များများရောင်းရအောင် ဘယ်လိုလုပ်မလဲ။
September 22, 2021 2021-09-22 16:19များများရောင်းရအောင် ဘယ်လိုလုပ်မလဲ။
သင်ရောင်းနေတဲ့ ကုန်ပစ္စည်းက ဝယ်သူအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ပစ္စည်းလဲ။ များများရောင်းရအောင် ဘယ်လိုလုပ်မလဲ။
ရောင်းအားတက်ဖို့ sales plan တွေ၊ marketing plan တွေ ဆွဲတဲ့အခါ မှန်ကန်ထိရောက်ဖို့ အရောင်းပိုင်း၊ မားကတ်တင်း ပိုင်းက လူတွေ အနေနဲ့ ကိုယ်ရောင်းနေတဲ့ ကုန်ပစ္စည်းက ဝယ်သူအတွက် ဘယ်လောက်ထိ အရေးပါတဲ့ ပစ္စည်းလဲဆိုတဲ့ customer involvement ဆိုတာ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခု ဖြစ်ပါတယ်။
ဝယ်သူအတွက် ဘယ်လောက် အထိ အရေးပါတဲ့ ပစ္စည်းလဲ ဆိုတာကို သိမှ သူတို့ ဝယ်ယူမှု ဆုံးဖြတ်ချက်ကို ဘယ်လိုချလဲ ဆိုတာကို နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို နားလည်မှ သူတို့ ဝယ်ဖို့ ဆုံးဖြတ်လိုက်တာဟာသင့်ကုန်ပစ္စည်း ဖြစ်နေအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိသွားမှာပါ။
လူတစ်ယောက်အတွက် ဘယ်လောက်ထိ အရေးပါတဲ့ ပစ္စည်းလဲ ဆိုတဲ့ (level of involvement) ကို ခွဲလို့ရတဲ့ အဆင့် ၃ ဆင့်ရှိပါတယ်။
၁) Low involvement product
အကျင့်ပါနေတဲ့၊ ဝယ်နေကျ တိုင်းဝယ်တဲ့ ပစ္စည်းမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ငွေကြေးသုံးစွဲရတာလည်း နည်းတဲ့အတွက် အချိန်ယူပြီး အများကြီး စဉ်းစားလေ့မရှိဘဲ အဆင်ပြေမယ်ထင်တဲ့ ဟာကို ဝယ်လိုက်တာမျိုးပါ။ ဝယ်တာမှားသွားလို့ လည်း ဝယ်သူအတွက် ဆုံရှုံးမှု မများတဲ့ အရာမျိုးတွေလည်း ဖြစ်ပါတယ်။ promotion ရှိလို့ ဒီတံဆိပ်ကို စမ်းသုံးကြည့်လိုက်မယ်ဆိုတာမျိုး၊ ထုတ်ပိုးထားတာက ချစ်စရာလေး ဖြစ်နေလို့ စမ်းသုံးကြည့်လိုက်မယ် ဆိုတာမျိုး နဲ့ Brand Switch လုပ်တာလည်း ပိုများတတ်ပါတယ်။
ဥပမာ_ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လျှော်ဆပ်ပြာ၊ ကော်ဖီထုပ်၊ Tissue ထုပ် စတဲ့ FMCG product မျိုးတွေ များပါတယ်။
ဒါဆို သင်ရောင်းတဲ့ ကုန်ပစ္စည်းက ဒီအမျိုး အစားထဲမှာ ပါနေရင် ဘယ်လိုရောင်းမလဲ။ များများရောင်းရအောင် ဘာတွေ လုပ်ဖို့ လိုမလဲ။
