၀ယ်သူတွေရဲ့ ၀ယ်ယူမှုဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေကလွှမ်းမိုးနေသလဲ။
July 3, 2020 2021-09-09 14:30၀ယ်သူတွေရဲ့ ၀ယ်ယူမှုဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေကလွှမ်းမိုးနေသလဲ။

၀ယ်သူတွေရဲ့ ၀ယ်ယူမှုဆုံးဖြတ်ချက်တွေကို ဘယ်အရာတွေကလွှမ်းမိုးနေသလဲ။
ကျွန်တော်တို့ ၀ယ်သူတွေ၊ ဖောက်သည်တွေဟာ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းကိုဘာလို့၀ယ်ယူသလဲ၊ ဘာလို့ သုံးစွဲသလဲ၊ ဘာလို့မ၀ယ်တာလဲလို့ စဥ်းစားဖူးကြပါသလား။
သူတို့၀ယ်ယူမှုအတွက် ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တိုင်းမှာလွှမ်းမိုးနေတဲ့ အကြောင်းအရာတွေရှိပါတယ်။
တစ်ခါတလေ ကိုယ့်၀ယ်သူကကြိုက်နေပေမယ့် အခြားအကြောင်းရင်းကြောင့် မ၀ယ်တော့ဘူးနော်ဆိုတဲ့
အဖြစ်အပျက်တွေ ပတ်၀န်းကျင်မှာအများကြီးတွေ့နေရပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ ၀ယ်သူတွေရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေ၊ ဘယ်အရာတွေကလွှမ်းမိုးနေသလဲ လို့အဖြေရှာမယ်ဆိုရင် အဲ့ဒီ၀ယ်သူနဲ့ ကိုက်ညီတဲ့ အရောင်းပိတ်နည်းကို အသုံးပြုပြီး ရောင်းအားတက်လာအောင်လုပ်လို့ရပါတယ်။
ကဲ့ ဆက်ကြည့်လိုက်ရအောင်ဗျာ…
၁) ယဥ်ကျေးမှု၊ ဓလေ့နဲ့ ထုံးစံ
လွယ်လွယ်ပြောရရင် “culture” ပေါ့ဗျာ။ ဒါဟာ တကယ်ကိုအရေးပါတဲ့အချက်ပါပဲ။ အဲ့ဒီ culture ပေါ်မူတည်ပြီးပဲ ၀ယ်သူတွေရဲ့ ဆုံးဖြတ်ချက်ချတာများတတ်တာမို့ ကိုယ့်ပစ္စည်း ကြော်ငြာတဲ့အခါ၊
ရောင်းချတဲ့အခါ ဒီ cutlure နဲ့ ညှိအောင်ပြောနိုင်ရင် ရောင်းရဖို့ပိုများပါတယ်။
ဥပမာ “Super နဲ့ ကန်တော့ပါရစေအမေ”ဆိုတဲ့ ကြော်ငြာဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ယဥ်ကျေးမှု၊ ဓလေ့နဲ့ ထုံးစံတွေအပေါ်အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် ယဥ်ကျေးမှု၊ ဓလေ့နဲ့ ထုံးစံတွေဟာ ကိုယ့်၀ယ်သူတွေရဲ့ ၀ယ်ယူမှု ဆုံးဖြတ်ချက်တွေအပေါ်မှာ လွှမ်းမိုးမှုအများကြီးရှိပါတယ်။
၂) မိသားစု
