ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုး
October 9, 2020 2021-09-06 16:28ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုး

ညှိနှိုင်းရေး သမားကောင်း ဖြစ်လာစေဖို့ နည်းလမ်း (၇)မျိုး
ကျွန်တော်တို့ရဲ့ နေစဥ်ဘ၀မှာ မနက်မိုးလင်းကနေ စပြီး ညမိုးချုပ်အိပ်ရာ၀င်တဲ့အချိန်အထိ အရေးမကြီးတဲ့ ညှိနှိုင်းမှု တွေကနေပြီး တကယ်ကို အရေးကြီးတဲ့ ညှိနှိုင်းမှုတွေကို ပြုလုပ်နေရပါတယ်။ စစ်တမ်းအရဆိုရင်လည်း လူတွေက တစ်နေကို ညှိနှိုင်းမှု ၃ ခုကနေ ၇ခု ကြားလုပ်ဆောင်နေရပါတယ်။
လုပ်ငန်းရှင်နဲ့ မန်နေဂျာတွေကြားမှာလည်း ညှိနှိုင်းမှုတွေ လုပ်ရသလို၊ ၀ယ်သူနဲ့ အရောင်းသမား၊ မိဘနဲ့ သားသမီး၊ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်၊ နောက်ဆုံး မိတ်ဆွသူငယ်ချင်းတွေကြားမှာတောင် ညှိနှိုင်းမှုတွေပြုလုပ်ရပါတယ်။
ဒါကြောင့် ညှိနှိုင်းမှု ကျွမ်းကျင်ဖို့၊ ညှိနှိုင်းရေး ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှပဲ ကျွန်တော်တို့ က ကိုယ်လိုချင်တဲ့ရလာဒ်ကို ခင်မင်မှုမပျက်၊ ပြဿနာမဖြစ်ပဲနဲ့ အေးအေးဆေးဆေး ရယူနိုင်မှာဖြစ်ပါတယ်။
ညှိနှိုင်းရေးသမားကောင်းဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ ပြုပြင်လို့၊ သင်ယူလို့ရနိုင်လားလို့ မေးရင် ဟုတ်ကဲ့ ရပါတယ်လို့ ဖြေချင်ပါတယ်။
ညှိနှိုင်းရေးသမားကောင်းဖြစ်ချင်သူတွေအတွက် သိသင့်တဲ့ အခြေခံ နည်းလမ်း (၇) မျိုးကို ရှဲပေးချင်ပါတယ်။
၁) ကိုယ်လိုချင်တဲ့ ရလာဒ်ကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။
ကိုယ်လိုချင်တဲ့ ရလာဒ်ကို ကိုယ်ကိုတိုင်မှ မရှင်းလင်းဘူး၊ မပြတ်သားဘူးဆိုရင် တခြားလူတစ်ယောက်ကို လက်ခံလာအောင် ဘယ်လိုမှုညှိနှိုင်းလို့မရပါဘူး။ ဒါကြောင့် ကိုယ်ဘာလိုချင်လဲ၊ ကိုယ်ဘယ်လို ရလာဒ်မျိုးရချင်တာလဲ ဆိုတာမျိုးကို အရင်သိပြီးမှပဲ ညှိနှိုင်းမှုပြုလုပ်ပါ။
၂) ပြင်ဆင်ပါ။
