အပြောင်းအလဲ အတက်အကျတွေများတဲ့ကာလမှာ ရောင်းအားတွေကို ဘယ်လိုထိန်းကြမလဲ။
April 29, 2022 2022-04-29 14:35အပြောင်းအလဲ အတက်အကျတွေများတဲ့ကာလမှာ ရောင်းအားတွေကို ဘယ်လိုထိန်းကြမလဲ။

အပြောင်းအလဲ အတက်အကျတွေများတဲ့ကာလမှာ ရောင်းအားတွေကို ဘယ်လိုထိန်းကြမလဲ။
အပြောင်းအလဲ အတက်အကျတွေများတဲ့ကာလမှာ ရောင်းအားတွေကို ဘယ်လိုထိန်းကြမလဲ။
လက်ရှိမှာ ကျွန်မတို့တွေက အခက်အခဲ၊ အကျပ်အတည်းတွေကို နေ့တိုင်းလိုလို ရင်ဆိုင်နေကြရပါတယ်။ တစ်နေ့ တစ်နေ့ မတူညီတဲ့အခက်အခဲတွေနဲ့ မရေရာ သေချာတဲ့ ဒီလိုကာလကြီးမှာ လုပ်ငန်းရှင်တွေ၊ မန်နေဂျာတွေ၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေနဲ့ အရောင်းသမားတွေအနေနဲ့ ကိုယ့်လုပ်ငန်းရပ်တည်ဖို့အတွက်နဲ့ ရောင်းအားတွေကျမသွားဖို့အတွက် အချိန်ပေးပြီး အာရုံစိုက်ရမယ့် အချိန်ဖြစ်ပါတယ်။
နောက်ထပ်တစ်ခုက အပြောင်းအလဲ၊ အတက်အကျတွေ ပုံမှန်ပြန်ဖြစ်ဖို့ကို စောင့်နေတာထက် လက်ရှိမှာ လုပ်သင့်လုပ်ထိုက်တာလေးတွေကို ရှေ့ဆက်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။
အရောင်းသမားတစ်ယောက်အတွက်ကတော့ ဒီလိုအချိန်မျိုးမှာ ဘယ်လိုရောင်းမလဲ၊ ဘယ်အရာတွေကို ပိုပြီးအာရုံစူးစိုက်မှု ထားသင့်သလဲ။ ၀ယ်သူတွေနဲ့ ဘယ်လို ချိတ်ဆက်ကြမလဲ အစရှိတဲ့မေးခွန်းတွေအတွက် ကြိုတင်ပြီး အဖြေရှာထားသင့်ပါတယ်။
ဒါကြောင့် ဒီလို အကျပ်အတည်းတွေကြားထဲမှာ ရောင်းအားတွေ မကျသွားအောင် ထိန်းသိမ်းရမယ့် နည်းလမ်း ၄ခု ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
၁။ ၀ယ်သူအဟောင်းများဆီမှ ဝေဖန်သုံးသပ်ချက်များကို ရယူပါ။
လက်ရှိမြန်မာနိုင်ငံရဲ့ အနေအထားအရ ၀ယ်သူတွေအများက ငွေကြေးသုံးစွဲမှုကို စီစစ်လာကြပြီး ပစ္စည်းတစ်ခု၀ယ်ယူမယ်ဆိုရင် အရင်ထက်စဥ်းစားစရာပိုများလာတဲ့အတွက် လိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ သိချင်တာတွေကို ပိုပြီး စုံစုံလင်လင်ရှာဖွေလာကြပါတယ်။ နောက်ထပ်တစ်ခုက အရင်၀ယ်ယူသုံးစွဲဖူးတဲ့သူတွေဆီက ဝေဖန်သုံးသပ်ချက်တွေကို လေ့လာပြီးမှ ၀ယ်ယူဖို့ဆုံးဖြတ်ချတတ်ကြပါတယ်။
ဒါကြောင့် ရောင်းဖို့အတွက်ပဲ အချိန်ပေးနေမယ့်အစား ကိုယ့်၀ယ်သူအဟောင်းတွေဆီက review တွေ၊ Feedback တွေကို ရယူဖို့ကို အချိန်ပေးပြီးကြိုးစားသင့်ပါတယ်။ ဒီေ၀ဖန်သုံးသပ်ချက်တွေက် ကိုယ့်ဆီက ၀ယ်ယူဖို့ အလားလာရှိတဲ့သူတွေ၊ ၀ယ်သူအသစ်တွေကို ပိုပြီး တိုးလာစေပြီး ရောင်းအားလည်း တက်လာစေမှာ ဖြစ်ပါတယ်။
၂။ Follow up လုပ်ဖို့ မမေ့ပါနဲ့။
ကြော်ငြာစရိတ်တွေအကုန်ခံပြီး ၀ယ်သူအသစ်တွေကိုပဲ အသည်းသန် ရောင်းဖို့အတွက် ကြိုးစားနေမယ့်အစား ကိုယ့်ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကို စိတ်၀င်စားလို့ မေးမြန်းပြီး ဘာမှပြန်ပြောတော့တဲ့သူတွေ၊ နောက်မှ၀ယ်မယ်လို့ ပြောသွားတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် မ၀ယ်ဖြစ်လိုက်တဲ့သူတွေ အကုန်လုံးကို အရာင်းသမားတွေအနေနဲ့ ကိုယ့်ဘက်ပြန်ဆက်သွယ်ပြီး follow up လိုက်ဖို့ လိုအပ်ပါတယ်။
