Sales promotion လုပ်ခြင်းအားဖြင့် လုပ်ငန်းအတွက် ရနိုင်မယ့် အကျိုးကျေးဇူးများ
September 10, 2021 2021-09-10 9:37Sales promotion လုပ်ခြင်းအားဖြင့် လုပ်ငန်းအတွက် ရနိုင်မယ့် အကျိုးကျေးဇူးများ

Sales promotion လုပ်ခြင်းအားဖြင့် လုပ်ငန်းအတွက် ရနိုင်မယ့် အကျိုးကျေးဇူးများ
Sales promotion လုပ်ခြင်းအားဖြင့် လုပ်ငန်းအတွက် ရနိုင်မယ့် အကျိုးကျေးဇူးများ
မကြာခင်က Sales promotion တွေ အလွန်အကျွံသုံးလိုက်အားဖြင့် လုပ်ငန်းကိုထိခိုက်စေပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်တတ်သလဲ ဆိုတာနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်တချို့ကို သင့်လုပ်ငန်းအတွက် ပြင်ဆင်နိုင်ဖို့ Better Version ကနေမျှဝေပေးခဲ့ပါတယ်။
ဒါဆို ဒီတစ်ခါမှာ ဘယ်အချိန်မှာ sales promotion တွေ လုပ်သင့်သလဲ၊ မှန်ကန်ထိရောက်တဲ့ plan ကို သုံးနိုင်မယ်ဆိုရင် လုပ်ငန်း အတွက် ဘယ်လို အကျိုး ကျေးဇူးတွေ ဖြစ်စေသလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
ပထမဆုံး ဘယ်အချိန်မှာ sales promotion တွေလုပ်သင့်လဲ၊ လုပ်လေ့ရှိကြသလဲ။
- ဈေးကွက်ထဲက အခြားပြိုင်ဘက်တွေ အကုန်လုံးလုပ်နေကြလို့ ငါတို့တော့ မဖြစ်မနေ sales promotion လုပ်မှ ဖြစ်တော့မယ်ဆိုပြီး လုပ်ရတာမျိုး တွေရှိပါတယ်။
- သင့်လုပ်နေကြ အနေအထားဖြစ်နေလို့၊ ဒီရာသီမှာ တော့ပေးနေကြဖြစ်လို့ပေးရတာ ဖြစ်ပါတယ်။ (ဥပမာ_ New Year 20% off ဆိုတာမျိုး ဖြစ်ပါတယ်)။
- ကာလတို (short term) လိုချင်တဲ့ အရောင်း target ပြည့်မှီဖို့ promotion ချပြီး ဈေးလျှော့ ရောင်းတာမျိုး ဖြစ်ပါတယ်။
- ပစ္စည်းအသစ်ဖြစ်လို့ လူများများသုံးလာစေဖို့ လတ်တလော promotion ပေးဈေးလျှော့ပြီး ဝယ်သူတွေကို ဆွဲဆောင်ချင်တဲ့ အနေအထားမျိုးတွေမှာ သုံးလေ့ရှိပါတယ်။
ဒီတော့ သင့်အနေနဲ့က sales promotion ပေးတော့မယ်ဆိုရင် ဘာဖြစ်ချင်တာလဲ၊ ဒီလိုပေးခြင်းအားဖြင့် ဘယ်လိုရလာဒ်မျိုး ရချင်တာလည်းဆိုတာကို အရင်ဆုံး ရှင်းလင်းအောင် လုပ်ရမှာ ဖြစ်ပါတယ်။
ဒါဆို sales promotions တွေကနေရော လုပ်ငန်းအတွက် ဘယ်လို အကျိုး ကျေးဇူးတွေရနိုင်မလဲ ကြည့်လိုက်ရအောင်။
၁) Upselling၊ cross-selling ရောင်းလို့ရမယ်။
