Sales Promotion လုပ်တိုင်းရောင်းအားတက်လာမှာလား။
September 10, 2021 2021-09-10 9:15Sales Promotion လုပ်တိုင်းရောင်းအားတက်လာမှာလား။

Sales Promotion လုပ်တိုင်းရောင်းအားတက်လာမှာလား။
Sales Promotion လုပ်တိုင်း ရောင်းအားတက်လာမှာလား၊ Sales Promotion လုပ်တိုင်းကောင်းလား။
ကျွန်တော်တို့က ရောင်းအားမတက်လာဘူး၊ လိုချင်တဲ့တားကဒ် မရောက်သေးဘူးဆိုတဲ့ အခြေအနေတွေမှာ အရောင်းမြှင့်တင်ရေး အစီအစဉ် (sales promotion) လုပ်ပြီး ဝယ်သူစိတ်ဝင်စားမှုပိုရအောင်၊ ဝယ်လိုအား တက်လာအောင် လုပ်ဖို့ကြိုးစားကြပါတယ်။
လက်တွေ့လုပ်ငန်းမှာ သုံးလို့ရတဲ့ sales promotion နည်းလမ်းတွေကိုလည်း ကျွန်တော်တို့ Better Version page မှာ ရေးပေးခဲ့ဖူးပါတယ်။
ဒါဆို sales promotion လုပ်တိုင်းရော၊ အဆင်ပြေမှာလား၊ ဝယ်လို အားတွေတက်ပြီး အမြဲ အရောင်းတွေ ရမှာလား ဆိုတာကိုလည်း သုံးသပ်ဖို့လိုပါတယ်။ အားနည်းချက်ရော၊ အားသာချက်ရော ရှိပါတယ်။ ဒါဆို promotion ချလို့ ဖြစ်တတ်တဲ့ ဆိုးကျိုးလို့ပြောလို့ရတဲ့ အားနည်းချက်တွေ (negative effect) တွေက ဘာတွေ ဖြစ်နိုင်မလဲဆိုတာကို အရင်ဆုံး ကြည့်လိုက်ရအောင်။
၁) ဝယ်သူက သင့် brand ကို ပရိုမိုးရှင်း brand လို့မြင်တတ်တယ်။ brand image ထိခိုက်တယ်။
သင်ကတော့ရောင်းအားတက်ဖို့ပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ target ပြည့်အောင် အရောင်းရဖို့ပဲ ဖြစ်ဖြစ်၊ လက်ထဲမှာ လက်ကျန် stock တွေပုံနေလို့ပဲ ဖြစ်ဖြစ် sales promotion လုပ်လိုက်တယ်။ ဘယ်လောက် % ဈေးလျှော့သည်တို့၊ buy 1 get 1 တို့ စသည်ဖြင့် သုံးလိုက်တယ်။ ဒါပေမယ့် ဒီလို promotion ခဏခဏ လုပ်ပါများလာတဲ့အခါ ဝယ်သူက ဒီတစ်ခေါက်တော့ promotion နဲ့ရလို့ ဈေးသက်သာသွားတယ်။ နောက်တစ်ခါ လိုအပ်လို့ဝယ်တဲ့အခါလည်း promotion ရတယ်။ အမြဲ promotion နဲ့ဈေးတွေလျော့နေတာ ဒီပစ္စည်းက ကောင်းရော ကောင်းရဲ့လားဆိုတဲ့ အတွေးမျိုး ဖြစ်ပြီး မဝယ်တော့တာမျိုး ဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် sales promotion ချတော့မယ်ဆိုရင် ဈေးကွက်အနေအထားနဲ့ သင့်ဝယ်သူရဲ့ အခြေအနေကို အရင်ဆုံး သုံးသပ်ပြီးမှ လုပ်ပါ။ Promotion Brand လို့ မြင်သွားရင် ဝယ်သူတွေရဲ့ အမြင်ကို ပြန်ပြောင်းဖို့ ၇ နှစ်လောက်ကြာတတ်တယ်လို့ သုတေသန စာတမ်းတွေမှာ ဖော်ပြကြပါတယ်။ သတိထားပါ။
၂) သင့်အရောင်းသမားတွေကလည်း ပရိုမိုးရှင်းချမှရောင်းရတယ်လို့ အမြဲတွေးတတ်တယ်။
