Blog

အရောင်းသမားတွေ ဘာတွေမှားတတ်လေ့ရှိကြလဲ။

Website Blog Post Design
Sales

အရောင်းသမားတွေ ဘာတွေမှားတတ်လေ့ရှိကြလဲ။

ကိုယ်တိုင်အရောင်းသမားလုပ်ခဲ့တဲ့အချိန်ကော အရောင်းသမားတွေကို စီမံခဲ့ရတာတွေကော၊ ကိုယ့်ပတ်ဝန်းကျင်မှာပါ မြင်ရလေ့ရှိတာကတော့ စကားအရမ်းပြောလွန်းခြင်းဘဲဖြစ်ပါတယ်။ ကိုယ့်ဝယ်သူ၊ ဖောက်သည်အကြောင်း၊ လိုအပ်ချက်တွေ၊ လိုအင်တွေ၊ တကယ့်အခက်အခဲတွေကို သေချာ နားမလည်သေးခင်မှာ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု၊စတဲ့ ကိုယ်ရောင်းမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းကို အပြောများလွန်းကြတာဖြစ်ပါတယ်။ သေချာတာကတော့ ဒါက ရောင်းကောင်းလာမယ့် အကောင်းဆုံးနည်းလမ်း မဟုတ်ပါဘူး။

အမှန်တကယ် ရလာဒ်ကောင်းတဲ့ အရောင်းသမားတွေဟာ ဝယ်သူ၊ ဖောက်သည် ပြောတာကို ပိုနားထောင်လေ့ရှိကြပါတယ်။

အရောင်းသမားကောင်းဆိုတာ စကားဝိုင်းကို ထိန်းချုပ်ထားနိူင်ဖို့အတွက် မှန်ကန်တဲ့ မေးခွန်းတွေမေးပြီး ဝယ်သူကို ပိုပြောခိုင်းပြီးတော့ လိုအပ်ချက်တွေ၊ တကယ့်ပြသနာတွေကို သိအောင်လုပ်ပြီးမှ အရောင်းပိတ်ကြတာ ဖြစ်ပါတယ်။

အလုပ်မဖြစ်တဲ့ အရောင်းသမားတွေဟာ နားထောင်ခြင်းကို ဖြတ်ပြောဖို့အတွက်စောင့်ဆိုင်းခြင်းလို့ထင်လေ့ရှိပါတယ်။

ရလာဒ်ကောင်းတဲ့ အရောင်းသမားတွေကတော့ မေးခွန်းများများမေးလေ့ရှိပြီး သေချာအာရုံစိုက်နားထောင်လေ့ရှိပါတယ်။

အလုပ်မဖြစ်တဲ့ အရောင်းသမားတွေဟာ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု ကောင်းကြောင်းတွေကို ဖောက်သည်ရဲ့ တကယ့်ပြသနာ၊ လိုအပ်ချက်တွေ မသိခင်မှာ အဆက်မပြတ်ပြောလေ့ရှိကြပါတယ်။

ရလာဒ်ကောင်းတဲ့ အရောင်းသမားတွေကတော့ ကိုယ့်ဝယ်သူ၊ ဖောက်သည်အကြောင်းကို သေချာ သိရှိပြီးတော့မှသာ ပေးသင့်တဲ့ အချက်အလက်တွေ၊ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းတွေကို ပြောပြီး အရောင်းပိတ်လေ့ရှိကြပါတယ်။

ရလာဒ်ကောင်းတဲ့ အရောင်းသမားဖြစ်ဖို့အတွက်ဆိုရင် သေချာနားထောင်တတ်တာ၊ မှန်ကန်တဲ့မေးခွန်းတွေကို အချိန်ကိုက်သေချာ မေးတတ်တာ၊ အလားအလာရှိတဲ့ ဖောက်သည်တွေရှာတတ်တာ၊ မိတ်ဆွေအပေါင်းအသင်းများအောင် လုပ်နိူင်တာ၊ ကိုယ့်ဝယ်သူနဲ့ အပေါက်အလမ်းတဲ့အောင်လုပ်နိူင်တာ၊ ကိုယ့်ရောင်းမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှု အကြောင်းကို “က” ကနေ “အ” ထိသိတာ၊ ငြင်းဆန်မှုတွေ၊ မဝယ်တော့ပါဘူး စသည်ဖြင့် ပြောလာတဲ့ အခါမှာ ကျော်လွှားနိူင်တာ၊ အရောင်းပိတ်တတ်တာ စတဲ့ အရည်အချင်းတွေ လိုအပ်သလိုဘဲ၊ အကောင်းမြင်စိတ်ရှိတာ၊ စိတ်အားတက်ကြွမှုရှိတာ၊ ငြင်းဆန်မှုတွေ ကြုံလာတဲ့အခါမှာလဲ မှန်ကန်တဲ့ စိတ်နေသဘောထားရှိတာ၊ အာရုံစူးစိုက်မှုရှိတာ စတဲ့ စိတ်နေသဘောထားတွေလဲ လိုပါတယ်။

တစ်ချိန်ထဲမှာဘဲ အရောင်းသမားတွေ မှားလေ့ရှိကြတာကတော့ ရောင်းချတဲ့ ပုံစံတစ်မျိုးတည်းနဲ့ ဝယ်သူတိုင်းကို ရောင်းဖို့ကြိုးစားလေ့ရှိကြတာဖြစ်ပါတတယ်။ ကျွန်တော်တို့လူတွေကို အကြမ်းအားဖြင့်ပုံစံလေးမျိုးခွဲနိူင်ပါတယ်။ Driver, Analytic, Amiable နဲ့ Expressive ဆိုပြီး ဖြစ်ပါတယ်။ 

လူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် စဉ်းစားပုံ၊ တွေးခေါ်ပုံ၊ လိုအပ်မှု၊ လိုအင်တွေ၊ စရိုက်တွေကွဲတတ်ကြပါတယ်။ ဒါကြောင့် အရောင်းသမားတွေ အနေနဲ့ ကိုယ့်ဝယ်သူရဲ့ပုံစံကို သိအောင်လုပ်ပြီး သူနဲ့ လိုက်ဖက်တဲ့ ရောင်းချခြင်း၊ စကားလုံးအသုံးအနှုန်းပြောင်းလဲခြင်းတွေ ပြုလုပ်ပြီး ရောင်းချရမှာ ဖြစ်ပါတယ်။ ပိုအရေးကြီးတာကတော့ ကိုယ်တိုင်က ဘယ်လိုလူအမျိုးအစားထဲမှာ ပါတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း အရင်သိထားရမှာပါ။

မိတ်ဆွေလဲ အရောင်းသမားကောင်း ဖြစ်နိူင်ပါတယ်။ စကားများများပြောတဲ့ အကျင့်ကိုလျှော့ပါ။ ကိုယ့်အကြောင်းတွေ၊ ကိုယ့်ရောင်းမယ့် ထုတ်ကုန်၊ ဝန်ဆောင်မှုတွေကို ဖောက်သည် အကြောင်းသေချာ မသိခင် အမွှန်းတင် ပြောဆိုခြင်းတွေကို ရှောင်ပါ။ အပေါ်မှာ ရေးခဲ့တဲ့ လိုအပ်တဲ့အရည်အချင်းတွေကို ကြိုးစား ဖြည့်ဆည်းပါ။ ဒါဆို ပိုပြီးတော့ ရလာဒ်ကောင်းတဲ့ အရောင်းသမားတွေ ဖြစ်လာမှာပါ။

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