တစ်ချို့မိသားစုတွေမှာ အဖိုးအဖွားခေတ်ထဲကသုံးနေတဲ့ မြန်မာ့ဆေးကိုအခုချိန်ထိ၀ယ်ယူနေကြဆဲပါပဲ။ ဒါဘာကိုပြောလဲဆိုရင် မိသားစုရဲ့ လွှမ်းမိုးမှုဟာအရမ်းကိုကြီးပါတယ်။ ငါတို့ခေတ်ကတည်းက ဒီဆေးသုံးလာတာ၊ ဒီဆေးနဲ့ပဲ နင်တစ်သက်လုံးကြီးလာတာဆိုတဲ့စကားကို ကျွန်တော်တို့ အဖိုး၊အဖွား၊ အဖေ၊အမေတွေဆီက အများဆုံးကြားရပါတယ်။ အဲ့ဒါကြောင့်ပဲ ကျန်တဲ့မိသားစု၀င်တွေဟာ အဲ့ဒီအမှတ်တံဆိပ်၊ အဲ့ဒီ ကုန်ပစ္စည်းကိုဆက်လက်ပြီး၀ယ်သူအသုံးပြုကြပါတယ်။ ဒါကတော့ မိသားစု၀င်တွေရဲ့ လွှမ်းမိုးမှုပါပဲ။ ဒါကြောင့် ကိုယ်က ပစ္စည်းတစ်ခုရောင်းချင်တဲ့အခါကျရင် မိသားစု၀င်တွေရနိုင်မယ့် ကောင်းကျိုးလိုဟာမျိုးပါ ပြောရောင်းသင့်ပါတယ်။
၃) မိတ်ဆွေနဲ့ ပတ်၀န်းကျင်
သူငယ်ချင်းသုံးယောက်က ကိုယ့်ဆိုင်ကိုလာ၀ယ်တယ်။ တကယ်သုံးမယ့်တစ်ယောက်ကကြိုက်တယ်၊ ကျန်တဲ့နှစ်ယောက်ကမကြိုက်လို့ မ၀ယ်ဖြစ်သွားဘူးဆိုတာမျိုး အားလုံးပဲ ကြုံဖူးကျမှာပါ။ ဒါရှောင်လွဲမရ
တဲ့ ဖြစ်ရပ်အမှန်တွေပါပဲ။ လူတိုင်းက သူတို့ချစ်ခင်တဲ့လူတွေကို ဂရုစိုက်ကြပါတယ်။ အဲ့ဒီလူတွေနဲ့ တူတူရှိနေချင်ပါတယ်ဆိုတဲ့ ခံစားချက်မျိုးရှိကြပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေမှာဆိုလည်း ၅ ယော်က်မှာ ၃ယောက်က မာလာရှမ်းကောကြိုက်တယ်။ ၂ယောက်ကမကြိုက်ပေမယ့် သူငယ်ချင်းတွေ အကြိုက်သွားစားဖြစ်တာမျိုး လုပ်ရင်းနဲ့ ကိုယ်ပါ မာလာရှမ်းကောစားတတ်လာတာပေါ့ဗျာ။ ဒီလိုမျိုးတွေပါပဲ။ သူငယ်ချင်းတွေက ငါတို့ ဒါလေးဆင်တူ၀ယ်ရအောင်၊ သင်တန်းတူတူတက်ရအောင်၊ ဒါကြီးကတော့မကောင်းဘူး ဒါလေးစမ်းသုံးကြည့်ပါလား ငါနဲ့အရမ်းအဆင်ပြေတယ် ဆိုတာမျိုးတွေကြောင့် ကိုယ်ကုန်ပစ္စည်းဟာ ရောင်းရသွားတယ်၊ အငြင်းခံရတာမျိုး ဖြစ်လာတာပါ။
၄) ၀ယ်သူရဲ့ ဘ၀နေထိုင်မှုပုံစံ၊ အလုပ်ကိုင် ရာထူးနဲ့ သုံးစွဲမှုပုံစံ
၀ယ်သူတွေရဲ့ ဘ၀နေထိုင်မှုပုံစံ၊အလုပ်အကိုင်နဲ့ ရာထူးသုံးစွဲမှုတွေဟာ ၀ယ်ယူမှုဆုံးဖြတ်ချက်တွေ ပေါ်မှာ အများကြီး လွှမ်းမိုးမှုရှိပါတယ်။ ၀ယ်သူတွေဟာ သူ့ social status နဲ့ကိုက်ညီတဲ့ ၀ယ်ယူမှုမျိုးကိုပဲ အများဆုံးလုပ်ကြတာပါ။ ဒီပုံစံက ငါ့နဲ့ မကိုက်ဘူး၊ ငါ့အလုပ်နဲ့ အဆင်မပြေဘူး စတာမျိုးတွေစဥ်းစားကြပါတယ်။ ဒါကတော့ ငါအနေနဲ့ စျေးအရမ်းများနေမလား ဒါက ငါ့အတွက်ဆို ကွာလတီမကောင်းဖြစ်နိုင်တယ်အစရှိတာမျိုးတွေပါ့။ ဥပမာ မန်နေဂျာတစ်ယောက်ပဲ ထားပါတော့။ သူရဲ့ အသုံးအဆောင်တွေဟာ သူ level ကို ကိုယ်စားပြုနိုင်တဲ့အရာတွေကိုပဲ အများဆုံး၀ယ်ပါတယ်။ ဒါကြောင့် ငါ့ရဲ့ ကုန်ပစ္စည်းကဘယ်သူ့အတွက်လဲ၊ သူတို့ကို heart ထိအောင်ဘယ်လိုမျိုးပြောမလဲဆိုတာစဥ်းစား သင့်ပါတယ်။
