အောင်မြင်တဲ့အရောင်းသမားတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးချကြသလဲ။
July 20, 2021 2021-08-13 13:51အောင်မြင်တဲ့အရောင်းသမားတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးချကြသလဲ။
အောင်မြင်တဲ့အရောင်းသမားတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးချကြသလဲ။
အောင်မြင်တဲ့အရောင်းသမားတွေအနေနဲ့ သူတို့ရဲ့ အားလပ်ချိန်ကို ဘယ်လို အသုံးချကြသလဲ။
အရောင်းသမားတွေ အနေနဲ့ ဆိုရင် တစ်နေ့တာမှာ ဝယ်သူတွေကို မက်ဆေ့တွေပြန်ရတယ်၊ ဖုန်းတွေခေါ်ရတယ်၊ follow up လိုက်ရတယ်၊ အရောင်းပိတ်နိုင်ဖို့ ကြိုးစားရတယ်၊ အဆင်ပြေလား survey ကောက်ရတယ်၊ စသည်ဖြင့် လုပ်စရာ tasks တွေကတော့ တစ်ပုံတစ်ပင်ပေါ့။
ဒါပေမယ့်လည်း ရေရှည်မှာ အောင်မြင်တဲ့ အရောင်းသမားတွေရဲ့ အမူအကျင့်တွေကို လေ့လာကြည့်လိုက်တဲ့အခါ အမြဲတမ်း အလုပ်အလုပ် ဆိုပြီး လုပ်နေတာမျိုးထက် ရုံးမှာပဲဖြစ်ဖြစ်၊ အိမ်မှာပဲဖြစ်ဖြစ် အချိန်တစ်ခု ဖယ်ထားပြီး၊ အချိန်အား ရတဲ့ အခိုက်အတံ့မှာ personal development အတွက်၊ စိတ် အပမ်းပြေစေဖို့၊ စိတ်ဖိစီးမှု တွေ အတန်အသင့်လျော့ချစေဖို့ အတွက် ဒါလေးတွေကို လုပ်ကြည့်ကြတာကို တွေ့ရပါတယ်။
၁) Update CRM
အရောင်းသမားတွေ အတွက် information တွေက အသက်ပါပဲ။ တစ်နေ့တာမှာ အချိန်တစ်ခု သီးသန့်ဖယ်ထားပြီး သင့်ရဲ့ CRM system ကိုအမြဲ update ဖြစ်နေအောင်လုပ်ဖို့ လိုပါတယ်။ customers တွေများလာတဲ့အခါ ဘယ်သူကို ဘယ်အချိန်မှာ follow up လိုက်ရမလဲ၊ ဘယ် customers က payment ဘယ်အချိန်သွင်းမယ်ပြောထားလဲ ဆိုတာကို စိတ်နဲ့ မှတ်ထားဖို့ ဆိုတာမလွယ်ပါဘူး။ ဒီတော့ ဒီ data တွေ အကုန်လုံးကို (system သုံးတယ်ဆိုလည်း system မှာ excel သုံးတယ်ဆိုလည်း excel မှာ) နေ့စဉ် update ဖြစ်နေအောင် လုပ်ဖို့ လိုပါတယ်။ ရုံးရောက်ရောက်ချင်းပဲဖြစ်ဖြစ်၊ အလုပ်စားပွဲစထိုင်ထိုင်း ချင်းမှာပဲဖြစ်ဖြစ် ရှိတဲ့အလုပ်တွေအစဉ် လိုက်လုပ်သွားတာမျိုးထက်စာရင် အရင်ဆုံး CRM system ကို ကြည့်မယ်။ ပြီးရင် follow up လိုက်ရမယ့် ဝယ်သူတွေ၊ payment တောင်းရမယ့် ဝယ်သူတွေ၊ proposal ပို့ပေးရမယ့် ဝယ်သူတွေစသည်ဖြင့် categories လေးတွေ ခွဲပြီးလုပ်လိုက် ခြင်းအားဖြင့် ပိုလည်းမြန်သလို၊ တစ်နေ့တာအလုပ်တွေမှာ ပိုလည်း effective ဖြစ်စေပါတယ်။
၂) ခဏ စိတ်ကူးယဥ်ကြည့်ပါ။ (Daydreaming)
ဒီလမှာသာ သတ်မှတ်ထားတဲ့ target ထက်ပိုရောင်းနိုင်လို့ကတော့၊ sales commission ဘယ်လောက်တောင်ရမှာ၊ ဒါမှမဟုတ်လည်း ကာလအတန်ကြာက တက်ချင်နေတဲ့ သင်တန်း တက်လို့ရပြီ၊ ဒီနှစ်မှာ သာ target ထိအောင် ရောင်းနိုင်ရင် ရာထူးလဲတိုးပြီ၊ လစာလည်းတိုးပြီ စသည်ဖြင့် သင်ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ ကိုတွေးကြည့်ပါ။ အဲ့လို တွေးလိုက်ခြင်းအားဖြင့် အနည်းဆုံးတော့ ဖြစ်တာမဖြစ်တာထား စိတ်ချမ်းသာရပါတယ်။ စိတ်ခံစားချက် emotion ဆိုတာ ကူးစက်တတ်တာ ဖြစ်တဲ့အတွက် ဒီလိုမျိုး စိတ်ကြည်ကြည်နဲ့အလုပ်လုပ်တော့ သင့်ဝယ်သူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလဲ သင့်ရဲ့ စိတ်အားထက်သန်မှု၊ အကြည်ဓာတ် ကို သူတို့ ခံစားမိပါလိမ့်မယ်။ ရလဒ်ကတော့ ဝယ်သူတွေနဲ့ ပိုပြောလို့ဆိုလို့ အဆင်ပြေလာပါတယ်ပေါ့။