မှန်ကန်ထိရောက်တဲ့ “Sales Follow up” plan တွေ procedure တွေ၊ timing တွေသေချာချမှတ်ထားမယ်ဆိုရင် ၀ယ်သူက သူ၀ယ်ယူဖို့ အဆင်သင့်ဖြစ်တဲ့အချိန်မျိုးမှာ ကိုယ့်ကို ၊ကိုယ့်ကုန်ပစ္စည်းကို သတိရပြီး ၀ယ်ယူလာမှာဖြစ်ပါတယ်။
၃။ Call-To-Action များ ထည့်ပါ။
Call to action ဆိုတာက သင်ပို့လိုက်တဲ့ အချက်အလက်၊ သင်ပြောလိုက်တဲ့ အကြောင်းအရာကို နားထောင်ပြီး တစ်ဖက်လူကို ဘာလုပ်စေချင်တာလည်း ဆိုတာကို တစ်ခါထဲ ထည့်သွင်း ပြောလိုက်ခြင်းဖြစ်ပါတယ်။ ဒါက ဝယ်ဖို့ ဆုံးဖြတ်ချက် အမြန်ချဖို့ကို လှုံ့ဆော်ရာလည်း ရောက်ပါတယ်။ ဒီလိုပဲ မက်ဆေ့ပို့တယ်၊ အီးမေလ်းပို့တယ်၊ social media မှာ ကြော်ငြာတယ်၊ content marketing လုပ်တယ် ဆိုလည်း ဝယ်ဖို့ စိတ်ဝင်စားနေပြီဆိုရင်တော့ နောက်တစ်ဆင့်အနေနဲ့ ဘာဆက်လုပ်ပါ ဆိုတဲ့ call to action မဖြစ်မနေပါဖို့ လိုအပ်ပါတယ်။
၄။ Upselling နှင့် Cross-selling ရောင်းချခြင်းနည်းလမ်းကို အသုံးပြုပါ။
လုပ်ငန်းတော်တော်များများက ၀ယ်ယူသူတွေ၊ဖောက်သည်တွေ ပိုမိုရရှိစေရေးကိုပဲ အာရုံစိုက်လေ့ရှိပါတယ်။ တကယ်တမ်းကျတော့ ၀ယ်သူတွေ အရေအတွက်တိုးဖို့အပြင် ၀ယ်ယူတဲ့သူတွေ သုံးစွဲတဲ့ ပျမ်းမျှပမာဏကို တိုးမြှင့်အတွက်ကိုလည်း အာရုံစိုက်သင့်ပါတယ်။ ပုံမှန်ထက် ရောင်းအားနှစ်ဆတက်လာဖို့အတွက် ဒီ Upselling နဲ့ Cross-selling ကတော့ တကယ်ကိုထိရောက်တဲ့ အရောင်းဗျူဟာတွေပဲဖြစ်ပါတယ်။
အတိုချုပ်အနေနဲ့ရှင်းပြရရှင် Upselling ဆိုတာကတော့ ပစ္စည်းတူ၊ အမျိုးအစား တူပြီး ဈေးနည်းနည်းပိုများ သွားတဲ့ ကုန်ပစ္စည်းကို ဝယ်သူကို အကြံပေးပြီး ရောင်းတာဖြစ်ပြီး Cross-Selling ဆိုတာက တော့ customer လာဝယ်တဲ့ ပစ္စည်းပေါ်မှာ မူတည်ပြီးတော့ ချိတ်ဆက်ပြီးသုံးလို့ရမယ့် ပစ္စည်းတစ်ခုခုကို အကြံပေးပြီး တွဲရောင်းတဲ့နည်းပဲဖြစ်ပါတယ်။
ဒီနည်းလမ်း ၄ခုက အရောင်းသမားတိုင်းသိထားပြီးသား နည်းလမ်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တစ်ခါတစ်လေမှာ လက်တွေ့အသုံးမချမိတာမျိုးတွေဖြစ်နိုင်ပါတယ်။ အခုလို အပြောင်းအလဲ၊ ကျပ်တည်းနေတဲ့ ကာလမှာ ကိုယ့်ကုန်ပစ္စည်းကို လာ၀ယ်ဖို့ ထိုင်စောင့်နေတာထက် အရောင်းမြှင့်တင်ဖို့အတွက် နည်းဗျူဟာတွေကို ရှာဖွေအသုံးချသင့်ပါတယ်။
စျေးကွက်ကို လေ့လာပြီး ကိုယ့်လုပ်ငန်းရပ်တည်မှုနဲ့ ကိုက်ညီပြီး မှန်ကန်ထိရောက်တဲ့ အရောင်းဗျူဟာ ကောင်းကောင်းချမှတ်နိုင်ချင်တယ်။ ကိုယ့် အရောင်း Team ကိုလည်း အကောင်းဆုံးဦးဆောင်မှုပေးနိုင်ပြီး ရလာဒ်ကောင်းတဲ့ အရောင်းအဖွဲ့တစ်ခုဖန်တီးပေးနိုင်ဖို့အတွက်ဆိုရင်တော့ Better Version မှ ” Better Sales Mastery Series” ဆိုတဲ့ အရောင်းပိုင်းနဲ့ အရောင်းစီမံခန့်ခွဲမှု သင်တန်းလေးရှိပါတယ်။
သင်တန်းအသေးစိတ်ကို လေ့လာစုံစမ်းချင်ရင်တော့ မက်ဆေ့သို “BSMS” လို့ ပို့ပေးရုံပါပဲ။ Better Version ရဲ့ Learner Coordinators များမှ အသေးစိတ်ပြန်လည်ဖြေကြားပေးပါလိမ့်မယ်။
—
ပိုကောင်းတဲ့ အနာဂတ်၊ ခိုင်မာတဲ့ အမှတ်တံဆိပ်တွေ တည်ဆောက်ဖို့ Better Version ရှိပါတယ်။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။