Blog

သင့်ရဲ့ ပြောဆိုတင်ပြပုံ (သို့) Sales Presentation ကို ပိုပြီး ရုပ်လုံးကြွအောင် လုပ်လို့ရမယ့် နည်းလမ်း ၄ ခု

68
Customer Service / Sales

သင့်ရဲ့ ပြောဆိုတင်ပြပုံ (သို့) Sales Presentation ကို ပိုပြီး ရုပ်လုံးကြွအောင် လုပ်လို့ရမယ့် နည်းလမ်း ၄ ခု

အရောင်းသမားတွေကစလို့ အရောင်းမန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို မိတ်ဆက်တာတွေ၊ ထုတ်ကုန်နဲ့ ပတ်သက်ပြီးတော့ ပြောဆိုတင်ပြရခြင်း (sales presentation) တွေသည် မဖြစ်မနေ လုပ်ရမယ့် အချက် တစ်ခု ဖြစ်ပါတယ်။
ကျွန်တော်တို့ ကုန်ပစ္စည်းကတော့ ဘယ်လိုကောင်းပါတယ်၊ ဘယ်လို သုံးလို့ရပါတယ် လို့ပြောနေရုံနဲ့ မရပါဘူး။ ပြောဆိုတင်ပြတဲ့ နေရာမှာ သက်သေ သက်ကာယနဲ့ သူတို့ အတွက် ဘာတွေ ပိုပြီး အကျိုးရှိသွားမလဲ ဆိုတာကို ထင်သာမြင်သာဖြစ်အောင် ပြတတ်မှာသာ လျှင် သင်ရဲ့ presentation ဟာ ပိုပြီး ရုပ်လုံးကြွလာမယ်။ နားထောင်သူ၊ တစ်ဖက်လူရဲ့ ယုံကြည်မှုကိုရမယ်။ သင်ပြောတဲ့ အကြောင်းအရာကို လက်ခံလာမှာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုနည်းလမ်းတွေ ထည့်သွင်း သုံးလို့ရမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။
 
၁) Data
သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲလိုက်ခြင်းအားဖြင့် ဘယ်လောက်ထိ တိုးတက်မှု ရှိသွားတယ်ဆိုတာကို ကိန်းဂဏန်းတွေနဲ့ ပြတာမျိုး ဖြစ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Better Version နဲ့လက်တွဲပြီး အရောင်းပိုင်းဆိုင်ရာ သင်တန်းတွေ ပေးပြီးတဲ့အခါမှာ ဝန်ထမ်းတွေရဲ့ အရောင်းပိုင်းဆိုင်ရာ အရည်အချင်းတွေ တိုးတက်လာပြီး လုပ်ငန်းမှာ အရင်ကထက် အရောင်း ၂၀% တက်သွားပါတယ် ဆိုတာမျိုး၊ အရောင်းပိုင်းကုန်ကျစရိတ်တွေကို စနစ်တကျ စီမံခန့်ခွဲနိုင်လာပြီး၊ ကြော်ငြာစရိတ်ကိုလည်း ထိထိရောက်ရောက် သုံးနိုင်လာတဲ့အတွက် အရင်ကထက် ကုန်ကျစရိတ် ၁၅% ထိ လျော့ချ လာနိုင်တယ် ဆိုတာမျိုး စသည်ဖြင့် ကိန်းဂဏန်းတွေနဲ့ သင့်ရဲ့ ပြောဆိုတင်ပြပုံကို ပိုပြီး ရုပ်လုံးကြွလာအောင် လုပ်လို့ရပါတယ်။
 
၂) Demo
Demonstrate – ရုပ်ပုံတွေ သုံးပြီး နားထောင်သူ၊ တစ်ဖက်လူရဲ့ စိတ်ဝင်စားမှု ပိုတက်လာအောင် လုပ်လို့ရပါတယ်။ ဒီထဲမှာ ဆိုရင် သင့်ကုန်ပစ္စည်းကို မသုံးခင်က ပုံနဲ့ သုံးပြီးတဲ့အခါ ဖြစ်သွားတဲ့ ပုံစံ (before/ after) ကို လည်း ထည့်သွင်းပြီးတော့ ပြောလို့ရပါတယ်။ တချို့ ကုန်ပစ္စည်းတွေဟာ ရုပ်ပုံတွေနဲ့ ပြဖို့ ခက်ပေမယ့် တချို့လည်း ရုပ်ပုံတွေနဲ့ ကွက်ကွက် ကွင်းကွင်း မြင်သွားအောင် ပြလို့ရပါတယ်။ ဥပမာ – သွားတိုက်ဆေးရောင်းတာကို sales presentation လုပ်တယ်ဆိုပါစို့။ ဘယ်လို ကုန်ကြမ်းမျိုးတွေ သုံးထားလို့ကောင်းပါတယ် လို့ ပြောနေတာထက်ကို မသုံးခင်က ညိုနေ၊ ဝါနေတဲ့ သွားတွေဟာ သုံးပြီးတဲ့အခါမှာ ဒီလို လှပတဲ့သွားတွေ ဖြစ်သွားပါတယ်လို့ ရုပ်ပုံနဲ့ တစ်ခါထဲ သရုပ်ဖော်ပြလိုက်တာမျိုး ဖြစ်ပါတယ်။
 
