Blog

ဝယ်သူတွေ မဝယ်ခင် စဉ်းစားလေ့ရှိတဲ့ စံနှုန်း (criteria) သုံးခု

32
Marketing / Sales

ဝယ်သူတွေ မဝယ်ခင် စဉ်းစားလေ့ရှိတဲ့ စံနှုန်း (criteria) သုံးခု

အရောင်းသမားတွေအနေနဲ့ နားလည်ထားသင့်တဲ့ အချက်တွေထဲမှာ ဝယ်သူတွေက မဝယ်ခင် ဘယ်လို စံနှုန်းတွေနဲ့ စဉ်းစားလေ့ရှိသလဲဆိုတာကလည်း သိထားသင့်တဲ့ အချက်တစ်ခုပါပဲ။ 

 လူအမျိုးမျိုး ကတိုင်းတာတဲ့ စံနှုန်းတွေကလည်းမတူကြပါဘူး။ အရောင်းသမားတွေ၊ marketing ပိုင်းကလူတွေ အနေနဲ့လည်း ဒီလို ဝယ်သူတွေ ကိုယ့်ကုန်ပစ္စည်းကို မဝယ်ခင် ဘယ်လိုစံနှုန်းတွေနဲ့ အကဲဖြတ်စဉ်းစားလေ့ရှိလဲဆိုတာကို နားလည်ထားဖို့လိုပါတယ်။

 အဲ့လို နားလည်းထားတဲ့အခါကြတော့ အရောင်းသမားတွေအနေနဲ့ ဝယ်သူတစ်ယောက်ချင်းစီ ရဲ့ တိုင်းတာစဉ်းစားတဲ့ ပုံစံကို လိုက်ပြီး ကိုယ့် product အကြောင်းကိုရှင်းပြနိုင်မယ်ဆိုရင်‌ အောင်မြင်တဲ့အရောင်းတွေဖြစ်နိုင်မယ်၊ Marketing ပိုင်းမှာဆိုလည်း  မှန်ကန်တဲ့ Marketing message နဲ့ကြော်ငြာနိုင်တဲ့အခါကြတော့ ရောင်းအားတက်ဖို့ လည်း အထောက်အကူ ဖြစ်တာပေါ့။

 ဒီတော့ အခုဒီစံနှုန်းတွေကို လေ့လာကြည့်ရအောင်

 ၁) Personal Criteria

 Personal criteria ဆိုတာကတော့ ပစ္စည်းတစ်ခု ဝယ်သူ သုံးစွဲလိုက်ပြီဆိုရင် သူတို့ကိုယ် သူတို့ ထင်သွားစေတဲ့ အရာပေါ့။ စိတ်ခံစားမှုနဲ့ ဆိုင်ပါတယ်။

ဥပမာ –  marketing message ပေးပြီးစ ကြော်ငြာထဲက ဒီပစ္စည်းဟာ ငယ်ရွယ်တဲ့ တက်ကြွလန်းဆန်းတဲ ပုံရိပ်ကို ထင်ဟပ်စေတဲ့ message  မျိုးနဲ့ကြော်ငြာထားမယ်ဆိုရင် ဒီလို ခံစားချက်၊ ပုံရိပ်မျိုးကို လိုချင်တဲ့ သူတွေက သူတို့ ရဲ့ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် နဲ့ self-image ကို ဖြည့်ဆည်းဖို့ ဒီ product ကိုသုံးမယ် ဒီသဘောပါပဲ။

၂) Economic Criteria

 ငွေရေး ကြေးရေးနဲ့ ချိန်စဉ်းစားတာပေါ့။ ဒီထဲမှာဆိုရင် ပေးရတဲ့ဈေးနှုန်းနဲ့ ပြန်ရမယ့် quality၊ ယုံကြည်စိတ်ချရမှု တွေကိုပါထည့် စဉ်းစားတာလည်း ပါတာပေါ့။

 ဥပမာ – ဂိမ်းစက်တစ်လုံး လာဝယ်တယ်ဆိုပါစို့။ အဖေအမေပါမယ် ဆော့မယ့် ကလေးပါမယ်။ အဖေအမေကတော့ ငွေရေးကြေးရေးနဲ့ သက်သာတာကို ဝယ်ချင်တဲ့ economic criteria နဲ့ product quality ကို စဉ်းစားတာမျိုးရှိမယ်။ ဒီတော့အရောင်းသမားအနေနဲ့ က အဖေနဲ့အမေကိုရှင်းပြတဲ့ အခါ ဒီပစ္စည်ရဲ့ ဈေးနှုန်း၊ quality နဲ့သက်ဆိုင်တာကို အဓိကထားပြီး sales presentation ကို လုပ်ဖို့လိုတာပေါ့။

၃) Social Criteria

 အသိုင်းအဝိုင်းပတ်ဝန်းကျင်ကို ထည့်စဉ်းစားတာပါ။ ကိုယ့်ပတ်ဝန်းကျင် က ဒီပစ္စည်းကိုသုံးလိုက်ရင်ဘယ်လို မြင်မှာလဲဆိုတာပေါ့။ ဘယ်ဟာဝယ်ရမလဲစဉ်းစားတဲ့အခါ ပတ်ဝန်းကျင်ကို ထည့်စဉ်းစားတာမျိုးရှိပါတယ်။

