ရလာဒ်ကောင်းတဲ့အရောင်းအဖွဲ့တစ်ခုဖန်တီးနိုင်စေဖို့ နည်းလမ်း (၇) သွယ်
September 18, 2020 2021-07-14 19:14ရလာဒ်ကောင်းတဲ့အရောင်းအဖွဲ့တစ်ခုဖန်တီးနိုင်စေဖို့ နည်းလမ်း (၇) သွယ်
လုပ်ငန်းတိုင်းအတွက် အရောင်းကအရေးပါပါတယ်။ လုပ်ငန်းရဲ့ အဓိကကျတဲ့ အရောင်းအတွက် ရလာဒ်ကောင်းတဲ့အရောင်းအဖွဲ့တွေက တကယ်ကို အရေးကြီးပါတယ်။
အောင်မြင်နေတဲ့ လုပ်ငန်းတွေကို လေ့လာသုံးသပ်ကြည့်ရင်လည်း ရလာဒ်ကောင်းတဲ့ အရောင်းအဖွဲ့တွေ၊ တကယ်တော်တဲ့ အရောင်းသမားတွေ၊ မှန်ကန်ထိရောက်တဲ့ နည်းဗျူဟာတွေနဲ့ စီမံခန့်ခွဲနိုင်တဲ့ အရောင်းမန်နေဂျာတွေ၊ အရောင်းအဖွဲ့ ကိုကောင်းမွန်စွာဦးဆောင်ပြီး စိတ်အားတက်ကြွမှုပေးနိုင်တဲ့ ခေါင်းဆောင်တွေအများကြီးပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။
ရလာဒ်ကောင်းတဲ့အရောင်းအဖွဲ့တစ်ခု ဖွဲ့စည်းနိုင်ဖို့၊ ဖန်တီးနိင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။
ဒါကြောင့် အရောင်းမန်နေဂျာတွေ၊ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေဟာ ရလာဒ်ကောင်းတဲ့ အရောင်းအဖွဲ့ကို ဘယ်လိုဖန်တီးမလဲ၊ လက်ရှိအရောင်းအဖွဲ့ကိုလည်း ပိုပြီးရလာဒ်ကောင်းတွေရဖို့၊ အောင်မြင်တဲ့ အဖွဲ့တစ်ခု ဖြစ်အောင်လုပ်နိုင်မလဲ အတူတူစဥ်းစားကြည့်ရအောင်။
၁) အလားအလာရှိတဲ့ အရောင်းသမားများကိုစုဆောင်းပါ။
အရင်ဆုံး စရမှာကတော့ မှန်ကန် သင့်တော်ပြီးအလားအလာရှိတဲ့ အရောင်းသမားတွေရှာဖွေဖို့ပဲဖြစ်ပါတယ်။ စပြီး လုပ်ငန်းခွင်အင်တာဗျူးတွေလုပ်မယ်၊ အရောင်းသမားတွေ ခန့်မယ်ဆိုရင် အလားအလာရှိတဲ့အရောင်းသမားတွေ၊ ရည်မှန်းချက်ရှိတယ်၊အကောင်းမြင်တယ် ပြီးတော့ ကိုယ့် လုပ်ငန်းရဲ့ cultureတွေ၊ value တွေနဲ့ကိုက်မယ့် လူမျိုးကိုပဲ ခန့်ပါ။ မဟုတ်ရင် ကိုယ်ခန့်လိုက်တဲ့ လူကြောင့် ကိုယ့်အဖွဲ့ရဲ့ လက်ရှိရှိနေတဲ့ potential၊ performance တွေကျသွားတာမျိုးဖြစ်နိုင်တဲ့အတွက် လူရွေးတာကို အချိန်ပေးပါ။ ဒါက အရမ်းကိုအရေးကြီးပြီး အဓိကကျတဲ့အချက်ဖြစ်ပါတယ်။
၂) လေ့လာသင်ယူတတ်တဲ့ ယဥ်ကျေးမှုတစ်ခုဖန်တီးပါ။
ကိုယ်က အလားအလာရှိတဲ့အရောင်းသမားတွေခန့်အပ်ပြီးရင် သူတို့တွေရဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေ အမြဲတိုးတက်နေအောင်လုပ်ပေးနိုင်ဖို့ လိုအပ်တဲ့ လေ့လာသင်ယူမှုတွေ ပေးနိုင်ဖို့လိုပါတယ်။ လုပ်နေကျအတိုင်းလုပ်ပြီး ရလာဒ်ပိုကောင်းတာတွေ မျှော်လင့်လို့မရပါဘူး။ ပိုကောင်းတဲ့ ရလာဒ်တွေရဖို့က မတူတဲ့၊ ပိုကောင်းတဲ့အလုပ်တွေလုပ်ရမှာပါ။ အဲ့လိုမျိုး မတူတာ၊ ပိုကောင်းတဲ့အလုပ်တွေလုပ်နိုင်ဖို့က လေ့လာသင်ယူမှုလိုပါတယ်။ ဒါကြောင့် လေ့လာသင်ယူနိုင်ဖို့ အခွင့်ရေးပေးပါ။ လေ့လာသင်ယူတတ်တဲ့ ယဥ်ကျေးမှုတစ်ခုကို ကိုယ်တိုင်စပြီးဖန်တီးပါ။
