သင့်ကုန်ပစ္စည်းအတွက် Segment တစ်ခုရွေးတဲ့အခါ မှန်ကန်ထိရောက်ဖို့ ထည့်သွင်း စဉ်းစားသင့်တဲ့ MASDA
July 28, 2021 2021-08-13 13:39သင့်ကုန်ပစ္စည်းအတွက် Segment တစ်ခုရွေးတဲ့အခါ မှန်ကန်ထိရောက်ဖို့ ထည့်သွင်း စဉ်းစားသင့်တဲ့ MASDA

သင့်ကုန်ပစ္စည်းအတွက် Segment တစ်ခုရွေးတဲ့အခါ မှန်ကန်ထိရောက်ဖို့ ထည့်သွင်း စဉ်းစားသင့်တဲ့ MASDA
သင့်အနေနဲ့ ကုန်ပစ္စည်းတစ်ခုကို ထုတ်လို့ရောင်းချဖို့ အတွက်ဆိုရင် ဈေးကွက်ထဲမှာ အသုံးလိုသူဝယ်လိမ့်မယ်ဆိုပြီး ထုတ်လုပ်ဖြန့်ချီ လိုက်တာထက် သင်ကဘယ်လို လူမျိုးတွေ၊ ဘယ်အပိုင်းကလူတွေကို ရောင်းချင်တာလဲဆိုတာကို ထည့်သွင်းစဉ်းစားပြီး ဒီလူတွေအတွက် သေချာ ထုတ်နိုင်ဖို့ ကြိုးစားမယ်၊ strategy စဉ်းစားမယ်ဆို ရင် သင့် product ရဲ့ အောင်မြင်နိုင်နှုန်းက ပိုမြင့်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် သင့်အနေနဲ့ segmentation လို့ခေါ်တဲ့ ဈေးကွက် တစ်ခုလုံးကို လိုအပ်ချက်၊ လိုအင်တွေတူနိုင်တဲ့ တူရာတူရာ လူတွေကို စုပြီး အပိုင်းတွေ၊ အဖွဲ့တွေခွဲတတ်ဖို့လိုပါတယ်။ ပြီးတော့မှနောက်တစ်ဆင့် သင်က ဒီ segment ထဲကမှ ဘယ်အပိုင်းက လူတွေကိုရောင်းချင်တာလဲ။ သင့်အနေနဲ့ သင်ရောင်းချင်တဲ့ segment က ဝယ်သူ တွေဆီရောက်ဖို့၊ သင့်ကုန်ပစ္စည်းကို သူတို့သိဖို့ ဘယ်လို လုပ်ရမယ်ဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။
ဒီတော့ ဒီလို မျိုး ဘယ်အပိုင်းကို ရောင်းမှာလဲဆိုပြီး segment ခွဲတဲ့အခါ မှန်ကန် ထိရောက်မှုရှိစေဖို့ အတွက် သင်ဘယ်လို အချက်တွေနဲ့ သုံးပြီး strategy စဉ်းစားသင့်လဲဆိုတဲ့ MASDA အကြောင်းကို ဒီတစ်ခါမှာ မျှဝေပေးသွားချင်ပါတယ်။
M = Measurable – Size, purchasing power (အရွယ်အစားကို တိုင်းတာလို့ရနိုင် ရပါမယ်)
သင်ရွေးလိုက်တဲ့ segment ရဲ့ အရွယ်အစားကိုလည်းသိဖို့ လိုပါတယ်။ ဥပမာ – သင်ကအလှကုန်ရောင်းမယ်ဆိုပါစို့။ သင်ရွေးလိုက်တာက အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသမီးတွေ အတွက်။ ဒါဆို မြန်မာနိုင်ငံမှာ ဒီ အသက်အပိုင်းအခြား အမျိုးသမီး ဘယ်လောက် ရှိနိုင်မလဲ။ သင့်အနေနဲ့ သက်ဆိုင်ရာတွေက ထုတ်တဲ့ Report တွေကို လေ့လာခြင်းအားဖြင့်တော့ ဒီ data ကိုခန့်မှန်းခြေအားဖြင့်တော့ သိနိုင်ပါတယ်။ ပြီးရင်သူတို့ ထဲမှာရော သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲဖို့ ဒီလောက်အနေအထား ငွေကြေးသုံးစွဲနိုင်သူ က ဘယ်လောက် ရာခိုင်နှုန်းလောက်ရှိလဲ ဆိုတာကိုပါ ခန့်မှန်းတွက်ချက်ဖို့လည်းလိုပါတယ်။ ဒါမှပဲ ဘယ်ဈေးလောက် ထားပြီး ထုတ်ရင် သင်အရောင်းရဆုံးဖြစ်မလဲ ဆိုတာကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။