 ဥပမာ – ခုန ဂိမ်းစက်ဝယ်တဲ့ အကြောင်းနဲ့ပဲပြောရရင် အဖေနဲ့အမေက economic criteria နဲ့ စဉ်းစားပေမယ့် တကယ်သုံးမယ့် ကလေးကတော့ မော်ဒယ်မြင့်တဲ့ function ပိုစုံတဲ့ popular ပိုဖြစ်တဲ့ ပုံစံကို စိတ်ဝင်စားတာမျိုးပေါ့။ ဒါကိုသုံးလိုက်ရင် သူ့ပတ်ဝန်းကျင်မှာ သူ့ကျောင်းက သူ့ သူငယ်ချင်းတွေက သူ့ကိုဘယ်လိုတွေပြောကြမလဲ စတဲ့ social criteria နဲစဉ်းစားလေ့ရှိပါတယ်။

 ဒီတော့ အရောင်းသမားတွေအနေနဲ့ က တကယ်သုံးမယ့် သူကို ရှင်းပြတဲ့အခါကြတော့ ဒီ product ကလူကြိုက်များကြောင်းဘယ်လို function တွေစုံကြောင်း အသားပေးပြီး ရှင်းပြရတာပေါ့။

သူတို့စဉ်းစားတဲ့ စံနှုန်းကိုလိုက်ပြီး ကိုယ့် ရဲ့ Sales Presentation ကို လိုက်လျောညီထွေ ဖြစ်အောင်ပြောပြဖို့လိုပါတယ်။

 ဒါပေမယ့် အမြဲတမ်းလဲ ဒီဥပမာလို မိဘတွေဘက်က ဈေးနဲ့ပဲ စဉ်းစားမယ်လို့ မှတ်ထားလို့မရပါဘူး။ ပြောင်းလဲလာတဲ့ ဝင်ငွေအနေအထားပေါ်မူတည်ပြီး နောက်တစ်ခါဝယ်တဲ့အခါ ငွေကြေး ထက် popularity ကို အသားပေးစဉ်းစားတဲ့ အနေအထားမျိုးတွေလည်းရှိတာပေါ့။

 အရောင်းသမားတွေအနေနဲ့ အရင်တစ်ခေါက်က economic criteria နဲ့ရွေးသွားလို့ ဒီ တစ်ခါမှာလည်း အဲ့လိုပဲလို့မှတ်ထားလို့မရပါဘူး criteria တွေက အမြဲပြောင်းနိုင်တယ်။ အဲ့တော့ ဘယ်လို criteria နဲ့ဝယ်သင့်မဝယ်သင့်စဉ်းစားနေလဲ ဘယ်လို သိနိုင်မလဲ။

 မေးခွန်း တွေမေးပြီးသိနိုင်တာပေါ့။ ရှေ့က blog တွေမှာ ထိရောက်တဲ့ မေးခွန်းမေးနည်းများအကြောင်း share ပေးခဲ့ဖူးပါတယ်။

 အရောင်းသမားတွေ အနေနဲ့ ဒီလိုမျိုး ဝယ်သူတွေ စဉ်းစားလေ့ရှိတဲ့ criteria ကိုလိုက်ပြီ sale presentation ကိုလုပ်နိုင်မယ်၊ marketing ပိုင်းကနေ ကြော်ငြာတဲ့အခါလည်း ရောင်းချင်တဲ့ market ရဲ့ criteria ကိုလိုက်ပြီး မှန်ကန်တဲ့ message တွေ ဒီဇိုင်းတွေ လုပ်မယ်ဆိုရင် အနေအထားတစ်ခု ရောင်းအားတက်အောင် လုပ်နိုင်မှာပါ။

 အရောင်းပိုင်းနဲ့ ပတ်သတ်ပြီး သင်တန်းများ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့မှာ Better Sales Mastery Series ရှိပါတယ်။ သင်တန်းအသေးစိတ်ကို သိရှိဖို့ မက်ဆေ့ သို့မဟုတ် ဖုန်း 09 424 638 38 , 09 420 065 267 သို့ဆက်သွယ်နိုင်ပါတယ်။

အရောင်းနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေဖတ်ရှု့ချင်ရင်တော့ ကျွန်တော်တို့ Better Version Website မှာအချိန်မရွေး ဖတ်ရှု့ လေ့လာနိုင်ပါတယ်။

#BetterVersion #ChoiceCriteria

#BetterSalesStrategist 

#MakeYourProgress

#BetterSalesman

 

Select the fields to be shown. Others will be hidden. Drag and drop to rearrange the order.
  • Image
  • SKU
  • Rating
  • Price
  • Stock
  • Availability
  • Add to cart
  • Description
  • Content
  • Weight
  • Dimensions
  • Additional information
  • Attributes
  • Custom attributes
  • Custom fields
Compare
Wishlist 0
Open wishlist page Continue shopping
အခွင့်အရေးကောင်းတွေ လက်မလွတ်သွားဖို့

43% Off
Only For 1st 100

“Book Order” လို့ မက်ဆင်ဂျာမှာ ရိုက်ပေးပါနော်..

အရောင်းတိုးမယ့် စာအုပ်

ပထမဦးဆုံး အယောက် (၁၀၀) အတွက်သာ