၃) Customer Story
Customer Story မှာဆိုရင် အရင်တုံးက သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲသွားသူတွေရဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေ၊ reviews တွေကို ထည့်သွင်းပြောလို့ရပါတယ်။ လူတွေသည် အရောင်းသမားက၊ ကုမ္ပဏီ က ကျွန်တော်တို့ ပစ္စည်းသည် ကောင်းပါတယ်လို့ ‌presentation မှာ ပြောနေတာထက်ကို ကျွန်တော်တို့ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲ တဲ့ ဝယ်သူတွေကတော့ ဒီလို ပြောပါတယ်လို့ ပြောတာကို ပိုပြီး ယုံကြည်တဲ့သဘော ရှိပါတယ်။ ဒီကုန်ပစ္စည်းကို အရင်ကလည်း ဝယ်ယူသုံးစွဲသူတွေ ရှိပါလား။ သူများတွေ တောင် သုံးနေပြီဆိုရင်တော့ ငါတို့သုံးကြည့်ရင်ကောင်းမှာပဲ ဆိုပြီး အလားအလာရှိတဲ့ ဝယ်သူတွေ ရဲ့ စိတ်ဝင်စားမှု ဟာ ပိုပြီး တက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် သင်ရောင်းတဲ့ ကုန်ပစ္စည်းကို မသုံးခင်နဲ့သုံးလိုက်တဲ့ အခါ တိုးတက် ပြောင်းလဲ သွားတဲ့ ရလဒ်တွေကိုလည်း ထည့်သွင်းပြောလို့ရပါတယ်။
 
၄) Vision
သင့်ကုန်ပစ္စည်းက တစ်ခါမှလည်းဈေးကွက်ထဲမှာ မရောင်းဖူးသေးဘူး။ ဒီတော့ customer story ပြဖို့လည်း review တွေ မရှိသေးဘူး။ တိုးတက်လာတဲ့ ရလဒ်ကိုပြဖို့လည်း ကိန်းဂဏန်း (data) တွေ မရှိသေးဘူး၊ ရုပ်ပုံနဲ့ ပြဖို့လည်း အဆင်မပြေဘူးဆိုရင် ဒီ vision ဆိုတဲ့ နည်းကို သုံးလို့ရပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ခံယူချက် ကဘာလဲ၊ ဘာ့ကြောင့် ဒီပစ္စည်းကို ထုတ်တာလဲ ဆိုတာမျိုး ဖြစ်ပါတယ်။ ဥပမာ – software ရောင်းတယ်ဆိုပါစို့။ ကျွန်တော်တို့ software ကတော့ ဘယ်လိုကောင်းပါတယ်၊ လုပ်ငန်းအတွက် အရေးကြီးတဲ့ ဘယ်လို data တွေကြည့်လို့ရအောင် လုပ်ပေးပါတယ်လို့ ဝယ်သူကို ပြောနေတာထက် ကျွန်တော်တို့ software ကို ဈေးသက်သက်သာသာနဲ့ သုံးပြီး ကျွန်တော်တို့ နိုင်ငံရဲ့ အသေးစား၊ အလတ်စား စီးပွားရေး တွေကို ပိုပြီးတော့ တိုးတက်သွားစေချင်တဲ့ စိတ်ဆန္ဒရှိလို့ ကျွန်တော်တို့ ဒါကို ဖန်တီးထားခြင်း ဖြစ်ပါတယ်လို့ ပြောလိုက်တာသည် နားထောင်သူရဲ့ စိတ်အာရုံကို ဖန်းစားနိုင်ပြီး သင့်ရဲ့ presentation ကိုပိုပြီးတော့ ရုပ်လုံးကြွစေပါတယ်။
တကယ်ကို ထိရောက်တဲ့ Sales presentation တစ်ခုဖန်တီးပြီး ရောင်းအားတွေ များများ တက်ကြပါစေ။
 
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping

Pre-Order Offer

43%OFF

အရောင်းပိုင်းအတွက် အပြည့်စုံဆုံး စာအုပ်..