A = Accessible – Reachable and served (ဝယ်သူတွေ လက်လှမ်းမှီတဲ့ အနေအထားဖြစ်ရပါမယ်)
နောက်တစ်ချက်က သင်ရွေးလိုက်တဲ့ အပိုင်းကလူတွေဆီရောက်အောင် သင်ကိုယ်တိုင် ထိရောက်တဲ့ ဝန်ဆောင်မှု ပေးနိုင်ရပါမယ်။ ပြီးရင် သူတို့ကလည်း သင့်ကုန်ပစ္စည်းကို ဝယ်ယူသုံးစွဲနိုင်ဖို့ လည်း အဆင်ပြေတဲ့ အနေအထားဖြစ်ရပါဦးမယ်။ ဥပမာ_ သင်က ဒေသတစ်ခုရွေးလိုက်တယ်ဆိုပါစို့။ ဒေသကိုပို့ဖို့ အတွက် ပို့ဆောင်ရေး transportation စရိတ်က တအားကြီးနေတယ်။ သင့်မှာရှိတဲ့ ဝန်ထမ်း အင်အားကလည်း အကန့်အသတ်နဲ့ limit ဖြစ်တဲ့အနေအထားမှာရှိတယ်။ ဒီဒေသမှာ ပြိုင်ဘက်နည်းတော့ ဝယ်လိုအား များနိုင်တယ်လို့ သင်က ခန့်မှန်းထားတယ်။ ဒါပေမယ့် ကုန်ပစ္စည်းဖိုးအပြင် ပို့ရင်ကုန်မယ့်စရိတ်က ကြီးနေပြီး အချိန်ကလည်း ကြာဦးမယ်။ ဒါဆိုရင် ဝယ်သူ လက်ထဲရောက်တဲ့အခါ ဒီ ပစ္စည်းကဈေးကများသွားပြီဆိုရင် သူတို့ အတွက် သုံးပျော်တဲ့ အနေအထား မဖြစ်တော့ပါဘူး။ ဒါ့ကြောင့် ဝယ်သူတွေလက်ထဲရောက်တဲ့ထိတိုင်အောင် သင်ဘယ်လိုနည်းလမ်းတွေနဲ့ ဖြန့်မှာလဲဆိုတဲ့ အချက်ကိုလည်း ကြိုတင် စဉ်းစားပြင်ဆင်ဖို့လိုပါတယ်။
S = Substantial – Large enough and profitable (ခိုင်မာတဲ့ အကျိုးအမြတ်ရရှိနိုင်မှု)
ဝယ်သူတွေအနေနဲ့ ဝယ်ယူသုံးစွဲဖို့ လုံလောက်တဲ့ ကာလ နဲ့ အမြတ်ရနိုင်မှုကို တွက်ချက်ဖို့လိုပါတယ်။ ဥပမာ – သင်က ဈေးကွက် အစိတ်အပိုင်းတစ်ခုကိုရွေးလိုက်တယ်။ သင်္ကြန် အတွက် water proof (ရေစိုခံတဲ့) မိတ်ကပ် ထုတ်ဖို့ စဉ်းစားတယ်ဆိုပါစို့။ ဒါဆို ရွေးလိုက်တဲ့ segment မှာ ဝယ်လိုအား ကတစ်နှစ်ပတ်လည်လုံးမှာမှ ကာလတိုတစ်ခု မှာပဲရောင်းအားတက်နေတာမျိုး ပဲဖြစ်သွားနိုင်ပါတယ်။ ဒါဆို ရေရှည် အမြတ်ရနိုင်မှုမှာရော ရာခိုင်နှုန်း ဘယ်လောက် ရှိနိုင်မလဲ ဆိုတာကို သင်တစ်ခါထဲ ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ ရေရှည်ကို တစ်ခါထဲ ထည့်စဉ်းစားမှ သာလျှင် အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်မှာပါ။
D = Differential – Respond differently to different marketing mix elements & actions (သိသာထင်ရှားတဲ့ ကွဲပြားခြားနားချက်)
သင်က ကုန်ပစ္စည်း ၂ မျိုး ထုတ်ဖို့ စဉ်းစားရင် ဒီ ၂ မျိုးမှာမတူကွဲပြားတဲ့ ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအား ရှိရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ _ သင်က product A နဲ့ B ဆိုပြီး ၂ ခုကို segment 2 ခုအတွက်ရွေးပြီး ထုတ်ဖို့ စဉ်းစားထားတယ် ဆိုပါစို့။ group A အတွက် product A က အရည်အသွေးကောင်းဖို့ရော၊ ဈေးသက်သာဖို့ရော လိုအပ်တဲ့ group ဖြစ်နေမယ်။ သင်ရွေးလိုက်တဲ့ နောက်ထပ် group B ကလည်း အရည်အသွေးကောင်းဖို့ရော၊ ဈေးသက်သာဖို့ရော လိုအပ်တဲ့ group ပဲ ဖြစ်နေမယ်ဆိုရင် product တွေခွဲပြီးတော့သာ ၂ မျိုးထုတ်လိုက်တယ်။ သိသာထင်ရှားတဲ့ ကွဲပြားခြားချက်မရှိဘူးဆိုရင် သင်အလုပ်တွေပို၊ ဝန်တွေပိသွားတာပဲ အဖတ်တင်ပြီး ရေရှည်အတွက် အဆင်မပြေပါဘူး။
