သင့်ကုန်ပစ္စည်းကို လူများများသိလာစေဖို့ Promotion အတွက် tools ရွေးတဲ့အခါ ချိန်စဉ်းစားသင့်တဲ့ C ၅ လုံး
August 13, 2021 2021-08-20 14:29သင့်ကုန်ပစ္စည်းကို လူများများသိလာစေဖို့ Promotion အတွက် tools ရွေးတဲ့အခါ ချိန်စဉ်းစားသင့်တဲ့ C ၅ လုံး

သင့်ကုန်ပစ္စည်းကို လူများများသိလာစေဖို့ Promotion အတွက် tools ရွေးတဲ့အခါ ချိန်စဉ်းစားသင့်တဲ့ C ၅ လုံး
သင့်ကုန်ပစ္စည်းကို လူများများသိလာစေဖို့ Promotion အတွက် tools ရွေးတဲ့အခါ ချိန်စဉ်းစားသင့်တဲ့ C ၅ လုံး
မားကတ်တင်းသမားတွေအတွက် ကိုယ့်ပစ္စည်းကို ဈေးကွက်ထဲမှာ လူများများ သိလာအောင် ဘယ်လိုလုပ်မလဲ၊ ဈေးကွက်ကို ဘယ်လိုထိုးဖောက်မလဲ ဆိုပြီး ထိရောက်တဲ့ Promotion Decision ချနိုင်ဖို့ ကလည်း အရေးကြီးတဲ့ ကဏ္ဍ တစ်ခု ဖြစ်ပါတယ်။
ဒါဆိုရင် ကုန်ပစ္စည်းအကြောင်း လူများများသိအောင်လုပ်ဖို့Promotion Decision စဉ်းစားတဲ့အခါ ဘယ် tools တွေကိုသုံးမှာလဲ၊ ထိရောက်မှု ရှိဖို့ ဘယ်လိုပေါင်းစပ်ပြီးသုံးနိုင်မလဲ ဆိုတာကိုလည်း စဉ်းစားဖို့ လိုပါပြီ။
အဓိက စဥ်းစားလို့ရတဲ့ Promotion tools ၆ ခုရှိပါတယ်။
- Advertising (တီဗီ, facebook, လက်ကမ်းစာစောင် စတာတွေကနေ တစ်ဆင့် ကြော်ငြာတာမျိုးပါ)
- Sales Promotions (အရောင်းမြှင့်တင်ရေးအစီအစဉ်တွေဆွဲတာပါ)
- Direct Marketing (ဝယ်သူကို တိုက်ရိုက် အီးမေးလ်ပို့တာတွေ၊ ကုန်ပစ္စည်းအကြောင်း အချက်အလက်တွေ ပို့ပေးတာမျိုးပါ)
- Digital Marketing (Social Media, Content Marketing, Message Marketing အားလုံးပေါင်းပြီးခေါ်တာဖြစ်ပါတယ်)
- Relation Publics (ပွဲတွေမှာ စပွန်ဆာပေးတာမျိုးတွေ၊ လူထုအမြင်မှာ brand image တက်လာအောင် လုပ်တဲ့ ပုံစံမျိုးတွေဖြစ်ပါတယ်)
- Personal selling (အရောင်းသမားတွေ ထားပြီး ရောင်းခိုင်းတာမျိုး) ဖြစ်ပါတယ်။
ဒီတော့ ထိရောက်တဲ့ strategy ဖြစ်ဖို့ ဆိုရင် ဒီ tools ၆ ခုထဲက ဘယ်အချိန်မှာ၊ ဘာကို သုံးရမလဲဆိုတာကို ရွေးတတ်ဖို့ လိုပါတယ်။
ဒါဆို ဘယ်လို ပုံစံနဲ့ ရွေးချယ်သင့်လဲ။ 5 C နဲ့ ချိန်စဉ်းစားတတ်ဖို့ လိုပါတယ်။
- ပထမ C ကတော့ Communication ဖြစ်ပါတယ်။ ဘယ်ကနေ ဆက်သွယ်မှာလဲ၊ လူဘယ်လောက်သိသွားမလဲပေါ့။
သင်ရွေးချယ်လိုက်တဲ့ tools က ဝယ်သူကို လူကိုယ်တိုင်တိုက်ရိုက် ပြောဆိုဆက်သွယ်တဲ့ (Personal Selling လား)၊ media တွေကနေတစ်ဆင့် ကြော်ငြာမှာလား ဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ဒါကိုသုံးလိုက်ခြင်းအားဖြင့် ဝယ်သူ ဘယ်လောက်များများဆီကို (reach) ရောက်မှာလဲ၊ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှု ဘယ်အဆင့်ထိရောက်အောင် လုပ်နိုင်လဲ ဆိိုတာမျိုး ကိိုသုံးသပ်ရမှာပါ။