Sale promotion တွေက စွဲစေပါတယ်။ ဝယ်သူကလည်း အမြဲ promotion နဲ့ဈေးချမယ့် အချိန်ပဲ စောင့်ပြီးဝယ်တတ်သလို၊ သင့်အရောင်းသမားတွေ၊ တစ်ခါတစ်လေ သင်ကိုယ်တိုင်ပါ promotion ချမှပဲ ရောင်းအားတက်တယ်ဆိုတဲ့ အတွေးမျိုး ဖြစ်လာတတ်ပါတယ်။ ဒါဆိုရင် ဈေးကွက်မှာ ယှဉ်ပြိုင်မှု အားသာချက်ရှာပြီး ထိုးဖောက်ဖို့ ကြိုးစားတာမျိုး အားနည်းလာပြီး အမြဲ sales promotion လုပ်ဈေးလျော့ဖို့ပဲ တွေးတဲ့အခါမှာ ရေရှည်ဆိုရင် သင့်လုပ်ငန်းနဲ့ အမြတ် (profit) ထိခိုက်လာတာ မျိုးတွေ ဖြစ်တတ်ပါတယ်။
အရောင်းသမားတွေဆိုလည်း ဝယ်သူကို heart ထိအောင် ပြောနိုင်ဖို့ အရောင်းနည်းစနစ်တွေ၊ ဝယ်သူနဲ့ ရေရှည်ဆက်ဆံရေး ဘယ်လိုတည်ဆောက်မလဲ ဆိုတဲ့ နည်းလမ်းတွေ စတာတွေကို မလေ့လာတော့ဘဲ ရောင်းအားကျတာ promotion မရှိလို့၊ အရောင်းပိတ်ဖို့ ခက်နေတယ် ဆိုတဲ့ အကြောင်းပြချက်မျိုး အမြဲပေးပြီး promotion လုပ်ပေးဖို့ အမြဲ တောင်းဆိုနေတာမျိုး တွေ ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့်သင်ရော၊ သင့်အရောင်းသမားတွေပါ promotion ချမှ ရောင်းရတယ်ဆိုတဲ့ အတွေးမျိုး တွေမဖြစ်စေဖို့ ဂရုစိုက်ဖို့လိုပါတယ်။
၃) Promo wars တွေဖြစ်လာတတ်ပါတယ်။
သင်က sales promotion တွေလုပ်ပြီး ဈေးလျှော့ရောင်းတဲ့အခါ ဝယ်သူတွေက အခြားbrand ကိုသုံးနေရာကနေ ဈေးသက်သာသွားတော့ သင့် brand ကိုပြောင်းသုံးဖို့ စဉ်းစားပြီး ပြောင်းသုံးကြည့်တယ်။ ဒါဆို သင့်ပြိုင်ဘက်က သင်က ဈေးလျှော့လို့ ပိုရောင်းအားကောင်းနေတယ် ဆိုတော့ သူတို့လည်း promotion လုပ်ပြီး ဈေးလျှော့ဖို့ စဉ်းစားတယ်။ ဒီလို အပြိုင်အဆိုင်ဈေးလျှော့ ကြရာကနေ promo wars တွေ ဖြစ်လာတတ်ပါတယ်။ ဒီနေရာမှာ ဈေးလျှော့ရင် အကုန်လုံး နစ်နာရတာပါပဲ။ ပထမအဆင့် အမြတ် (profit) ကိုထိမယ်၊ နောက်ပြီး ဈေးနှုန်းတစ်ခုထဲနဲ့ ပြိုင်နေရင် ရေရှည် ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့တာတွေ၊ ရေရှည် မရပ်တည်နိုင်တာတွေ ဖြစ်လာတတ်ပါတယ်။
ဒါဆိုရင် sales promotion ကမလုပ်သင့်တော့ဘူးလား။ အဲ့လို မဟုတ်ပါဘူး။ သင့် product ရဲ့ အခြေအနေ၊ ဈေးကွက်ထဲမှာ ယှဉ်ပြိုင်မှု အားသာချက်နဲ့ သင့်လုပ်ငန်းရဲ့ ရေရှည် ဖြစ်ချင်တဲ့ goal ပေါ်မှာ မူတည်ပြီး သင့်တော်တဲ့ promotion ကိုတော့လုပ်ရမှာ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ sales promotion တွေလုပ်သင့်လဲ၊ မှန်ကန်ထိရောက်တဲ့ sales promotion plan တွေ လုပ်ခြင်းအားဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတဲ့ Advantage of sales promotions အကြောင်းကို နောက်ပို့စ်တွေမှာ ရှဲပေးဖို့ ရှိလို့ ဖတ်ချင်ရင် ASP လို့ comment ရေးခဲ့ပေးပါဦး။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။