ကိုယ် ညှိနှိုင်းမှု လုပ်ရမယ့်သူက ဘယ်သူလဲ။ ၀ယ်သူဖောက်သည်လား၊ ကိုယ့် supplier လား၊ ကိုယ့် သူဌေးလား၊ ဒါမှ မဟုတ် ကိုယ့် ချစ်သူ၊ အိမ်ထောင်ဖက်လား၊ ကိုယ့်မိဘလား။ ကိုယ့် ညှိနှိုင်းရမယ့် တစ်ဖက်လူပေါ်မူတည်ပြီး ပြင်ဆင်မှုတွေလုပ်ရပါမယ်။ တစ်ဖက်လူရဲ့ ညှိနှိုင်းမှု power ဘယ်လောက်ရှိလဲ။ ကိုယ်လိုချင်တဲ့ရလာဒ်ကို ဘယ်လို နား၀င်အောင်၊ လက်ခံအောင် ဆွဲဆောင်မှုလုပ်မလဲ။ ယုံကြည်လက်ခံလောက်တဲ့ Data တွေ၊ အချက်လက်တွေ လိုနိုင်လား။ ဒါမျိုးတွေကို ကြိုစဥ်းစားထားပြီး ပြင်ဆင်ထားဖို့လိုပါတယ်။
၃) ညှိနှိုင်းမှု ရွေးချယ်စရာတွေကြိုစဥ်းစားထားပါ။
တစ်ခါတစ်လေ ညှိနှိုင်းမှုလုပ်တဲ့အခါမှာ တစ်ခုတည်းကိုပဲ ဦးတည်ပြီးစဥ်းစားလို့မရပါဘူး။ ဖြစ်နိုင်ချေတွေ၊ အခြားရွေးချယ်မှုတွေ ကြိုပြီးစဥ်းစားထားဖို့ လိုပါတယ်။
ဥပမာ – ကိုယ်က ၁၂၀၀ နဲ့ရောင်းချင်တာကို ၀ယ်သူကလည်း ၁၀၀၀ မှမရရင် မ၀ယ်နိုင်တာမျိုးဖြစ်လာတဲ့ အခြေနေမျိုးမှာဆိုရင် ၁၀၀၀ နဲ့ရောင်းပေးမယ်၊ ပစ္စည်းအနည်ဆုံး ဘယ်နှခု ၀ယ်ရမယ်၊ နောက်တစ်မျိုးက ငွေ လက်ငင်းခြေစနစ်၊ Installment စနစ်စတာတွေကိုလည်း အခြား ရွေးချယ်စရာအနေနဲ့ ညှိနှိုင်းလို့ရပါတယ်။ ကိုယ်က ၁၂၀၀ နဲ့မရောင်းလိုက်ရပေမယ်၊ ပစ္စည်းအရေးအတွက် များများပိုရောင်းလိုက်နိုင်တာဖြစ်တဲ့အတွက် ဒါကို အောင်မြင်တဲ့ ညှိနှိုင်းမှုလို့ သတ်မှတ်လို့ရပါတယ်။
၄) မေးခွန်းမေးပါ။
ကိုယ်လိုချင်တာတဲ့ရလာဒ်ကို ညှိနှိုင်းတဲ့အခါမျိုးမှာ တစ်ဖက်လူက ကိုယ့်ကို လက်ခံတာမျိုးလည်းရှိနိုင်သလို၊ ငြင်းပယ်တာမျိုးလည်းရှိနိုင်ပါတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော်တို့က မှန်ကန်ထိရောက်တဲ့ မေးခွန်းမေးတတ်ဖို့လိုပါတယ်။ အဲ့ဒါမှ သူလက်ခံရင်လည်း ဘာကြောင်လက်ခံတာမျိုး၊ လက်မခံရင်လည်း သူဘာလို့ လက်မခံတာမျိုးဆိုတာကို သေသေချာချာသိသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မေးခွန်းမေးတတ်ဖို့လည်း အရမ်းအရေးကြီးပါတယ်။
၅) နားထောင်ပါ။
ဒီနေရာမှာ နားထောင်ပါဆိုတာက open-minded နဲ့ နားထောင်တတ်ဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ ရလာဒ်ကို တဖက်လူက လက်ခံတာဆိုရင် ပျော်တဲ့စိတ်နဲ့ နား၀င်ကြပေမယ်၊ ကိုယ်လိုချင်တာ မရဘူးဆိုရင် နားထောင်နေပေမယ့်လည်း စိတ်ထဲမှာတော့ ပြန်ပြောနေတာမျိုး၊ ပြန်ငြင်းနေတာမျိုး ဖြစ်တဲ့အခါကျရင် တဖက်လူပြောနေတာမျိုး ကို အပြည့်အ၀နားမထောင်နိုင်ဖြစ်ပြီး နားမလည်ဘူးဖြစ်ပြီး ဆက်ပြီး ညှိနှိုင်းမှုမလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အပြည့်အ၀ open-minded နဲ့ နားထောင်ပါ။