Upselling ဆိုတာကတော့ ပစ္စည်းတူ၊ အမျိုးအစား တူပြီး ဈေးနည်းနည်းပိုများ သွားတဲ့ ကုန်ပစ္စည်းကို ဝယ်သူကို အကြံပေးပြီး ရောင်းတာပါ။ Cross-Selling ဆိုတာက တော့ customer လာဝယ်တဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့ ချိတ်ဆက်ပြီးသုံးလို့ရမယ့် ပစ္စည်းတစ်ခုခုကို အကြံပေးပြီး တွဲရောင်းတာကို ခေါ်တာဖြစ်ပါတယ်။ promotion ရှိနေတဲ့အခါ ကြတော့ အရောင်းသမား အနေနဲ့ ပစ္စည်း တစ်ခု ရောင်းပြီးတဲ့အခါ ဝယ်သူကို အကြံပေးတဲ့ပုံစံမျိုးနဲ့ ဒါနဲ့ ဒါလေး တွဲယူလိုက်ပါလား အကို/အမ။ ဒီ ၂ မျိုးတွဲယူရင် promotion ဈေးနဲ့ရလို့ ပုံမှန်ဆို ၂ မျိုးပေါင်း ၆ သောင်း လောက်ကျပေမယ့် အခုဆို နောက်ထပ် ၁ သောင်းထပ်သွင်းရုံနဲ့ရမှာ။ ဒါဆို စုစုပေါင်း ၄ သောင်းလောက်နဲ့ ၂ မျိုးလုံးရမှာ ဆိုတာမျိုး ဖြစ်ပါတယ်။ ဝယ်သူလည်း သူတတ်နိုင်တဲ့ ပမာဏလည်းဖြစ်မယ်၊ သူလည်းကြိုက်မယ်ဆိုရင် ပိုရောင်းရသွားတဲ့ အတွက် sales volume တက်တာပေါ့။
၂) ဝယ်သူ အသစ် (New customer) တွေရနိုင်ပါတယ်။
ဒီအချက်က အဓိက အားဖြင့်တော့ FMCG product တွေမှာပိုတွေ့ရလေ့ရှိပါတယ်။ ငွေကြေးသုံးစွဲရတာနည်းပြီး၊ မကြာခဏ ဝယ်ရလေ့ရှိတဲ့ product မျိုးကို ဆိုလိုတာဖြစ်ပါတယ်။ သင့်ရဲ့ကုန်ပစ္စည်းက ဈေးလျှော့ပြီး ပုံမှန်ထက် သက်သာနေတာတွေ့ရတော့ အခြားတံဆိပ်တစ်ခုကို ပုံမှန် ဝယ်နေရာကနေ သင့် brand ကိုပြောင်းသုံးကြည့်တာမျိုးကြောင့် ဝယ်သူအသစ်တွေပိုတိုး စေပါတယ်။ ဒီလိုပဲ တစ်ခုသတိထားရမှာက သင့် brand ကိုပုံမှန်ဝယ်သုံးနေရာကနေ အခြား တစ်ခုက ဈေးချတာကြောင့် စမ်းသုံးကြည့်ဖို့ စဉ်းစားတာမျိုးဆိုလည်း သင့်ရဲ့ ဝယ်သူတွေ လျှော့ သွားတာမျိုး လည်းဖြစ်တတ်ပါတယ်။ ဒါ့ကြောင့်ဈေးကွက် အခြေအနေနဲ့၊ ပြိုင်ဘက်တွေ အနေအထားကို မပြတ်လေ့လာသုံးသပ်ပြီးတော့ သင့်တော်တဲ့ sales promotion plan ကို လုပ်နိုင်ဖို့က အရေးကြီးပါတယ်။
ဒီလိုမျိုး sales promotion လုပ်ခြင်းရဲ့ ကောင်းကျိုးတွေရော၊ ဆိုးကျိုးတွေရောနဲ့ ဘယ်အချိန်မှာ sales promotion လုပ်လေ့ရှိလဲ၊ လုပ်သင့်လဲဆိုတာကို နားလည်သွားပြီဆိုရင် ဒါတွေကို လက်တွေ့ အသုံးချပြီး သင့်လုပ်ငန်းအတွက် မှန်ကန်ထိရောက်တဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ် (successful sales promotion plan) ရေးဆွဲနိုင်မှာပါ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။