Blog

လူတွေဘာကြောင့် ၀ယ်တာလဲ။

Better Version Institute
Sales

လူတွေဘာကြောင့် ၀ယ်တာလဲ။

များများရောင်းချင်ရင် ဘာကြောင့်ဝယ်သလဲဆိုတာကို သိအောင်လုပ်ရမယ်။ 

အရောင်းသမားတွေ အနေနဲ့ နားလည်သဘောပေါက်ထားသင့်တဲ့အချက်တွေထဲမှာ မိမိဝယ်သူတွေဘာကြောင့် ဝယ်ယူမှု တွေပြုလုပ် နေကြတာလဲ ဆိုတဲ့အချက်ကလည်း တစ်ခု အပါအဝင်ပါပဲ။  

ဘာကြောင့်ဝယ်တယ်ဆိုတဲ့ အချက်တွေ ကိုသေသေချာချာနားလည်ထားတဲ့အခါ ကြတော့ ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းက ဝယ်သူတွေရဲ့ ဘယ်လိုအပ်ချက်ကို ဖြည့်ဆည်းလဲဆိုတာကို နားလည်သွားမယ်။ ဒါဆိုရင် အဲ့ဒီ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အကျိုးရလဒ်ကို မြင်အောင်ပြပြီးရောင်းမယ်ဆိုရင် အရောင်းတွေ ပိုရလာမှာပေါ့။

 ဒီတော့ ဝယ်ယူရခြင်းအကြောင်းရင်းတွေကို လေ့လာကြည့်ရအောင်…

 ၁) အချိန်ကုန်၊ ငွေကုန်၊ အင်အားကုန်တာတွေ သက်သာစေဖို့

 ကျွန်တော်တို့ က ပစ္စည်းတွေ ဝယ်ယူတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အချိန်ကုန်တာ‌တွေ သက်သာသွားမယ်။ ငွေကြေးသုံးစွဲရတာတွေ ပိုသက်သာသွားမယ်။ ဒါမှမဟုတ်ရင် ကျွန်တော်တို့ရဲ့လုပ်အား‌တွေ သက်သာသွားမယ် ဆိုပြီးတော့ ရွေးချယ်ဝယ်ယူ သုံးစွဲခဲ့တာတွေကို တွေ့ရမှာပါ။  

 ဉပမာ – ကျွန်တော်တို့က software ရောင်းတဲ့ ကုမ္ပဏီ ဆိုပါစို့။ ဝယ်သူကို ကျွန်တော်တို့ ကကျွန်တော်တို့ system အကြောင်းတွေ၊ ဘယ်လို သုံးလို့ရတယ်ဆိုတာတွေကို သွားရှင်းပြရုံနဲ့ ဝယ်သူရဲ့ စိတ်ဝင်စားမှုကို ရဖို့က မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ system ကို သုံးခြင်းအားဖြင့် သူ့ရဲ့ အချိန်ကုန်သက်သာသွားမှာလား၊ ဝန်ထမ်းတွေ ရဲ့ လုပ်အားတွေ ပိုသက်သာသွားပြီး အခြားလိုအပ်တဲ့နေရာကို ပိုအာရုံစိုက်နိုင်သွားမှာလား ဒီလို အချက်တွေနဲ့ ချိတ်ဆက်ပြီး ရှင်းပြပေးဖို့လိုပါတယ်။ ဒါမှပဲ ကျွန်တော်တို့က ဒါကိုဝယ်ယူသုံးစွဲဖို့ စဉ်းစားမှာပေါ့။

၂) စိတ်ခံစားမှုအပိုင်းကို ပံ့ပိုးမှု လုပ်ပေးဖို့ 

 ကျွန်တော်တို့ ကတစ်ခါတစ်လေ ကြတော့ တစ်ကယ်လိုအပ်လို့ ဆိုတာထက် ဒါကိုဝယ်လိုက်ခြင်းအားဖြင့် မိမိပတ်ဝန်းကျင် အနေအထားနဲ့ပိုမိုကိုက်ညီ သွားစေတယ်လို့ ယူဆပြီး ဝယ်တာမျိုး၊ ပိုပြီး သက်တောင့်သက်သာဖြစ်သွားမယ်လို့ ယူဆပြီး ဝယ်ယူသုံးစွဲရခြင်းမျိုးရှိပါတယ်။  

ဥပမာ – ကျွန်တော်တို့ ကားဝယ်တယ်ဆိုတာကို ကြည့်လိုက်မယ်ဆိုရင် ဒီအချက်ကို တွေ့ရမှာပါ။ အဓိက ကတော့သွားရလာရ ပိုအဆင်ပြေအောင်ဝယ်တယ်ဆိုတာပါပဲ။ ဒါပေမယ့် ကားအမျိုးအစားတွေ အမျိုးမျိုးရှိနေတာကိုကြည့်လိုက်မယ်ဆိုရင် ဝယ်သူက ဒီကားကို ဝယ်စီးလိုက်ခြင်းအားဖြင့် သူ့ရဲ့ အဆင့်အတန်း၊ သူ့ကို ပတ်ဝန်းကျင်က ဘယ်လိုမြင်သွားမလဲဆိုတာကို စဉ်းစားပြီး ဝယ်ယူရွေးချယ်သုံးစွဲရခြင်းဖြစ်ပါတယ်။ 

