ရောင်းအားတက်လာဖို့အတွက် Sales & Marketing လုပ်နေတဲ့ လူတိုင်း သိရမယ့် FAB selling techniques…
June 11, 2020 2021-07-13 16:43ရောင်းအားတက်လာဖို့အတွက် Sales & Marketing လုပ်နေတဲ့ လူတိုင်း သိရမယ့် FAB selling techniques…

ရောင်းအားတက်လာဖို့အတွက် Sales & Marketing လုပ်နေတဲ့ လူတိုင်း သိရမယ့် FAB selling techniques…
ရလာဒ်ကောင်းတဲ့ အရောင်းသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် ဖြည့်ဆည်းရမယ်၊ရှိကို ရှိသင့်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ကိုယ်တိုင်က ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှုအပေါ် ယုံကြည်ချက်ရှိတာ၊ ကိုယ့်ကိုကို ယုံကြည်မှုရှိတာ၊အကောင်းမြင်စိတ်ထားရှိတာ၊ ကူညီတတ်တယ်၊ စာနာစိတ်ရှိတာ စတဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အချင်းတွေလိုပါတယ်။
ဒါအပြင် ဝယ်သူပြောတာကို သေချာ ဂရုတစိုက်နားထောင်တတ်တာ၊ မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးမြန်းတတ်တာ၊ အဆက်အသွယ်ကောင်းတွေ တည်ဆောက်နိူင်တာ၊ ဝယ်သူနဲ့ အမြဲ အပေါက်အလမ်းတည့်ပြီး အဆင်ပြေအောင်ဆက်ဆံတတ်တာစတာတွေ လိုပါတယ်။
နောက်တစ်ခုအနေနဲ့ လူတိုင်းဟာ ဝယ်တဲ့ ပုံစံတွေ မတူပါဘူး။ တိုင်းတာပုံချင်း၊ ဝယ်ယူတဲ့အခါမှာ ထားတဲ့စံနှုန်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် တူညီလေ့မရှိပါဘူး။ ဒါ့အပြင်လူတိုင်းမှာ မတူညီတဲ့ စရိုက်တွေ ရှိပါတယ်။ တချို့ပျော်တတ်ရွင်တတ်လူတွေနဲ့ရောထွေးပြီးနေရတာ ကြိုက်တဲ့ အချိန်မှာ တချို့ကတော့ ကိုယ့်ဘာသာ သီးသန့် နေချင်ကြတာမျိုး၊ တချို့ကငွေကြေးသက်သာခြင်းကို တန်ဖိုးထားနေတဲ့အချိန်မှာ တချို့အတွက်က အချိန်ကုန်သက်သာခြင်းက ပိုအရေးကြီးနေတာမျိုး စသည်ဖြင့် ကွဲပြားကြပါတယ်။
ဒါကြောင့် အရောင်းသမားတွေအနေနဲ့ ဝယ်သူတွေရဲ့ မတူညီတဲ့ ပုံစံတွေပေါ်မှာ ကိုယ်ရောင်းချတဲ့ ပုံစံကိုလိုက်လျောညီထွေ ပြောင်းလဲ ရောင်းချခြင်းအားဖြင့် ပိုပြီးရလာဒ်ကောင်းတဲ့ ရောင်းအားကို ရရှိလာမှာဖြစ်ပါတယ်။ အရောင်းသမားကောင်းတွေ ဖြစ်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းတွေ၊စိတ်နေသဘောထားတွေအပြင်၊ ဝယ်သူတွေရဲ့ သွင်ပြင်စရိုက်လေ့လာနည်းတွေကို Professional Selling Skills (PSS – Getting Yes) အတန်းမှာ သင်ပါတယ်။
ရလာဒ်ကောင်းတဲ့ အရောင်းသမားတစ်ယောက်ဖြစ်ဖို့အတွက်ဆိုရင် နောက်လိုအပ်တဲ့ အရည်အချင်းတစ်ခုကတော့ ကိုယ့်ထုတ်ကုန်၊ ဝန်ဆောင်မှု၊ ကိုယ့်ရောင်းမယ့်အရာတွေကို သေချာဂနစွာ သိရှိခြင်းဖြစ်ပါတယ်။
တစ်ခုသိထားရမှာက ရောင်းချတဲ့အခါမှာ အရောင်းသမားတွေဟာ ပါဝင်တဲ့ အင်္ဂါရပ်တွေ (Features) တွေကိုပြောဆိုရောင်းချခြင်းထက်၊ ဒီအင်္ဂါရပ်တွေကြောင့်ရမယ့် အကျိုးရလာဒ်တွေကို (Benefits) ကိုပိုပြီးပြောဆို ရောင်းချခြင်းဟာ ထိရောက်ပါတယ်။ ဒါအပြင် ရရှိမယ့် အကျိုးကျေးဇူး (Advantages) တွေကိုလဲ သိရှိထားရမှာဖြစ်ပါတယ်။
ဥပမာ ဆိုပါတော့။ 4G အင်တာနက်။