၆) စဥ်းစားဖို့ အချိန်တစ်ခုပေးပါ။
ညှိနှိုင်းမှုတစ်ခုပြုတဲ့အခါ နှစ်ဦးနှစ်ဖက်လုံးအတွက် စဥ်းစားဖို့အချိန်လိုအပ်ပါတယ်။ ကိုယ့်အတွက်လည်း လိုသလို တစ်ဖက်လူအတွက်လည်း ဆုံးဖြတ်ချက်ချဖို့ အချိန်တစ်ခုလိုအပ်ပါတယ်။ ဒါကြောင့် အချိန်တစ်ခုသတ်မှတ်ပြီး စဥ်းစားချိန်ပေးပါ။ အရမ်းတွန်းတဲ့ပုံစံမျိုးမလုပ်မိဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် စဥ်းစားဖို့ အချိန်မပေးနိုင်တဲ့အခါ ကိုယ့်ဆုံးဖြတ်ချက်ရော၊ သူ့ဆုံးဖြတ်ချက်ရော မှားနိုင်ပြီး နှစ်ဦးကြားက ရေရှည်ဆက်ဆံရေးထိခိုက်နိုင်ပါတယ်။
၇) ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းပါ။
ညှိနှိုင်းမှုဆိုတာ အနိုင်အရှုံး Game တစ်ခုမဟုတ်ပါဘူး။ အကောင်းဆုံး ညှိနှိုင်းမှုဆိုတာ တစ်ဖက်လူက သူတို့အတွက် အကျိုးရှိတယ်၊ တန်ဖိုးတစ်ခုရှိတယ် ဆိုတာမျိးကို ကျေကျေနပ်နပ်လက်ခံသွားတာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ညှိနှိုင်းမှုလုပ်ရတဲ့အခါ ကိုယ့်ဘက်ကလည်းအရမ်းမပေးမိအောင်၊ ကိုယ့်ဘက်ကလည်း အသာစီးယူမိတယ်ဆိုတဲ့ ပုံစံမျိူးမဖြစ်အောင် အရမ်းဂရုစိုက်ဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိပြီး ရေရှည် ဆက်ဆံရေးကို ထိန်းသိမ်းနိုင်အောင်ကြိုးစားဖို့လိုပါတယ်။
ဒီလောက်ဆိုရင် ညှိနှိုင်းမှုလုပ်တဲ့အခါ ဘယ်လိုတွေလုပ်ရမလဲ၊ ညှိနှိုင်းရေးသမားကောင်းဖြစ်လာဖို့ ဘာတွေ လုပ်ဆောင်ရမလဲဆိုတာသိသွားလောက်ပါပြီ။
ညှိနှိုင်းမှုတွေကိို အကောင်းဆုံးပြုလုပ်နိုင်ဖို့ စိတ်၀င်စားတဲ့လူတွေအတွက်လည်း ကျွန်တော်တို့ Better Version မှ ဖွင့်လှစ်သင်ကြားပေးနေတဲ့ “Better Negotiator” ဆိုတဲ့ သင်တန်းကို တက်ရောက်လို့ရပါတယ်။
သင်တန်းတက်ချင်တဲ့သူများ အနေနဲ့လည်း comment (သို့) မက်ဆေ့မှတစ်ဆင့် “BNO” လို့ ပို့ပေးပြီး သင်တန်း အပ်နှံနိုင်ပါတယ်။
#BetterVersion
#MakeYourProgress
#BetterNegotiator
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။