၃) လုပ်ဆောင်နိုင်စွမ်း ပိုမြင့်လာစေဖို့

 တစ်ခါတစ်လေ ကြတော့ကျွန်တော်တို့က နေ့စဉ်လုပ်ငန်းခွင်မှာ ပိုကောင်းတဲ့လုပ်နိုင်စွမ်းတွေ ရချင်လို့ ပစ္စည်းတွေ ဝယ်တတ်ပါတယ်။ ကျွန်တော်တို့ energy drink လိုမျိုးတွေ ဝယ်သောက်တာမျိုးဆိုလည်းဒီသဘောပါပဲ။ ပိုပြီး လန်းဆန်းစေဖို့ တက်တက်ကြွကြွရှိစေဖို့ ဝယ်သောက်တယ်ဆိုတာမျိုးပေါ့။

 ဥပမာ- သင်တန်းကျောင်းတွေ၊ training school တွေဆိုရင်လည်း မိမိတို့ရုံးက ဝန်ထမ်းတွေရဲ့လုပ်နိုင်စွမ်း တွေ၊ အရည်အချင်းတွေ ပိုတိုးတက်လာစေဖို့ ကျွန်တော်တို့ ကတက်ရောက်လေ့လာရခြင်းဖြစ်ပါတယ်။ ဒါကြောင့် sales ပိုင်း၊ marketing ပိုင်းကလူတွေ အနေနဲ့လည်း message ပေးတဲ့အခါ ကျောင်းကသင်မယ့် သင်ခန်းစာတွေက လက်တွေ့ လုပ်ငန်းခွင်မှာဘယ်လောက်ထိ အကျိုးသက်ရောက်မှု ရှိပြီး၊ လက်တွေ့ အသုံးချနိုင်တယ်ဆိုတာကို မြင်အောင်ပြဖို့ လိုပါတယ်။

၄) စွန့်စားမှုတွေမှု၊ မသေချာမှုတွေ မဖြစ်စေဖို့ 

 ကျွန်တော်တို့က တစ်ခါတစ်လေမှာ မမြင်နိုင်တဲ့ အခြေအနေတွေကြောင့်ဆုံးရှုံးမှုတွေ ဖြစ်မှာကို ရှောင်ကြဉ်လိုပါတယ်။ ဒါ့ကြောင့် ဒီလိုဖြစ်တာတွေကို ရှောင်ကြဉ်ဖို့  ပစ္စည်းတွေကို ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါတယ်။

 ဥပမာ – အာမခံရောင်းတယ်ဆိုတာမျိုးက ဒါမျိုးနဲ့ချိန်ဆက်ပြီးရှင်းပြလို့ရပါတယ်။ ကျွန်တော်တို့ က insurance တွေဝယ်ထားတယ်ဆိုတာက တစ်ခုခုမမြင်နိုင်တဲ့ အကြောင်းအရာတွေကြောင့် ကြီးကြီးမားမားဆုံးရှုံးရတာမျိုးတွေကို ကာကွယ်ချင်လို့ ဝယ်ယူသုံးစွဲရခြင်းဖြစ်ပါတယ်။  

 ဆိုတော့ အရောင်းသမားတွေက ဒီလိုဝယ်ယူရတဲ့ အကြောင်းအရင်းတွေကို သိတဲ့အခါမှာ မိမိရောင်းနေတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုက ဘယ်အချက်ကို ဖြည့်ဆည်းနေလဲဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ စုစုပေါင်း buying motives ၉ ခုလောက်ထိ ခွဲကြည့်လို့ရပါတယ်။

မိမိရောင်းနေတာက အချိန်ကုန် သက်သာစေတဲ့အရာမျိုးလား၊ ပိုပြီး သက်တောင့် သက်သာဖြစ်သွားစေတာမျိုးလား၊ စသည်ဖြင့် ချိတ်ဆက်စဉ်းစားပြီး ဝယ်ယူကို မြင်အောင်ပြောပြီးရောင်းဖို့လိုတာပေါ့။ 

ဝယ်သူရဲ့ ဝယ်ယူရခြင်း အကြောင်းအရင်းကို သေချာသိလေလေ ကိုယ့်ရောင်းတဲ့ ရောင်းကုန်က ပေးမယ့် အကျိုးကျေးဇူးနဲ့ ချိတ်ဆက်ပြီး ထင်သာမြင်သာရှိအောင်ပြောနိုင်ပြီး ရောင်းအားတက်လာဖို့ ပိုများမှာပါ။ 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