၃) ရှင်းလင်းပြတ်သားတဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေထားပါ။
တစ်ခါတလေ ကိုယ့်အရောင်းသမားတွေက ဘာလုပ်ရမှန်း၊ ဘယ်အရာကအရေးကြီးမှန်း၊ဘယ်ဟာက ဦးစားပေးလဲ ဆိုတာမရှင်းလင်းကြတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကို ထိထိရောက်ရောက်မပြနိုင်ကြပါဘူး။ ဒါကြောင့် တစ်ဥိးတစ်ယောက်ချင်းစီရဲ့ Goals တွေ၊ လုပ်ငန်းကုမ္ပဏီရဲ့ Goals တွေ Target တွေကို ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသား ပြောပြပေးပါ။ တစ်ဦးတစ်ယောက်ချင်းစီရဲ့ Goals တွေ၊ Target တွေချတဲ့အခါမှာလည်း SMART ဖြစ်အောင် သတိထားပေးဖို့လိုပါမယ်။
၄) အရောင်းသမားတွေရဲ့ အောင်မြင်မှုကို တိုင်းတာနိုင်မယ့် KPI တွေသတ်မှတ်ပါ။
ကျွန်တော်တို့ လစဥ် Goals တွေ၊ Target တွေတော့ သတ်မှတ်ထားပါပြီ။ ဒါပေမယ့် ကိုယ့်အရောင်းသမားတွေ အောင်မြင်တာကိုရော ဘယ်လိုတိုင်းမလဲ ဆိုတာ တစ်ခါတည်း သတ်မှတ်ထားပေးဖို့ လိုပါတယ်။ ဥပမာ – Sales Target ရဲ့ ဘယ်လောက်ရာခိုင်နှုန်းတော့ အနည်းဆုံး မဖြစ်မနေထိရမယ်၊၊ ဘယ်လောက်ရာခိုင်နှုန်းအထက်ဆိုရင် Bonus ခံစားခွင့်ရှိမယ်။ ပြီးတော့ တစ်လအတွင်း ကိုယ့်ရဲ့ Sales Conversion ဘယ်လောက်ရှိရမယ်ဆိုတာမျိုး၊ ကိုယ့်လုပ်ငန်းနဲ့ ကိုက်ညီတဲ့ KPI တွေ သတ်မှတ်ထားလို့ရပါတယ်။ ဒါမှပဲ ကိုယ့်အရောင်းသမားတွေက ဘယ်နေရာမှာ အားသာချက်ရှိလဲ၊ ဘယ်နေရာမှာ လိုအပ်ချက်ရှိနေလဲဆိုတာ မြင်နိုင်ပြီး လိုအပ်သလို စီမံခန့်ခွဲပေးနိုင်မှာ ဖြစ်ပါတယ်။
၅) အချိန်ကုန်သက်သာစေမယ့် Automation တွေသုံးပါ။
ကိုယ့်အရောင်းအဖွဲ့က ရုံးတွင်းအလုပ်တွေမှာအချိန်ကုန်နေမယ်ဆိုရင် ကိုယ့်၀ယ်သူတွေ ဖောက်သည်တွေကို ပိုကောင်းတဲ့ ၀န်ဆောင်မှုတွေပေးဖို့ အားနည်းသွားပါလိမ့်မယ်။ ဒါကြောင့် ရုံးတွင်းက တစ်ချို့အလုပ်တွေကို အချိန်ကုန် သက်သာစေဖို့ Automation တွေသုံးလို့ရပါတယ်။
ဥပမာ – အရောင်းသမားတစ်ယောက်က ထိုင်ပြီး email ထိုင်ပို့နေတာမျိုးထက် ပိုပြီးအချိန်ကုန်သက်သာမယ့် automation email software သုံးလိုက်တာမျိုး၊ မလိုအပ်တဲ့ လုပ်ငန်း process တွေကို လျော့ချပြီး operation proess အချိန်တိုတိုတွင်း မြန်မြန်ဆန်ဆန်လုပ်နိုင်မယ်ဆိုရင်
ကိုယ့်အရောင်းသမားတွေရဲ့ အချိန်ဟာ ကိုယ့်၀ယ်သူ၊ ဖောက်သည်ကို ပိုပြီးကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေ
ပေးနိုင်ဖို့၊ ရောင်းအားပိုတက်လာဖို့ အစရှိတဲ့ နေရာတွေမှာသာ ပိုသုံးနိုင်ရင် ကိုယ့်အရောင်းအဖွဲ့လည်း အလိုလို ရလာဒ်ကောင်းတဲ့ အရောင်းအဖွဲ့ ဖြစ်လာပါလိမ့်မယ်။
၆) မှန်ကန်တဲ့ Sales communication၊ Sales Coaching လုပ်ပါ။
မန်နေဂျာ၊ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ကိုယ့်အရောင်းအဖွဲ့နဲ့ မှန်မှန်ကန်ကန် communicate လုပ်ဖို့ လိုအပ်ပါတယ်။ အခြေနေမှန်ကို သုံးသပ်နိုင်ဖို့၊ ကိုယ့်အရောင်းအဖွဲ့ကို သင့်တော်တဲ့ တွန်းအားပေးဖို့ ဆိုတာ တစ်ဦးနဲ့ တစ်ဦး commuicate လုပ်မှရမှာပါ။ ဥပမာ အမြဲတမ်း Target ပြည့်နေတဲ့ အရောင်းသမားတစ်ယောက်က ဒီလမှာ လုံး၀မရောင်းရတာနဲ့ ကျွန်တော်တို့က ဒီအရောင်းသမားကအဆင်မပြေတော့ဘူးလို့ ပြောလို့မရပါဘူး။ သူဘယ်လိုအခက်အခဲတွေ ကြုံနေရလဲ၊ ဘာတွေဖြစ်နေလဲဆိုတာ သိအောင်လုပ်ပြီး မှန်ကန်တဲ့ Sales Coaching ပေးဖို့ လိုပါလိမ့်မယ်။
၇) အောင်မြင်မှုအတွက် ဆုပေးပါ။
များသောအားဖြင့် မန်နေဂျာတွေ၊ ခေါင်းဆောင်တွေက ရှုံးနိမ့်တဲ့အခါ ဒဏ်ပေးကြပေမယ့် အောင်မြင်တဲ့အခါ အသိမှတ်ပြုပေးဖို့၊ ဆုပေးဖို့ မေ့နေတတ်ကြပါတယ်။ တကယ်တော့ အရောင်းသမားတစ်ယောက်ရဲ့ အောင်မြင်မှုကို အသိမှတ်ပြုတဲ့အနေနဲ့ ဆုပေးတဲ့အခါ ကျန်တဲ့အရောင်းသမားတွေပါ အသိမှတ်ပြုခံချင်တဲ့အတွက် အလိုလိုပိုကြိုးစားလာကြတာကို တွေ့ရပါတယ်။ ဒါကြောင့် အောင်မြင်တဲ့အခါ အသိမှတ်ပြုပါ။ ဆုပေးပါ။ တစ်ချို့ရုံးတွေကိုဆို “Top Salesman of the Month” လိုမျိုး ဆုတွေ၊ Certificate တွေ၊ Bonus တွေပေးပါတယ်။ ဒါဟာလည်း ကိုယ့်အရောင်းသမားတွေအတွက် motivation ဖြစ်စေမယ့် အချက်တွေပါပဲ။
ဒီလောက်ဆိုရင် ရလာဒ်ကောင်းတဲ့ အရောင်းအဖွဲ့တစ်ခုကို ဖန်တီးဖို့ ဘာတွေလုပ်သင့်လဲဆိုတာ သိသွားလောက်ပါပြီ။
ကျွန်တော်တို့ Better Version က ဖွင့်တဲ့ Better Sales Leader အတန်းမှာဆိုရင် ကိုယ့်အရောင်းအဖွဲ့ကို အကောင်းဆုံးပုံစံနဲ့ ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ။ ကိုယ့်လုပ်ငန်းရဲ့ Sales Target ရရှိဖို့ လူဘယ်နှစ်ယောက် ခန့်ရမလဲ။ကိုယ့်လုပ်ငန်းအတွက် အရေးပါတဲ့ အရောင်းသမားတွေကို ဘယ်ရွေးချယ်ခန့်အပ်မလဲ။ Motivation အပြည့်ရှိနေတဲ့ အရောင်းသမားတွေ ဖြစ်လာဖို့ ဘာတွေ လုပ်နိုင်မလဲ အစရှိတာတွေပါ၀င်ပါတယ်။
Better Sales Leader သင်တန်းအပ်ဖို့ မက်ဆေ့ (သို့မဟုတ်) ၀၉ ၄၂၄၆၃၈၃၈၀၊ ၀၉၄၂၀၀၆၅၂၆၇ ကိုဆက်သွယ်နိုင်ပါတယ်။
#BetterVersion #MakeYourProgress
#BetterSalesMasterySeries #BetterSalesLeader