Blog

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေသိသင့်တဲ့ အရောင်းအဖွဲ့အတွက် ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်း

Website Blog (1)
Leadership

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူတွေသိသင့်တဲ့ အရောင်းအဖွဲ့အတွက် ရည်မှန်းချက် ပန်းတိုင်များ ချမှတ်ခြင်း

အရောင်းပိုင်းကို စီမံခန့်ခွဲနေရသူ sales managers တွေ၊ sales team leaders တွေ အနေနဲ့ ကျွမ်းကျင်ထား သင့်တဲ့ တာဝန်တွေထဲမှာ အရောင်းအဖွဲ့အတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ပေးရခြင်း (Sales Objectives Setting) ဆိုတာကလည်း တစ်ခု အပါအဝင်ဖြစ်ပါတယ်။

များသော အားဖြင့်တော့ Revenue (ရောင်းရငွေ)ကိုဘဲ ဦးစားပေးပြီး ချမှတ်လေ့ ရှိပေမယ့် တခြား နည်းလမ်းတွေနဲ့ ရည်မှန်းချက်ပန်းတိုင်တွေကိုလဲ ထည့်သွင်းစဥ်းစားပြီး ချမှတ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါဆို ဘယ်လို ရည်မှန်းချက်ပန်းတိုင်မျိုးတွေ ချမှတ်နိုင်သေးလဲ လေ့လာကြည့်ရအောင်။ 

၁) Sales volume (ဘယ်လောက်ဖိုးရောင်း ရမလဲ)

ဒီအချက်ကတော့ တော်တော်များများ သိပြီး ဖြစ်မှာပါ။ အရောင်းအဖွဲ့ကို ဦးဆောင်နေရသူ တစ်ယောက် အနေနဲ့ ဒီနှစ်တော့ အရောင်းအဖွဲ့အနေနဲ့ ဘယ်လောက်ဖိုး ရောင်းရမလဲဆိုတဲ့ တိကျပြတ်သားတဲ့ နံပါတ် တစ်ခု ချမှတ် ပေးနိုင်ရမှာ ဖြစ်ပါတယ်။ အရင်နှစ်အရောင်းရဲ့ ၁၀ ရာခိုင်နှုန်း တက်အောင် လုပ်မယ် ဆိုတာမျိုး။ ဒီနေရာမှာ သင်ချလိုက်တဲ့ ရည်မှန်းချက်က SMART Goal setting နဲ့တော့ align ဖြစ်ဖို့ လိုပါတယ်။ တိကျရမယ်၊ အချိန်ပါရမယ်၊ ရနိုင်ချေလည်း ရှိရမှာ ဖြစ်သလို၊ လုပ်ငန်းနဲ့ ကိုက်ညီမှု ရှိဖို့လည်း လိုတာဖြစ်ပါတယ်။ 

၂) Market Share (ဈေးကွက်ထဲမှာ market share ဘယ်လောက် ရ ရမလဲ) 

တကယ်လို့ သင့်လုပ်ငန်းက ဈေးကွက်ကြီး တစ်ခုလုံးရဲ့ ဝေစု (market share) ကိုလည်း တွက်လို့ ရနိုင်တယ်၊ ပြိုင်ဘက်တွေရဲ့ ဝေစုကိုလည်း research အရ သိနိုင်တယ် ဆိုရင်တော့ ဒီအချက်ကိုပါ ထည့်ပြီး တားကဒ်ချလို့ရပါတယ်။ ဒီနှစ်မှာတော့ ငါတို့လုပ်ငန်းက ပြိုင်ဘက်တွေနဲ့ ယှဉ်ရင် ဈေးကွက်မှာ ဝေစု ဘယ်လောက် ရ ရမယ် ဆိုတာမျိုး ဖြစ်ပါတယ်။ 

၃) Profitability (အမြတ်အစွန်းရနိုင်စွမ်းအား)

ဒါကတော့ ရထားတဲ့ ရောင်းရငွေထဲကမှ ကုန်ကျစရိတ် (expense) ကိုနှုတ်ပြီးတဲ့နောက် ဘယ်လောက် ရာခိုင်နှုန်းကျန်ရမယ်ဆိုတဲ့ ရည်မှန်းချက် မျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က ရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်း အမြတ်ကျန်တယ်ဆိုရင် ဒီနှစ်တော့ ၁၂-၁၅ ရာခိုင်နှုန်းလောက် ထိတက်အောင် လုပ်မယ် ဆိုတာမျိုးပါ။ 

၄) Service level (ဝန်ဆောင်မှုနဲ့ ဝယ်သူတွေ ရဲ့ စိတ်ကျေနပ်မှု ရာခိုင်နှုန်း)