၃) Social Media ပေါ်မှာ explore လုပ်တာ။
ဒါကတော့ တန်းဆေးလွန်ဘေးပါပဲ။ social media ပေါ်မှာချည်းပြီး နေလို့လဲမရသလို မသုံးဘဲထားလို့လဲ အဆင်မပြေပါဘူး။ သင်ရောင်းရတဲ့ ကုန်ပစ္စည်း/ ဝန်ဆောင်မှုက ဒါနဲ့ ဆက်နွယ်နေတာမျိုး ဆိုရင်တော့ အချိန်တစ်ခုပေးပြီး လက်ရှိ ဖြစ်နေတဲ့ trend တွေက ဘာတွေဖြစ်မလဲ။ လက်ရှိမှာ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုက ဘယ်ဘက်ကို ရောက်နေလဲ၊ သင့်ပြိုင်ဘက်တွေရဲ့ အခြေအနေကရော ဘယ်လိုလဲ စသည်ဖြင့်လေ့လာတာမျိုး လုပ်ဖို့ လိုပါတယ်။ ဒါမှသာ သင့်အနေနဲ့ ဝယ်သူတွေရဲ့ စိတ်ဝင်စားမှုကိုရဖို့ ဘယ်လို မျိုးပြောဆိုသင့်လဲ၊ ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာကို လည်း idea ရသွားတာပေါ့။
၄) လုပ်ဖော်ကိုင်ဘက်တွေကိုကူညီတာ။
တစ်ယောက်နဲ့တစ်ယောက် ရှိုင်းပင်းကူညီတဲ့အလေ့အထက အဖွဲ့အစည်းတိုင်းရှိသင့်တဲ့ culture တစ်ခုဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လုပ်ဖော်ကိုင်ဘက်ချင်း နည်းလမ်းတစ်ခု လုပ်ကြည့်တာ အဆင်ပြေလို့ ဒါလေးသူတို့လည်း လိုအပ်တဲ့အခါ လုပ်ကြည့်လို့ရအောင် share ပေးတာမျိုး။ ပြဿနာတစ်ခုခု ရှိလာတဲ့အခါ သူသာဆိုရင် ဘယ်လို ဖြေရှင်းမလဲဆိုပြီး သူ့ရဲ့ idea ကိုမေးကြည့်တာမျိုး။ သင့်ဘက်ကလည်း သူဖြစ်နေတဲ့ problem အပေါ်မှာ သင်သာဆိုရင် ဘယ်လိုလေးလုပ်လိုက်မှာ ဆိုပြီး အကြံပေးတာမျိုး စသည်ဖြင့်အလုပ်မှာလည်း နွေးထွေးတဲ့ ဆက်ဆံရေးကို တည်ဆောက်ထားသင့်ပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာမှာ အိမ်မှာ ကုန်ဆုံးရတဲ့အချိန်တွေထက် အလုပ်ထဲမှာ၊ ကုန်ဆုံးရတဲ့အချိန်တွေက ပိုများပါတယ်။ ဒါကြောင့် ရုပ်တည်ကြီးနဲ့ ငါလုပ်စရာ ရှိတာကိုပဲလုပ်မှာ၊ ငါ့အလုပ်ပြီးရင်၊ ငါကောင်းကောင်းရောင်းနိုင်ရင် ရတာပဲဆိုတဲ့စိတ်မျိုး မထားပဲနဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့လည်း အချိန်တစ်ခုပေး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်သင့်ပါတယ်။
၅) အရောင်းနဲ့ပတ်သက်တဲ့ memes blog လေးတွေ ဖတ်တာ။
ဒါတွေဟာ အနည်းဆုံးတော့ သင့်ကို ပြုံးစေနိုင်ပါလိမ့်မယ်။ Solofire တို့ Hubspot တို့မှာလည်း အရောင်းပိုင်းနဲ့ ပတ်သတ်ပြီး trend ဖြစ်နေတဲ့ Blog ကောင်းလေးတွေ၊ ပြီးတော့ memes တွေလည်း ရှာဖတ်ပြီး အပျင်းပြေ ပြုံးပျော်နိုင်တာပေါ့။ ပြီးတော့ လက်ရှိ စျေးကွက်ထဲမှာကြုံနေရတဲ့ အရောင်းနည်းလမ်းကောင်းတွေလည်း ရှာဖွေပြီး ဖတ်ကြည့်တဲ့အခါ သင့်လုပ်ငန်းခွင်မှာလည်း အများကြီး အကျိုးဖြစ်စေမှာပါ။
ဒီအချက်တွေလုပ်ကြည့်ရင်း သင့်အတွက် အကျိုးရှိသွားတယ်ဆိုရင် သင့်မိတ်ဆွေတွေ အတွက်လည်း share ပေးလိုက်ပါ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။