ဒီနေရာမှာ နောက်တစ်ချက် သတိထားရမှာက ဈေးကွက်ရွေးတဲ့အခါမှာလည်း သင့်အနေနဲ့ တခြားပြိုင်ဘက်တွေနဲ့ ယှဉ်ရင် သိသာထင်ရှား ကွဲပြားနေအောင် လုပ်နိုင်တဲ့ ဈေးကွက်ကို ရွေးဖို့လည်းလိုပါတယ်။ ဥပမာ_ဈေးကွက်ထဲက ရှိပြီးသား product တွေနဲ့ယှဉ်ကြည့်လို့ quality ရော price ရောတူနေရင်တောင် ဝန်ဆောင်မှုပိုင်း ပိုအားသာအောင်လုပ်လို့ရမလား၊ ဒီလိုအားသာတာကိုမြင်အောင်ရော သင်ဘယ်လို ဖော်ပြမလဲ စသည်ဖြင့် ပြင်ဆင်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့် product အတွက် လုပ်နိုင်မယ့် သိသာထင်ရှားတဲ့ မတူကွဲပြားတဲ့အချက် ဆိုတာကလည်းမဖြစ်မနေ ထည့်သွင်း စဉ်းစားပြင်ဆင်ရမယ့်အရာ တစ်ခုဖြစ်ပါတယ်။
Attainable – competitive (ယှဉ်ပြိုင်နိုင်စွမ်း)
သင်ရွေးလိုက်တဲ့ segment ထဲမှာ သင်ကိုယ်တိုင်ယှဉ်ပြိုင်နိုင်စွမ်းလည်းရှိဖို့ လိုပါသေးတယ်။ ဥပမာ – သင်က working professional အမျိုးသမီးတွေအတွက် make up ထုတ်ဖို့ စဉ်းစားလိုက်တယ်။ ဒါပေမယ့် သင့်ရဲ့ product က ဈေးကွက်ထဲက အခြား သူတို့တတ်နိုင်တဲ့ သုံးနိုင်တဲ့ product တွေနဲ့ယှဉ်ကြည့်လို့ ဈေး တအားများနေရင်လည်း သင့်မှာ competitive မဖြစ်နေပါဘူး။ နောက်တစ်ခုက အရည်အသွေးကို လျော့ပြီး ဈေးသက်သာအောင် လုပ်လိုက်ပြန်ရင်လည်း သူတို့လိုချင်တဲ့ quality မရှိတော့ သင့် product ကိုဝယ်ယူသုံးစွဲဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် သင်ရွေးလိုက်တဲ့ အပိုင်းက လူတွေနှစ်သက်လောက်တဲ့ quality မျိုး၊ price မျိုး မဖြစ်နေဘူးဆိုရင် သင့်မှာ ယှဉ်ပြိုင်နိုင်စွမ်းအားမရှိလို့ ရေရှည် အောင်မြင်ဖို့ခက်ခဲပါလိမ့်မယ်။ ဝယ်သူရဲ့ အဓိကထားပြီး စဥ်းစားရွေးချယ်လေ့ရှိတဲ့ အကြောင်းအရင်းတွေထဲမှာ သင့်လုပ်ငန်း၊ ထုတ်ကုန်အနေနဲ့ ယှဥ်ပြိုင်နိုင်စွမ်းအားပိုရှိတဲ့ အနေအထားဖြစ်ရဲ့လားဆိုတဲ့အချက်ကိုလဲ ထည့်သွင်းစဥ်းစားသင့်ပါတယ်။
ဒါ့ကြောင့် သင့်အနေနဲ့ segment တစ်ခုရွေးတဲ့အခါမှာ ဒီ MASDA လို့ခေါ်တဲ့ ဒီအချက် ၅ ချက်ကို မဖြစ်မနေ ထည့်သွင်းစဉ်းစား ရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေအတွက် သင်ရွေးထားတဲ့ segment မှာ ထိရောက်တဲ့ အဖြေ ရှိတယ် ဆိုရင်တော့ သင်ချမှတ်ထားတဲ့ strategy မှန်ကန်ထိရောက်မှုရှိမှာဖြစ်ပါတယ်။
#betterversion #morethanyouthink #effectivesegmentation
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။