ်တတ်တာ၊ စာပိုဒ်လိုက်ကြီး မဟုတ်ပဲ တစ်ချက်ချင်းစီ မြင်သာအောင် ဖော်ပြပေးတတ်ဖို့ လည်းလိုပါတယ်။ အသေးစိတ်ကိုမဖတ်ရသေးရင်တောင် ဒီဇိုင်းနဲ့ စာအရေးအသား ကြည့်လိုက်ထဲက စိတ်ဝင်စား စရာမကောင်းရင် ဆက်ကြည့်တော့မှာကို မဟုတ်ပါဘူး။
ဒါ့ကြောင့် သေချာအချိန်ယူ ဒီဇိုင်းလုပ်တာမျိုးက လည်းမဖြစ်မနေ ပါသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။
ဆိုတော့ အလားအလာရှိတဲ့ ဝယ်သူတစ်ယောက်က sales proposal ပို့ပေးပါလို့ တောင်းဆိုလာတဲ့အခါ မျိူးမှာ ဒီအချက်တွေကို သုံးပြီး ဝယ်သူရဲ့ စိတ်ဝင်စားမှု အဆင့်ကနေ မိမိရောင်းတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဝယ်ချင်စိတ်ဖြစ်တဲ့ အဆင့်ထိရောက်အောင် ကျစ်လစ်ထိရောက်တဲ့ sales proposal အခု ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။