Consumer promotion ပေးတော့မယ်ဆိုရင်
May 21, 2021 2021-08-13 15:47Consumer promotion ပေးတော့မယ်ဆိုရင်
ရောင်းအားတွေတက်ဖို့ အစီအစဉ်တွေ၊ ဗျူဟာတွေ ချမှတ်ပြီဆိုရင် အမှန်တကယ် ဝယ်ယူသုံးဆွဲတဲ့ ဝယ်သူကိုပေးမယ့် consumer promotion ဆိုတာကလည်း ထည့်သွင်းစဉ်းစား ရမယ့် အချက် တစ်ခုပါပဲ။
လက်ရှိရှိပြီးသား ထုတ်ကုန်ပဲ ဖြစ်ဖြစ်၊ ထုတ်ကုန် အသစ်ပဲ ဖြစ်ဖြစ် သင်ရောင်းနေ တဲ့ကုန်ပစ္စည်းကို ဝယ်ချင်တာအောင် ဘယ်လို promotion မျိုးနဲ့ ဆွဲဆောင်သင့် သလဲ pull technique လို့လည်းခေါ်ပါတယ်။
သင့် ကုန်ပစ္စည်း အနေအထား၊ ဈေးကွက် အခြေအနေနဲ့လိုက်ပြီးသုံးလို့ရမယ့် consumer promotion နည်းလမ်းတွေကို လေ့လာကြည့်ရအောင်။
၁) အစမ်းပေးသုံးခြင်း။ မိမိကုန်ပစ္စည်းက ဈေးကွက်ထဲမှာ အသစ်ဖြစ်နေတဲ့အခါမျိုးဆိုရင် အစမ်းသုံးကြည့်ဖို့ လက်ဆောင် ပေးတာမျိုးလုပ်လို့ရပါတယ်။ ဥပမာ – ခေါင်းလျှော်ရည်လိုမျိုးဆို အထုတ်သေးလေးတွေကို လက်ဆောင်အနေနဲ့ ပေးတာမျိုးပါ။
၂) ကူပွန်ပေးခြင်း။ နောက်တစ်ခါဝယ်တဲ့အခါ ဘယ်လောက် % တော့ လျော့ဈေးရမယ် ဆိုပြီး ကူပွန် ပေးတာမျိုးဖြစ်ပါတယ်။ ဒီလိုပေးလိုက်ခြင်းအားဖြင့် repeat purchase (ဒီကုန်ပစ္စည်းကိုပဲ နောက်တစ်ခါဝယ်စေဖို့) ကိုလည်း တစ်ခါထဲ လုပ်ဆောင်ပြီးသား ဖြစ်သွားစေပါတယ်။
၃) တစ်ခုဝယ်တစ်ခု လက်ဆောင်ပေးခြင်း။ (buy one get one free) BOGOF လို့ခေါ်ပါတယ်။ များသော အားဖြင့်တော့ FMCG product တွေမှာ ဒီလို ပေးတာမျိုးတွေ အများဆုံးသုံးကြပါတယ်။
၄) ဈေးလျော့ပေးခြင်း။ ပုံမှန်ရောင်းဈေးကိုမှ ရာသီအလိုက် သို့မဟုတ် ပွဲတော်ရှိနေတဲ့ အချိန်မျိုးတွေမှာ % တွေ လျော့ပေးတာမျိုးပါ။ ဥပမာ – သီတင်းကျွတ် promotion 20% off ၊ New Year promotion 30% off ဆိုပြီး ပေးလို့ရပါတယ်။
၅) လက်ဆောင်တွဲပေးခြင်း။ on-pack gifts ပေးတာပေါ့။ ဥပမာ- ကော်ဖီမှုန့် ဘူးမှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ပါတဲ့ ဖန်ခွက် တွဲပေးတာမျိုးပါ။
၆) ငွေပြန်အမ်းပေးခြင်း။ ဒါကကြတော့ ပုံမှန်ဈေးကိုတော့လျော့ပေးတာမဟုတ်ပါဘူး။ ခဲခြစ်ကံစမ်းမဲလိုမျိုး လုပ်ပေးတာပါ။ ပေါက်တဲ့ ပမာဏကို ငွေပြန်အမ်းပေးတာမျိုးပါ။
၇) ကံစမ်းမဲဖောက်ပေးခြင်း။ ဝယ်သူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ အရေအတွက် ဝယ်ရင် ကံစမ်းမဲလက်မှတ်ရမယ်။ ပြီးရင် သတ်မှတ်ကာလ အတွင်းမှာ တန်ဖိုးကြီး ပစ္စည်းတစ်ခုခု သော်လည်းကောင်း၊ ခရီးစဉ်တစ်ခုခု အတွက် package သော်လည်းကောင်း ရွေးချယ်ပြီး ပေးတဲ့ပုံစံမျိုးဖြစ်ပါတယ်။
ဒီနည်းတွေကတော့ သင်ရောင်းတဲ့ ကုန်ပစ္စည်းအနေအထားပေါ်မူတည်ပြီး လုပ်ငန်းရောင်းအားတက်စေဖို့ မှန်ကန်ထိရောက်တဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ် (successful sales promotion plan) ဆွဲတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားပြီး လက်တွေ့ အသုံးချ လို့ရမယ့် နည်းလမ်းအချို့ပဲဖြစ်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။