- သင်ပစ်မှတ်ထားတဲ့ target customer တွေ သွားလေ့ရှိတဲ့နေရာ၊ လိုချင်တဲ့နေရာ၊ ဝယ်လို့အဆင်ပြေတဲ့နေရာတွေတိုင်းမှာ များများ ဖြန့်ဖြူးရောင်းချနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
- သင့်ပစ္စည်းကို ဝယ်သုံးချင်လာအောင် ဝယ်သူကိုပေးလို့ရမယ့် consumer promotion နည်းတွေ များများသုံးလို့ရမယ်။ ထပ်ခါထပ်ခါ ဝယ်အောင် (repeat purchase) ဖြစ်ဖို့ ဘယ်နည်းတွေ သုံးနိုင်မလဲ ဆိုတာကိုလည်း စဉ်းစားရမှာ ဖြစ်ပါတယ်။
- သင့်ပစ္စည်းကို တင်ရောင်းချင်လာအောင် ဆိုင်တွေ၊ ကြားထဲက ကိုယ်စားလှယ်တွေကို trade promotion တွေ၊ incentive တွေ ဖန်တီးပြီးဆွဲဆောင်လို့ ရပါတယ်။
၂) Some involvement product
နေ့စဉ်ဘဝ အတွက်လိုအပ်လို့ အချိန်ခဏလေးယူစဉ်းစားပြီး ဝယ်ဖို့ဆုံးဖြတ်ချက်ချတဲ့ ပစ္စည်းမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝယ်ယူမှုရဲ့နောက်မှာ သုံးပြီးရင် ကျန်ခဲ့မယ့် အကျိုးဆက်ကိုပါ ထည့်စဉ်းစားလေ့ရှိပါတယ်။
ဥပမာ_ မိတ်ကပ်၊ ဆေး၊ စားသောက်ဆိုင်ရွေးတာမျိုး၊ စာအုပ်၊ သင်တန်း စတဲ့ ပစ္စည်းမျိုးတွေ ဖြစ်ပါတယ်။
ဒါဆို သင်ရောင်းတဲ့ ကုန်ပစ္စည်းက ဒီအမျိုး အစားထဲမှာ ပါနေရင် ဘယ်လိုရောင်းမလဲ။ ရောင်းအားတက်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ။
- ဈေးတစ်ခုထဲနဲ့ပြိုင်ပြီး sales promotion ပဲ လုပ်နေလို့မရတော့ပါဘူး။ သင့် brand ကို ပရိုမိုးရှင်း brand လို့မြင်ပြီး အရည်အသွေး ကောင်းပါ့မလားလို့ တွေးလာတတ်လို့ပါ။
- နေရာစုံမှာ ဖြန့်ဖြူးရောင်းချနေတာထက် အကန့်အသတ်နဲ့ သတ်မှတ်ထားတဲ့ ဆိုင်အမျိုးအစားတွေမှာပဲ ရောင်းဖို့ ကြိုးစားသင့်ပါတယ်။
- ဝယ်သူတွေနဲ့ feedback တွေ၊ review တွေကို သုံးသပ်ပြီး ပိုကောင်းတဲ့ ကုန်ပစ္စည်း၊ ထုတ်ပိုးမှု၊ ဝန်ဆောင်မှု မျိုးပေးနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။
၃) High involvement product
ဝယ်ဖို့ အချိန်အများကြီး ယူပြီး စဉ်းစားလေ့ရှိတဲ့ ပစ္စည်းမျိုးတွေဖြစ်ပါတယ်။ ငွေကြေးသုံးစွဲ ရတာများပြီးတော့ ဒါကိုဝယ်ယူ သုံးစွဲ လိုက်ခြင်းအားဖြင့် ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လို မြင်သွားမလဲဆိုတဲ့ ခံစားချက်တွေ၊ အကျိုးအကြောင်း ဆက်စပ် တွက်ချက်ရတာ များတဲ့ အမျိုးအစား တွေပါ။ အချိန်များများယူမယ်၊ အချက်အလက်မျာများ ရနိုင်သလောက် ရှာပြီးမှ ဝယ်ယူမှု ဆုံးဖြတ်ချက်ချတာမျိုး တွေဖြစ်ပါတယ်။