သင့် အဖွဲ့ထဲက အရောင်းသမားတွေအနေနဲ့ ၀ယ်သူဖောက်သည်တွေအပေါ်မှာ ဘယ်လို၀န်ဆောင်မှုပေးနေလဲ၊ ဘယ်လိုအကြံ ဥာဏ်တွေ ပေးနေလဲ၊ ၀ယ်သူတွေဆီက ယုံကြည်မှုကိုတည်ဆောက်နိုင်ရဲ့လား၊ ၀ယ်သူတွေဆီက complain တွေကို ဘယ်လိုကိုင်တွယ် ဖြေ ရှင်းလဲ၊ ထပ်ခါထပ်ခါ ဝယ်တဲ့ (repeat purchase) တွေကို ဖန်တီးနိုင်ရဲ့လား ဆိုတာကို သိနိုင်ဖို့  Service level ကိုလည်း sales team objective setting ချတဲ့အခါ ထည့်သွင်းစဉ်းစားလို့ရပါတယ်။ ဒီနှစ်တော့ ငါ့တို့ရဲ့ customer တွေရဲ့ စိတ်ကျေနပ်မှုနှုန်း ဘယ်လောက်တက်သွား အောင် လုပ်မယ်ဆိုတာ မျိုးပေါ့။ ဒီနေရာမှာ တစ်ခုရှိတာက သင်က service level နဲ့ ပတ်သက်ပြီးတော့ ချမယ်ဆိုရင် သင့်မှာ ကြိုတင် planning လုပ်ထားဖို့ လိုပါတယ်။ ဘယ်ဝယ်သူတွေဆီက၊ ဘယ်လို data တွေကောက်မယ် ဆိုတာမျိုး။ ဘယ်အချိန်မှာ ကောက်မယ် ဆိုတာမျိုး ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားသိအောင် လုပ်ထားရမှာ ဖြစ်ပါတယ်။ 

၅) Salesforce costs (အရောင်းအဖွဲ့ရဲ့ ကုန်ကျစရိတ်)

ဒါကတော့သင့်အရောင်းအဖွဲ့အတွက် သုံးတဲ့ စရိတ်ဖြစ်ပါတယ်။ မနှစ်ကတော့ သင့်လုပ်ငန်းမှာ အရောင်းသမားတွေ sales call ထွက်တဲ့အခါ၊ ခရီသွားရတဲ့အခါ travelling cost ကတော့ အရောင်းအားလုံးရဲ့ ၂ ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒါဆို ဒီနှစ်မှာ ၁ ရာခိုင်နှုန်းအထိ လျှော့ချ နိုင်မလား။ အဲ့လို လျော့ချနိုင်ဖို့ ဘယ်လို လုပ်ရမလဲ။ ဒီလို ရည်မှန်းချက် မျိုးလည်း ချလို့ရမှာ ဖြစ်ပါတယ်။

ဒီတော့ အရောင်းပိုင်းကို ဦးဆောင်နေရသူ တစ်ယောက် အနေနဲ့ ဒီလုပ်ငန်းစဥ်ကို လုပ်ဖို့အတွက်ဆိုရင်တော့ သုံးသပ်ချက်တွေကို မှန်မှန်ကန်ကန် လုပ်နိုင်ရပါမယ်။ ဈေးကွက် အနေအထား သုံးသပ်ချက်တွေ၊ သင့်လုပ်ငန်းအပေါ် သုံးသပ်ချက်တွေ၊ နောက်ပြီး သင့်မှာ ရှိနေတဲ့ လူတွေရဲ့ အရည်အချင်း၊ အရည်အသွေး အပေါ် သုံးသပ်ချက်တွေ လုပ်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မျှတတဲ့ စိတ်ရှိဖို့လဲ လိုပါသေးတယ်။ ဒါမှ သင့်အရောင်းသမားတွေအပေါ် သာတူ ညီမျှ ဆက်ဆံတတ်မှာ ဖြစ်ပါတယ်။

နောက်ပြီး ရည်မှန်းချက် ပန်းတိုင် ချမှတ်တဲ့အခါမှာဆိုရင်လဲ ရှင်းလင်းပြတ်သားမှု၊ ပြန်လည် စိစစ်တဲ့အခါမှာ အငြင်းပွားစရာ မလိုအောင် တိုင်းတာနိုင်တာမျိုး၊ လုပ်ငန်းရဲ့ ရည်မှန်းချက်တွေ၊ ရပ်တည်မှုတွေနဲ့ ကိုက်ညီမှု ရှိတာမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် စိန်ခေါ်မှု ရှိဖို့ လိုသလို ရယူနိုင်စွမ်းရှိတာမျိုး ဖြစ်ဖို့ လိုပါတယ်။ 

ဒီလောက်ဆိုရင်တော့ အရောင်းပိုင်းကို ဦးဆောင်နေရသူတွေအနေနဲ့  salesforce management မှာအရေးပါတဲ့တစ်ခုဖြစ်တဲ့ sales team objective setting ဘယ်လိုချသင့်လဲဆိုတဲ့ idea ရသွားလောက်ပါပြီ။ 

ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။

Build Better Future And Reputable Brands With Better Version.

#သင်ထင်ထားတာထက်ပိုပါတယ်။ #တိုးတက်မှုတစ်ခုနေ့စဥ်ပြုပါ။ #MakeYourProgress #MoreThanYouThink 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