ဥပမာ_ အရောင်းသမား (salesman) ကို communication ရှု့ဒေါင့်ကနေ ကြည့်မယ်ဆိုရင် လူကိုယ်တိုင် တိုက်ရိုက် ပြောဆို ဆက်သွယ်ရတဲ့ personal အမျိုးအစားထဲမှာပါတယ်။ ဒါပေမယ့် reach ကနည်းသွားပြီ။ အရောင်းသမားကိုယ်တိုင် ပြောဆိုဆက်သွယ်တာဖြစ်တဲ့အတွက် တစ်နေ့ကိုမှ ဝယ်သူ ၁၀ ရောက်လောက်ပဲ သူသွားတွေ့နိုင်တာ၊ ဖုန်းခေါ်နိုင်တာ မျိုးဖြစ်မယ်။ ဒါပေမယ့် media တွေကနေတစ်ဆင့် ကြော်ငြာတာမျိုး ဆိုရင်တော့ သင့်ကုန်ပစ္စည်းကို လူသိပိုများ reach ပိုများသွားပါတယ်။ နောက်တစ်ခုက သင်ရောင်းတဲ့ ကုန်ပစ္စည်း အမျိုးအစားအရရော အရောင်းသမားကိုယ်တိုင်ဆက်သွယ်တာနဲ့ ကြော်ငြာတွေကို တွေ့ တာဝယ်သူတွေ ဘယ်ဟာပို စိတ်ဝင်စားလဲ ဆိုတာမျိုးကို သုံးသပ်ရမှာ ဖြစ်ပါတယ်။ သင့်ကုန်ပစ္စည်း အနေအထား အနေနဲ့ချိန်ပြီး ကုန်ကျစရိတ်သက်သာပြီး၊ လူသိပိုများစေတဲ့ tools ကို ရွေးချယ်သုံးစွဲရမှာ ဖြစ်ပါတယ်။
- ဒုတိယ C ကတော့ Credibility ပါ။ ယုံကြည်မှု ဖြစ်ပါတယ်။
ဘယ်ကနေလူသိအောင်လုပ်မလဲဆိုတဲ့ tools ရွေးတဲ့အခါမှာ ဝယ်သူယုံကြည်မှု ဘယ်လောက်ထိရမလဲ ဆိုတာကလည်း မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။
ဥပမာ_ တီဗီမှာ ကြော်ငြာတာနဲ့၊ facebook မှာ ကြော်ငြာတာ နဲ့ ဘာကွာလည်းဆိုတာမျိုးပေါ့။ တီဗီမှာ ကြော်ငြာလို့ရတဲ့ brand image နဲ့၊ facebook မှာ ကြော်ငြာလို့ရတဲ့ brand image ကမတူပါဘူး။ Facebook ကလူတိုင်းကြော်ငြာနေတာဆိုတော့ ဝယ်သူတွေအမြင်မှာ တီဗီမှာတောင် ကြော်ငြာနိုင်တယ်ဆိုရင် ဒီ brand က ကြီးတယ်ဆိုတဲ့ အမြင်မျိုး ဖြစ်စေတာမျိုး ရှိပါတယ်။ ဒီလိုပဲ CEO မဂ္ဂဇင်းမှာ ကြော်ငြာထည့်တာနဲ့ အခြား ဂျာနယ် အသေးလေးတွေမှာ ကြော်ငြာထည့်တာ လည်း ဝယ်သူတွေရဲ့ ယုံကြည်မှု level တွေ မတူပါဘူး။ ဒါ့ကြောင့် လူတွေရဲ့ ယုံကြည်မှုက ဘယ် channel ပေါ်မှာ အမြင့်ဆုံးဖြစ်မလဲ ဆိုတာကို စဉ်စားပြီး သင့်ကုန်ပစ္စည်းကို ကြော်ငြာဖို့ tools ရွေးရမှာ ဖြစ်ပါတယ်။
- တတိယ C ကတော့ Cost။ ကုန်ကျစရိတ် ဖြစ်ပါတယ်။
လူများများသိနိုင်တဲ့နေရာ၊ ဝယ်သူ ယုံကြည်မှု ကိုအပြည့်အဝရစေတဲ့ နေရာကတော့ သင်ကြော်ငြာလိုက်ပါပြီ။ ဒါပေမယ့် စရိတ်ကလည်းတအားမြင့်နေမယ်ဆိုရင် သင့်လုပ်ငန်းရဲ့ အမြတ် (profit) ကို အနည်းနဲ့အများ သက်ရောက်မှု ရှိပါလိမ့်မယ်။ ဒီတော့ ရေရှည်အတွက် ကုန်ကျစရိတ်ဘယ်လောက် ဖြစ်မလဲဆိုတာကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် C ဖြစ်ပါတယ်။ ဒီနေရာမှာ ကုန်ကျစရိတ်ကို ၂ မျိုးခွဲစဉ်းစားလို့ရပါတယ်။ တစ်ခါထဲ ကုန်ကျမယ့်စရိတ် (Absolute Cost) နဲ့ နောက်ပိုင်းမှာဆက်စပ်ပြီး သုံးနေရမယ့် စရိတ် (Relative Cost) ဆိုပြီးဖြစ်ပါတယ်။
ဥပမာ_ တီဗီမှာ ကြော်ငြာတယ်ဆိုပါစို့။ ကြော်ငြာရိုက်တဲ့ စရိတ်ရှိမယ်၊ ပြီးရင် သင့်ကြော်ငြာကို လူတွေများများကြည့်လာအောင် လုပ်တဲ့ကြော်ငြာဖို့ စရိတ် တွေရှိမယ်။ ဒါတွေကိုလည်းတစ်ခါထဲ ရေရှည် အတွက် စဉ်းစားရမှာ ဖြစ်ပါတယ်။