ဥပမာ_ အိမ်၊ ကား၊ လက်ဝတ်ရတနာ၊ ဖုန်း၊ ကွန်ပြူတာ စတဲ့ ပစ္စည်းမျိုးတွေ ဖြစ်ပါတယ်။
ဒါဆို သင်ရောင်းတဲ့ ကုန်ပစ္စည်းက ဒီအမျိုး အစားထဲမှာ ပါနေရင် ဘယ်လိုရောင်းမလဲ။ ရောင်းအားတက်ဖို့ ဘာတွေ လုပ်ဖို့ လိုမလဲ။
- ဈေးတစ်ခုထဲနဲ့ပြိုင်လို့မရတော့ပါဘူး။ ပြိုင်ဘက်နဲ့မတူကွဲပြားအောင် လုပ်နိုင်မယ့် (differentiation strategy) ကိုသေချာစဉ်းစားပြီး ဈေးကွက်ထဲမှာ ထိုးဖောက်ဖို့ လိုပါတယ်။
- ဝယ်သူကို အချက်အလက်များများပေးနိုင်ဖို့၊ heart ထိအောင်ပြောနိုင်မယ့် အရောင်းသမားတွေရဲ့ ကဏ္ဍကလည်း အခရာပါပဲ။
- ဝယ်သူရဲ့ ဝယ်ပြီးရင်မှားများသွားမလားဆိုတဲ့ စိုးရိမ်ပူပန်မှုကို လျော့ချနိုင်ဖို့ strategy တွေ စဉ်းစားဖို့ လိုပါတယ်။
- နည်းပညာနဲ့ ပတ်သတ်တဲ့ ပစ္စည်းမျိုးရောင်းနေရင် အရောင်းရနေရုံ တစ်ခု မဟုတ်ဘဲ after sales service ပေးနိုင်ဖို့နဲ့ ဝယ်သူစိတ်ကျေနပ်မှုရစေဖို့၊ သင့်ကုန်ပစ္စည်းကို တစ်ခါ ဝယ်ယူသုံးစွဲပြီး အခြားသူတို့ ပတ်ဝန်းကျင်က လူတွေကိုပါ လိုတဲ့အခါ သင့် brand ကိုဝယ်အောင် တိုက်တွန်းဖို့ စတဲ့ ရေရှည်အတွက် plan ကိုပါ တစ်ခါထဲ စဉ်းစားရဖို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်တစ်ခု သတိထားရမှာက လူတစ်ယောက်အတွက် ဝယ်ဖို့ သိပ်စဉ်းစား စရာမလိုတဲ့ (low involvement) က အခြားတစ်ယောက်အတွက် ဝယ်ဖို့ တအားစဉ်းစားရတဲ့ (high involvement) လည်းဖြစ်နေနိုင်ပါတယ်။ ဥပမာ_ တစ်လ ၁၅ သိန်း ဝင်တဲ့သူအတွက် ၅ သိန်းတန် ဖုန်းတလုံး ဝယ်တယ်ဆိုတာ အရမ်းစဉ်းစား မလိုပေမယ့် တစ်လ ၃ သိန်းပဲ ဝင်တဲ့သူတစ်ယောက် အတွက် ၅ သိန်းတန်ဖုန်း ဝယ်ဖို့ ဆိုတာတော့ အချိန်ယူစဉ်းစားဖို့ လိုပါတယ်။ ဒါ့ကြောင့် သင်က ဘယ်လို လူမျိုးကိုရောင်းချင်တာလဲ ဆိုတဲ့ target customer ကို သေချာ စဉ်းစားဖို့လိုပါတယ်။
ဒါမှပဲ သင့်ရဲ့ target customer တွေက ဝယ်ယူမှု ဆုံးဖြတ်ချက် ဘယ်လိုချလဲဆိုတာကို သုံးသပ်နိုင်မှာ ဖြစ်ပြီးတော့ များများရောင်းရအောင် ဘယ်လို နည်းလမ်းတွေ သုံးလို့ရမလဲ ဆိုတာတဲ့ မှန်ကန်ထိရောက်တဲ့ sales plan၊ marketing plan တွေ ဆွဲနိုင်မှာ ဖြစ်ပါတယ်။
#betterversion #morethanyouthink #makeyourprogress #customerinvolvement
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။