ကျွန်တော်ကိုယ်တိုင် 4G အင်တာနက်ကို ဘာတွေနဲ့လုပ်ထားတယ်ဆိုတာ မသိပါဘူး။ အခုဖတ်နေတဲ့ လူတွေထဲမှာလဲ ဒီလုပ်ငန်းထဲက မဟုတ်ရင် ဘယ်လိုမှသိဖို့ မလွယ်ပါဘူး။ သိဖို့လဲ မလိုဘူးလေ။ ဒါကို ဒီ 4G အင်တာနက် ရောင်းတဲ့လူက ဘယ်လိုတွေလုပ်ထားပါတယ်။ ဘာတွေနဲ့ ဖွဲ့စည်းထားပါတယ်။ စသည်ဖြင့် အင်္ဂါရပ်တွေ ပြောပြီးရောင်းရင် ဘယ်လိုမှ ရောင်းရစရာ အကြောင်းမရှိပါဘူး။
4G အင်တာနက် ဝန်ဆောင်မှုကို FAB selling techniques နဲ့ကြည့်ရအောင်။
Feature (အင်္ဂါရပ်) = 4G အင်တာနက်
Benefits (အကျိုးရလာဒ်) = အဝိုင်းမလည်တော့ဘူး။ အင်တာနက် မြန်မြန်ဆန်ဆန်သုံးလို့ရမယ်။
Advantages (အကျိုးကျေးဇူး) = အင်တာနက်မြန်မြန်ဆန်ဆန် ရတဲ့အတွက်ကြောင့် အလုပ်လုပ်မယ်ဆိုလဲ အချိန်အကြာကြီးစောင့်စရာမလိုဘဲ မြန်မြန်ဆန်ဆန် ပြီးမြောက်မယ်။ တခြားအွန်လိုင်းမှာ လျှောက်ကြည့်မယ်ဆိုလဲ စိတ်အေးချမ်းစွာ ကြည့်ရှုနိူင်မယ်။
ဒီတော့ 4G အင်တာနက်ကို ဝယ်တာလား။ တခြား Benefits နဲ့Advantages ကိုဝယ်တာလား။ သေချာပါတယ်။ Benefits နဲ့ Advantages ကိုဝယ်တာပါ။
ဒါကြောင့် ဝယ်သူနဲ့ မျက်နှာချင်းဆိုင်ဘဲ ရောင်းရောင်း၊ လူအများရှေ့မှာ Sales presentation ဘဲလုပ်လုပ်၊ ဖုန်း သို့မဟုတ် အီးမေးလ်နဲ့ ဘဲရောင်းရောင်း ဝယ်သူဖောက်သည်တွေကို ကိုယ့်ရောင်းကုန်မှာ ရှိတဲ့ အင်္ဂါရပ်တွေ (Features)၊ အကျိုးရလာဒ် (Benefits)၊ အပြင် အကျိုးကျေးဇူး (Advantages) တွေကို ထည့်သွင်းရောင်းချခြင်းဖြင့် ပိုပြီးတော့ ရောင်းအားတက်လာနိူင်မှာဖြစ်ပါတယ်။ ဒီနေမှာတစ်ခု သတိထားသင့်တာကတော့ လူတွေဟာ အကျိုးရလာဒ်၊အကျိုးကျေးဇူးကိုသာ ဦးစားပေးပြီး ဝယ်လေ့ရှိပါတယ်။ ဒါကြောင့် အင်္ဂါရပ်တွေ မပြောခင်မှာ အကျိုးကျေးဇူး၊အကျိုးရလာဒ်တွေကို အရင်ပြောသင့်ပါတယ်။
FAB selling techniques သုံးပြီးတော့ မာကက်တင်း ဆောင်ပုဒ်လဲရေးလို့ပါတယ်။ ဒီနည်းကို သုံးပြီးတော့ Walkman ကိုအပြတ်တိုက်ခဲ့တဲ့ Apple iPod ကသုံးခဲ့တာလေးရှိပါတယ်။ iPod မှာပါတဲ့ 1GB memories ကိုမရေးဘဲနဲ့ “1,000 songs in your pocket” ဆိုပြီး ကြော်ငြာခဲ့တာဖြစ်ပါတယ်။ ပြိုလဲလု နီးနီး ဖြစ်နေတဲ့ Apple ကို တစ်ကျော့ပြန် အသက်သွင်းနိူင်ခဲ့တာလဲ ဖြစ်ပါတယ်။
ပြင်ဆင်ခြင်းဟာ အောင်မြင်ခြင်းအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီတော့ နောက်နေ့ရောင်းအားတက်ဖို့အတွက် ဒီနေ့ပြင်ဆင်လိုက်ကြပါစို။
အရင်ဆုံး ကိုယ့်ရောင်းတဲ့ ထုတ်ကုန်၊ ဝန်ဆောင်မှုပါဝင်တဲ့ Features တွေကို ချရေးပါ။ ပြီးရင် နောက်တစ်ကွက်၊ဒါမှ မဟုတ်ဘေးနားမှာ ဒီ Features ကြောင့်ရမယ့် အကျိုးရလာဒ်၊ နောက်တစ်ကွက်မှာ အကျိုးကျေးဇူးတွေကို ထည့်ရေးပါ။ အကြံပြုချင်တာကတော့ တချို့Feature တွေဟာ ထုတ်ကုန်တစ်ခုလုံးကို အထောက်အကူပေးနေရပေမယ့် တကယ်တမ်း အကျိုးရလာဒ်၊ အကျိုးကျေးဇူး မယ်မယ်ရရ ပြစရာမရှိဖြစ်နေတာမျိုးတွေ ရှိလာရင် မှတ်သားထားပြီး ကိုယ့် Sales Letter ထဲကနေ ဖယ်ထားသင့်တယ်ထင်ရင် ဖယ်ထားလိုက်ပါ။ ထပ်သတိပေးချင်တာကတော့ လူတွေက အကျိုးကျေးဇူး၊ အကျိုးရလာဒ်ကိုသာ အလေးပေးပြီးဝယ်ကြတာပါ။

ဦးမင်းသန်းထွဋ်
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။