၅) ကုန်ပစ္စည်းရဲ့ စျေးနှုန်း၊ အရည်အသွေး၊ လွယ်လွယ်ကူကူ၀ယ်ယူနိုင်မှု ၊ထိရောက်တဲ့ အရောင်းကြော်ငြာ promotion များ
နောက်ထပ် ၀ယ်သူတွေရဲ့ ဆုံးဖြတ်ချက်တွေကို လွှမ်းမိုးတဲ့အရာကတွေ ကိုယ့် ကုန်ပစ္စည်းရဲ့ စျေးနှုန်း၊ လွယ်လွယ်ကူကူ၀ယ်ယူနိုင်မှု၊ ကြော်ငြာစာသား၊ discount တွေ promotion တွေပါပဲ။ ကျွန်တော်တို့ ရုံးမှာ အီလန် ဆပ်ပြာရည်ပဲ တောက်လျှောက်သုံးတာတွေ့တာ ကျွန်တော်ကမေးကြည့်တယ်။ ဘာလို့ ဒီတံဆိပ်ပဲသုံးတာလဲဆိုတော့ ရုံးကလူတွေက အီလန်ကစျေးလည်းသင့်တယ်၊ လွယ်လွယ်လည်း၀ယ်လိုရတယ်၊ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာ၀ယ်လိုရတယ်ပေါ့၊ နောက်ဆုံးကတော့ “အမေရှိရင် အီလန်ရှိတယ်”ဆိုတဲ့ ကြော်ငြာစာသားကို ကြိုက်လို့ပါတဲ့ဗျာ။ စဥ်းစားသာကြည့်ပေတော့။ အနည်းဆုံးကိုယ့် ကြော်ငြာစာသားဟာ ကိုယ့်ဖောက်သည် ရဲ့ ၀ယ်ယူမှုကို ဘယ်လောက်လွှမ်းမိုးလဲဆိုတာ…
ကဲ… ဒီလောက်ဆို ကျွန်တော်တို့ ၀ယ်သူဖောက်သည်တွေရဲ့ ၀ယ်ယူမှုဆုံးဖြတ်ချက်တွေကို ဘာတွေက လွှမ်းမိုးနေသလဲဆိုတာ ရှင်းရှင်းလင်းလင်းသိလောက်ပါပြီ။
ဒီလွှမ်းမိုးနေတဲ့အရာတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုရောင်းမလဲဆိုတာတွေ Strategy လိုတာပေါ့ဗျာ။
မှန်ကန်တဲ့ အရောင်းဗျူဟာတွေချတတ်ချင်တယ်ဆိုရင်တော့ Better Version ကဖွင့်မယ် Better Sales Mastery သင်တန်းတက်ပြီး လက်တွေ့အသုံးချလို့ရပါတယ်။
ဒီတော့ မှန်ကန်တဲ့ နည်းလမ်းတွေသုံးပြီး ရောင်းအားများများတက်ပါစေဗျာ။
Search
Popular posts
- ကိုယ့်လုပ်ငန်းရဲ့ ၀န်ဆောင်မှု အရည်အသွေးကို တိုင်းတာလို့ရမယ့် ရှုထောင့်(၅)ခု။
- မားကတ်တင်းသမားများ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ (၇) ခု နှင့် ဘယ်လို ဖြတ်ကျော်နိုင်မလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေရဲ့ ယုံကြည်မှုရရှိဖို့ B2B အရောင်းသမားများ ဘာတွေပြင်ဆင်ထားသင့်သလဲ။
- ၀ယ်သူ၊ ဖောက်သည်တွေနဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်နိုင်မယ့် နည်းလမ်း (၄)ခု
- ၀ယ်သူတွေရဲ့ မကျေမနပ်ဖြစ်မှု (Complaint) တွေကိုဘယ်လို ကိုင်တွယ်ဖြေရှင်းကြမလဲ။