- နောက် C ကတော့ Control။ ဘယ်လောက်ထိ ထိန်းချုပ်နိုင်မှု ရှိမလဲ ဆိုတာ ဖြစ်ပါတယ်။
Social media မှာ ကြော်ငြာတာမျိုးဆိုရင် ကျွန်တော်တို့ရဲ့ ထိန်းချုပ်နိုင်မှု (control) အောက်မှာမရှိပါဘူး။ ကျွန်တော်တို့ဘယ်လို ပို့စ်မျိုး တင်မယ်ဆိုတာကို ထိန်းချုပ်လို့ရပေမယ့်၊ တင်လိုက်တဲ့ ပို့စ်အောက်မှာ negative comment လာရေးတာမျိုးကိုတော့ မရေးနဲ့ သွားပြောလို့မရပါဘူး။ ဒီပေါ်မှာ မူတည်ပြီး ကျွန်တော်တို့က အကောင်းဆုံး ဘယ်လိုတုံ့ပြန် မလဲ ဆိုတာမျိုးကို စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တီဗီကြော်ငြာမှာဆိုရင်တော့ ကျွန်တော်တို့ ထိန်းချုပ်လို့ရပါတယ်။ ကျွန်တော်တို့ ကုန်ပစ္စည်းနဲ့ ပတ်သက်လို့ ပေးချင်တဲ့ မက်ဆေ့ကို တစ်ခါထဲ ထည့်ပေးလိုက်ရုံပါပဲ။ ဝယ်သူက လာပြီး ပြောလို့မရပါဘူး။
- နောက်ဆုံးတစ်ခုက တော့ Culture Of Platform ဖြစ်ပါတယ်။
သဘောကတော့ Targeted ထားထားတဲ့ ဝယ်သူက ကိုယ်ရွေးချယ်မယ့် Platform ကို သုံးနေတဲ့အချိန်မှာ သူဖြစ်နေမယ် ခံစားချက်၊ ဦးတည်ချက်ကိုလဲ ထည့်သွင်းစဥ်းစားရမှာ ဖြစ်ပါတယ်။ Facebook သုံးနေတဲ့အချိန်မှာ ဖြစ်နေတဲ့ ဝယ်သူရဲ့ စိတ်အနေအထား၊ ရည်ရွယ်ချက်နဲ့ LinkedIn လိုမျိုး Professional Platform ကို သုံးနေတဲ့အချိန်၊ TikTok သုံးနေတဲ့အချိန်မှာ ရှိနေတဲ့ ခံစားချက်၊ ရည်ရွယ်ချက်က မတူနိုင်ဘူး။ TV Ads ဆိုရင်လဲ ဒီသဘောမျိုးဘဲပေါ့။ ဘယ်လို Series မှာ ထည့်ပေးမှာလဲ။ ဒီ Series က ပေးနေတဲ့ ခံစားချက်နဲ့ ကိုယ့် Brand ရဲ့ Image နဲ့ကော ကိုက်ညီရဲ့လား စသည်ဖြင့် ကိုယ်ရွေးချယ်မယ့် Platform ရဲ့ သဘောကိုလဲ စဥ်းစားရွေးချယ်သင့်တယ်။
ဒီတော့ သင်ကြော်ငြာဖို့ ရွေးလိုက်တဲ့ နေရာဟာ သင့်ထိန်းချုပ်မှုအောက်မှာ ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိလဲ၊ ဘယ်လို တုံ့ပြန်မလဲ ဆိုတာကိုလည်း တစ်ခါထဲ စဉ်းစားရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် သင့်ကုန်ပစ္စည်း အတွက် လူများများသိလာအောင်လုပ်ဖို့ promotion tools တွေရွေးချယ်တဲ့ အခါမှာ ဒီ 5C နဲ့ စဉ်းစာသင့်တာဖြစ်ပါတယ်။ communication အနေအထားဘယ်လိုရှိလဲ၊ ဘယ်လောက်ယုံကြည်မှုရမှာလဲ၊ ကာလတို နဲ့ ကာလရှည် ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ၊ သင့်ထိန်းချုပ်မှုအောက်မှာ ဘယ်လောက်ထိရှိမလဲ၊ ရွေးချယ်မယ့် Platofom ရဲ့ Culture ကကော ဘယ်လိုလဲဆိုတဲ့ ဒီ C (၅) ခုနဲ့ ချိန်ထိုးရွေးချယ် မှသာလျှင် လုပ်ငန်းအတွက် ကုန်ကျစရိတ် အနည်းဆုံးနဲ့ အကျိုးအမြတ်အများဆုံးဖြစ်မယ့်၊ သင့်တော်တဲ့ promotion tools ကိုရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။